“စာဖတ္တယ္ဆိုတာ”

စာဖတ္တယ္ဆိုတာ…

တျခားလူရဲ႕ ပံုျပင္ထဲကေန ကိုယ့္အတြက္ သင္ခန္းစာရွာလိုက္တာပါ။

စာဖတ္တယ္ဆိုတာ…

ကံဆိုးျခင္းေတြထဲက အေကာင္းျမင္တတ္ေအာင္ ကိုယ့္အတြက္ ဖိအားေပးတဲ႔ ရင့္က်က္ျခင္းေတြပါ။

စာဖတ္တယ္ဆိုတာ…

ေသာကရဲ႕ မီးလွ်ံေတြကို ကိုယ့္အတြက္ ေအးခ်မ္းေစမယ့္ စိတ္ျငိမ္ေဆးေတြပါ။

စာဖတ္တယ္ဆိုတာ…

ဘဝတိုက္ပြဲမ်ားစြာကို ျဖတ္သန္းဖို႔ ကိုယ့္အတြက္ လက္နက္ေတြ စုစည္းလိုက္တာပါ။

စာဖတ္တယ္ဆိုတာ…

ဝမ္းနည္းမႈၾကားက မ်က္ရည္ေတြကို ကိုယ့္အတြက္ တယုတယသုပ္ေပးမယ့္ အေကာင္းဆံုးမိတ္ေဆြေတြပါ။

စာဖတ္တယ္ဆိုတာ…

ယိုင္ေနတဲ႔ ေျခလွမ္းေတြကို ကိုယ့္အတြက္ ျပဳျပင္ေပးမယ့္ အသိဥာဏ္ေတြပါ။

စာဖတ္တယ္ဆိုတာ…

အရံႈးရဲ႕ ရလဒ္ေတြကေန ကိုယ့္အတြက္ ျပန္လည္ႀကိဳးစားဖို႔ အားမာန္ေတြပါ။

စာဖတ္တယ္ဆိုတာ…

အမွားမကင္းတဲ႔ လူ႕ဘဝမွာ ကိုယ့္အတြက္ ေနာင္တနည္းေစမယ့္ နည္းလမ္းေကာင္းေတြပါ။

စာဖတ္တယ္ဆိုတာ…

လက္ေတြ႕မက်ေပမယ့္ ကိုယ့္အတြက္ အက်,မနာေအာင္ ကာကြယ္လိုက္တာပါ။

စာဖတ္တယ္ဆိုတာ… အလကားအခ်ိန္ျဖဳန္းသလိုမဖစ္ေအာင္ ကိုယ့္ဘဝအတြက္ အေကာင္းဆံုးေဆးတစ္ခြက္အျဖစ္

အက်ိဳးရွိစြာအသံုးျပဳလိုက္နာႏိုင္ေအာင္ ႀကိဳးစားပါ။

#PPA

(တြံေတး)

< Unicode Version >

စာဖတ်တယ်ဆိုတာ…

တခြားလူရဲ့ ပုံပြင်ထဲကနေ ကိုယ့်အတွက် သင်ခန်းစာရှာလိုက်တာပါ။

စာဖတ်တယ်ဆိုတာ…

ကံဆိုးခြင်းတွေထဲက အကောင်းမြင်တတ်အောင် ကိုယ့်အတွက် ဖိအားပေးတဲ့ ရင့်ကျက်ခြင်းတွေပါ။

စာဖတ်တယ်ဆိုတာ…

သောကရဲ့ မီးလျှံတွေကို ကိုယ့်အတွက် အေးချမ်းစေမယ့် စိတ်ငြိမ်ဆေးတွေပါ။

စာဖတ်တယ်ဆိုတာ…

ဘဝတိုက်ပွဲများစွာကို ဖြတ်သန်းဖို့ ကိုယ့်အတွက် လက်နက်တွေ စုစည်းလိုက်တာပါ။

စာဖတ်တယ်ဆိုတာ…

ဝမ်းနည်းမှုကြားက မျက်ရည်တွေကို ကိုယ့်အတွက် တယုတယသုပ်ပေးမယ့် အကောင်းဆုံးမိတ်ဆွေတွေပါ။

စာဖတ်တယ်ဆိုတာ…

ယိုင်နေတဲ့ ခြေလှမ်းတွေကို ကိုယ့်အတွက် ပြုပြင်ပေးမယ့် အသိဉာဏ်တွေပါ။

စာဖတ်တယ်ဆိုတာ…

အရှုံးရဲ့ ရလဒ်တွေကနေ ကိုယ့်အတွက် ပြန်လည်ကြိုးစားဖို့ အားမာန်တွေပါ။

စာဖတ်တယ်ဆိုတာ…

အမှားမကင်းတဲ့ လူ့ဘဝမှာ ကိုယ့်အတွက် နောင်တနည်းစေမယ့် နည်းလမ်းကောင်းတွေပါ။

စာဖတ်တယ်ဆိုတာ…

လက်တွေ့မကျပေမယ့် ကိုယ့်အတွက် အကျ,မနာအောင် ကာကွယ်လိုက်တာပါ။

စာဖတ်တယ်ဆိုတာ… အလကားအချိန်ဖြုန်းသလိုမဖစ်အောင် ကိုယ့်ဘဝအတွက် အကောင်းဆုံးဆေးတစ်ခွက်အဖြစ်

အကျိုးရှိစွာအသုံးပြုလိုက်နာနိုင်အောင် ကြိုးစားပါ။

#PPA

(တွံတေး)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

one × three =