” အေၾကာဖြင့္ေပးမယ္ “

တစ္ခါတုန္းက လူပ်င္းညီအစ္ကို ေလးေယာက္ ႐ွိသတဲ့။

တစ္ေန႔ေတာ့ သူတို႔ဖခင္က လယ္ေတာမွာ စပါးရိတ္ဖို႔ သူတို႔ေလးေယာက္ကို လႊတ္လိုက္ပါတယ္။

ညီအစ္ကိုေလးေယာက္ဟာ ဖခင္ရဲ႕စကားကို မလြန္ဆန္ဝံ့လို႔သာ လယ္ေတာကို ထြက္လာၾကတာ

စပါးရိတ္ဖို႔ေတာ့ စိတ္ကူးေတာင္ မ႐ွိဘူးတဲ့။

ဒါနဲ႔ လယ္ေတာေရာက္ေတာ့ လယ္ခင္းေဘးက သစ္ပင္ေအာက္မွာ စိတ္တူလက္တူ အိပ္လိုက္ၾကတယ္ ဆိုပဲ။

အိပ္တာကလဲ ထူးထူးဆန္းဆန္း တစ္ေယာက္နဲ႔ တစ္ေယာက္ ေျခေထာက္ေတြ ယွက္လိမ္အိပ္သတဲ့။

ဖခင္က သားေတြအေၾကာင္းကို သိေတာ့ ေနာက္က လိုက္လာတာေပါ့ေလ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနတဲ့

သင္းတို႔ကို ျမင္ေတာ့ ေဒါသက အလိပ္လိုက္ထြက္လာေရာ..။ “မေအေပးေကာင္ေတြ၊ စပါးရိတ္ဖို႔ လႊတ္လိုက္တာကို

သည္လို အိပ္ေနရသလား”သားေတြကလဲ ဖခင္ရဲ႕ ႀကိမ္းေမာင္းသံကို ၾကားေတာ့ လန္႔ႏိုးလာၾကတာေပါ့။

“ဟုတ္ကဲ့အေဖ.. ကြၽန္ေတာ္တို႔ အခုပဲ ထၿပီး အလုပ္လုပ္ၾကေတာ့မွာပါ။ ဒါေပမဲ့ ကိုယ့္ေျခေထာက္ကို ကိုယ္

မမွတ္မိေတာ့လို႔ ဘယ္လို မတ္တတ္ရပ္ရမယ္ မသိဘူးအေဖရယ္” လို႔ ဆင္ေျခေပးပါသတဲ့။

“ေအး..အေဖက မွတ္မိေအာင္ လုပ္ေပးပါ့မယ္ကြယ္” လို႔ ေျပာၿပီး ဖေအက ႏြား႐ိုက္တဲ့ ဝါးရင္းတုတ္နဲ႔ သားေတြရဲ႕

ေျခသလုံးညိဳ႕သက်ည္း႐ိုးကို ‘ခြမ္းခနဲ’ ‘ခြမ္းခနဲ’ ႐ိုက္ေပးလိုက္တာ သားေတြလဲ ‘အားခနဲ’ ‘အားခနဲ’ ေအာ္ရင္း

ကိုယ့္ေျခေထာက္ကို ကိုယ္ မွတ္မိသြားၾကေရာ ဆိုပဲ။

အခုလဲ စာက်က္ခိုင္းတာကို မက်က္ဘဲ ေမ့ေနတယ္ ဆိုတဲ့ မင္းတို႔ကို မွတ္မိလာေအာင္ ဆရာက အကူအညီေပးရမယ္။

လက္ဖဝါးေၾကာေတြဟာ ဦးေႏွာက္နဲ႔ ဆက္စပ္ေနတယ္တဲ့။ လက္ဖဝါးေၾကာဖြင့္လိုက္ရင္ ဦးေႏွာက္ေၾကာ ပြင့္သြားေရာဆိုပဲ။

ကဲ..ကိုယ့္ဦးေႏွာက္ကို ကိုယ္မွတ္မိေအာင္ အေၾကာဖြင့္ေပးမယ္။

လက္ဝါးျဖန္႔ထားၾက…..။

ဦးျမင့္ေဇာ္ (ေရႊတံခါး)

Credit#

< Unicode Version >

တစ်ခါတုန်းက လူပျင်းညီအစ်ကို လေးယောက် ရှိသတဲ့။

တစ်နေ့တော့ သူတို့ဖခင်က လယ်တောမှာ စပါးရိတ်ဖို့ သူတို့လေးယောက်ကို လွှတ်လိုက်ပါတယ်။

ညီအစ်ကိုလေးယောက်ဟာ ဖခင်ရဲ့စကားကို မလွန်ဆန်ဝံ့လို့သာ လယ်တောကို ထွက်လာကြတာ

စပါးရိတ်ဖို့တော့ စိတ်ကူးတောင် မရှိဘူးတဲ့။

ဒါနဲ့ လယ်တောရောက်တော့ လယ်ခင်းဘေးက သစ်ပင်အောက်မှာ စိတ်တူလက်တူ အိပ်လိုက်ကြတယ် ဆိုပဲ။

အိပ်တာကလဲ ထူးထူးဆန်းဆန်း တစ်ယောက်နဲ့ တစ်ယောက် ခြေထောက်တွေ ယှက်လိမ်အိပ်သတဲ့။

ဖခင်က သားတွေအကြောင်းကို သိတော့ နောက်က လိုက်လာတာပေါ့လေ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့

သင်းတို့ကို မြင်တော့ ဒေါသက အလိပ်လိုက်ထွက်လာရော..။ “မအေပေးကောင်တွေ၊ စပါးရိတ်ဖို့ လွှတ်လိုက်တာကို

သည်လို အိပ်နေရသလား”သားတွေကလဲ ဖခင်ရဲ့ ကြိမ်းမောင်းသံကို ကြားတော့ လန့်နိုးလာကြတာပေါ့။

“ဟုတ်ကဲ့အဖေ.. ကျွန်တော်တို့ အခုပဲ ထပြီး အလုပ်လုပ်ကြတော့မှာပါ။ ဒါပေမဲ့ ကိုယ့်ခြေထောက်ကို ကိုယ်

မမှတ်မိတော့လို့ ဘယ်လို မတ်တတ်ရပ်ရမယ် မသိဘူးအဖေရယ်” လို့ ဆင်ခြေပေးပါသတဲ့။

“အေး..အဖေက မှတ်မိအောင် လုပ်ပေးပါ့မယ်ကွယ်” လို့ ပြောပြီး ဖအေက နွားရိုက်တဲ့ ဝါးရင်းတုတ်နဲ့ သားတွေရဲ့

ခြေသလုံးညို့သကျည်းရိုးကို ‘ခွမ်းခနဲ’ ‘ခွမ်းခနဲ’ ရိုက်ပေးလိုက်တာ သားတွေလဲ ‘အားခနဲ’ ‘အားခနဲ’ အော်ရင်း

ကိုယ့်ခြေထောက်ကို ကိုယ် မှတ်မိသွားကြရော ဆိုပဲ။

အခုလဲ စာကျက်ခိုင်းတာကို မကျက်ဘဲ မေ့နေတယ် ဆိုတဲ့ မင်းတို့ကို မှတ်မိလာအောင် ဆရာက အကူအညီပေးရမယ်။

လက်ဖဝါးကြောတွေဟာ ဦးနှောက်နဲ့ ဆက်စပ်နေတယ်တဲ့။ လက်ဖဝါးကြောဖွင့်လိုက်ရင် ဦးနှောက်ကြော ပွင့်သွားရောဆိုပဲ။

ကဲ..ကိုယ့်ဦးနှောက်ကို ကိုယ်မှတ်မိအောင် အကြောဖွင့်ပေးမယ်။

လက်ဝါးဖြန့်ထားကြ…..။

ဦးမြင့်ဇော် (ရွှေတံခါး)

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

nine − 8 =