” ျဖစ္ေအာင္လုပ္ပါ “

၁၉၅၇- ခုႏွစ္က ကယ္လီဖိုးနီးယားတြင္ (၁၀)ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ ရည္မွန္းခ်က္ပန္းတိုင္ တစ္ခု ခ်သည္။

အဲသည္အခ်ိန္က အေမရိကန္ေႀကးစား ေဘာလံုး (ရပ္ဂဘီေဘာ) ေလာကတြင္ ဂ်င္(မ)ဘေရာင္းသည္ အေက်ာ္ႀကားဆံုး

ေနာက္တန္းအလယ္လူျဖစ္သည္။ ပိန္တာရိုးေကာင္ေလးကသူ႕ေအာ္တိုလက္မွတ္လိုခ်င္ သည္။ သည္ရည္မွန္းခ်က္

ေအာင္ျမင္ေရးအတြက္ ေကာင္ေလးမွာ ေက်ာ္လႊားရမည့္ အခက္အခဲတခ်ိဴ႕ရွိ ေနသည္။

သူသည္ လူမည္း ဆင္းရဲသားရပ္ကြက္တြင္ ႀကီးျပင္းရ သူျဖစ္သည္။သူ႕ချမာ ဘယ္တုန္းကမွ ၀၀လင္လင္ မစား ရ။အာဟာရ

ခ်ိဴ႕တဲ့မွဳေၾကာင့္အရိုးေပ်ာ့ေရာဂါ ရေန သည္။ အရိုးေပၚအေရတင္သည့္ သူ႕ေျခေထာက္ ခြင္ခြင္ ေလးကို သံမဏိထိန္းတံမ်ားျဖင့္

က်ားကန္ေပးထား ရ သည္။ ေလာေလာဆည္လည္းပိုက္ဆံမရွိသျဖင့္ ေဘာပြဲ ၀င္ႀကည့္ရန္ လက္မွတ္မ၀ယ္ႏိုင္။ ထို႔ေၾကာင့္

ဂ်င္(မ) ဘေရာင္း ကစားျပီး ျပန္တက္လာသည့္ အခ်ိန္ ေတြ႕ဆံု ရန္ အ၀တ္လဲခန္းနားက စိတ္ရွည္လက္ရွည္ ေစာင့္ေမွ်ာ္ ေနရသည္။

ဂ်င္(မ)ဘေရာင္း ႏွင့္ေတြ႕ေတာ့ ေအာ္တိုေရးေပးရန္ ယဥ္ယဥ္ေက်းေက်း ေတာင္းခံသည္။ ဘေရာင္း လက္မွတ္ထိုးေနသည့္အခ်ိန္

ေကာင္ေလးက ေျပာျပ သည္။” မစၥတာ ဘေရာင္း …. ခင္ဗ်ားပံုကို ကြ်န္ေတာ့္အခန္း နံရံမွာ ခ်ိတ္ထားတယ္ဗ်၊ စံခ်ိန္ေတြအားလံုး

ခင္ဗ်ား ခ်ိဴးထားတာကြ်န္ေတာ္သိတယ္၊ ခင္ဗ်ားက ကြ်န္ေတာ္ ၾကည္ညိဳေလးစားဆံုး ပုဂၢိဳလ္ဗ် ”

ဘေရာင္း ျပံဳးနားေထာင္ျပီး သြားရန္ျပင္သည္။ သို႔ေသာ္ ေကာင္ေလးက မျပီးေသး။ ” ကြ်န္ေတာ္ တစ္ေန႕က်ရင္ မစၥတာဘေရာင္း

တင္ထား တဲ့ စံခ်ိန္ေတြအားလံုးကို ခ်ိဴးမယ္ဗ် ” သူက ရဲရဲ၀ံ့၀ံ့ ေၾကညာသည္။

ဘေရာင္း ျဖံဳသြားသည္။ ” သားနာမည္ ဘယ္လိုေခၚ လဲကြ ” သူေမးလိုက္မိသည္။

” အိုရင္သယ္ဂ်ိမ္း(စ) ပါ၊ သူငယ္ခ်င္းေတြကေတာ့ အိုေဂ်လို႔ အတိုေကာက္ ေခၚၾကပါတယ္ ” ေကာင္ေလး က ျပန္ေျဖသည္။

ေနာက္ပိုင္းတြင္မူ အိုေဂ်ဆင္မဆင္ဆိုေသာ ထိုအရိုးေပ်ာ့ ႏွင့္ ေကာင္ေလးသည္ ထူးခြ်န္ထင္ရွားေသာ ေဘာလံုး သမား

တစ္ဦးျဖစ္လာခဲ့သည္။ ထိခိုက္ဒဏ္ရာေၾကာင့္ ေဘာလံုးေလာကမွ ေစာစီးစြာႏုတ္ထြက္ခဲ့ရသည့္အခ်ိန္ တြင္ ဂ်င္(မ)ဘေရာင္း

တင္ခဲ့သည့္စံခ်ိန္မ်ားအနက္ သံုးခုမွအပ က်န္အားလံုးကို သူခ်ိဴးႏိုင္ခဲ့သည္။

လူတစ္ေယာက္ကို ထက္သန္တက္ၾကြေအာင္ ႏိွဳဆြေပး သည့္ေနရာတြင္ ရည္မွန္းခ်က္ပန္းတိုင္ ခ်မွတ္ျခင္း ေလာက္

အင္အားျပင္းေသာအရာမရွိပါ။ ထို႔ေၾကာင့္….ပန္းတိုင္ခိုင္ခိုင္ခ်ပါ၊ ျပီးလွ်င္ အဲ႔သည္ အတိုင္း တကယ္ျဖစ္ေအာင္ စြမ္းေဆာင္ပါ။

(ေဖျမင့္ – ႏွလံုးသားအာဟာရ)

Credit#

< Unicode Version >

၁၉၅၇- ခုနှစ်က ကယ်လီဖိုးနီးယားတွင် (၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက်ပန်းတိုင် တစ်ခု ချသည်။

အဲသည်အချိန်က အမေရိကန်ကြေးစား ဘောလုံး (ရပ်ဂဘီဘော) လောကတွင် ဂျင်(မ)ဘရောင်းသည် အကျော်ကြားဆုံး

နောက်တန်းအလယ်လူဖြစ်သည်။ ပိန်တာရိုးကောင်လေးကသူ့အော်တိုလက်မှတ်လိုချင် သည်။ သည်ရည်မှန်းချက်

အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချိူ့ရှိ နေသည်။

သူသည် လူမည်း ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းရ သူဖြစ်သည်။သူ့ခမြာ ဘယ်တုန်းကမှ ၀၀လင်လင် မစား ရ။အာဟာရ

ချိူ့တဲ့မှုကြောင့်အရိုးပျော့ရောဂါ ရနေ သည်။ အရိုးပေါ်အရေတင်သည့် သူ့ခြေထောက် ခွင်ခွင် လေးကို သံမဏိထိန်းတံများဖြင့်

ကျားကန်ပေးထား ရ သည်။ လောလောဆည်လည်းပိုက်ဆံမရှိသဖြင့် ဘောပွဲ ၀င်ကြည့်ရန် လက်မှတ်မဝယ်နိုင်။ ထို့ကြောင့်

ဂျင်(မ) ဘရောင်း ကစားပြီး ပြန်တက်လာသည့် အချိန် တွေ့ဆုံ ရန် အဝတ်လဲခန်းနားက စိတ်ရှည်လက်ရှည် စောင့်မျှော် နေရသည်။

ဂျင်(မ)ဘရောင်း နှင့်တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းခံသည်။ ဘရောင်း လက်မှတ်ထိုးနေသည့်အချိန်

ကောင်လေးက ပြောပြ သည်။” မစ္စတာ ဘရောင်း …. ခင်ဗျားပုံကို ကျွန်တော့်အခန်း နံရံမှာ ချိတ်ထားတယ်ဗျ၊ စံချိန်တွေအားလုံး

ခင်ဗျား ချိူးထားတာကျွန်တော်သိတယ်၊ ခင်ဗျားက ကျွန်တော် ကြည်ညိုလေးစားဆုံး ပုဂ္ဂိုလ်ဗျ ”

ဘရောင်း ပြုံးနားထောင်ပြီး သွားရန်ပြင်သည်။ သို့သော် ကောင်လေးက မပြီးသေး။ ” ကျွန်တော် တစ်နေ့ကျရင် မစ္စတာဘရောင်း

တင်ထား တဲ့ စံချိန်တွေအားလုံးကို ချိူးမယ်ဗျ ” သူက ရဲရဲဝံ့ဝံ့ ကြေညာသည်။

ဘရောင်း ဖြံုသွားသည်။ ” သားနာမည် ဘယ်လိုခေါ် လဲကွ ” သူမေးလိုက်မိသည်။

” အိုရင်သယ်ဂျိမ်း(စ) ပါ၊ သူငယ်ချင်းတွေကတော့ အိုဂျေလို့ အတိုကောက် ခေါ်ကြပါတယ် ” ကောင်လေး က ပြန်ဖြေသည်။

နောက်ပိုင်းတွင်မူ အိုဂျေဆင်မဆင်ဆိုသော ထိုအရိုးပျော့ နှင့် ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံး သမား

တစ်ဦးဖြစ်လာခဲ့သည်။ ထိခိုက်ဒဏ်ရာကြောင့် ဘောလုံးလောကမှ စောစီးစွာနုတ်ထွက်ခဲ့ရသည့်အချိန် တွင် ဂျင်(မ)ဘရောင်း

တင်ခဲ့သည့်စံချိန်များအနက် သုံးခုမှအပ ကျန်အားလုံးကို သူချိူးနိုင်ခဲ့သည်။

လူတစ်ယောက်ကို ထက်သန်တက်ကြွအောင် နှိုဆွပေး သည့်နေရာတွင် ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်း လောက်

အင်အားပြင်းသောအရာမရှိပါ။ ထို့ကြောင့်….ပန်းတိုင်ခိုင်ခိုင်ချပါ၊ ပြီးလျှင် အဲ့သည် အတိုင်း တကယ်ဖြစ်အောင် စွမ်းဆောင်ပါ။

(ဖေမြင့် – နှလုံးသားအာဟာရ)

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

18 + fifteen =