“ခြင့္လႊတ္ျခင္း “

လူတစ္ဦးတစ္ေယာက္အေပၚမွာ “နားလည္မႈ” ရွိဖုိ႔ဆိုတာ တကယ္ေတာ့ မလြယ္လွပါဘူး။ တခါတေလ

နားလည္ေအာင္ၾကိဳးစားေနရတာကုိက ပင္ပန္းရတယ္။

နားလည္ဖို႕ၾကဳိးစားရင္နဲ႕ပဲ သည္းမခံႏိုင္တာေတြ ပိုမ်ားလာတတ္ပါတယ္။ သူကလည္း သူ႔စရုိက္နဲ႔ သူ႔အက်င့္နဲ႔။

ကုိယ္ကလည္း ကို္ယ့္စရုိက္နဲ႔ ကိုယ့္အက်င့္နဲ႔ကုိး။

စိတ္သေဘာထားျခင္းကေတ့ာ ဘယ္လိုမွမတူႏိုင္ပါဘူး။ ေသခ်ာစဥ္းစားၾကည့္ရင္ ကိုယ့္စိတ္ေတာင္ဒီေန႕နဲ႕မနက္ျဖန္ မတူႏိုင္ပါဘူး။

သူေကာင္းမွကိုယ္ေကာင္းမယ္ဆိုရင္ ဘယ္မွေကာင္းတ့ဲသူရွိလာပါမလဲ ဆိုသလို မတူညီမႈ႕ေတြအတြက္

ကိုယ့္ဖက္က ၾကိဳးစားလုိ႔ရတာ တစ္ခုေတာ့ရွိပါတယ္။

“ခြင့္လႊတ္ျခင္း” ပါပဲ။

တဖက္သားကုိ ခြင့္လႊတ္ႏုိင္လုိက္တယ္ဆုိရင္ပဲ…. စိတ္ေပါ့ပါးသြားတယ္။ လြတ္လပ္သြားပါတယ္။

“ခြင့္လႊတ္ျခင္း” ရဲ့ေနာက္မွာ ေမတၱာစိတ္ေတြျဖစ္လာတယ္။ ေမတၱာစိတ္ျဖစ္လာေတာ့ ပုိျပီးခြင့္လႊတ္ႏုိင္လာတယ္။

ဒါေၾကာင့္ တဖက္သားကုိ နားမလည္ႏုိင္ရင္ေတာင္ ခြင့္လႊတ္ႏုိင္ေအာင္ၾကိဳးစားရင္ ဘဝမွာ အလြန္ေအးခ်မ္းပါတယ္။

ဘဝဆိုတာတိုတိုေလးပါ။တေယာက္နဲ႕တေယာက္ဘာေၾကာင့္မ်ား အာဃာတေတြ အမုန္းတရားေတြမနာလိုမႈေတြထားေနမွာလဲ။

ခြင့္လႊတ္ျခင္းရဲ႕ အရသာကို ခြင့္လႊတ္ခ့ဲဘူးသူတိုင္း ခံစား ဖူးပါလိမ့္မယ္။

လက္စားေခ်ျခင္းျဖင့္ ျပႆသနာ ကိုအဆုးံသတ္လို႕မရပါဘူး။ ျပႆနာေတြအဓိကအဆုးံ သတ္ကခြင့္လႊတ္ျခင္းပါပဲ။

ဘာေၾကာင့္လူေတြကခြင့္လႊတ္ရမွာေၾကာက္ တာလဲဆိုရင္ အေျဖကရွင္းရွင္းေလးပါ ခြင့္လႊတ္ေပးလိုက္ရတာဟာ

ရႈးံနိမ့္တယ္လို႕ထင္ေနတတ္ ျကလို႕ပါပဲ။

I can forgive but I can’t forget တ့ဲ ( လူ တေယာက္ကိုခြင့္လႊတ္ပါ ။ ဒါ ေပမ့ဲ သူနာမည္ကိုေတ့ာ မွတ္ထားလိုက္ပါတ့ဲ)

တခါတေလ လူတေယာက္ကိုခြင့္လႊတ္ ေပးလိုက္လို႕ရခ်င္ရလိမ့္မယ္ ဒါေပမ့ဲ သူရဲ႕လုပ္ရပ္ေတြကိုေမ့လို႕ရႏိုင္မွာမဟုတ္ပါဘူး။

ဒါေၾကာင့္ …သူငယ္ခ်င္း

ကိုယ့္ကိုအေကာင္းမျမင္တဲ့သူေတြကို ခြင့္လႊတ္လိုက္ပါ …. သူတို႔ေၾကာင့္ကိုယ္က ေကာင္းေအာင္ႀကိဳးစားေနႏိုင္လို႔ပါ။

ကိုယ့္ကို ေခ်ာက္ခ်သူေတြကို ခြင့္လႊတ္လိုက္ပါ …. သူတို႔ေၾကာင့္ ေခ်ာက္ထဲမေရာက္ေအာင္ သတိနဲ႔ေနမိလို႔ပဲ။

ကိုယ့္ကို အထင္ေသးသူေတြကို ခြင့္လႊတ္လိုက္ပါ …. သူတို႔ေၾကာင့္ ေန႔သစ္တိုင္း တိုးတက္ေအာင္ႀကိဳးစားေနလို႔ပဲ။

ကိုယ့္ကိုလိမ္လည္ထိခိုက္သူေတြကို ခြင့္လႊတ္လိုက္ပါ …. သူတို႔ေၾကာင့္ ကိုယ့္မွာ အသိတရားေတြတိုးပြားလာလို႔ပဲ။

ကိုယ့္ကိုေဝဖန္႐ႈပ္ခ်သူေတြကို ခြင့္လႊတ္လိုက္ပါ …. သူတို႔ေၾကာင့္ဂုဏ္က်က္သေရ ပိုတိုးေအာင္ေဆာင္႐ြက္ေနတတ္လို႔ပဲ။

ဘဝမွာေတြ႔ႀကံဳရတဲ့လူေတြနဲ႔ အေျခအေနေတြကိုအျပစ္တင္ မညည္းၫူနဲ႔။

ေကာင္းတဲ့လူေတြက သင္ကိုေပ်ာ္႐ႊင္မႈေပးၾကလိမ့္မယ္။

ဆိုးတဲ့လူေတြက သင့္ကိုအေတြ႔အႀကံဳေတြေပးလိမ့္မယ္။

အဆိုးဆံုးလူေတြက သင့္ကို သင္ခန္းစာေတြေပးလိမ့္မယ္။

အေကာင္းဆံုးလူေတြက သင့္ကို အမွတ္တရေတြေပးလိမ့္မယ္။

ဘာပဲျဖစ္ျဖစ္ သူငယ္ခ်င္းေရ…

💜💙 ဘဝမွာ တစ္ခဏတာ ဆုံၾကရသူအခ်င္းခ်င္း ခြင့္လႊတ္ျခင္းျဖင့္ ဆက္ဆံႏုိင္ပါေစ။ 💙💜

Credit: ရဲႀကီး (ေလ်ာ္ကန္)

< Unicode version >

လူတစ်ဦးတစ်ယောက်အပေါ်မှာ “နားလည်မှု” ရှိဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ တခါတလေ

နားလည်အောင်ကြိုးစားနေရတာကိုက ပင်ပန်းရတယ်။

နားလည်ဖို့ကြိုးစားရင်နဲ့ပဲ သည်းမခံနိုင်တာတွေ ပိုများလာတတ်ပါတယ်။ သူကလည်း သူ့စရိုက်နဲ့ သူ့အကျင့်နဲ့။

ကိုယ်ကလည်း ကို်ယ့်စရိုက်နဲ့ ကိုယ့်အကျင့်နဲ့ကိုး။

စိတ်သဘောထားခြင်းကတေ့ာ ဘယ်လိုမှမတူနိုင်ပါဘူး။ သေချာစဉ်းစားကြည့်ရင် ကိုယ့်စိတ်တောင်ဒီနေ့နဲ့မနက်ဖြန် မတူနိုင်ပါဘူး။

သူကောင်းမှကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှကောင်းတဲ့သူရှိလာပါမလဲ ဆိုသလို မတူညီမှု့တွေအတွက်

ကိုယ့်ဖက်က ကြိုးစားလို့ရတာ တစ်ခုတော့ရှိပါတယ်။

“ခွင့်လွှတ်ခြင်း” ပါပဲ။

တဖက်သားကို ခွင့်လွှတ်နိုင်လိုက်တယ်ဆိုရင်ပဲ…. စိတ်ပေါ့ပါးသွားတယ်။ လွတ်လပ်သွားပါတယ်။

“ခွင့်လွှတ်ခြင်း” ရဲ့နောက်မှာ မေတ္တာစိတ်တွေဖြစ်လာတယ်။ မေတ္တာစိတ်ဖြစ်လာတော့ ပိုပြီးခွင့်လွှတ်နိုင်လာတယ်။

ဒါကြောင့် တဖက်သားကို နားမလည်နိုင်ရင်တောင် ခွင့်လွှတ်နိုင်အောင်ကြိုးစားရင် ဘဝမှာ အလွန်အေးချမ်းပါတယ်။

ဘဝဆိုတာတိုတိုလေးပါ။တယောက်နဲ့တယောက်ဘာကြောင့်များ အာဃာတတွေ အမုန်းတရားတွေမနာလိုမှုတွေထားနေမှာလဲ။

ခွင့်လွှတ်ခြင်းရဲ့ အရသာကို ခွင့်လွှတ်ခဲ့ဘူးသူတိုင်း ခံစား ဖူးပါလိမ့်မယ်။

လက်စားချေခြင်းဖြင့် ပြဿသနာ ကိုအဆုးံသတ်လို့မရပါဘူး။ ပြဿနာတွေအဓိကအဆုးံ သတ်ကခွင့်လွှတ်ခြင်းပါပဲ။

ဘာကြောင့်လူတွေကခွင့်လွှတ်ရမှာကြောက် တာလဲဆိုရင် အဖြေကရှင်းရှင်းလေးပါ ခွင့်လွှတ်ပေးလိုက်ရတာဟာ

ရှုးံနိမ့်တယ်လို့ထင်နေတတ် ကြလို့ပါပဲ။

I can forgive but I can’t forget တဲ့ ( လူ တယောက်ကိုခွင့်လွှတ်ပါ ။ ဒါ ပေမဲ့ သူနာမည်ကိုတေ့ာ မှတ်ထားလိုက်ပါတဲ့)

တခါတလေ လူတယောက်ကိုခွင့်လွှတ် ပေးလိုက်လို့ရချင်ရလိမ့်မယ် ဒါပေမဲ့ သူရဲ့လုပ်ရပ်တွေကိုမေ့လို့ရနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် …သူငယ်ချင်း

ကိုယ့်ကိုအကောင်းမမြင်တဲ့သူတွေကို ခွင့်လွှတ်လိုက်ပါ …. သူတို့ကြောင့်ကိုယ်က ကောင်းအောင်ကြိုးစားနေနိုင်လို့ပါ။

ကိုယ့်ကို ချောက်ချသူတွေကို ခွင့်လွှတ်လိုက်ပါ …. သူတို့ကြောင့် ချောက်ထဲမရောက်အောင် သတိနဲ့နေမိလို့ပဲ။

ကိုယ့်ကို အထင်သေးသူတွေကို ခွင့်လွှတ်လိုက်ပါ …. သူတို့ကြောင့် နေ့သစ်တိုင်း တိုးတက်အောင်ကြိုးစားနေလို့ပဲ။

ကိုယ့်ကိုလိမ်လည်ထိခိုက်သူတွေကို ခွင့်လွှတ်လိုက်ပါ …. သူတို့ကြောင့် ကိုယ့်မှာ အသိတရားတွေတိုးပွားလာလို့ပဲ။

ကိုယ့်ကိုဝေဖန်ရှုပ်ချသူတွေကို ခွင့်လွှတ်လိုက်ပါ …. သူတို့ကြောင့်ဂုဏ်ကျက်သရေ ပိုတိုးအောင်ဆောင်ရွက်နေတတ်လို့ပဲ။

ဘဝမှာတွေ့ကြုံရတဲ့လူတွေနဲ့ အခြေအနေတွေကိုအပြစ်တင် မညည်းညူနဲ့။

ကောင်းတဲ့လူတွေက သင်ကိုပျော်ရွှင်မှုပေးကြလိမ့်မယ်။

ဆိုးတဲ့လူတွေက သင့်ကိုအတွေ့အကြုံတွေပေးလိမ့်မယ်။

အဆိုးဆုံးလူတွေက သင့်ကို သင်ခန်းစာတွေပေးလိမ့်မယ်။

အကောင်းဆုံးလူတွေက သင့်ကို အမှတ်တရတွေပေးလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ…

💜💙 ဘဝမှာ တစ်ခဏတာ ဆုံကြရသူအချင်းချင်း ခွင့်လွှတ်ခြင်းဖြင့် ဆက်ဆံနိုင်ပါစေ။ 💙💜

Credit: ရဲကြီး (လျော်ကန်)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

four × 2 =