“သင့္အလုပ္က အေျခအေန ဆိုးလြန္းေနသလား”

ယေန႔ လူငယ္အေတာ္မ်ားမ်ားရဲ႕ သူတို႔အလုပ္ကို မႀကိဳက္ဘူး။ လစာေကာင္းေကာင္းမရဘူးလို႔ ညီးတြားေနၾကသူေတြအတြက္

ဂ်ပန္ႏိုင္ငံက ဘီလ်ံနာသူေဌးႀကီး ကာဇူအိုအီနာမီက သူ႔အေတြ႕အၾကံဳကို ခုလို ေျပာျပခဲ့ပါတယ္။

ကၽြန္ေတာ္ အထက္တန္းေက်ာင္းေအာင္ၿပီးေတာ့ က်ိဳတိုၿမိဳ႕က ကုမၸဏီအေသးေလး တစ္ခုမွာ အလုပ္ဝင္လုပ္တယ္။

အလုပ္အေျခအေနဟာ အေတာ္ေလးကို ဆိုးပါတယ္။ ရတဲ့ လစာက နည္းတယ္။ လခရတာလည္း အၿမဲေနာက္က်တယ္။

ေဘာနပ္စ္ဆိုတာ မရွိဘူး။ အဲဒီကုမၸဏီမွာ ဆက္လုပ္ေနရင္ ကၽြန္ေတာ့္ဘဝအတြက္ ႀကီးပြားတိုးတက္လမ္း မရွိဘူးလို႔

ခံစားေနမိတယ္။ဒီေတာ့ ကုမၸဏီက အလုပ္ထြက္ဖို႔ စဥ္းစားလိုက္တယ္။ အစ္ကို တိုရွီႏိုရီကို အလုပ္ထြက္မယ္လို႔ ေျပာျပလိုက္တယ္။

အစ္ကိုက ကၽြန္ေတာ့္ကို ဆူပူႀကိမ္းေမာင္းၿပီး အလုပ္မထြက္ဖို႔ ေျပာတယ္။ အခုေခတ္မွာ အလုပ္တစ္ခု ရဖို႔ မလြယ္သလို

ကၽြန္ေတာ့္လခေလးဟာလည္း မိသားစုအိမ္စရိတ္အတြက္ အေထာက္အကူျဖစ္ေနတယ္တဲ့။ အစ္ကိုဟာ ကၽြန္ေတာ့္ရဲ႕

အထက္တန္းေက်ာင္းစရိတ္ကို ေထာက္ပံ့ေပးခဲ့သူမို႔ စိတ္ထဲက မေက်နပ္ေပမယ့္လည္း သူ႔စကားကို နားေထာင္လိုက္ရပါတယ္။

ကၽြန္ေတာ့္မွာ ေရြးခ်ယ္စရာ လမ္းမရွိေတာ့ဘူး။ ဒီကုမၸဏီမွာ ဆက္လုပ္ေနရေတာ့မွာပါ။ ဒီေတာ့ ကၽြန္ေတာ္ ဘာအေျပာင္းအလဲ

လုပ္ရမလဲလို႔ စဥ္းစားတယ္။ ကုမၸဏီကို လစာတိုးေပးပါလို႔ ေျပာလည္း ရမွာ မဟုတ္ဘူး။ ဒီေတာ့ ေျပာင္းလဲလို႔ ရႏိုင္တာ

ကၽြန္ေတာ့္စိတ္တစ္ခုပဲ ရွိတယ္ဆိုတာ သိလိုက္တယ္။ အဲဒီေန႔ကစၿပီး ကၽြန္ေတာ့္စိတ္ေနစိတ္ထားကို ေျပာင္းလိုက္တယ္။

အလုပ္ထဲမွာ ေပ်ာ္ေအာင္ ႀကိဳးစားတယ္။ အလုပ္ကို စိတ္ဝင္စားေအာင္ နည္းလမ္းရွာၾကံစဥ္းစားၿပီး လုပ္တယ္။

ကၽြန္ေတာ္ဟာ ကုမၸဏီရဲ႕ သုေတသနလုပ္ငန္းမွာ စိတ္ေရာကိုယ္ပါ ျမဳပ္နံွၿပီး လုပ္လိုက္တယ္။ ကုမၸဏီက ဝန္ထမ္းအားလံုးဟာ

အလုပ္ကို မေလးစားၾကဘဲ လခရဖို႔အတြက္ပဲ သက္သာသလို လုပ္ေနၾကသူေတြမို႔ ကၽြန္ေတာ့္အရည္အခ်င္းဟာ ထင္ေပၚလာတယ္။

ကုမၸဏီက လူႀကီးေတြက ကၽြန္ေတာ့္ကို သတိထားမိလာၾကတယ္။ ခ်ီးက်ဴးၾကတယ္။ သူတို႔ရဲ႕ ခ်ီးက်ဴးမႈရလို႔

ကၽြန္ေတာ္အားတက္လာၿပီး အလုပ္ကို ပိုႀကိဳးစားလုပ္လာတယ္။အဲဒီအခ်ိန္က စၿပီး ကၽြန္ေတာ့္ဘဝဟာ

တျဖည္းျဖည္းတိုးတက္ေျပာင္းလဲလာခဲ့ပါတယ္။ ရာထူးေတြ တဆင့္ၿပီး တဆင့္တိုးလာသလို လစာေတြလည္း

အမ်ားႀကီးရလာခဲ့တယ္။ ေနာက္ဆံုး အဲဒီကုမၸဏီက ထြက္ၿပီး ကိုယ္ပိုင္လုပ္ငန္းလုပ္တယ္။ ဂ်ပန္ႏိုင္ငံရဲ႕

အႀကီးဆံုးကုမၸဏီႀကီး Kyocera Corporation ရဲ႕ ပိုင္ရွင္တစ္ေယာက္ ျဖစ္လာခဲ့တယ္။

ကၽြန္ေတာ္ တစ္ခါတေလ ျပန္စဥ္းစားမိတယ္။ ‘တကယ္လို႔ ငါဟာ လစာေကာင္းေကာင္းနဲ႔ ေပ်ာ္စရာေကာင္းတဲ့

ကုမၸဏီတစ္ခုမွာသာ အလုပ္ဝင္လုပ္ေနခဲ့ရင္ အခု အေျခအေနမ်ိဳးကို ေရာက္လာမွာ မဟုတ္ဘူး။ ကုမၸဏီပိုင္ရွင္

တစ္ေယာက္ ျဖစ္လာမွာ မဟုတ္ဘူး။ အဲဒီအလုပ္ထဲမွာ ေက်နပ္သာယာေနရင္းနဲ႔ ေနာက္ဆံုးေတာ့ ဝန္ထမ္းဘဝနဲ႔ပဲ

တသက္တာဘဝကို ကုန္ဆံုးသြားမွာပဲ’ လို႔ပါ။သင့္အလုပ္ထဲမွာ အေျခအေနဆိုးေတြနဲ႔ ၾကံဳေတြ႕ေနရတယ္။

သင့္မွာ အဲဒီအေျခအေနကို ေျပာင္းလဲႏိုင္တဲ့ အာဏာပါဝါမရွိဘူး။ သင္ ဘာမွ မတတ္ႏိုင္ဘူး။ ကုမၸဏီက ေပးသေလာက္

လစာပဲ ရမယ္။ ဒါဆိုရင္ သင့္စိတ္ဓါတ္ သင့္ခံယူခ်က္ကို ေျပာင္းလဲၾကည့္လိုက္ပါ။ အေျခအေနေတြ

တိုးတက္ေျပာင္းလဲလာတာကို ျမင္ေတြ႕ရပါလိမ့္မယ္။

Kazuo Inamori ေရးတဲ့ “A Passion for Success” စာအုပ္ထဲက စာတစ္ပုဒ္ကို မွီးေရးထားတာပါ။

ဗန္းေမာ္သိန္းေဖ Bamaw Thein Pe

၀၉-၀၆-၂၀၁၈

< Unicode Version >

ယနေ့ လူငယ်အတော်များများရဲ့ သူတို့အလုပ်ကို မကြိုက်ဘူး။ လစာကောင်းကောင်းမရဘူးလို့ ညီးတွားနေကြသူတွေအတွက်

ဂျပန်နိုင်ငံက ဘီလျံနာသူဌေးကြီး ကာဇူအိုအီနာမီက သူ့အတွေ့အကြုံကို ခုလို ပြောပြခဲ့ပါတယ်။

ကျွန်တော် အထက်တန်းကျောင်းအောင်ပြီးတော့ ကျိုတိုမြို့က ကုမ္ပဏီအသေးလေး တစ်ခုမှာ အလုပ်ဝင်လုပ်တယ်။

အလုပ်အခြေအနေဟာ အတော်လေးကို ဆိုးပါတယ်။ ရတဲ့ လစာက နည်းတယ်။ လခရတာလည်း အမြဲနောက်ကျတယ်။

ဘောနပ်စ်ဆိုတာ မရှိဘူး။ အဲဒီကုမ္ပဏီမှာ ဆက်လုပ်နေရင် ကျွန်တော့်ဘဝအတွက် ကြီးပွားတိုးတက်လမ်း မရှိဘူးလို့

ခံစားနေမိတယ်။ဒီတော့ ကုမ္ပဏီက အလုပ်ထွက်ဖို့ စဉ်းစားလိုက်တယ်။ အစ်ကို တိုရှီနိုရီကို အလုပ်ထွက်မယ်လို့ ပြောပြလိုက်တယ်။

အစ်ကိုက ကျွန်တော့်ကို ဆူပူကြိမ်းမောင်းပြီး အလုပ်မထွက်ဖို့ ပြောတယ်။ အခုခေတ်မှာ အလုပ်တစ်ခု ရဖို့ မလွယ်သလို

ကျွန်တော့်လခလေးဟာလည်း မိသားစုအိမ်စရိတ်အတွက် အထောက်အကူဖြစ်နေတယ်တဲ့။ အစ်ကိုဟာ ကျွန်တော့်ရဲ့

အထက်တန်းကျောင်းစရိတ်ကို ထောက်ပံ့ပေးခဲ့သူမို့ စိတ်ထဲက မကျေနပ်ပေမယ့်လည်း သူ့စကားကို နားထောင်လိုက်ရပါတယ်။

ကျွန်တော့်မှာ ရွေးချယ်စရာ လမ်းမရှိတော့ဘူး။ ဒီကုမ္ပဏီမှာ ဆက်လုပ်နေရတော့မှာပါ။ ဒီတော့ ကျွန်တော် ဘာအပြောင်းအလဲ

လုပ်ရမလဲလို့ စဉ်းစားတယ်။ ကုမ္ပဏီကို လစာတိုးပေးပါလို့ ပြောလည်း ရမှာ မဟုတ်ဘူး။ ဒီတော့ ပြောင်းလဲလို့ ရနိုင်တာ

ကျွန်တော့်စိတ်တစ်ခုပဲ ရှိတယ်ဆိုတာ သိလိုက်တယ်။ အဲဒီနေ့ကစပြီး ကျွန်တော့်စိတ်နေစိတ်ထားကို ပြောင်းလိုက်တယ်။

အလုပ်ထဲမှာ ပျော်အောင် ကြိုးစားတယ်။ အလုပ်ကို စိတ်ဝင်စားအောင် နည်းလမ်းရှာကြံစဉ်းစားပြီး လုပ်တယ်။

ကျွန်တော်ဟာ ကုမ္ပဏီရဲ့ သုတေသနလုပ်ငန်းမှာ စိတ်ရောကိုယ်ပါ မြုပ်နှံပြီး လုပ်လိုက်တယ်။ ကုမ္ပဏီက ဝန်ထမ်းအားလုံးဟာ

အလုပ်ကို မလေးစားကြဘဲ လခရဖို့အတွက်ပဲ သက်သာသလို လုပ်နေကြသူတွေမို့ ကျွန်တော့်အရည်အချင်းဟာ ထင်ပေါ်လာတယ်။

ကုမ္ပဏီက လူကြီးတွေက ကျွန်တော့်ကို သတိထားမိလာကြတယ်။ ချီးကျူးကြတယ်။ သူတို့ရဲ့ ချီးကျူးမှုရလို့

ကျွန်တော်အားတက်လာပြီး အလုပ်ကို ပိုကြိုးစားလုပ်လာတယ်။အဲဒီအချိန်က စပြီး ကျွန်တော့်ဘဝဟာ

တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ရာထူးတွေ တဆင့်ပြီး တဆင့်တိုးလာသလို လစာတွေလည်း

အများကြီးရလာခဲ့တယ်။ နောက်ဆုံး အဲဒီကုမ္ပဏီက ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်။ ဂျပန်နိုင်ငံရဲ့

အကြီးဆုံးကုမ္ပဏီကြီး Kyocera Corporation ရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။

ကျွန်တော် တစ်ခါတလေ ပြန်စဉ်းစားမိတယ်။ ‘တကယ်လို့ ငါဟာ လစာကောင်းကောင်းနဲ့ ပျော်စရာကောင်းတဲ့

ကုမ္ပဏီတစ်ခုမှာသာ အလုပ်ဝင်လုပ်နေခဲ့ရင် အခု အခြေအနေမျိုးကို ရောက်လာမှာ မဟုတ်ဘူး။ ကုမ္ပဏီပိုင်ရှင်

တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီအလုပ်ထဲမှာ ကျေနပ်သာယာနေရင်းနဲ့ နောက်ဆုံးတော့ ဝန်ထမ်းဘဝနဲ့ပဲ

တသက်တာဘဝကို ကုန်ဆုံးသွားမှာပဲ’ လို့ပါ။သင့်အလုပ်ထဲမှာ အခြေအနေဆိုးတွေနဲ့ ကြံုတွေ့နေရတယ်။

သင့်မှာ အဲဒီအခြေအနေကို ပြောင်းလဲနိုင်တဲ့ အာဏာပါဝါမရှိဘူး။ သင် ဘာမှ မတတ်နိုင်ဘူး။ ကုမ္ပဏီက ပေးသလောက်

လစာပဲ ရမယ်။ ဒါဆိုရင် သင့်စိတ်ဓါတ် သင့်ခံယူချက်ကို ပြောင်းလဲကြည့်လိုက်ပါ။ အခြေအနေတွေ

တိုးတက်ပြောင်းလဲလာတာကို မြင်တွေ့ရပါလိမ့်မယ်။

Kazuo Inamori ရေးတဲ့ “A Passion for Success” စာအုပ်ထဲက စာတစ်ပုဒ်ကို မှီးရေးထားတာပါ။

ဗန်းမော်သိန်းဖေ Bamaw Thein Pe

၀၉-၀၆-၂၀၁၈

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

four × 3 =