“အချစ်ရဲ့ ဒုက္ခ”
မကြုံစေချင်လို့ နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခု သားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။
သားလေးကို ရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကို ပညာတော်သင်
ဆရာမကတော့ တာဝန်နဲ့မို့ ဆရာမအဖြစ်ပဲ ထိုင်ဝမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆရာမကြီးဟာ
ဘယ်လောက်အားကျလိုက်မလဲဆိုတာ တွေးတောပြီး ပြုံးနေတတ်ပါတယ်။
ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့်အတိုင်း ဖုန်းခကို ချွေတာတတ်သူမို့ သားဆီကို ပင်စင်ယူပြီးရင်
အတူလာနေချင်​​ကြောင်း ရေးသားပေးပို့ လိုက်ပါတယ်။ သားဆီက ပြန်စာကို တော်တော်နဲ့ ပြန်မရဘူး။
အမေကလည်း ပင်စင်ယူဖို့ ပြင်ဆင်နေပြီး သားဆီက ပြန်စာကို မျော်နေတာပေါ့။ ပင်စင်ယူဖို့ တစ်ပတ်လောက်အလိုမှာ
ချက်လက်မှတ်တစ်စောင်နဲ့ စာတစ်စောင်တွေ့လိုက်ပါတယ်။ စာက အဲလိုရေးထားပါတယ်။
“ချစ်လှစွာသော မေမေ သားနဲ့ သားဇနီး သေသေချာချာ ညှိနိုင်းကြည့်ပြီးပါပြီ။ မေမေကို မလာစေချင်ပါဘူး။
မေမေသားကို ကျွေးမွေးခဲ့တာ မှန်ပါတယ်။
အဲဒီကုန်ကျစားရိတ်ကို သားတို့ သေသေချာချာ တွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။
အပို ( ၁ )သောင်းပါ ထပ်ပေါင်းလိုက်တော့ စုစုပေါင်း ( ၃ ) သောင်းမေမေ့ကို ပို့ပေးလိုက်ပါတယ်။ မေမေ နောက်ဆို
သားဆီကို စာမရေးပါနဲ့တော့၊ သားမိန်းမက မကြိုက်လို့ပါ။….”
ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း၊ မျော်လင့်ချက်တစ်ခုလုံး ပျောက်ဆုံးသွားခြင်း၊ စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုချလိုက်ပါတော့တယ်။
မိခင်ဆရာမဖြစ်သူကို တရားက ကယ်တင်သွားပါတယ်။ တရားစခန်းဝင်တယ်။ တရားနာတယ်။ တရားထိုင်တယ်။
ခရီးတစ်လျှောက်လုံးမှာ ရှိတဲ့ သဘာဝတရားရဲ့ လှပဆန်းကျယ်မူကို သူမကောင်းစွာ ခံစားမိပြီး တစ်ခုခု
အသိဝင်လိုက်သလို ခံစားလိုက်ရတယ် ။ အဲဒါနဲ့ သူ့မသားကို စာတစ်စောင် ထပ်မံရေးသားလိုက်ပါတယ်။
“ချစ်ရတဲ့ သား…. မေမေ့ကို စာထပ်မရေးပါနဲ့တော့လို့ သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကား မပြည့်စုံသေးလို့
သားဆီကို စာထပ်ရေးလိုက်ရပါတယ်။ သားချက်လက်မှတ်နဲ့ ပိုက်ဆံကိုထုတ်ပြီး မေမေကမ္ဘာပတ်ခရီးသွားခဲ့ပါတယ်။
လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုပါစို့၊ အဲလိုနဲ့ အသိတစ်ခုဝင်လာသလိုပဲ၊ ဟုတ်ပါတယ်။ သားကို ကျေးဇူးတင်ရမယ်။
တကယ်လို့ သားက မေမေကို ပြတ်ပြတ်သားသား စိမ်းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင် မေမေအဲလောက် သံဝေဂ
တရား မြန်မြန်ရခဲ့မှာ မဟုတ်ပါဘူး။ အခုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။ လောကကြီးမှာ အသေချာဆုံး၊
အရေရာဆုံး အရာဟာ မသေချာမရေရာခြင်းဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီးသိသွားပါပြီ။ မေတ္တာလည်း
အနိစ္စတရားကို ရှောင်ကွင်းလို့ မရဘူးဆိုတာ သိသွားပါပြီ။
တကယ်လို့ သားက မေမေကို မလိုချင်ပဲ လာခဲ့ပါလို့ အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုရင် အခုလောက်ဆို အားလုံးစိတ်ဒုက္ခ
သားဆိုတဲ့ အစွဲ မရှိတော့ပါဘူး။သားရော မြေးပါ မေမေစိတ်ထဲမှာ လွတ်ချနိုင်ခဲ့ပါပြီ။ ကိုယ့်မှာ အချစ်မရှိတော့
အချစ်ပြန်မလိုတော့ဘူးပေါ့၊ အလိုမရှိတော့ ဒုက္ခကင်းတာပေါ့၊ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုံးကို
ပညာရှင်တစ်ဦးရဲ့ စကားကို သတိရစေပါတယ်။ မိဘများရဲ့ အိမ်ဟာ သားသမီးများ အချိန်မရွေး ပြန်နိုင်တဲ့ အိမ်ဖြစ်ပါတယ်။
သားသမီးများရဲ့ အိမ်ဟာ မိဘများ အချိန်မရွေး သွားရောက်နေထိုင်နိုင်တဲ့ အိမ်မဟုတ်ပါ။ ကလေးကို မွေးဖွားခြင်းဟာ
တာဝန်၊ ပျိုးထောင်ခြင်းဟာ ၀တ္တရား ဖြစ်ခဲ့မယ်ဆိုရင် အားကိုးလိုစိတ်မွေးမြူ ခဲ့ရင် မဟာအမှားဖြစ်သွားပါလိမ့်မယ်။
အိုလာရင် ကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။ အိုစာနာစာအမြဲချန်ထားပါ။ အိုဖို့ အတွက်
Credit – Ei Ei Khin
< Unicode Version >
ထိုုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။ သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ အရွယ်ကောင်းတုုန်းမှာပဲ
ယောက်ျားဆုုံးပါးသွားပါတယ်။ ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ သားလေးကိုု ဘထွေးနဲ့
မကြံုစေချင်လိုု့ နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခုု သားတစ်ခုုနဲ့ ပဲ သားလေးကိုု ပျိုးထောင်လာခဲ့ပါတယ်။
သားလေးလည်း အလွန်လိမ္မာပါတယ်။ အမေ့ကိုုလည်း အလွန်သိတတ်ပါတယ်။ ဒီလိုုနဲ့ ဆရာမဝင်ငွေငွေလေးနဲ့
သားလေးကိုု ရှိစုုမဲ့စုု ပျိုးထောင်လာခဲ့ပါတယ်။သားကလည်း ထူးချွန်တာမိုု့ အမေရိကန်နိုုင်ငံကိုု ပညာတော်သင်
စေလွတ်နိုုင်ခဲ့ပါတယ်။ အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။ ကျောင်းပြီးလိုု့ အလုုပ်ကောင်းပြီး အမေရိကမှာပဲ
အိမ်ထောင်ပြုပြီး ကိုုယ်ပိုုင်အိမ်တစ်လုံုး ၀ယ်နိုုင်ခဲ့ပါတယ်။မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ မိခင်ဖြစ်သူ
ဆရာမကတော့ တာဝန်နဲ့မိုု့ ဆရာမအဖြစ်ပဲ ထိုုင်ဝမ်မှာ ဆက်လက်နေထိုုင်ခဲ့ပါတယ်။ ဒီလုုိနဲ့ ဆရာမကြီးဟာ
ပင်စင်ယူချိန်နီးလာပါတော့တယ်။ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကိုု သတိရလေလေဖြစ်ပြီး
သားလေးမိသားစုုနဲ့ သွားရောက်နေထိုုင်ဖိုု့ ဆန္ဒပြင်းပြလာပါတယ်။ အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကိုု
သတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။သြော် လုုပ်ဖေါ်ကိုုင်ဘက်တွေ ဒီသတင်းသိလိုုက်ရင်တော့ဖြင့်
ဘယ်လောက်အားကျလိုုက်မလဲဆိုုတာ တွေးတောပြီး ပြံုးနေတတ်ပါတယ်။
ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့်အတုုိင်း ဖုုန်းခကိုု ချွေတာတတ်သူမိုု့ သားဆီကိုု ပင်စင်ယူပြီးရင်
အတူလာနေချင်​​ကြောင်း ရေးသားပေးပိုု့ လိုုက်ပါတယ်။ သားဆီက ပြန်စာကိုု တော်တော်နဲ့ ပြန်မရဘူး။
အမေကလည်း ပင်စင်ယူဖိုု့ ပြင်ဆင်နေပြီး သားဆီက ပြန်စာကိုု မျော်နေတာပေါ့။ ပင်စင်ယူဖိုု့ တစ်ပတ်လောက်အလိုုမှာ
သားဆီက စာတစ်စောင်ရောက်ရှိလာပါတယ်။ ဖောက်ဖတ်ကြည့်လိုုက်တော့ ဒေါ်လာ သုံုးသောင်းတန်
ချက်လက်မှတ်တစ်စောင်နဲ့ စာတစ်စောင်တွေ့လိုုက်ပါတယ်။ စာက အဲလိုုရေးထားပါတယ်။
“ချစ်လှစွာသော မေမေ သားနဲ့ သားဇနီး သေသေချာချာ ညှိိနိူင်းကြည့်ပြီးပါပြီ။ မေမေကိုု မလာစေချင်ပါဘူး။
မေမေသားကိုု ကျွေးမွေးခဲ့တာ မှန်ပါတယ်။
အဲဒီကုုန်ကျစားရိတ်ကိုု သားတိုု့ သေသေချာချာ တွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။
အပိုု ( ၁ )သောင်းပါ ထပ်ပေါင်းလိုုက်တော့ စုုစုုပေါင်း ( ၃ ) သောင်းမေမေ့ကိုု ပိုု့ပေးလိုုက်ပါတယ်။ မေမေ နောက်ဆို
သားဆီကိုု စာမရေးပါနဲ့တော့၊ သားမိန်းမက မကြိုက်လိုု့ပါ။….”
မိခင်ဖြစ်သူမှာ စာဆုံုးအောင်ပင် ကောင်းကောင်း မဖတ်နိုုင်ခဲ့ပါ။ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပါပြီ။ အံ့သြခြင်း၊
ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း၊ မျော်လင့်ချက်တစ်ခုုလုံုး ပျောက်ဆုံုးသွားခြင်း၊ စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုုချလိုုက်ပါတော့တယ်။
မိခင်ဆရာမဖြစ်သူကိုု တရားက ကယ်တင်သွားပါတယ်။ တရားစခန်းဝင်တယ်။ တရားနာတယ်။ တရားထိုုင်တယ်။
တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။ ဒါနဲ့ သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကိုု အသုံုးပြုပြီး ကမ္ဘာပတ်ပါတော့တယ်။
ခရီးတစ်လျှောက်လုံုးမှာ ရှိတဲ့ သဘာဝတရားရဲ့ လှပဆန်းကျယ်မူကိုု သူမကောင်းစွာ ခံစားမိပြီး တစ်ခုုခုု
အသိ၀င်လိုုက်သလိုု ခံစားလိုုက်ရတယ် ။ အဲဒါနဲ့ သူ့မသားကိုု စာတစ်စောင် ထပ်မံရေးသားလိုုက်ပါတယ်။
“ချစ်ရတဲ့ သား…. မေမေ့ကိုု စာထပ်မရေးပါနဲ့တော့လိုု့ သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကား မပြည့်စုံုသေးလိုု့
သားဆီကိုု စာထပ်ရေးလိုုက်ရပါတယ်။ သားချက်လက်မှတ်နဲ့ ပိုုက်ဆံကိုုထုုတ်ပြီး မေမေကမ္ဘာပတ်ခရီးသွားခဲ့ပါတယ်။
လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုုပါစိုု့၊ အဲလိုုနဲ့ အသိတစ်ခုုဝင်လာသလိုုပဲ၊ ဟုုတ်ပါတယ်။ သားကိုု ကျေးဇူးတင်ရမယ်။
တကယ်လိုု့ သားက မေမေကုုိ ပြတ်ပြတ်သားသား စိမ်းကားတဲ့ စကားမဆိုုခဲ့ဘူးဆိုုရင် မေမေအဲလောက် သံဝေဂ
တရား မြန်မြန်ရခဲ့မှာ မဟုုတ်ပါဘူး။ အခုုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။ လောကကြီးမှာ အသေချာဆုံုုုး၊
အရေရာဆုံုး အရာဟာ မသေချာမရေရာခြင်းဖြစ်တယ်ဆိုုတာ ကောင်းကောင်းကြီးသိသွားပါပြီ။ မေတ္တာလည်း
အနိစ္စတရားကိုု ရှောင်ကွင်းလိုု့ မရဘူးဆိုုတာ သိသွားပါပြီ။
တကယ်လိုု့ သားက မေမေကိုု မလိုုချင်ပဲ လာခဲ့ပါလိုု့ အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုုုုရင် အခုုလောက်ဆိုု အားလုံုးစိတ်ဒုုက္ခ
ရောက်နေလောက်ပါပြီ။ မေမေလည်း စိတ်ဆင်းရဲရပါမယ်။ အသက်တိုုမယ်။ အခုုတော့ မေမေ့စိတ်ထဲမှာလည်း
သားဆိုုတဲ့ အစွဲ မရှိတော့ပါဘူး။သားရော မြေးပါ မေမေစိတ်ထဲမှာ လွတ်ချနိုုင်ခဲ့ပါပြီ။ ကိုုယ့်မှာ အချစ်မရှိတော့
အချစ်ပြန်မလိုုတော့ဘူးပေါ့၊ အလိုုမရှိတော့ ဒုုက္ခကင်းတာပေါ့၊ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုံုးကိုု
မေမေကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုုက်ပါပြီ။ ကျေးဇူးတင်ပါတယ် သား….” ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။
ပညာရှင်တစ်ဦးရဲ့ စကားကိုု သတိရစေပါတယ်။ မိဘများရဲ့ အိမ်ဟာ သားသမီးများ အချိန်မရွေး ပြန်နိုုင်တဲ့ အိမ်ဖြစ်ပါတယ်။
သားသမီးများရဲ့ အိမ်ဟာ မိဘများ အချိန်မရွေး သွားရောက်နေထိုုင်နိုုင်တဲ့ အိမ်မဟုုတ်ပါ။ ကလေးကိုု မွေးဖွားခြင်းဟာ
တာဝန်၊ ပျိုးထောင်ခြင်းဟာ ၀တ္တရား ဖြစ်ခဲ့မယ်ဆိုုရင် အားကိုုးလိုုစိတ်မွေးမြူ ခဲ့ရင် မဟာအမှားဖြစ်သွားပါလိမ့်မယ်။
အိုုလာရင် ကိုုယ့်ကျန်းမာရေးကိုု အတတ်နိုုင်ဆုံုး ဂရုုစိုုက်ပါ။ အိုုစာနာစာအမြဲချန်ထားပါ။ အိုုဖိုု့ အတွက်
မအိုုခင်မှာကတည်းက ကြိုတင်ပြင်ဆင်ထားပါ။ အားလုံးကျန်းမာချမ်းသာကြပါစေ။
Credit – Ei Ei Khin
Post Author: MM Book City
Leave a Reply
Your email address will not be published. Required fields are marked *
11 − 9 =