“ေလာကနိယာမ”

ဘဝမွာ ေအာင္ျမင္မႈအတြက္ လက္မေထာင္ရဲရင္ ရွံုးနိမ့္မႈအတြက္လည္း ရင္ဆိုင္ရဲရမယ္။

ဘဝမွာ အမွန္တရားအတြက္ ရင္ဆိုင္ရဲရင္ မွားယြင္းမႈအတြက္လဲ ဝန္ခံရဲရမယ္။

ဘဝမွာ ခ်ီးမြမ္းမႈအတြက္ ေက်နပ္ရဲရင္ ကဲ့ရဲ႕မႈအတြက္လည္း ခံႏိုင္ရဲရမယ္။ ဘဝမွာ

အခ်စ္အတြက္ သတၱိရွိရင္ အမုန္းခံရေတာ့လည္း ျပံဳးျပံဳးပဲေပါ့။ ဘဝမွာ ပိုင္ဆိုင္ခြင့္ရလို႔

ၾကည္ႏူးရဲရင္ ေပးဆပ္ရခ်ိန္မွာလည္း မေၾကကြဲေၾကးေပါ့။ တကယ္ေတာ့

ေပ်ာ္ရႊင္မႈအတြက္သာ စိတ္ကိုျပင္ဆင္ထားၿပီး ဝမ္းနည္းျခင္းကို ခံႏိုင္ရည္ရွိဖို႔

မျပင္ဆင္ထားၾကလို႔ စိတ္ေသာကဆိုတာ ေရာက္ရတာပါ။ ဘာျဖစ္လဲ

ေလာကႀကီးထဲေရာက္လာဖို႔ သတၲိရွိရင္ ထြက္ခြာသြားဖို႔လည္း ဘာလို႔သတၲိမရွိရမွာလဲ။

အသက္ကို ဆုပ္ကိုင္ထားဖို႔ရာ ဘိုးဘြားပိုင္ေျမမွ မဟုတ္တာ.. ဘာျဖစ္ျဖစ္ ေပ်ာ္ေပ်ာ္ပါးပါးေပါ့…

ေလာကကို ႏိုင္တဲ့သူဆိုတာ ခ်စ္ျခင္း မုန္းျခင္း ႏိုင္ျခင္းရွံုးျခင္း ဝမ္းနည္းျခင္း ဝမ္းသာျခင္း

ခ်ီးမြမ္းျခင္း ကဲ့ရဲ႕ျခင္းတို႔အေပၚမွာ မတုန္လႈပ္တဲ့သူေပါ့..

. စိတ္ဆိုတာ ေညာင္ပင္ႀကီးလို သန္မာေနစရာလည္းမလိုပါဘူး

ပန္းပင္ေတြလိုလည္း လွပေနစရာမလိုဘူး ….. “ေျမစာျမက္” ပင္ေလးလို

ဆူနာမီလာလာ နာဂစ္လာလာ ဘယ္လိုမွမမႈဘဲ မၿပိဳလဲဘဲ

အိေျႏၵရရရွင္သန္ေနဖို႔ပဲေလ

Credit#

< Unicode Version >

ဘဝမှာ အောင်မြင်မှုအတွက် လက်မထောင်ရဲရင် ရှုံးနိမ့်မှုအတွက်လည်း ရင်ဆိုင်ရဲရမယ်။

ဘဝမှာ အမှန်တရားအတွက် ရင်ဆိုင်ရဲရင် မှားယွင်းမှုအတွက်လဲ ဝန်ခံရဲရမယ်။

ဘဝမှာ ချီးမွမ်းမှုအတွက် ကျေနပ်ရဲရင် ကဲ့ရဲ့မှုအတွက်လည်း ခံနိုင်ရဲရမယ်။ ဘဝမှာ

အချစ်အတွက် သတ္တိရှိရင် အမုန်းခံရတော့လည်း ပြံုးပြံုးပဲပေါ့။ ဘဝမှာ ပိုင်ဆိုင်ခွင့်ရလို့

ကြည်နူးရဲရင် ပေးဆပ်ရချိန်မှာလည်း မကြေကွဲကြေးပေါ့။ တကယ်တော့

ပျော်ရွှင်မှုအတွက်သာ စိတ်ကိုပြင်ဆင်ထားပြီး ဝမ်းနည်းခြင်းကို ခံနိုင်ရည်ရှိဖို့

မပြင်ဆင်ထားကြလို့ စိတ်သောကဆိုတာ ရောက်ရတာပါ။ ဘာဖြစ်လဲ

လောကကြီးထဲရောက်လာဖို့ သတ္တိရှိရင် ထွက်ခွာသွားဖို့လည်း ဘာလို့သတ္တိမရှိရမှာလဲ။

အသက်ကို ဆုပ်ကိုင်ထားဖို့ရာ ဘိုးဘွားပိုင်မြေမှ မဟုတ်တာ.. ဘာဖြစ်ဖြစ် ပျော်ပျော်ပါးပါးပေါ့…

လောကကို နိုင်တဲ့သူဆိုတာ ချစ်ခြင်း မုန်းခြင်း နိုင်ခြင်းရှံုးခြင်း ဝမ်းနည်းခြင်း ဝမ်းသာခြင်း

ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့အပေါ်မှာ မတုန်လှုပ်တဲ့သူပေါ့..

. စိတ်ဆိုတာ ညောင်ပင်ကြီးလို သန်မာနေစရာလည်းမလိုပါဘူး

ပန်းပင်တွေလိုလည်း လှပနေစရာမလိုဘူး ….. “မြေစာမြက်” ပင်လေးလို

ဆူနာမီလာလာ နာဂစ်လာလာ ဘယ်လိုမှမမှုဘဲ မပြိုလဲဘဲ

အိန္ဒြေရရရှင်သန်နေဖို့ပဲလေ

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

17 + nineteen =