“အေျပာင္းအလဲကို လက္မခံရင္ ေနာက္က်န္ခဲ့မယ္”

၁၉၉၀ ခုႏွစ္ေလာက္က ရံုးေတြ ကုမၸဏီေတြမွာ ကြန္ပ်ဴတာေတြကို စၿပီး သံုးလာတယ္။ အရင္က စာ႐ိုက္တဲ့ လက္ႏွိပ္စက္စာေရးမေတြ

ကို ကြန္ပ်ဴတာနဲ႔ စာ႐ိုက္တတ္ေအာင္ သင္တန္းေပးၾကတယ္။ အသက္ႀကီးတဲ့ အမ်ိဳးသမီးေတြက တသက္လံုးလက္နွိပ္စက္

သံုးလာတာမို႔ ကြန္ပ်ဴတာနဲ႔ စာမ႐ိုက္ခ်င္ဘူးဆိုၿပီး သင္တန္းတက္ဖို႔ ျငင္းဆန္ၾကတယ္။ ဒီေတာ့ သူတို႔ ဘာျဖစ္သြားၾကသလဲ။

အလုပ္ ျပဳတ္သြားၾကတာေပါ့။ ေခတ္ေျပာင္းတဲ့ ေရစီးေၾကာင္းမွာ လိုက္ၿပီး မေျမာပါႏိုင္ရင္ေတာ့ က်န္ရစ္ခဲ့မွာပါပဲ။

အခု အင္တာနက္ ေခတ္ျဖစ္ေနၿပီ။ ေနရာတကာမွာ အင္တာနက္ကို တြင္တြင္က်ယ္က်ယ္ သံုးေနၾကၿပီ။ စကၤာပူက Shopping Mall

ပစၥည္းေရာင္းတဲ့ ကုန္တိုက္ႀကီးေတြ အင္တာနက္ေခတ္ႀကီးမွာ ႐ုန္းကန္ေနၾကရၿပီ။ အရင္က လူေတြတ႐ုန္း႐ုန္းနဲ႔ စည္ကားေနၾကတဲ့

ကုန္တိုက္ႀကီးေတြမွာ ပစၥည္းဝယ္သူေတြ နည္းလာၾကၿပီ။ ဘာျဖစ္လို႔လဲ။ လူေတြဟာ ကုန္တိုက္ႀကီးေတြမွာ ပစၥည္းမဝယ္ၾကေတာ့ပဲ eBay, Taobao စတဲ့ အင္တာနက္ကေန ပစၥည္းဝယ္ေနၾကၿပီ။ အင္တာနက္မွာ ပစၥည္းဝယ္ရတာ ေစ်းပိုသက္သာသလို

အိမ္တိုင္ယာေရာက္ လာပို႔ေပးတယ္။ ကုန္တိုက္ႀကီးေတြကေတာ့ ဆိုင္ေနရာငွားခေစ်းႀကီးတာ ပစၥည္းထားတဲ့သိုေလွာင္ရံု

ငွါးစရိတ္ႀကီးတာ ဝန္ထမ္းစရိတ္ေတြေၾကာင့္ ေရာင္းတဲ့ ပစၥည္းဟာ ေစ်းႀကီးတယ္။ ကုန္တိုက္မွာ ပစၥည္းလာဝယ္သူေတြအတြက္

ကားပါကင္ေနရာ ရွာရခက္တဲ့ ဒုကၡတစ္ခုလဲ ပါပါတယ္။ဒါေၾကာင့္ ကုန္တိုက္ႀကီးေတြဟာ အင္တာနက္က ပစၥည္းေရာင္းတာေတြကို

ယွဥ္ၿပိဳင္ႏိုင္ဖို႔ ပစၥည္းေတြကို ေစ်းေလွ်ာ့ေရာင္းေနရတယ္။ ပစၥည္းဝယ္ရင္ လက္ေဆာင္ေပးတာေတြ လုပ္ေနရတယ္။ အဲဒီလို

မလုပ္ႏိုင္ၾကတဲ့ ကုန္တိုက္ႀကီးေတြကေတာ့ မ်က္ေစ့ေအာက္မွာတင္ပဲ တတိုက္ၿပီး တတိုက္ ပိတ္ကုန္ေနၾကရပါၿပီ။

ေျပာင္းလဲမႈ (Change) ဆိုတာကို လက္မခံပဲ ေခါင္းမာေနရင္ေတာ့ ေနာက္မွာ က်န္ခဲ့မယ္ဆိုတာကို သတိျပဳၾကေစခ်င္ပါတယ္။

ေခတ္ေျပာင္းတာကို လက္မခံပဲ အက်င့္မေျပာင္းႏိုင္တဲ့ ဝန္ထမ္းေတြလဲ သတိျပဳေစခ်င္ပါတယ္။

ဗန္းေမာ္သိန္းေဖ

၂၁-၀၇-၂၀၁၆

Credit#

< Unicode Version >

၁၉၉၀ ခုနှစ်လောက်က ရုံးတွေ ကုမ္ပဏီတွေမှာ ကွန်ပျူတာတွေကို စပြီး သုံးလာတယ်။ အရင်က စာရိုက်တဲ့ လက်နှိပ်စက်စာရေးမတွေ

ကို ကွန်ပျူတာနဲ့ စာရိုက်တတ်အောင် သင်တန်းပေးကြတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေက တသက်လုံးလက်နှိပ်စက်

သုံးလာတာမို့ ကွန်ပျူတာနဲ့ စာမရိုက်ချင်ဘူးဆိုပြီး သင်တန်းတက်ဖို့ ငြင်းဆန်ကြတယ်။ ဒီတော့ သူတို့ ဘာဖြစ်သွားကြသလဲ။

အလုပ် ပြုတ်သွားကြတာပေါ့။ ခေတ်ပြောင်းတဲ့ ရေစီးကြောင်းမှာ လိုက်ပြီး မမြောပါနိုင်ရင်တော့ ကျန်ရစ်ခဲ့မှာပါပဲ။

အခု အင်တာနက် ခေတ်ဖြစ်နေပြီ။ နေရာတကာမှာ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီ။ စင်္ကာပူက Shopping Mall

ပစ္စည်းရောင်းတဲ့ ကုန်တိုက်ကြီးတွေ အင်တာနက်ခေတ်ကြီးမှာ ရုန်းကန်နေကြရပြီ။ အရင်က လူတွေတရုန်းရုန်းနဲ့ စည်ကားနေကြတဲ့

ကုန်တိုက်ကြီးတွေမှာ ပစ္စည်းဝယ်သူတွေ နည်းလာကြပြီ။ ဘာဖြစ်လို့လဲ။ လူတွေဟာ ကုန်တိုက်ကြီးတွေမှာ ပစ္စည်းမဝယ်ကြတော့ပဲ eBay, Taobao စတဲ့ အင်တာနက်ကနေ ပစ္စည်းဝယ်နေကြပြီ။ အင်တာနက်မှာ ပစ္စည်းဝယ်ရတာ စျေးပိုသက်သာသလို

အိမ်တိုင်ယာရောက် လာပို့ပေးတယ်။ ကုန်တိုက်ကြီးတွေကတော့ ဆိုင်နေရာငှားခစျေးကြီးတာ ပစ္စည်းထားတဲ့သိုလှောင်ရုံ

ငှါးစရိတ်ကြီးတာ ဝန်ထမ်းစရိတ်တွေကြောင့် ရောင်းတဲ့ ပစ္စည်းဟာ စျေးကြီးတယ်။ ကုန်တိုက်မှာ ပစ္စည်းလာဝယ်သူတွေအတွက်

ကားပါကင်နေရာ ရှာရခက်တဲ့ ဒုက္ခတစ်ခုလဲ ပါပါတယ်။ဒါကြောင့် ကုန်တိုက်ကြီးတွေဟာ အင်တာနက်က ပစ္စည်းရောင်းတာတွေကို

ယှဉ်ပြိုင်နိုင်ဖို့ ပစ္စည်းတွေကို စျေးလျှော့ရောင်းနေရတယ်။ ပစ္စည်းဝယ်ရင် လက်ဆောင်ပေးတာတွေ လုပ်နေရတယ်။ အဲဒီလို

မလုပ်နိုင်ကြတဲ့ ကုန်တိုက်ကြီးတွေကတော့ မျက်စေ့အောက်မှာတင်ပဲ တတိုက်ပြီး တတိုက် ပိတ်ကုန်နေကြရပါပြီ။

ပြောင်းလဲမှု (Change) ဆိုတာကို လက်မခံပဲ ခေါင်းမာနေရင်တော့ နောက်မှာ ကျန်ခဲ့မယ်ဆိုတာကို သတိပြုကြစေချင်ပါတယ်။

ခေတ်ပြောင်းတာကို လက်မခံပဲ အကျင့်မပြောင်းနိုင်တဲ့ ဝန်ထမ်းတွေလဲ သတိပြုစေချင်ပါတယ်။

ဗန်းမော်သိန်းဖေ

၂၁-၀၇-၂၀၁၆

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

five × three =