“ထိုအၿပံဳး “

ျပင္သစ္စာေရးဆရာ အန္တြိဳင္း ဆန္တက္ဇူေပရီ၏`မင္းသားေလး´(The Little Prince) ၀တၳဳကို စာသမားအေတာ္မ်ားမ်ားသိၾကပါသည္။

ကေလးမ်ားအတြက္ ႏွစ္ၿခိဳက္ဖြယ္ပံုျပင္တစ္ပုဒ္ျဖစ္သကဲ့သို႔ လူႀကီးမ်ားအတြက္ အေတြးပြားေစေသာ စာတစ္အုပ္လည္းျဖစ္ေၾကာင္း

ဖတ္မိသူတို႔ေလးစားသိမွတ္ခဲ့ၾကပါသည္။ `မင္းသားေလး´ကိုသိေသာ္လည္း ဆန္တက္ဇူေပရီ၏ အျခား၀တၳဳတို – ရွည္မ်ားကိုကား

သိသူနည္းလွပါသည္။ဆန္တက္ဇူေပရီသည္ တိုက္ေလယာဥ္မွဴးတစ္ေယာက္ျဖစ္၍ဒုတိယကမၻာစစ္အတြင္း နာဇီတို႔ႏွင့္တိုက္ခိုက္စဥ္

က်ဆံုးသြားခဲ့ပါသည္။ ဒုတိယကမၻာစစ္မတိုင္မီကလည္း သူသည္စပိန္ျပည္တြင္းစစ္တြင္ ဖက္ဆစ္မ်ားအား ဆန္႔က်င္သည့္ဘက္က

၀င္ေရာက္တိုက္ခိုက္ခဲ့ၿပီး ယင္းစစ္ပြဲကာလ သူ႔အေတြ႔အႀကံဳတစ္ရပ္ကို မူတည္၍`ထိုအၿပံဳး´(The Smile)အမည္ရွိ ၀တၳဳတစ္ပုဒ္

ေရးခဲ့သည္။ ၄င္း၀တၳဳေလးအေၾကာင္း ကၽြန္ေတာ္ ယခုေျပာလိုပါသည္။`ထိုအၿပံဳး´ကိုသူသည္ ကိုယ္ေတြ႔ျဖစ္ရပ္တစ္ခုအေနျဖင့္ေရး

သည္လား၊ ၀တၳဳတစ္ပုဒ္အျဖစ္ ဖန္တီးခဲ့ျခင္းလား ကၽြန္ေတာ္မခြဲျခားတတ္ပါ။ သို႔ေသာ္ ျဖစ္ရပ္မွန္ဟူ……ပဲ ကၽြန္ေတာ္ယူခဲ့ပါသည္။

၄င္းစာ၌ ဆန္တက္ဇူေပရီက………. သူ႔အား ရန္သူတို႔ဖမ္းမိသြားၿပီး အခ်ဳပ္ခန္းတစ္ခုထဲထည့္ထားလိုက္ေၾကာင္း၊

ဖမ္းဆီးခ်ဳပ္ေႏွာင္သူတို႔၏ စက္ဆုပ္မုန္းတီးပံုရေသာအၾကည့္ႏွင့္ ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံပံုမ်ားအရ ေနာက္ေန႔မွာေတာ့

သူ႔အား သတ္မွာမုခ်ဟု သူယူဆခဲ့ေၾကာင္း ေရးပါသည္။ သည့္ေနာက္ သူဆက္လက္ေရးသားပံုကို ကၽြန္ေတာ္မွတ္မိသလိုျပန္ေျပာျပပါ

မည္။ ငါ့ကို သတ္ၾကေတာ့မွာမုခ်ဟု ကၽြန္ေတာ္သိေနၿပီ၊ လူကအႀကီးအက်ယ္ တုန္လႈပ္ေခ်ာက္ခ်ားကာ ေျခမကိုင္မိ လက္မကိုင္မိ

ျဖစ္လာသည္။ အိတ္ေတြထဲ ေလ်ွာက္ႏႈိက္ကာ စီးကရက္တစ္လိပ္တေလမ်ား သူတို႔ရွာတုန္းကမေတြ႔ဘဲ က်န္ရစ္ေလမည္လားဟု

စမ္းၾကည့္မိသည္။ ကံအားေလ်ာ္စြာ တစ္လိပ္ရသည္။ သို႔ေသာ္ လက္ေတြအႀကီးအက်ယ္တုန္ေနသျဖင့္ စီးကရက္ကို ႏႈတ္ခမ္းမွာပင္

ေကာင္းစြာတပ္၍မရခ်င္။ ေဆးလိပ္ရျပန္ေတာ့ မီးျခစ္ကလိုလာျပန္သည္။ မီးျခစ္လည္းသူတို႔ယူသြားသျဖင့္ မရွိေတာ့။ ကၽြန္ေတာ့္အား

ေစာင့္ၾကပ္ေနသူကိုသံတိုင္ၾကားမွေန၍ ၾကည့္မိသည္။သူက ကၽြန္ေတာ္ႏွင့္မ်က္လံုးခ်င္းမဆိုင္။ ေသသူတစ္ေယာက္ႏွင့္

ဘယ္သူမ်က္လံုးခ်င္းဆိုင္ခ်င္မည္လဲ။`မီးျခစ္ရွိရင္ တစ္ဆိတ္ေလာက္ဗ်ာ´ ကၽြန္ေတာ္ လွမ္း၍ေျပာလိုက္သည္။ သူ ကၽြန္ေတာ့္ကို

လွမ္းၾကည့္ၿပီး ပခံုးတစ္ခ်က္တြန္႔ကာ စီးကရက္မီးညွိေပးရန္ ေလ်ွာက္လာသည္။ သူအနားကပ္ၿပီးမီးညွိေပးေနစဥ္

အမွတ္မထင္သူႏွင့္ကၽြန္ေတာ္ မ်က္လံုးခ်င္းဆိုင္မိသည္။ အဲသည္အခိုက္ ကၽြန္ေတာ္ၿပံဳးျပလိုက္သည္။ ဘာေၾကာင့္ ၿပံဳးျပမိသလဲ

ကၽြန္ေတာ့္ဘာသာမသိ။ ကၽြန္ေတာ္ စိတ္ဂနာမၿငိမ္ ျဖစ္ေနတာေၾကာင့္လည္းျဖစ္ႏိုင္သည္။ ဒါမွမဟုတ္

လူတစ္ေယာက္ႏွင့္တစ္ေယာက္ အဲသည္ေလာက္နီးကပ္ေနသည့္အခါမ်ဳိးမွာ ၿပံဳးမျပႏိုင္ဘဲ မေနႏိုင္တာလားမေျပာတတ္။

ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္ကေတာ့ ၿပံဳးျပလိုက္မိ္သည္။ အဲသည့္အခိုက္အတန္႔မွာ သူ႕ႏွလံုးသားႏွင့္ကၽြန္ေတာ့္ႏွလံုးသားၾကား

တစ္နည္းေျပာရေသာ္ ကၽြန္ေတာ္တို႔လူသား၀ိညာဥ္ႏွစ္ခုအၾကား လ်ွပ္စစ္၀ါယာႏွစ္ခု ပူးမိသည့္အခါမွာျဖစ္သလို မီးပြားတစ္ခုခုန္

ကူးသြားသည္ဟု ထင္လိုက္ရသည္။ သူ႔မွာ နဂိုမူလက ကၽြန္ေတာ့္အား ျပန္လည္ၿပံဳးျပရန္ ဆႏၵမရွိဆိုတာ ကၽြန္ေတာ္သိသည္။

သို႔ေသာ္ ကၽြန္ေတာ့္အၿပံဳးက သံတိုင္မ်ားၾကားမွေန၍ သူ႔ထံခုန္ကူးသြားၿပီးသည့္ေနာက္တြင္ သူ႔ႏႈတ္ခမ္းေပၚ၌လည္းအၿပံဳးတစ္

ခုေပၚလာသည္။ သူကကၽြန္ေတာ့္စီးကရက္ကို မီးညွိေပးၿပီးေနာက္ အနားမွခြာမသြားေသးဘဲ ကၽြန္ေတာ့္မ်က္လံုးမ်ားကို

စူးစိုက္စြာပင္ၾကည့္ကာ ၿပံဳး၍ေနသည္။ ကၽြန္ေတာ္လည္း သူ႔ကိုဆက္၍ၿပံဳးၾကည့္ေနသည္။သူသည္ အခ်ဳပ္ေထာင္ေစာင့္

တစ္ေယာက္မဟုတ္ေတာ့၊သူကိုလူတစ္ေယာက္အျဖစ္ ကၽြန္ေတာ္ျမင္ေနၿပီ၊ ကၽြန္ေတာ့္ကို သူၾကည့္ရႈပံု၌လည္း အဓိပၸာယ္

သစ္ေတြပါလာၿပီ။ `ခင္ဗ်ားမွာ သားသမီးရွိလား´သူကေမးသည္။ `ရွိပါတယ္ခင္ဗ်၊ ေဟာဒီမွာ ေဟာဒီမွာ´ ကၽြန္ေတာ္ ပ်ာပ်ာသလဲ

ပိုက္ဆံအိတ္ကိုဖြင့္ကာ ကၽြန္ေတာ့္ မိသားစုဓာတ္ပံုကို ထုတ္ယူၿပီး သူ႔အားျပသည္။ သူလည္း သူ႔ကေလးမ်ားဓာတ္ပံုေတြထုတ္လာကာ

သည္ကေလးေတြႏွင့္ပတ္သက္သည့္ သူ႔အစီအစဥ္မ်ား၊ စိတ္ကူးမ်ား၊ သူတို႔အတြက္ ေမွ်ာ္မွန္းထားသည္မ်ားကိုေျပာျပေနသည္။

တျဖည္းျဖည္း ကၽြန္ေတာ့္မ်က္လံုးထဲမွာ မ်က္ရည္ေတြအိုင္လာသည္။ ကၽြန္ေတာ့္မိသားစုကို ကၽြန္ေတာ္မေတြ႔ရေတာ့မွာ

စိုးရိမ္ထိတ္လန္႔လွေၾကာင္း၊ သည္ကေလးေတြႀကီးျပင္းေအာင္ ေစာင့္ေရွာက္ႏိုင္ခြင့္မရွိေတာ့မွာ ပူပန္ေနသည့္အေၾကာင္းမ်ား

ကၽြန္ေတာ္ေျပာမိသည္။ ကၽြန္ေတာ့္စကားေတြနားေထာင္ရင္း သူ႔မ်က္လံုးမွာလည္း မ်က္ရည္ေတြရစ္၀ဲလာသည္။ သည့္ေနာက္မွာမူ

ဘာစကားတစ္ခြန္းမွမေျပာဘဲ သူကရုတ္တရက္ ကၽြန္ေတာ့္ကို အျပင္ထုတ္သည္။ အခ်ဳပ္ေထာင္ျပင္ဘက္ေရာက္လာၿပီးေနာက္

လမ္းႀကိဳလမ္းၾကားမ်ားအၾကား တိတ္ဆိတ္စြာပင္ျဖတ္သန္းေခၚေဆာာင္လာၿပီး ၿမိဳ႕စြန္နားေရာက္သည့္အခါ ကၽြန္ေတာ့္ကိုလႊတ္ေပး

လိုက္သည္။ ထို႔ေနာက္ ႏႈတ္ဆက္စကားေတြဘာေတြလည္းေျပာမေနေတာ့ဘဲ ၿမိဳ႕ဘက္ဆီသူလွည့္ျပန္သြားသည္။ `

ကၽြန္ေတာ့္အသက္ကို အၿပံဳးတစ္ခုက ကယ္ဆယ္လိုက္ျခင္းေပတည္း။´ မွန္သည္။ ဟန္ေဆာင္မႈကင္းေသာႀကိဳတင္ႀကံရြယ္ခ်က္

မပါေသာ ပင္ကိုသဘာ၀အၿပံဳး၊ သို႔မဟုတ္ လူႏွစ္ဦးအၾကား အရိုးသားအပြင့္လင္းဆံုး ေပါင္းကူးဆက္သြယ္မႈ။ ဆန္တက္ဆူေပရီ၏ သည္၀တၳဳေလးကို အလုပ္ခြင္မွာ ကၽြန္ေတာ္ေျပာျပေလ့ရွိသည္။ အဓိကရည္ရြြယ္ခ်က္ကေတာ့ ကၽြန္ေတာ္တို႔တစ္ေတြမွာ

ဂုဏ္သိကၡာေတြ၊ ဘြဲ႕ထူး ဂုဏ္ထူး ရာထူးအဆင့္အတန္းေတြ၊ ကိုယ့္ကိုအမ်ားကဘယ္လိုျမင္ေစခ်င္သည္ဟူေသာ

ကိုယ္ပိုင္သတ္မွတ္ခ်က္ေတြ အလႊာအထပ္ထပ္ဖံုးကာ ကိုယ့္ကိုယ္ကို ကြယ္ကာထားၾကသည္။ သို႔ေသာ္ ဘာေတြဘယ္

လိုဖံုးဖံုးေအာက္ဆံုးမွာေတာ့ တကယ့္လူပုဂိၢဳလ္အစစ္အမွန္က ရွိေနသည္ဆိုတာ သိၾကျမင္ၾကေစလို၍ပဲျဖစ္သည္။

အဲသည္အတြင္းပိုင္း အနက္အရႈိုင္းထဲကအရာကို ၀ိညာဥ္ဟုပဲ ကၽြန္ေတာ္ဆိုလိုက္ပါမည္။ ကၽြန္ေတာ့္ကိုယ္တြင္းက အဲသည္၀ိညာဥ္ဟု

ကၽြန္ေတာ္အမည္ေပးလိုက္ေသာ အစိတ္အပိုင္းႏွင့္သင့္ကိုယ္တြင္းက အလားတူအစိတ္အပိုင္းတို႔ အျပန္အလွန္သိကၽြမ္းၾကၿပီဆိုလွ်င္

ကၽြန္ေတာ္တို႔ဘယ္နည္းနဲ႔မွ်ရန္သူေတြမျဖစ္ႏိုင္၊ ေၾကာက္ရြံ႕ထိတ္လန္႔ျခင္း လည္းမရွိႏို္င္ေတာ့။ ယခုေတာ့ ကၽြန္ေတာ္တို႔ တစ္သက္ပတ္လံုး ႀကိဳးစားတည္ေဆာက္ထားၾကသည့္ အလႊာအထပ္ေတြ ရစ္ပတ္ဖံုးကြယ္ေနသည့္အတြက္ တစ္ေယာက္ႏွင့္တစ္ေယာက္

အစစ္အမွန္မေတြ႕ဆံုႏိုင္ၾကဘဲရွိေနသည္။ ဆန္တက္ဇူေပရီ၏ ၀တၳဳက ၀ိညာဥ္ႏွစ္ခုအျပန္အလွန္ေတြ႔ထိ သိျမင္သြားၾကသည့္

ထူးျခားေသာအခိုက္အတန္႔ေလးအေၾကာင္း ေရးဖြဲ႔ထားျခင္းျဖစ္သည္။ ကၽြန္ေတာ္ကိုယ္တိုင္လည္း အဲသည္လိုအခိုက္တန္႔ေလး

တခ်ဳိ႕ေတာ့ ႀကံဳဖူးပါသည္။ ဥပမာ တစ္ခုေျပာရလွ်င္ တစ္စံုတစ္ေယာက္ကို ရုတ္တရက္ ခ်စ္ကၽြမ္း၀င္သြားမိျခင္းမ်ဳိးဆိုပါစို႔။

ႏို႔စို႔အရြယ္ကေလးငယ္မ်ားႏွင့္ေတြ႔ရသည့္အခါမ်ဳိးမွာလည္း အလားတူျဖစ္မိတတ္ၾကသည္။ သည္လိုကေလးငယ္မ်ဳိးကိုေတြ႔ရသည့္

အခါ ကၽြန္ေတာ္တို႔ဘာေၾကာင့္ ၿပံဳးမိတတ္ၾကသလဲ။ အေပၚယံလႊာတစ္ခုမွ ကြယ္ကာထားျခင္းမရွိသူတစ္ဦးကို ေတြ႔လိုက္ျမင္လိုက္ရ၍လား။ သူ၏အၿပံဳးမွာဟန္ေဆာင္မႈအကင္းဆံုးအၿပံဳး၊ အစစ္မွန္ဆံုးအၿပံဳးျဖစ္ေၾကာင္း ကၽြန္ေတာ္တို႔သိေနၾက၍လား။ ဒါမွမဟုတ္

ကၽြန္ေတာ္တို႔ရင္ထဲရွိ ငယ္၀ိညာဥ္က ရြယ္တူအခ်င္းခ်င္း သိကၽြမ္းခင္မင္ကာ ႏွစ္လိုအားရစြာ ၿပံဳးလိုက္မိျခင္းလား။

[မူရင္း။ ။Hanoch McCarty ၏ The Smile] ( ဆရာေဖျမင့္၏ ႏွလံုးသားအာဟာရစာအုပ္မွ ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္…….)

Credit#

< Unicode Version >

ပြင်သစ်စာရေးဆရာ အန်တွိုင်း ဆန်တက်ဇူပေရီ၏`မင်းသားလေး´(The Little Prince) ၀တ္ထုကို စာသမားအတော်များများသိကြပါသည်။ကလေးများအတွက် နှစ်ခြိုက်ဖွယ်ပုံပြင်တစ်ပုဒ်ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသော စာတစ်အုပ်လည်းဖြစ်ကြောင်း

ဖတ်မိသူတို့လေးစားသိမှတ်ခဲ့ကြပါသည်။ `မင်းသားလေး´ကိုသိသော်လည်း ဆန်တက်ဇူပေရီ၏ အခြားဝတ္ထုတို – ရှည်များကိုကား

သိသူနည်းလှပါသည်။ဆန်တက်ဇူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်၍ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့နှင့်တိုက်ခိုက်စဉ်

ကျဆုံးသွားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကလည်း သူသည်စပိန်ပြည်တွင်းစစ်တွင် ဖက်ဆစ်များအား ဆန့်ကျင်သည့်ဘက်က

၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲကာလ သူ့အတွေ့အကြုံတစ်ရပ်ကို မူတည်၍`ထိုအပြံုး´(The Smile)အမည်ရှိ ၀တ္ထုတစ်ပုဒ်

ရေးခဲ့သည်။ ၄င်းဝတ္ထုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။`ထိုအပြံုး´ကိုသူသည် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့်ရေး

သည်လား၊ ၀တ္ထုတစ်ပုဒ်အဖြစ် ဖန်တီးခဲ့ခြင်းလား ကျွန်တော်မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန်ဟူ……ပဲ ကျွန်တော်ယူခဲ့ပါသည်။

၄င်းစာ၌ ဆန်တက်ဇူပေရီက………. သူ့အား ရန်သူတို့ဖမ်းမိသွားပြီး အချုပ်ခန်းတစ်ခုထဲထည့်ထားလိုက်ကြောင်း၊

ဖမ်းဆီးချုပ်နှောင်သူတို့၏ စက်ဆုပ်မုန်းတီးပုံရသောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပုံများအရ နောက်နေ့မှာတော့

သူ့အား သတ်မှာမုချဟု သူယူဆခဲ့ကြောင်း ရေးပါသည်။ သည့်နောက် သူဆက်လက်ရေးသားပုံကို ကျွန်တော်မှတ်မိသလိုပြန်ပြောပြပါ

မည်။ ငါ့ကို သတ်ကြတော့မှာမုချဟု ကျွန်တော်သိနေပြီ၊ လူကအကြီးအကျယ် တုန်လှုပ်ချောက်ချားကာ ခြေမကိုင်မိ လက်မကိုင်မိ

ဖြစ်လာသည်။ အိတ်တွေထဲ လျှောက်နှိုက်ကာ စီးကရက်တစ်လိပ်တလေများ သူတို့ရှာတုန်းကမတွေ့ဘဲ ကျန်ရစ်လေမည်လားဟု

စမ်းကြည့်မိသည်။ ကံအားလျော်စွာ တစ်လိပ်ရသည်။ သို့သော် လက်တွေအကြီးအကျယ်တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင်

ကောင်းစွာတပ်၍မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်ကလိုလာပြန်သည်။ မီးခြစ်လည်းသူတို့ယူသွားသဖြင့် မရှိတော့။ ကျွန်တော့်အား

စောင့်ကြပ်နေသူကိုသံတိုင်ကြားမှနေ၍ ကြည့်မိသည်။သူက ကျွန်တော်နှင့်မျက်လုံးချင်းမဆိုင်။ သေသူတစ်ယောက်နှင့်

ဘယ်သူမျက်လုံးချင်းဆိုင်ချင်မည်လဲ။`မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ´ ကျွန်တော် လှမ်း၍ပြောလိုက်သည်။ သူ ကျွန်တော့်ကို

လှမ်းကြည့်ပြီး ပခုံးတစ်ချက်တွန့်ကာ စီးကရက်မီးညှိပေးရန် လျှောက်လာသည်။ သူအနားကပ်ပြီးမီးညှိပေးနေစဉ်

အမှတ်မထင်သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော်ပြံုးပြလိုက်သည်။ ဘာကြောင့် ပြံုးပြမိသလဲ

ကျွန်တော့်ဘာသာမသိ။ ကျွန်တော် စိတ်ဂနာမငြိမ် ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်သည်။ ဒါမှမဟုတ်

လူတစ်ယောက်နှင့်တစ်ယောက် အဲသည်လောက်နီးကပ်နေသည့်အခါမျိုးမှာ ပြံုးမပြနိုင်ဘဲ မနေနိုင်တာလားမပြောတတ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြံုးပြလိုက်မိ်သည်။ အဲသည့်အခိုက်အတန့်မှာ သူ့နှလုံးသားနှင့်ကျွန်တော့်နှလုံးသားကြား

တစ်နည်းပြောရသော် ကျွန်တော်တို့လူသားဝိညာဉ်နှစ်ခုအကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိသည့်အခါမှာဖြစ်သလို မီးပွားတစ်ခုခုန်

ကူးသွားသည်ဟု ထင်လိုက်ရသည်။ သူ့မှာ နဂိုမူလက ကျွန်တော့်အား ပြန်လည်ပြံုးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။

သို့သော် ကျွန်တော့်အပြံုးက သံတိုင်များကြားမှနေ၍ သူ့ထံခုန်ကူးသွားပြီးသည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌လည်းအပြံုးတစ်

ခုပေါ်လာသည်။ သူကကျွန်တော့်စီးကရက်ကို မီးညှိပေးပြီးနောက် အနားမှခွာမသွားသေးဘဲ ကျွန်တော့်မျက်လုံးများကို

စူးစိုက်စွာပင်ကြည့်ကာ ပြံုး၍နေသည်။ ကျွန်တော်လည်း သူ့ကိုဆက်၍ပြံုးကြည့်နေသည်။သူသည် အချုပ်ထောင်စောင့်

တစ်ယောက်မဟုတ်တော့၊သူကိုလူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ၊ ကျွန်တော့်ကို သူကြည့်ရှုပုံ၌လည်း အဓိပ္ပာယ်

သစ်တွေပါလာပြီ။ `ခင်ဗျားမှာ သားသမီးရှိလား´သူကမေးသည်။ `ရှိပါတယ်ခင်ဗျ၊ ဟောဒီမှာ ဟောဒီမှာ´ ကျွန်တော် ပျာပျာသလဲ

ပိုက်ဆံအိတ်ကိုဖွင့်ကာ ကျွန်တော့် မိသားစုဓာတ်ပုံကို ထုတ်ယူပြီး သူ့အားပြသည်။ သူလည်း သူ့ကလေးများဓာတ်ပုံတွေထုတ်လာကာ

သည်ကလေးတွေနှင့်ပတ်သက်သည့် သူ့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည်များကိုပြောပြနေသည်။

တဖြည်းဖြည်း ကျွန်တော့်မျက်လုံးထဲမှာ မျက်ရည်တွေအိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာ

စိုးရိမ်ထိတ်လန့်လှကြောင်း၊ သည်ကလေးတွေကြီးပြင်းအောင် စောင့်ရှောက်နိုင်ခွင့်မရှိတော့မှာ ပူပန်နေသည့်အကြောင်းများ

ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေနားထောင်ရင်း သူ့မျက်လုံးမှာလည်း မျက်ရည်တွေရစ်ဝဲလာသည်။ သည့်နောက်မှာမူ

ဘာစကားတစ်ခွန်းမှမပြောဘဲ သူကရုတ်တရက် ကျွန်တော့်ကို အပြင်ထုတ်သည်။ အချုပ်ထောင်ပြင်ဘက်ရောက်လာပြီးနောက်

လမ်းကြိုလမ်းကြားများအကြား တိတ်ဆိတ်စွာပင်ဖြတ်သန်းခေါ်ဆောာင်လာပြီး မြို့စွန်နားရောက်သည့်အခါ ကျွန်တော့်ကိုလွှတ်ပေး

လိုက်သည်။ ထို့နောက် နှုတ်ဆက်စကားတွေဘာတွေလည်းပြောမနေတော့ဘဲ မြို့ဘက်ဆီသူလှည့်ပြန်သွားသည်။ `

ကျွန်တော့်အသက်ကို အပြံုးတစ်ခုက ကယ်ဆယ်လိုက်ခြင်းပေတည်း။´ မှန်သည်။ ဟန်ဆောင်မှုကင်းသောကြိုတင်ကြံရွယ်ချက်

မပါသော ပင်ကိုသဘာဝအပြံုး၊ သို့မဟုတ် လူနှစ်ဦးအကြား အရိုးသားအပွင့်လင်းဆုံး ပေါင်းကူးဆက်သွယ်မှု။ ဆန်တက်ဆူပေရီ၏ သည်ဝတ္ထုလေးကို အလုပ်ခွင်မှာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိကရည်ရွွယ်ချက်ကတော့ ကျွန်တော်တို့တစ်တွေမှာ

ဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူး ဂုဏ်ထူး ရာထူးအဆင့်အတန်းတွေ၊ ကိုယ့်ကိုအများကဘယ်လိုမြင်စေချင်သည်ဟူသော

ကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာအထပ်ထပ်ဖုံးကာ ကိုယ့်ကိုယ်ကို ကွယ်ကာထားကြသည်။ သို့သော် ဘာတွေဘယ်

လိုဖုံးဖုံးအောက်ဆုံးမှာတော့ တကယ့်လူပုဂ္ဂိုလ်အစစ်အမှန်က ရှိနေသည်ဆိုတာ သိကြမြင်ကြစေလို၍ပဲဖြစ်သည်။

အဲသည်အတွင်းပိုင်း အနက်အရှိုုင်းထဲကအရာကို ၀ိညာဉ်ဟုပဲ ကျွန်တော်ဆိုလိုက်ပါမည်။ ကျွန်တော့်ကိုယ်တွင်းက အဲသည်ဝိညာဉ်ဟု

ကျွန်တော်အမည်ပေးလိုက်သော အစိတ်အပိုင်းနှင့်သင့်ကိုယ်တွင်းက အလားတူအစိတ်အပိုင်းတို့ အပြန်အလှန်သိကျွမ်းကြပြီဆိုလျှင်

ကျွန်တော်တို့ဘယ်နည်းနဲ့မျှရန်သူတွေမဖြစ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်ခြင်း လည်းမရှိနို်င်တော့။ ယခုတော့ ကျွန်တော်တို့ တစ်သက်ပတ်လုံး ကြိုးစားတည်ဆောက်ထားကြသည့် အလွှာအထပ်တွေ ရစ်ပတ်ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့်တစ်ယောက်

အစစ်အမှန်မတွေ့ဆုံနိုင်ကြဘဲရှိနေသည်။ ဆန်တက်ဇူပေရီ၏ ၀တ္ထုက ၀ိညာဉ်နှစ်ခုအပြန်အလှန်တွေ့ထိ သိမြင်သွားကြသည့်

ထူးခြားသောအခိုက်အတန့်လေးအကြောင်း ရေးဖွဲ့ထားခြင်းဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်း အဲသည်လိုအခိုက်တန့်လေး

တချို့တော့ ကြံုဖူးပါသည်။ ဥပမာ တစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကို ရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုးဆိုပါစို့။

နို့စို့အရွယ်ကလေးငယ်များနှင့်တွေ့ရသည့်အခါမျိုးမှာလည်း အလားတူဖြစ်မိတတ်ကြသည်။ သည်လိုကလေးငယ်မျိုးကိုတွေ့ရသည့်

အခါ ကျွန်တော်တို့ဘာကြောင့် ပြံုးမိတတ်ကြသလဲ။ အပေါ်ယံလွှာတစ်ခုမှ ကွယ်ကာထားခြင်းမရှိသူတစ်ဦးကို တွေ့လိုက်မြင်လိုက်ရ၍လား။ သူ၏အပြံုးမှာဟန်ဆောင်မှုအကင်းဆုံးအပြံုး၊ အစစ်မှန်ဆုံးအပြံုးဖြစ်ကြောင်း ကျွန်တော်တို့သိနေကြ၍လား။ ဒါမှမဟုတ်

ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူအချင်းချင်း သိကျွမ်းခင်မင်ကာ နှစ်လိုအားရစွာ ပြံုးလိုက်မိခြင်းလား။

[မူရင်း။ ။Hanoch McCarty ၏ The Smile] ( ဆရာဖေမြင့်၏ နှလုံးသားအာဟာရစာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်…….)

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

6 + twenty =