“တစ္ေယာက္တည္းပဲသြားသြား ေဘာ္ဒါေတြပဲ စုၿပီးသြားသြား တစ္ဦးကို ၁၅၀၀၀ နဲ႔ က်ိဳက္ထီး႐ိုး အထက္တန္းစား ေန႔ခ်င္းျပန္သြားနည္းေလး”

ေရွးဦးစြာ ရန္ကုန္ က်ိဳက္ထို အထက္တန္းရထားခံုလက္မွတ္ ဝယ္ယူပါ ၂၄၀၀ က်ပါမယ္ မနက္ ၇နာရီ ၁၅ ရန္ကုန္ဘူတာႀကီးက

ထြက္ပါတယ္ ထို႔ေနာက္ ရထားေပၚတြင္ ႏွင္းပုလဲ ထမင္းေပါင္း လာေရာင္းပါလိမ့္မယ္ ၁၇၀၀ နဲ႔ ဝယ္စားပါ သိမ္ဇရပ္ဘူတာမွာ

No automatic alt text available.

ေအာ္ဒါစေကာက္ၿပီး က်ိဳက္ထိုမေရာက္ခင္ တစ္ဘူတာမွာ ပစၥည္းရပါတယ္ ထမင္းထုပ္ရမွ ပိုက္ဆံေပးရတာပါ က်ိဳက္ထိုဘူတာကို

၁၂နာရီမွာ ေရာက္ပါၿပီ အဲ့ခါၾက ဘူတာမွာ ညရထား လက္မွတ္ ျပန္လည္ဝယ္ပါ ၈ခြဲရထားရွိပါတယ္ ၂၄၀၀ ပါပဲ ထို႔ေနာက္

ဘူတာေရွ႕ကေန လိုင္းကားရွိပါတယ္ ၅၀၀ ေပးစီးလိုက္ရင္ ကင္ပြန္းစခန္း ေရာက္ပါၿပီ

Image may contain: sky, mountain, outdoor and nature

ထို႔ေနာက္ ေတာင္ေပၚတက္သည့္ လိုင္းကားကို ၂၅၀၀ျဖင့္ စီးပါ ဘုရားတဝႀကီးဖူးၿပီး ဓာတ္ပံုတဝႀကီး ႐ိုက္ပါ ၿပီးရင္

ေနာက္ဆံုးကားနဲ႔ ျပန္ဆင္းလာပါ ၂၅၀၀ က်ပါမယ္ ၿပီးရင္ လိုင္းကားစီးၿပီး ဘူတာကို ျပန္သြားပါ ၅၀၀ က်ပါမယ္

က်ိဳက္ထိုဘူတာမွာ ညစာစားပါ ၂၀၀၀ေလာက္က်ပါမယ္ ထို႔ေနာကိ ရထားလာတဲ့အခ်ိန္ကို ေစာင့္ပါ ၿပီးရင္ တက္စီးလာပါ

Related image

လမ္းမွာ အိပ္လိုက္ပါ ဘူတာႀကီးမွာ ဆင္းပါ၁၄၅၀၀ ပဲ က်ပါတယ္ လမ္းစရိတ္ေရာ စားစရိတ္ေရာ ကာမိတဲ့အျပင္

ဓာတ္ပံုေတြလည္း တဝႀကီး႐ိုက္ၿပီး Facebook ေပၚ တင္လို႔ရပါတယ္ဗ်ာ

ခရီးထြက္ခ်င္ေပမယ့္ ပိုက္ဆံမရွိလို႔ မထြက္ႏိုင္တဲ့သူေတြအတြက္ ေရးေပးတာမို႔ မည္သူမဆို စာသားအခမဲ့ကူးယူႏိုင္ပါေၾကာင္း

ေလးစားစြာ အသိေပးအပ္ပါတယ္ဗ်ာ 🤗🤗🤗

Travelling Beetle #SharingTips #BudgetTravel

 

< Unicode Version >

ရှေးဦးစွာ ရန်ကုန် ကျိုက်ထို အထက်တန်းရထားခုံလက်မှတ် ဝယ်ယူပါ ၂၄၀၀ ကျပါမယ် မနက် ရနာရီ ၁၅ ရန်ကုန်ဘူတာကြီးက

ထွက်ပါတယ် ထို့နောက် ရထားပေါ်တွင် နှင်းပုလဲ ထမင်းပေါင်း လာရောင်းပါလိမ့်မယ် ၁၇၀၀ နဲ့ ဝယ်စားပါ သိမ်ဇရပ်ဘူတာမှာ

အော်ဒါစကောက်ပြီး ကျိုက်ထိုမရောက်ခင် တစ်ဘူတာမှာ ပစ္စည်းရပါတယ် ထမင်းထုပ်ရမှ ပိုက်ဆံပေးရတာပါ ကျိုက်ထိုဘူတာကို

၁၂နာရီမှာ ရောက်ပါပြီ အဲ့ခါကြ ဘူတာမှာ ညရထား လက်မှတ် ပြန်လည်ဝယ်ပါ ၈ခွဲရထားရှိပါတယ် ၂၄၀၀ ပါပဲ ထို့နောက်

ဘူတာရှေ့ကနေ လိုင်းကားရှိပါတယ် ၅၀၀ ပေးစီးလိုက်ရင် ကင်ပွန်းစခန်း ရောက်ပါပြီ

Image may contain: house, sky, tree, outdoor and nature

ထို့နောက် တောင်ပေါ်တက်သည့် လိုင်းကားကို ၂၅၀၀ဖြင့် စီးပါ ဘုရားတဝကြီးဖူးပြီး ဓာတ်ပုံတဝကြီး ရိုက်ပါ ပြီးရင်

နောက်ဆုံးကားနဲ့ ပြန်ဆင်းလာပါ ၂၅၀၀ ကျပါမယ် ပြီးရင် လိုင်းကားစီးပြီး ဘူတာကို ပြန်သွားပါ ၅၀၀ ကျပါမယ်

ကျိုက်ထိုဘူတာမှာ ညစာစားပါ ၂၀၀၀လောက်ကျပါမယ် ထို့နောကိ ရထားလာတဲ့အချိန်ကို စောင့်ပါ ပြီးရင် တက်စီးလာပါ

လမ်းမှာ အိပ်လိုက်ပါ ဘူတာကြီးမှာ ဆင်းပါ၁၄၅၀၀ ပဲ ကျပါတယ် လမ်းစရိတ်ရော စားစရိတ်ရော ကာမိတဲ့အပြင်

ဓာတ်ပုံတွေလည်း တဝကြီးရိုက်ပြီး Facebook ပေါ် တင်လို့ရပါတယ်ဗျာ

ခရီးထွက်ချင်ပေမယ့် ပိုက်ဆံမရှိလို့ မထွက်နိုင်တဲ့သူတွေအတွက် ရေးပေးတာမို့ မည်သူမဆို စာသားအခမဲ့ကူးယူနိုင်ပါကြောင်း

လေးစားစွာ အသိပေးအပ်ပါတယ်ဗျာ

Travelling Beetle #SharingTips #BudgetTravel

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

five × one =