“အခက္ဆံုးေမးခြန္း”

တကၠသိုလ္ေက်ာင္းသား ၄ ေယာက္ဟာ ေနာက္ေန႔မွာလုပ္မယ့္ လပတ္စာေမးပြဲအတြက္ စာမၾကည့္ၾကပဲ ပါတီပြဲတစ္ခုကို

သြားၾကတယ္။ မနက္မိုးလင္းခါနီးမွ အေဆာင္ကို ျပန္ေရာက္လာျကတယ္။ မနက္ေရာက္ေတာ့ သူတို႔ဟာ အိပ္ခ်င္မူးတူးနဲ႔

စာေမးပြဲခန္းထဲေရာက္လာၾကၿပီး စာစစ္တဲ့ ဆရာကို သူတို႔ကို ေနာက္ေန႔က်မွ စာေမးပြဲေျဖခြင့္ျပဳဖို႔ ဝိုင္းေျပာၾကတယ္။ သူတို႔ရဲ႕

အေျကာင္းျပခ်က္က ညက မဂၤလာေဆာင္တစ္ခုကို သြားၾကရင္း အျပန္က်ေတာ့ လမ္းမွာ ကားဘီးေပါက္တယ္။ ကားဘီးအပို

မပါလို႔ ကားကို လမ္းေဘးမွာ ထားခဲ့ၿပီး လမ္းေလွ်ာက္ျပန္လာတာ မနက္မိုးလင္းခါနီးမွ အေဆာင္ကို ျပန္ေရာက္ၾကလို႔ပါတဲ့။

ဆရာကလည္း သူတို႔ကို သနားတဲ့အၾကည့္နဲ႔ ၾကည့္ရင္း ေနာက္ ၃ ရက္ေနမွ စာေမးပြဲကို ျပန္လာေျဖၾကလို႔ ေျပာလိုက္တယ္။

သူတို႔ ၄ ေယာက္စလံုး ဝမ္းသာအားရနဲ႔ အခန္းထဲက ထြက္သြားၾကတယ္။

၃ ရက္ၾကာေတာ့ သူတို႔ ၄ ေယာက္ စာေမးပြဲေျဖဖို႔ ဆရာ့ဆီကို ျပန္လာၾကတယ္။ ဆရာက သူတို႔ကို အခန္း ၄ ခန္းမွာ

ခြဲထိုင္ခိုင္းလိုက္ျပီး စာေမးပြဲ ေျဖခိုင္းလိုက္တယ္။ သူတို႔ကို ေမးတဲ့ ေမးခြန္းစာရြက္ဟာ အတူတူပဲျဖစ္ၿပီး ေမးခြန္းတစ္ပုဒ္ပဲ ပါတယ္။

ေမးခြန္းက . . . ေအာက္ပါကြက္လပ္ကို ျဖည့္ပါ။ (၁၀၀ မွတ္)

၁။ လမ္းမွာ ေပါက္သြားေသာ ကားဘီးမွာ _________ ျဖစ္ပါသည္။

က) ေရွ႕ညာဘီး

ခ) ေရွ႕ဘယ္ဘီး

ဂ) ေနာက္ညာဘီး

ဃ) ေနာက္ဘယ္ဘီး

သူတို႔အတြက္ ေျဖဖူးသမွ် ေမးခြန္းေတြထဲမွာ အခက္ဆံုးေမးခြန္းပါ။

အားလံုးေခါင္းကုတ္ ေခၽြးျပန္ေနၾကပါတယ္။

ဗန္းေမာ္သိန္းေဖ ၂၈-၀၁-၂၀၁၇

Credit#

< Unicode Version > 

တက္ကသိုလ်ကျောင်းသား ၄ ယောက်ဟာ နောက်နေ့မှာလုပ်မယ့် လပတ်စာမေးပွဲအတွက် စာမကြည့်ကြပဲ ပါတီပွဲတစ်ခုကို

သွားကြတယ်။ မနက်မိုးလင်းခါနီးမှ အဆောင်ကို ပြန်ရောက်လာကြတယ်။ မနက်ရောက်တော့ သူတို့ဟာ အိပ်ချင်မူးတူးနဲ့

စာမေးပွဲခန်းထဲရောက်လာကြပြီး စာစစ်တဲ့ ဆရာကို သူတို့ကို နောက်နေ့ကျမှ စာမေးပွဲဖြေခွင့်ပြုဖို့ ဝိုင်းပြောကြတယ်။ သူတို့ရဲ့

အကြောင်းပြချက်က ညက မင်္ဂလာဆောင်တစ်ခုကို သွားကြရင်း အပြန်ကျတော့ လမ်းမှာ ကားဘီးပေါက်တယ်။ ကားဘီးအပို

မပါလို့ ကားကို လမ်းဘေးမှာ ထားခဲ့ပြီး လမ်းလျှောက်ပြန်လာတာ မနက်မိုးလင်းခါနီးမှ အဆောင်ကို ပြန်ရောက်ကြလို့ပါတဲ့။

ဆရာကလည်း သူတို့ကို သနားတဲ့အကြည့်နဲ့ ကြည့်ရင်း နောက် ၃ ရက်နေမှ စာမေးပွဲကို ပြန်လာဖြေကြလို့ ပြောလိုက်တယ်။

သူတို့ ၄ ယောက်စလုံး ဝမ်းသာအားရနဲ့ အခန်းထဲက ထွက်သွားကြတယ်။

၃ ရက်ကြာတော့ သူတို့ ၄ ယောက် စာမေးပွဲဖြေဖို့ ဆရာ့ဆီကို ပြန်လာကြတယ်။ ဆရာက သူတို့ကို အခန်း ၄ ခန်းမှာ

ခွဲထိုင်ခိုင်းလိုက်ပြီး စာမေးပွဲ ဖြေခိုင်းလိုက်တယ်။ သူတို့ကို မေးတဲ့ မေးခွန်းစာရွက်ဟာ အတူတူပဲဖြစ်ပြီး မေးခွန်းတစ်ပုဒ်ပဲ ပါတယ်။

မေးခွန်းက . . . အောက်ပါကွက်လပ်ကို ဖြည့်ပါ။ (၁၀၀ မှတ်)

၁။ လမ်းမှာ ပေါက်သွားသော ကားဘီးမှာ _________ ဖြစ်ပါသည်။

က) ရှေ့ညာဘီး

ခ) ရှေ့ဘယ်ဘီး

ဂ) နောက်ညာဘီး

ဃ) နောက်ဘယ်ဘီး

သူတို့အတွက် ဖြေဖူးသမျှ မေးခွန်းတွေထဲမှာ အခက်ဆုံးမေးခွန်းပါ။

အားလုံးခေါင်းကုတ် ချွေးပြန်နေကြပါတယ်။

ဗန်းမော်သိန်းဖေ ၂၈-၀၁-၂၀၁၇

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

18 + two =