“ပုလင္းခ်စ္သူ  မင္းလူ”

“ဒီအရက္ဟာ မေကာင္းပါဘူးကြာ” ဟု သူက ေရရြတ္ လိုက္သည္။ ထိုအခါ ဆိုင္ရွင္ၾကားသြားၿပီး

“ဒီအရက္ဟာ ဆိုင္က ထုတ္ေပးတဲ့အတုိင္းပါပဲဗ်ာ။ ကၽြန္ေတာ္က ဘယ္ေတာ့မွ အၾကံအဖန္ မလုပ္တတ္ဘူး ဆိုတာ

အစ္ကုိၾကီးသိပါတယ္။ အျမဲေသာက္ေနက်ပဲ မဟုတ္လား”

သူက “ဟာ.. ဟာ” ဆိုလုပ္၍ လက္ကာျပသည္။ “ခင္ဗ်ား ဆိုင္အရက္ကို မေကာင္းဘူးလို႔ ေျပာတာမဟုတ္ပါဘူး။ အရက္ဟာ

က်ဳပ္ကို ေကာင္းက်ိဳးမေပးဘူးလို႔ ေျပာတာပါ”“ေကာင္းက်ိဳးမေပးရင္ မေသာက္နဲ႔ဗ်ာ” ဟူ၍ေတာ့ ပိုင္ရွင္ကျဖင့္ ေျပာလို႔ မျဖစ္ေခ်။

အရက္ေရာင္းေနသူ တစ္ေယာက္က အရက္ဆန္႔က်င္ေရး စကားကုိ ေျပာေနလွ်င္ “မိမိေရာင္းကုန္ပစၥည္း၏ ဂုဏ္သိကၡာကို

ထိခိုက္ေစေသာ စကားမ်ိဳး မေျပာမိပါေစႏွင့္” ဆိုေသာ ေခတ္သစ္ေရာင္း၀ယ္ေရးဗ်ဴဟာ သေဘာတရားကို ေဖာက္ဖ်က္ရာက်မည္

မဟုတ္လား။ ထို႔ေၾကာင့္ ဘာမွ ထပ္မေျပာဘဲ ခပ္မဆိတ္ေနလိုက္၏။ေသာက္သံုးသူ ပုဂၢိဳလ္ကေတာ့ ဆက္၍ “က်ဳပ္ ဘာေၾကာင့္

အရက္ကုိ စြဲစြဲျမဲျမဲ ေသာက္ျဖစ္ေနသလဲ သိလား” ဟု ေမးသည္။ ဆိုင္ရွင္၏ စိတ္ထဲတြင္ “သြားၿပီ… ဒီညေတာ့ ငါ ခံရၿပီ”

ဟုေတြးၿပီး စိတ္ညစ္သြား၏။ လုပ္သက္ရင့္ေနေသာ ဆိုင္ရွင္တစ္ေယာက္ အေနျဖင့္ အရက္သမား အမ်ိဳးမ်ိဳးအေၾကာင္းကို

ေကာင္းေကာင္းသိၿပီးသားျဖစ္၏။ မူးလာလွ်င္ ရစ္တတ္သူ၊ အေပ်ာ္လြန္ၿပီး သီခ်င္းဟစ္တတ္သူ၊ ငိုတတ္သူ၊ စကားေၾကာ ရွည္တတ္သူ။

ဒီပုဂၢိဳလ္လို သူ႕ဆုိင္မွာ ႏွစ္ေပါင္းမ်ားစြာ ေသာက္သံုးလာသူဆိုလွ်င္ ပိုေတာင္ သိေသးသည္။ အေသာက္နည္းနည္းမ်ားသြားသည့္

ေန႔မ်ိဳးဆိုလွ်င္ အခုလိုပင္စကားစတတ္သည္။ ဒါဆိုလွ်င္ သူ၏ အသည္းကြဲ ဇာတ္လမ္းၾကီးကုိ ရွည္လ်ားေထြျပားစြာ ေျပာျပေပေတာ့မည္။

ဒီအေၾကာင္းကလည္း အၾကိမ္ေပါင္း ဘယ္ေလာက္ေတာင္ ေျပာခဲ့ၿပီးျပီလဲမသိ။ ၾကားရဖန္မ်ား၍ ရိုးအီေနၿပီျဖစ္ေသာ

ဇာတ္လမ္းႀကီးျဖစ္ေသာ္လည္း က်ိတ္မွိတ္ၿပီး နားေထာင္ေပးရေပလိမ့္မည္။ ေန႔စဥ္လာေနက် ေဖာက္သည္တစ္ေယာက္ကို

ေက်နပ္ေအာင္ ၀န္ေဆာင္မႈေပးဖုိ႔ တာ၀န္ကရွိသည္။၀ယ္သူဘက္က အျမဲမွန္သည္ဟူေသာ စကားမွာ အရက္ဆုိင္မ်ားအတြက္

ပိုၿပီးသင့္ေလ်ာ္သည္။ အနည္းဆံုး တစ္စိတ္တစ္ပုိင္းေလာက္ ေသာက္ၾကတာပဲဟာ မမွန္ဘဲ ဘယ္ေနပါ့မလဲ။ တခ်ိဳ႕ဆို

မွန္ရံုမက ေမွာက္ေတာင္ ေမွာက္သြားၾကေသးသည္။အၾကမ္းပန္းကန္ကေလးထက္ ေယာင္ေယာင္ေလးမွ် ႀကီးေသာ

ဖန္ခြက္ထဲမွ တစ္၀က္သာသာ ရွိေနေသာ အရက္ကုိ ေရမေရာဘဲ တစ္ခ်က္တည္း ေမာ့ခ်လိုက္သည္ကို ျမင္သျဖင့္

ဇာတ္လမ္းစေတာ့မည္ျဖစ္ေၾကာင္း သိလုိက္၏။“မိန္းမတစ္ေယာက္ရဲ႕ သံုးလက္မေလာက္သာ ရွည္တဲ့ လွ်ာက

ေျခာက္ေပေလာက္ျမင့္တဲ့ ေယာက်္ားၾကီး တစ္ေယာက္ကုိ ဘံုးဘုံးလဲက်သြားေစႏုိင္တယ္ဆိုတဲ့ စကားကို ခင္ဗ်ား ၾကားဖူးသလား”

“ၾကားဖူးတာေပါ့၊ ခင္ဗ်ားပဲ ေျပာေျပာေနတာ အၾကိမ္တစ္ရာေလာက္ရွိေနၿပီ” ဟု စိတ္ထဲက ျပန္ေျပာမိသည္။ ႏႈတ္ကေတာ့.

“အင္း.. ဆိုစမ္းပါဦး” ဟု စကားေထာက္ေပးလိုက္ရ၏။

“မိန္းကေလးတစ္ေယာက္ရဲ႕ ပါးစပ္က ထြက္တဲ့စကား တစ္ခြန္းဟာ သိပ္ေၾကာက္ဖို႔ ေကာင္းတယ္ေနာ္။ အဲဒီစကားတစ္ခြန္းေၾကာင့္

က်ဳပ္မွာ အခုလို အရက္ကို အေဖာ္ျပဳေနရတဲ့ အေသာက္သမားၾကီးလံုးလံုး ျဖစ္ခဲ့ရတာပဲ”

စကားကို ခဏရပ္လိုက္ၿပီး ေဘးပတ္၀န္းက်င္ကုိ မ်က္လံုးကစားၾကည့္လုိက္သည္။ သူ႕စကားကုိ စိတ္၀င္စားသူ အျခားရွိ မရွိ

အကဲခတ္ျခင္းျဖစ္၏။ ထိုင္ခံု၏ ေရွ႕ဘက္ျခမ္းမွာ တန္းလ်က္ထိုင္ေနေသာ လူအုပ္စုက သူတုိ႔ဘာသာျငင္းခုန္ ေျပာဆိုေနၾကသည္။

သူ႕ကို ရွိတယ္လို႔ေတာင္ မထင္၊ လက္၀ဲဘက္ေထာင့္စြန္းမွာ တစ္ေယာက္တည္းထိုင္ေနသူကေတာ့ နားစြင့္ေနဟန္တူသည္။

သူ အားတက္သြားဟန္ျဖင့္ ဆက္ေျပာသည္။“အစကေတာ့ က်ဳပ္ကလြဲရင္ တျခားဘယ္သူကိုမွ စိတ္ကူးထဲေတာင္ မထည့္ပါဘူးတဲ့ေလ။

သူနဲ႔ စေတြ႕တဲ့အခ်ိန္မွာ က်ဳပ္ဟာ ပညာတစ္ပိုင္း တစ္စနဲ႔ ေက်ာင္းကထြက္ထားတဲ့အခ်ိန္၊ အလုပ္အကိုင္ကလဲ မည္မည္ရရ မရွိေသးဘူး။ ဒါေပမယ့္ ပညာေတြ၊ ရာထူးေတြ၊ ဂုဏ္ေတြ၊ ေငြေတြဆိုတာ ပကာသနေတြပါတဲ့။ ခ်စ္တာသာ ပဓာနပါတ့ဲ။ အခ်စ္စစ္၊ အခ်စ္မွန္နဲ႔

တည္ေဆာက္တဲ့ ဘ၀သာလွ်င္ ေက်ာက္သားေက်ာက္ေဆာင္လို ခိုင္ျမဲပါတယ္တဲ့။ ေကာင္းလိုက္တဲ့ စကားေတြ”

ဆိုင္ရွင္၏ စိတ္ထဲက “အင္း ဒီေနရာမွာ မရယ္ခ်င္ဘဲနဲ႔ ဖ်စ္ညွစ္ၿပီး ရယ္ေတာ့မယ္” ဟု ေတြးသည္။ ၾကိမ္ဖန္မ်ားစြာ နားေထာင္ခဲ့

ရၿပီးျဖစ္သျဖင့္ ဘယ္ေနရာမွာ ဘာစကားေျပာၿပီး ဘယ္အမူအရာ လုပ္ေတာ့မယ္ ဆိုတာကအစ မွတ္မိေနၿပီ။ ဟုတ္လည္း

ဟုတ္သည္။ ထိုပုဂၢိဳလ္က“ဟား ဟား ဟား ဟား” ဆိုၿပီး အသံကို တစ္ဆင့္ျမွင့္၍ ရယ္သည္။ ၿပီးေတာ့.. “ဟား ဟား တညင္းသီးတစ္လံုး

ေလာက္ ေပးစမ္းပါ”“ဗ်ာ”ဆိုင္ရွင္သည္ ရုတ္တရက္မို႔ ေၾကာင္သြား၏။ ၿပီးမွ “ေၾသာ္ ဟုတ္ကဲ့” ဆိုၿပီး တညင္းသီးျပဳတ္တစ္လံုးကုိ

သတၱဳပန္းကန္ၿပား အေသးစားေလးထဲထည့္ၿပီး ေပးလိုက္၏။ ထိုပုဂၢိဳလ္က တညင္းသီးကို တစ္ကိုက္ကိုက္သည္။ ဖန္ခြက္ထဲ

အရက္ထည့္သည္။ ပလတ္စတစ္ခြက္ထဲကေရကို ေရာသည္ဆိုရံုမွ် ထည့္သည္။ တစ္၀က္ေလာက္ ေမာ့ခ်လိုက္သည္။ ၿပီးမွ..

“မိန္းမေတြရဲ႕ စိတ္သေဘာထားဟာ ေဟာဒီ တညင္းသီးလိုပဲ စားခါစမွာေတာ့ ခ်ိဳသလိုလို ဆိမ့္သလိုလိုနဲ႔ ဆီးသြားေတာ့မွ နံမွန္းသိတယ္”

လက္၀ဲဘက္ေထာင့္စြန္းမွာ ထိုင္ေနသူက ထိုစကားကို သေဘာက်ၿပီး ျပံဳးလုိက္သည္။ အားေပးေထာက္ခံသလို ျဖစ္သြားသျဖင့္

ေက်နပ္ၿပီး ဆက္ေျပာမည္အျပဳ ဆုိင္ေရွ႕ဘက္ျခမ္းအုပ္စု၏ အသံက က်ယ္ေလာင္လာသည္။ လူမ်ား၏ အာရံုက ထိုအုပ္စုဆီ

ေရာက္သြားသည္။ ထိုပုဂၢိဳလ္က ထိုအုပ္စုကို မေက်မနပ္ ၾကည့္လုိက္သည္။ တစ္ခုခု လွမ္းေျပာမလို လုပ္ၿပီးမွ မေျပာျဖစ္။ ဖန္ခြက္ထဲမွ

လက္က်န္အရက္ကိုသာ ေမာ့ေသာက္လုိက္သည္။ အရက္ထပ္ငွဲ႕ၿပီးေနာက္ တစ္ငံုငံုျပန္သည္။ ေရ မေရာေတာ့။ ျငင္းခုန္သံေတြ ေလ်ာ့ပါး

သြားေတာ့မွ ဇာတ္လမ္းကို ဆက္ႏုိင္သည္။“သူ႕မိဘေတြက သူ႕ကို က်ဳပ္နဲ႔ သေဘာမတူဘူးေလ။ ပညာလည္း တစ္ပိုင္းတစ္စ၊

အလုပ္အကိုင္လည္း အတည္တက်မရွိ၊ ေငြလည္း မရွိ၊ ဘြဲ႕ထူးဂုဏ္ထူးလည္း မရွိ၊ မိဘေက်ာေထာက္ေနာက္ခံကလည္း

မေတာင့္တင္းတဲ့သူနဲ႔ သူတို႔သမီးကုိ ဘယ္နည္းနဲ႔မွ သေဘာမတူႏုိင္ဘူးတဲ့။ သူတုိ႔ကလည္း ဒီေလာက္ ခ်မ္းခ်မ္းသာသာၾကီးမဟုတ္ပါဘူး

ဗ်ာ။ စားႏုိင္ေသာက္ႏုိင္ေလာက္သာပါ။ ဒါေပမယ့္ အျငိမ္းစား အရာရွိၾကီးဆိုတဲ့ ဂုဏ္ကေလးတာ့ ေမာက္ႏုိင္ေသးသေပါ့ေလ။ ေနာက္ၿပီး

သူတို႔ သမီးကလည္း လွသကုိး။ သူ႕ကို လိုခ်င္တဲ့သူေတြကလည္း သူေဌးသားေတြ၊ အရာရွိေပါက္စေတြ၊ က်ဳပ္ကလြဲရင္

အလားအလာေကာင္းတဲ့ လူေတြခ်ည္းပဲ။ သူတုိ႔မိဘေတြကလည္း သမီးေခ်ာရွိတဲ့မိဘေတြရဲ႕ ထံုးစံအတိုင္း သူတုိ႔သမီးကို

အနိမ့္ဆံုး ေရွ႕တက္လမ္းရွိတဲ့ အရာရွိကေတာ္ျဖစ္ဖုိ႔ မွန္းတာေပါ့။ က်ဳပ္ကိုေတာ့ ကေလကေခ် အဆင့္အတန္း မရွိတဲ့ေကာင္၊

တစ္သက္လံုး လူေမြး လူေတာင္ ေျပာင္မယ့္ေကာင္ မဟုတ္ဘူးဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အမ်ိဳးမ်ိဳး ရႈတ္ခ်ခဲ့တာေပါ့”

ပုလင္းထဲမွာ အရက္ကုန္သြားၿပီ။ အရက္သမားတုိ႔ ထံုးစံ အတိုင္း ကုန္ေနၿပီမွန္း သိသိၾကီးႏွင့္ ပုလင္းအ၀ကုိ ဖန္ခြက္မွာ ေတ့ၿပီး

ေမွာက္ခ်လိုက္ေသးသည္။ လက္က်န္ ေလးငါးစက္ က်လာ၏။“တစ္ပိုင္းေလာက္ လုပ္စမ္းပါဦး” ဆိုင္ရွင္က ပုလင္းကို ယူသည္။

ကေတာ့တပ္ၿပီး ပလတ္ စတစ္ပံုးထဲက အရက္ကို ေလာင္းထည့္လိုက္သည္။ လုပ္ေနက်မို႔ တစ္ပိုင္းထက္ ပုိသြားျခင္း၊

ေလ်ာ့သြားျခင္းမရွိ။ ပုလင္းကို လွမ္းေပးၿပီး ေနာက္ဘက္ ၀ိုင္းတစ္၀ိုင္းမွ မွာေသာ ပုစြန္ေျခာက္သုပ္အတြက္ ၾကက္သြန္လွီးရင္း

ဆက္ေျပာသည့္ ဇာတ္လမ္းကို ၾကားေနရ၏။“ဟိုေကာင္မကလည္း သူ႕မိဘေတြရဲ႕ သံေယာင္ကုိ လိုက္ေျပာလာၿပီေလ။

ေက်ာင္းျပန္တက္ပါလားတဲ့။ ပညာတတ္ထားေတာ့ ဘာပဲျဖစ္ျဖစ္ ေအာက္မက်ဘူးေပါ့တဲ့။ က်ဳပ္ကလည္း ပညာဆိုတာ ေက်ာင္းမွာ

သင္ရတာမဟုတ္ဘူး။ လက္ေတြ႕ဘ၀မွာ လူေတြၾကားထဲမွာ သင္ယူရင္လည္းရပါတယ္လို႔။ အဲဒီေတာ့ တစ္မ်ိဳး ထပ္ေျပာလာျပန္ေရာ”

ဆိုင္ေရွ႕ျခမ္းမွာ ထိုင္ေသာအုပ္စုက ေငြရွင္းၿပီး ထထြက္ သြားၾကသည္။ သူတုိ႔က အရက္တစ္လံုးေလာက္ကို

လူေလးငါးေယာက္ေသာက္ၿပီး မူးတတ္ၾကသူေတြ ျဖစ္၏။ အျမည္းေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး မွာစားရင္း စကားေျပာၾက၊ ျငင္းၾက

ခုန္ၾကသူေတြ ျဖစ္၏။ သူတုိ႔မရွိေတာ့ အေႏွာင့္အယွက္ကင္းသြားသည္။“အဲဒီေတာ့” စကားျပန္ဆက္မည္အျပဳ ေနာက္ဘက္ပိုင္းက

ႀကက္သြန္ျဖဴေတာင္းသျဖင့္ ဆိုင္ရွင္က လွမ္းေပးရေသာေႀကာင့္ ခဏေစာင့္ရေသးသည္။

“ဘာေျပာလာသလဲဆုိေတာ့ ဘာလဲဗ်ာ”ေျပာလက္စကို ေမ့သြားဟန္တူသည္။ စကားေထာက္ေပးမလားဟု ဆိုင္ရွင္ကို ၾကည့္သည္။

တကယ္ေတာ့ ဆုိင္ရွင္သည္လည္း နားသာေထာင္ေနရသည္။ သူ႕အလုပ္ႏွင့္သူ ရႈပ္ေနသျဖင့္ လံုးေစ့ပတ္ေစ့ အာရံုမစိုက္ႏုိင္။

နဂိုကတည္းကလည္း စိတ္၀င္စားမႈနည္းေသာေၾကာင့္ ႀကားတစ္ခ်က္ မၾကားတစ္ခ်က္ ျဖစ္ေနခဲ့၏။

ခ်က္ခ်င္းစကားမေထာက္ႏုိင္ေသာေၾကာင့္ သူေျပာတာ ဂရုတစိုက္ နားမေထာင္ရ ေကာင္းသလားဆိုေသာ မ်က္ႏွာထားျဖင့္

ထိုပုဂၢိဳလ္က စိုက္ၾကည့္သည္။ ၿပီးေတာ့ အရက္ခြက္ကို ယူ၍ တရွိန္ထိုး ေမာ့ခ်လိုက္သည္။ ဆုိင္ရွင္လည္း နားစြန္နားဖ်ား

ၾကားေနရေသာ စကားလံုးမ်ားကို အေလာသံုးဆယ္ ျပန္စဥ္းစားလိုက္ရ၏။ တကယ္ေတာ့ ဒီဇာတ္လမ္းကို အၾကိမ္ေပါင္းမ်ားစြာ

ၾကားနာခဲ့ရၿပီးျဖစ္သျဖင့္ စကားလံုးတစ္လံုးခ်င္းကအစ မွတ္မိေနၿပီ။ ဇာတ္လမ္း၏ ဘယ္အပိုင္းနားေရာက္ေနၿပီဆိုတာ

မ်က္ျခည္ျပတ္သြားလုိ႔သာ စကားေထာက္ရ ခက္ေနျခင္းျဖစ္၏။ ထို႔ေၾကာင့္စိတ္မွန္းႏွင့္

“ဟုိေလ.. ေငြဆိုတာ တန္ဖိုးသတ္မွတ္ထားတ့ စကၠဴ တစ္မ်ိဳးပဲ ဆုိတာေပါ့”ဟု ေျပာလုိက္၏။ ထုိပုဂၢိဳလ္က “အဲဒီေနရာ မေရာက္ေသးပါ

ဘူး”ဘဆိုၿပီးမွ သူေျပာမည့္စကားကို ဆိုင္ရွင္က ႀကိဳၿပီး သိေနသျဖင့္ မ်က္ေမွာင္တစ္ခ်က္ ကုတ္လိုက္သည္။ ဆိုင္ရွင္ကလည္း

ျပႆနာေတာ့ တက္ၿပီထင္တယ္ဟု ေတြးလိုက္ရ၏။ သို႔ရာတြင္ ထုိပုဂၢိဳလ္က ဇာတ္လမ္းဆက္ဖုိ႔သာ ပဓာနျဖစ္ေနေသာေၾကာင့္

“ဒီလိုမဟုတ္လား။ သူ႕ေငြစုစာအုပ္ထဲက ေငြနဲ႔ အရင္းအႏွီးလုပ္ၿပီး စီးပြားရွာပါလားလို႔ တုိက္တြန္းတယ္ေလ။ က်ဳပ္က ျငင္းလိုက္တယ္။

ခါးခါးသီးသီးကို ျငင္းလိုက္တယ္။ က်ဳပ္က ေငြမမက္ဘူး။ ေငြဆိုတာ အဲ ခုနက ေျပာသလိုပဲ တန္ဖိုးသတ္မွတ္ထားတဲ့ စကၠဴတစ္မ်ိဳးပဲ။ ေငြ

ထက္ တန္ဖိုးရွိတာက သစၥာတရား၊ ေကာင္းၿပီ။ မင္း ကုိယ္နဲ႔ လုိက္ခဲ့။ ဘ၀ထဲကုိ ဆင္းခဲ့၊ ဘ၀ကို အေျခခံကစၿပီး တည္ေဆာက္မယ္။ ဟား

အဲဒီလုိလဲေျပာလိုက္ေရာ.. ငါးပိရည္နံ႔ရတဲ့ အယ္ေဇးရွင္းေခြးလို တြန္႔ခနဲ ျဖစ္သြားတာပဲ။ အဲဒီမွာ ပဋိပကၡ ျဖစ္ၾကတာေပါ့။ လိုက္ရဲလား။

လိုက္ခဲ့။ မလုိက္ရဲဘူးလား၊ တြဲထားတဲ့လက္ကို ျဖဳတ္လိုက္။ ဒါပဲ ဒါပဲ”

ဆိုင္မွာ လူရွင္းသြားၿပီ။ အခ်ိန္အၾကာဆံုး ထိုင္နားေထာင္ခဲ့သည့္ လက္၀ဲဘက္ေထာင့္စြန္းမွာ ထိုင္ေနသူပင္ ထသြားခဲ့ၿပီ။

ဆိုင္ရွင္လည္း ပစၥည္းေတြကို ေတာင္းေတြထဲကို မသိမသာ ကဲ့ထည့္ၿပီး သိမ္းဆည္းစျပဳေနၿပီ။ ဇာတ္ေၾကာင္းေျပာသူ၏ ေရွ႕က

ပုလင္းထဲမွာလည္း အရက္ကုန္ေနၿပီ။

“ငါးက်ပ္ဖိုးေလာက္ လုပ္စမ္းပါဦး။ လပ္စ္ကပ္ေပါ့”ဆိုင္ရွင္က ေတာင္းထဲေရာက္ေနေသာ ပုလင္းတစ္လံုးကုိ ျပန္ထုတ္၍ ဖန္ခြက္ထဲ

ပိုပိုသာသာ ငွဲ႕ထည့္ေပးသည္။ ထုိပုဂၢိဳလ္က ထရပ္ၿပီး ဖန္ခြက္ကို ယူသည္။ တစ္ခ်က္တည္း ေမာ့ခ်သည္။ က်သင့္ေငြ ရွင္းၿပီး

ႏႈတ္ဆက္ထြက္ခြာသြား၏။ ဆိုင္ရွင္လည္း သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ပစၥည္းေတြ ဆက္သိမ္းေနသည္။ ………………………………..

ဒီေန႔ ခါတိုင္းထက္ ပိုေသာက္မိသည္။ တစ္ခါတစ္ခါေတာ့လည္း ဒီလုိပါပဲ။ ထမင္းစားတဲ့ လူေတြေတာင္မွ စားလုိ႔ျမိန္သြားတဲ့အခါ

ဗိုက္ျပည့္အင့္သြားေအာင္ စားတတ္ၾကေသးတာပဲ မဟုတ္လား။ ထားပါေတာ့.. ဒီေန႔ ေသာက္လို႔ ျမိန္သြားတယ္လို႔ပဲ။

ဒီလိုအခါမ်ိဳးတိုင္းမွာ သတိရသည့္စိတ္က ျပန္လည္ႏုိးၾကားလာတတ္သည္။ ကပ္လ်က္ လိုက္ပါလာတာကေတာ့ နာၾကည္းျခင္း။

ၾကာေတာ့လည္း ၾကာခဲ့ပါၿပီ။ သို႔ရာတြင္ လံုးလံုးလ်ားလ်ား ေမ့ပစ္ဖုိ႔ေတာ့ မျဖစ္ႏုိင္ေသး။ သတိရစရာ အေၾကာင္းအခ်က္ေတြက

သူ႕အလိုလို ေပၚေပါက္လာတတ္၏။ အထူးသျဖင့္ အခုလို မိုးႏွင္းေတြ က်ေနသည့္အခါမ်ိဳး။

ေနာက္ဆံုးအၾကိမ္ ေတြ႕ဆံုၿပီး တစ္သက္တာအဖို႔ ႏႈတ္ဆက္လမ္းခြဲခဲ့တုန္းကလည္း ဒီလိုပင္ မုိးႏွင္းေတြမိႈင္းမႈန္ေနခဲ့သည္။

ေက်ာခိုင္း လမ္းေလွ်ာက္လာရင္း ဟားတိုက္ ရယ္ေမာပစ္လုိက္ေသာအခါ ႏွင္းမႈန္ေတြ ကစဥ့္ကလ်ား လြင့္ထြက္သြားသည္ကို

သတိတရရွိ၏။ခုလည္း ဟုိတုန္းကလို ရယ္ပစ္လိုက္ခ်င္စိတ္ေပါက္လာသည္။ ထို႔ေၾကာင့္ ဟားတုိက္ရယ္ပစ္လိုက္၏။ သူ

ေလွ်ာက္လာသည့္လမ္းသည္ လူအေတာ္ ရွင္းေန၏။ ထို႔ေၾကာင့္ သူ႔ရယ္သံကို ဘယ္သူမွ ဂရုတစိုက္ နားေထာင္ေနျခင္းမရွိ။

လမ္းေဘးရွိ အိမ္ေတြထဲက အိပ္မေပ်ာ္ေသးသူ တစ္ေယာက္တေလကေတာ့ ၾကားေကာင္းၾကားႏုိင္သည္။

ထိုသို႔ ေတြးလိုက္မိေတာ့မွ သူေလွ်ာက္လာသည့္ လမ္းကို သတိျပဳမိသည္။ သူ႕အိမ္သို႔ ျပန္ေသာလမ္းမဟုတ္၊ အလို

ဒီကုန္းတက္ကေလးဟာ..။ရုတ္တရက္ ရပ္လုိက္သည္။ ညာဘက္ကို ၾကည့္သည္။ ပု႑ရိတ္ပင္၊ ျခံစည္းရိုးပန္းျခံ ကြက္လပ္ငယ္၊

ၿပီးေတာ့ ခန္႔ညားထည္၀ါေသာ ႏွစ္ထပ္တိုက္ၾကီးသည္ မိုးႏွင္းေတြၾကားမွာ တိတ္ဆိတ္စြာ ရပ္တည္ေနသည္။

ၾကည့္စမ္း၊ ေျခလွမ္းေတြက ဒီေနရာ ေရာက္ေအာင္ အလုိအေလ်ာက္ သယ္ေဆာင္ခဲ့တာပါကလား။ သူသည္ တုိက္ၾကီးကို

ေငးစိုက္ၾကည့္လုိက္သည္။ အင္းေပါ့ေလ.. ႏွစ္ထပ္တိုက္ေပၚက လူဆိုေတာ့ ေျမၾကီးေပၚကို ခုန္ခ်ဖို႔ ပိုၿပီး ခက္တာေပါ့။

“တိုက္ေပၚကေန ေျမၾကီးေပၚကုိ မဆင္းရဲတာက ဆင္းရဲ မွာေၾကာက္လို႔၊ ဟုတ္တယ္၊ ဆင္းရဲမွာ ေၾကာက္လို႔ မဆင္းရဲတာ”

သူေတြးေနသည္ဟု ထင္သည္။ တကယ္က ေျပာေနျခင္းျဖစ္၏။ အေတြးေတြက စကားလံုးမ်ားအျဖစ္အသံထြက္လာျခင္းျဖစ္၏။

“ဟား ဟား” သူ တစ္ခ်က္ ရယ္လုိက္သည္။ ရယ္သံက အေတာ္ က်ယ္ေလာင္သြား၏။ သို႔ရာတြင္ သူက ဂရုမစိုက္ေတာ့။ ရင္ထဲမွာ

ျပည့္က်ပ္မြန္းသိပ္ေနသည့္ ခံစားခ်က္ေတြက ပြင့္အန္ထြက္လာၿပီ။ သူသည္ တိုက္အိမ္ၾကီးကို စိုက္ၾကည့္ရင္း ေအာ္ေျပာလုိက္သည္။

“ကၽြန္ယံုေတာ့ တစ္ဖက္ကန္း၊ သားသမီးယံုေတာ့ စံုလံုးကန္းတဲ့။ ခ်စ္သူကို ယံုေတာ့ ဘ၀ပါ ကန္းေတာ့တာေပါ့။ ဟုတ္စ

ခင္ဗ်ားေၾကာင့္ က်ဳပ္ဘ၀ ကမ္းမျမင္ လမ္းမျမင္ ျဖစ္ေနၿပီဗ် သိရဲ႕လား၊ ဗ်ိဳ႕ မခင္မွီ”

…………………………………….

ညေန လက္ဖက္ကေလး ႏွစ္ရိုးသံုးရိုး စားမိလိုက္သျဖင့္ မ်က္စိေၾကာင္ျပီး အိပ္လို႔မရဘဲ ျဖစ္ေနသည္။ အိပ္ရာေပၚ လွဲၿပီး

မ်က္စိမွိတ္ထားလိုက္သည္။ပတ္၀န္းက်င္တစ္ခုလုံး တိတ္ဆိတ္ေန၏။ ဆိတ္ျငိမ္ရပ္ကြက္ျဖစ္ေသာေၾကာင့္ အတန္ငယ္

ညဥ့္နက္သည္ႏွင့္လူသံ ကားသံ မၾကားရေတာ့။ ေဘးမွာ အိပ္ေမာက်ေနေသာ အိမ္ကလူထံမွ အသက္ရွဴသံ ျပင္းျပင္းကိုသာ

မွန္မွန္ၾကားေနရသည္။ခဏၾကာေတာ့ အျပင္ဘက္က စကားေျပာသံသဲ့သဲ့ ႀကားရသည္။ ေနာက္ေတာ့ အသံက ပိုက်ယ္လာသည္။

စကားလံုးက မသဲမကြဲ။ ဒီအသံကို ၾကားဖူးသလိုလိုေတာ့ ရွိသည္။ ရပ္ကြက္ထဲက တစ္ေယာက္မ်ားလား။

“ဗ်ိဳ႕ မခင္မီွ” ဆိုေသာ အသံကို ၾကားေသာအခါ ဆတ္ခနဲ ေခါင္းေထာင္ထမိ၏။ နာမည္တပ္ၿပီး ေခၚလိုက္တာပါလား။

နားစြင့္လုိက္ေသာအခါ..

“ဒီမွာ ဟိုအရင္တုန္းက ေျပာခဲ့ဖူးတဲ့ သစၥာစကားေလးေတြ ျပန္ၾကားခ်င္လို႔ ဆင္းခဲ့ပါဦးဗ်”

အလို ဘုရား ဘုရား။ သူပါလား။ သူ ခုထိ ဘာမွ မေျပာင္းလဲေသးပါကလား။ အိမ္ကလူက အအိပ္ဆတ္သူ မဟုတ္လို႔ ေတာ္ပါေသးရဲ႕။

“တိုက္ၾကီးေပၚက ဆင္းခ့ဲပါဗ် မခင္မွီရဲ႕။ စကားေလး တစ္ခြန္းေလာက္ ေျပာခ်င္လို႔ပါ”

စိုးရိမ္စရာ အေျခအေနျဖစ္လာၿပီ။ ၾကာလွ်င္ အိမ္ကလူ ႏုိးေကာင္းႏုိးလာႏုိင္သည္။ ပိုဆုိးတာက မိမိ၏ နာမည္ကို ေအာ္ၾကီးဟစ္က်ယ္

ေခၚေခၚေနျခင္းပင္ျဖစ္၏။ ရပ္ကြက္က လူၾကီးလူေကာင္းေတြခ်ည္း ေနေသာေနရာ။ ဒီထဲမွာ အိမ္ကလူေတြက ပိုမိုျမင့္မားေသာ

ဂုဏ္ျဒပ္ကို ပုိင္ဆုိင္ထားသူ။ အိမ္က ေလးေလးစားစား ရွိၾကသည္။ ခုလို မိမိနာမည္ တပ္တပ္ၿပီး ေအာ္ေနတာကို ေဘးအိမ္က

လူေတြ ၾကားလွ်င္…“ဆင္းခဲ့ပါဗ်.. မဆင္းရဲဘူးလား၊ ေအးေပါ့ေလ။ တိုက္ၾကီးေပၚမွာ ေနေနရေတာ့ ဘယ္ဆင္းရဲပါ့မလဲ။ ဗ်ိဳ႕ မခင္မွီ

ဒီမွာေလ မခင္မွီရဲ႕”တရားလြန္လာၿပီ။ ဒီေလာက္ ေစာ္ကားလာတာကိုေတာ့ သည္းမခံႏုိင္ေတာ့ဘူး။ ခုတင္ေပၚမွ အသာဆင္းလုိက္ သည္။ ဧည့္ခန္းဘက္ ထြက္လာသည္။ တယ္လီဖုန္းကို ေကာက္ကိုင္၍ နံပါတ္ႏွိပ္လိုက္သည္။

“ရဲစခန္းကပါလားရွင္။ ဟုတ္ကဲ့။ အကူအညီတစ္ခု ေတာင္းခ်င္လုိ႔ပါ။ ကၽြန္မ အိမ္ေရွ႕မွာ အရက္မူးသမားတစ္ေယာက္လာၿပီး

ရမ္းကားေနလို႔ပါရွင္။ ကၽြန္မလား ေဒၚခင္မွီပါ။ အိမ္လိပ္စာက…”

တယ္လီဖုန္းခ်ၿပီး နားျပန္စြင့္လိုက္သည္။ အျပင္မွာ သူရွိေနတုန္း။ ဟုိတစ္ခ်ိန္က ေျပာခဲ့ဖူးသည့္ စကားကုိ ေအာ္ဟစ္ေရရြတ္ေနသည္။

ခဏမွ် အသံတိတ္ဆိတ္သြားၿပီးေနာက္ ကားတစ္စီး၏ စက္သံကို ႀကားရသည္။ ျခံ၀င္းေရွ႕မွာ ရပ္သည္။ အျပန္အလွန္

စကားေျပာသံေတြ ႀကားရသည္။ ျပတင္းေပါက္နားသို႔ ေလွ်ာက္သြားၿပီး လိုက္ကာကို အသာဖယ္၍ ၾကည့္လိုက္ေသာအခါ..

အျပင္မွာ မိုးႏွင္းေတြ က်ေနသည္။ မႈန္၀ါး၀ါး မီးေရာင္ ေအာက္တြင္ ရဲႏွစ္ေယာက္က လူတစ္ေယာက္၏ လက္ေမာင္း

တစ္ဖက္တစ္ခ်က္ကိုင္၍ လင္းရိုဗာကားေပၚ တြန္းတင္လုိက္သည္ကို ေတြ႕ရ၏။ ႏွစ္ေတြႀကာေညာင္း လာေသာ္လည္း

မွတ္မိေနေသးသည္။ သူမွ သူအစစ္။ သက္ျပင္းတစ္ခ်က္ ခ်လိုက္မိ၏။ အိပ္ရာေပၚ ျပန္တက္ၿပီး မ်က္စိမွိတ္ထားလိုက္သည္။

အိမ္က လူက အိပ္ေမာက်ေနဆဲ။ သူကေတာ့ ဒီည အိပ္လို႔ေပ်ာ္လိမ့္မည္ မထင္ေတာ့။

………………………………………..

“သူမ်ား အိမ္ေရွ႕မွာ ဘာျဖစ္လုိ႔ သြားၿပီး အေႏွာင့္အယွက္ ေပးခ်င္ရတာလဲ။ အရက္လဲ အရမ္းမူးေနေသးတယ္”

တာ၀န္မွဴးက ေျပာလုိက္သည္။ သူက ဘာမွ ျပန္မေျပာဘဲ ေနသည္။ တာ၀န္မွဴးက ဆက္ေျပာသည္။

“အင္းေလ.. ဒီညေတာ့ စခန္းမွာပဲ ေနရလိမ့္မယ္။ မနက္က်ေတာ့ အာမခံေပးမယ့္လူကုိ အေၾကာင္းၾကားေပါ့။ ကဲ သူ႕

ကိုယ္ေရး ရာဇ၀င္ မွတ္တမ္းယူထားလိုက္”

ရဲတပ္ဖြဲ႕၀င္တစ္ေယာက္က သူ႕ကို စားပြဲတစ္လံုးဆီ ေခၚသြားၿပီး ထိုင္ခိုင္းသည္။

“ကဲ ေျပာ၊ နာမည္ဘယ္သူလဲ” သူက မေျပာဘဲ ေနသျဖင့္

“ေျပာေလဗ်ာ”

“ေၾကာ့ေမာင္”

“အေဖနာမည္၊ မွတ္ပံုတင္အမွတ္”

သူက တစ္ခုစီကို ခပ္ေလးေလး ေျဖေနသည္။

“အသက္” သူ တစ္ခ်က္ေမာ့ၾကည့္ၿပီး

“ဒါက အေရးၾကီးလို႔လား”

“အေရးၾကီးတာေပါ့။ ကိုယ္ေရးရာဇ၀င္ဆိုတာ အကုန္ အျပည့္အစံုယူရတာပဲ။ ကဲ ေျပာဗ်ာ။ အသက္ဘယ္ေလာက္ ရွိၿပီလဲ”

သူက နံရံကုိ ေငးၾကည့္ေနၿပီးမွ ခပ္ဆိုင္းဆိုင္း ေျဖလိုက္သည္။

“ေျခာက္ဆယ့္ငါးႏွစ္”

မင္းလူ

Credit#

< Unicode Version >

“ဒီအရက်ဟာ မကောင်းပါဘူးကွာ” ဟု သူက ရေရွတ် လိုက်သည်။ ထိုအခါ ဆိုင်ရှင်ကြားသွားပြီး

“ဒီအရက်ဟာ ဆိုင်က ထုတ်ပေးတဲ့အတိုင်းပါပဲဗျာ။ ကျွန်တော်က ဘယ်တော့မှ အကြံအဖန် မလုပ်တတ်ဘူး ဆိုတာ

အစ်ကိုကြီးသိပါတယ်။ အမြဲသောက်နေကျပဲ မဟုတ်လား”

သူက “ဟာ.. ဟာ” ဆိုလုပ်၍ လက်ကာပြသည်။ “ခင်ဗျား ဆိုင်အရက်ကို မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ အရက်ဟာ

ကျုပ်ကို ကောင်းကျိုးမပေးဘူးလို့ ပြောတာပါ”“ကောင်းကျိုးမပေးရင် မသောက်နဲ့ဗျာ” ဟူ၍တော့ ပိုင်ရှင်ကဖြင့် ပြောလို့ မဖြစ်ချေ။

အရက်ရောင်းနေသူ တစ်ယောက်က အရက်ဆန့်ကျင်ရေး စကားကို ပြောနေလျှင် “မိမိရောင်းကုန်ပစ္စည်း၏ ဂုဏ်သိက္ခာကို

ထိခိုက်စေသော စကားမျိုး မပြောမိပါစေနှင့်” ဆိုသော ခေတ်သစ်ရောင်းဝယ်ရေးဗျူဟာ သဘောတရားကို ဖောက်ဖျက်ရာကျမည်

မဟုတ်လား။ ထို့ကြောင့် ဘာမှ ထပ်မပြောဘဲ ခပ်မဆိတ်နေလိုက်၏။သောက်သုံးသူ ပုဂ္ဂိုလ်ကတော့ ဆက်၍ “ကျုပ် ဘာကြောင့်

အရက်ကို စွဲစွဲမြဲမြဲ သောက်ဖြစ်နေသလဲ သိလား” ဟု မေးသည်။ ဆိုင်ရှင်၏ စိတ်ထဲတွင် “သွားပြီ… ဒီညတော့ ငါ ခံရပြီ”

ဟုတွေးပြီး စိတ်ညစ်သွား၏။ လုပ်သက်ရင့်နေသော ဆိုင်ရှင်တစ်ယောက် အနေဖြင့် အရက်သမား အမျိုးမျိုးအကြောင်းကို

ကောင်းကောင်းသိပြီးသားဖြစ်၏။ မူးလာလျှင် ရစ်တတ်သူ၊ အပျော်လွန်ပြီး သီချင်းဟစ်တတ်သူ၊ ငိုတတ်သူ၊ စကားကြော ရှည်တတ်သူ။

ဒီပုဂ္ဂိုလ်လို သူ့ဆိုင်မှာ နှစ်ပေါင်းများစွာ သောက်သုံးလာသူဆိုလျှင် ပိုတောင် သိသေးသည်။ အသောက်နည်းနည်းများသွားသည့်

နေ့မျိုးဆိုလျှင် အခုလိုပင်စကားစတတ်သည်။ ဒါဆိုလျှင် သူ၏ အသည်းကွဲ ဇာတ်လမ်းကြီးကို ရှည်လျားထွေပြားစွာ ပြောပြပေတော့မည်။

ဒီအကြောင်းကလည်း အကြိမ်ပေါင်း ဘယ်လောက်တောင် ပြောခဲ့ပြီးပြီလဲမသိ။ ကြားရဖန်များ၍ ရိုးအီနေပြီဖြစ်သော

ဇာတ်လမ်းကြီးဖြစ်သော်လည်း ကျိတ်မှိတ်ပြီး နားထောင်ပေးရပေလိမ့်မည်။ နေ့စဉ်လာနေကျ ဖောက်သည်တစ်ယောက်ကို

ကျေနပ်အောင် ၀န်ဆောင်မှုပေးဖို့ တာဝန်ကရှိသည်။၀ယ်သူဘက်က အမြဲမှန်သည်ဟူသော စကားမှာ အရက်ဆိုင်များအတွက်

ပိုပြီးသင့်လျော်သည်။ အနည်းဆုံး တစ်စိတ်တစ်ပိုင်းလောက် သောက်ကြတာပဲဟာ မမှန်ဘဲ ဘယ်နေပါ့မလဲ။ တချို့ဆို

မှန်ရုံမက မှောက်တောင် မှောက်သွားကြသေးသည်။အကြမ်းပန်းကန်ကလေးထက် ယောင်ယောင်လေးမျှ ကြီးသော

ဖန်ခွက်ထဲမှ တစ်ဝက်သာသာ ရှိနေသော အရက်ကို ရေမရောဘဲ တစ်ချက်တည်း မော့ချလိုက်သည်ကို မြင်သဖြင့်

ဇာတ်လမ်းစတော့မည်ဖြစ်ကြောင်း သိလိုက်၏။“မိန်းမတစ်ယောက်ရဲ့ သုံးလက်မလောက်သာ ရှည်တဲ့ လျှာက

ခြောက်ပေလောက်မြင့်တဲ့ ယောကျ်ားကြီး တစ်ယောက်ကို ဘုံးဘုံးလဲကျသွားစေနိုင်တယ်ဆိုတဲ့ စကားကို ခင်ဗျား ကြားဖူးသလား”

“ကြားဖူးတာပေါ့၊ ခင်ဗျားပဲ ပြောပြောနေတာ အကြိမ်တစ်ရာလောက်ရှိနေပြီ” ဟု စိတ်ထဲက ပြန်ပြောမိသည်။ နှုတ်ကတော့.

“အင်း.. ဆိုစမ်းပါဦး” ဟု စကားထောက်ပေးလိုက်ရ၏။

“မိန်းကလေးတစ်ယောက်ရဲ့ ပါးစပ်က ထွက်တဲ့စကား တစ်ခွန်းဟာ သိပ်ကြောက်ဖို့ ကောင်းတယ်နော်။ အဲဒီစကားတစ်ခွန်းကြောင့်

ကျုပ်မှာ အခုလို အရက်ကို အဖော်ပြုနေရတဲ့ အသောက်သမားကြီးလုံးလုံး ဖြစ်ခဲ့ရတာပဲ”

စကားကို ခဏရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်လိုက်သည်။ သူ့စကားကို စိတ်ဝင်စားသူ အခြားရှိ မရှိ

အကဲခတ်ခြင်းဖြစ်၏။ ထိုင်ခုံ၏ ရှေ့ဘက်ခြမ်းမှာ တန်းလျက်ထိုင်နေသော လူအုပ်စုက သူတို့ဘာသာငြင်းခုန် ပြောဆိုနေကြသည်။

သူ့ကို ရှိတယ်လို့တောင် မထင်၊ လက်ဝဲဘက်ထောင့်စွန်းမှာ တစ်ယောက်တည်းထိုင်နေသူကတော့ နားစွင့်နေဟန်တူသည်။

သူ အားတက်သွားဟန်ဖြင့် ဆက်ပြောသည်။“အစကတော့ ကျုပ်ကလွဲရင် တခြားဘယ်သူကိုမှ စိတ်ကူးထဲတောင် မထည့်ပါဘူးတဲ့လေ။

သူနဲ့ စတွေ့တဲ့အချိန်မှာ ကျုပ်ဟာ ပညာတစ်ပိုင်း တစ်စနဲ့ ကျောင်းကထွက်ထားတဲ့အချိန်၊ အလုပ်အကိုင်ကလဲ မည်မည်ရရ မရှိသေးဘူး။ ဒါပေမယ့် ပညာတွေ၊ ရာထူးတွေ၊ ဂုဏ်တွေ၊ ငွေတွေဆိုတာ ပကာသနတွေပါတဲ့။ ချစ်တာသာ ပဓာနပါတဲ့။ အချစ်စစ်၊ အချစ်မှန်နဲ့

တည်ဆောက်တဲ့ ဘဝသာလျှင် ကျောက်သားကျောက်ဆောင်လို ခိုင်မြဲပါတယ်တဲ့။ ကောင်းလိုက်တဲ့ စကားတွေ”

ဆိုင်ရှင်၏ စိတ်ထဲက “အင်း ဒီနေရာမှာ မရယ်ချင်ဘဲနဲ့ ဖျစ်ညှစ်ပြီး ရယ်တော့မယ်” ဟု တွေးသည်။ ကြိမ်ဖန်များစွာ နားထောင်ခဲ့

ရပြီးဖြစ်သဖြင့် ဘယ်နေရာမှာ ဘာစကားပြောပြီး ဘယ်အမူအရာ လုပ်တော့မယ် ဆိုတာကအစ မှတ်မိနေပြီ။ ဟုတ်လည်း

ဟုတ်သည်။ ထိုပုဂ္ဂိုလ်က“ဟား ဟား ဟား ဟား” ဆိုပြီး အသံကို တစ်ဆင့်မြှင့်၍ ရယ်သည်။ ပြီးတော့.. “ဟား ဟား တညင်းသီးတစ်လုံး

လောက် ပေးစမ်းပါ”“ဗျာ”ဆိုင်ရှင်သည် ရုတ်တရက်မို့ ကြောင်သွား၏။ ပြီးမှ “သြော် ဟုတ်ကဲ့” ဆိုပြီး တညင်းသီးပြုတ်တစ်လုံးကို

သတ္တုပန်းကန်ပြား အသေးစားလေးထဲထည့်ပြီး ပေးလိုက်၏။ ထိုပုဂ္ဂိုလ်က တညင်းသီးကို တစ်ကိုက်ကိုက်သည်။ ဖန်ခွက်ထဲ

အရက်ထည့်သည်။ ပလတ်စတစ်ခွက်ထဲကရေကို ရောသည်ဆိုရုံမျှ ထည့်သည်။ တစ်ဝက်လောက် မော့ချလိုက်သည်။ ပြီးမှ..

“မိန်းမတွေရဲ့ စိတ်သဘောထားဟာ ဟောဒီ တညင်းသီးလိုပဲ စားခါစမှာတော့ ချိုသလိုလို ဆိမ့်သလိုလိုနဲ့ ဆီးသွားတော့မှ နံမှန်းသိတယ်”

လက်ဝဲဘက်ထောင့်စွန်းမှာ ထိုင်နေသူက ထိုစကားကို သဘောကျပြီး ပြုံးလိုက်သည်။ အားပေးထောက်ခံသလို ဖြစ်သွားသဖြင့်

ကျေနပ်ပြီး ဆက်ပြောမည်အပြု ဆိုင်ရှေ့ဘက်ခြမ်းအုပ်စု၏ အသံက ကျယ်လောင်လာသည်။ လူများ၏ အာရုံက ထိုအုပ်စုဆီ

ရောက်သွားသည်။ ထိုပုဂ္ဂိုလ်က ထိုအုပ်စုကို မကျေမနပ် ကြည့်လိုက်သည်။ တစ်ခုခု လှမ်းပြောမလို လုပ်ပြီးမှ မပြောဖြစ်။ ဖန်ခွက်ထဲမှ

လက်ကျန်အရက်ကိုသာ မော့သောက်လိုက်သည်။ အရက်ထပ်ငှဲ့ပြီးနောက် တစ်ငုံငုံပြန်သည်။ ရေ မရောတော့။ ငြင်းခုန်သံတွေ လျော့ပါး

သွားတော့မှ ဇာတ်လမ်းကို ဆက်နိုင်သည်။“သူ့မိဘတွေက သူ့ကို ကျုပ်နဲ့ သဘောမတူဘူးလေ။ ပညာလည်း တစ်ပိုင်းတစ်စ၊

အလုပ်အကိုင်လည်း အတည်တကျမရှိ၊ ငွေလည်း မရှိ၊ ဘွဲ့ထူးဂုဏ်ထူးလည်း မရှိ၊ မိဘကျောထောက်နောက်ခံကလည်း

မတောင့်တင်းတဲ့သူနဲ့ သူတို့သမီးကို ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးတဲ့။ သူတို့ကလည်း ဒီလောက် ချမ်းချမ်းသာသာကြီးမဟုတ်ပါဘူး

ဗျာ။ စားနိုင်သောက်နိုင်လောက်သာပါ။ ဒါပေမယ့် အငြိမ်းစား အရာရှိကြီးဆိုတဲ့ ဂုဏ်ကလေးတာ့ မောက်နိုင်သေးသပေါ့လေ။ နောက်ပြီး

သူတို့ သမီးကလည်း လှသကိုး။ သူ့ကို လိုချင်တဲ့သူတွေကလည်း သူဌေးသားတွေ၊ အရာရှိပေါက်စတွေ၊ ကျုပ်ကလွဲရင်

အလားအလာကောင်းတဲ့ လူတွေချည်းပဲ။ သူတို့မိဘတွေကလည်း သမီးချောရှိတဲ့မိဘတွေရဲ့ ထုံးစံအတိုင်း သူတို့သမီးကို

အနိမ့်ဆုံး ရှေ့တက်လမ်းရှိတဲ့ အရာရှိကတော်ဖြစ်ဖို့ မှန်းတာပေါ့။ ကျုပ်ကိုတော့ ကလေကချေ အဆင့်အတန်း မရှိတဲ့ကောင်၊

တစ်သက်လုံး လူမွေး လူတောင် ပြောင်မယ့်ကောင် မဟုတ်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမျိုးမျိုး ရှုတ်ချခဲ့တာပေါ့”

ပုလင်းထဲမှာ အရက်ကုန်သွားပြီ။ အရက်သမားတို့ ထုံးစံ အတိုင်း ကုန်နေပြီမှန်း သိသိကြီးနှင့် ပုလင်းအဝကို ဖန်ခွက်မှာ တေ့ပြီး

မှောက်ချလိုက်သေးသည်။ လက်ကျန် လေးငါးစက် ကျလာ၏။“တစ်ပိုင်းလောက် လုပ်စမ်းပါဦး” ဆိုင်ရှင်က ပုလင်းကို ယူသည်။

ကတော့တပ်ပြီး ပလတ် စတစ်ပုံးထဲက အရက်ကို လောင်းထည့်လိုက်သည်။ လုပ်နေကျမို့ တစ်ပိုင်းထက် ပိုသွားခြင်း၊

လျော့သွားခြင်းမရှိ။ ပုလင်းကို လှမ်းပေးပြီး နောက်ဘက် ၀ိုင်းတစ်ဝိုင်းမှ မှာသော ပုစွန်ခြောက်သုပ်အတွက် ကြက်သွန်လှီးရင်း

ဆက်ပြောသည့် ဇာတ်လမ်းကို ကြားနေရ၏။“ဟိုကောင်မကလည်း သူ့မိဘတွေရဲ့ သံယောင်ကို လိုက်ပြောလာပြီလေ။

ကျောင်းပြန်တက်ပါလားတဲ့။ ပညာတတ်ထားတော့ ဘာပဲဖြစ်ဖြစ် အောက်မကျဘူးပေါ့တဲ့။ ကျုပ်ကလည်း ပညာဆိုတာ ကျောင်းမှာ

သင်ရတာမဟုတ်ဘူး။ လက်တွေ့ဘဝမှာ လူတွေကြားထဲမှာ သင်ယူရင်လည်းရပါတယ်လို့။ အဲဒီတော့ တစ်မျိုး ထပ်ပြောလာပြန်ရော”

ဆိုင်ရှေ့ခြမ်းမှာ ထိုင်သောအုပ်စုက ငွေရှင်းပြီး ထထွက် သွားကြသည်။ သူတို့က အရက်တစ်လုံးလောက်ကို

လူလေးငါးယောက်သောက်ပြီး မူးတတ်ကြသူတွေ ဖြစ်၏။ အမြည်းတွေ တစ်မျိုးပြီးတစ်မျိုး မှာစားရင်း စကားပြောကြ၊ ငြင်းကြ

ခုန်ကြသူတွေ ဖြစ်၏။ သူတို့မရှိတော့ အနှောင့်အယှက်ကင်းသွားသည်။“အဲဒီတော့” စကားပြန်ဆက်မည်အပြု နောက်ဘက်ပိုင်းက

ကြက်သွန်ဖြူတောင်းသဖြင့် ဆိုင်ရှင်က လှမ်းပေးရသောကြောင့် ခဏစောင့်ရသေးသည်။

“ဘာပြောလာသလဲဆိုတော့ ဘာလဲဗျာ”ပြောလက်စကို မေ့သွားဟန်တူသည်။ စကားထောက်ပေးမလားဟု ဆိုင်ရှင်ကို ကြည့်သည်။

တကယ်တော့ ဆိုင်ရှင်သည်လည်း နားသာထောင်နေရသည်။ သူ့အလုပ်နှင့်သူ ရှုပ်နေသဖြင့် လုံးစေ့ပတ်စေ့ အာရုံမစိုက်နိုင်။

နဂိုကတည်းကလည်း စိတ်ဝင်စားမှုနည်းသောကြောင့် ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေခဲ့၏။

ချက်ချင်းစကားမထောက်နိုင်သောကြောင့် သူပြောတာ ဂရုတစိုက် နားမထောင်ရ ကောင်းသလားဆိုသော မျက်နှာထားဖြင့်

ထိုပုဂ္ဂိုလ်က စိုက်ကြည့်သည်။ ပြီးတော့ အရက်ခွက်ကို ယူ၍ တရှိန်ထိုး မော့ချလိုက်သည်။ ဆိုင်ရှင်လည်း နားစွန်နားဖျား

ကြားနေရသော စကားလုံးများကို အလောသုံးဆယ် ပြန်စဉ်းစားလိုက်ရ၏။ တကယ်တော့ ဒီဇာတ်လမ်းကို အကြိမ်ပေါင်းများစွာ

ကြားနာခဲ့ရပြီးဖြစ်သဖြင့် စကားလုံးတစ်လုံးချင်းကအစ မှတ်မိနေပြီ။ ဇာတ်လမ်း၏ ဘယ်အပိုင်းနားရောက်နေပြီဆိုတာ

မျက်ခြည်ပြတ်သွားလို့သာ စကားထောက်ရ ခက်နေခြင်းဖြစ်၏။ ထို့ကြောင့်စိတ်မှန်းနှင့်

“ဟိုလေ.. ငွေဆိုတာ တန်ဖိုးသတ်မှတ်ထားတ့ စက္ကူ တစ်မျိုးပဲ ဆိုတာပေါ့”ဟု ပြောလိုက်၏။ ထိုပုဂ္ဂိုလ်က “အဲဒီနေရာ မရောက်သေးပါ

ဘူး”ဘဆိုပြီးမှ သူပြောမည့်စကားကို ဆိုင်ရှင်က ကြိုပြီး သိနေသဖြင့် မျက်မှောင်တစ်ချက် ကုတ်လိုက်သည်။ ဆိုင်ရှင်ကလည်း

ပြဿနာတော့ တက်ပြီထင်တယ်ဟု တွေးလိုက်ရ၏။ သို့ရာတွင် ထိုပုဂ္ဂိုလ်က ဇာတ်လမ်းဆက်ဖို့သာ ပဓာနဖြစ်နေသောကြောင့်

“ဒီလိုမဟုတ်လား။ သူ့ငွေစုစာအုပ်ထဲက ငွေနဲ့ အရင်းအနှီးလုပ်ပြီး စီးပွားရှာပါလားလို့ တိုက်တွန်းတယ်လေ။ ကျုပ်က ငြင်းလိုက်တယ်။

ခါးခါးသီးသီးကို ငြင်းလိုက်တယ်။ ကျုပ်က ငွေမမက်ဘူး။ ငွေဆိုတာ အဲ ခုနက ပြောသလိုပဲ တန်ဖိုးသတ်မှတ်ထားတဲ့ စက္ကူတစ်မျိုးပဲ။ ငွေ

ထက် တန်ဖိုးရှိတာက သစ္စာတရား၊ ကောင်းပြီ။ မင်း ကိုယ်နဲ့ လိုက်ခဲ့။ ဘဝထဲကို ဆင်းခဲ့၊ ဘဝကို အခြေခံကစပြီး တည်ဆောက်မယ်။ ဟား

အဲဒီလိုလဲပြောလိုက်ရော.. ငါးပိရည်နံ့ရတဲ့ အယ်ဇေးရှင်းခွေးလို တွန့်ခနဲ ဖြစ်သွားတာပဲ။ အဲဒီမှာ ပဋိပက္ခ ဖြစ်ကြတာပေါ့။ လိုက်ရဲလား။

လိုက်ခဲ့။ မလိုက်ရဲဘူးလား၊ တွဲထားတဲ့လက်ကို ဖြုတ်လိုက်။ ဒါပဲ ဒါပဲ”

ဆိုင်မှာ လူရှင်းသွားပြီ။ အချိန်အကြာဆုံး ထိုင်နားထောင်ခဲ့သည့် လက်ဝဲဘက်ထောင့်စွန်းမှာ ထိုင်နေသူပင် ထသွားခဲ့ပြီ။

ဆိုင်ရှင်လည်း ပစ္စည်းတွေကို တောင်းတွေထဲကို မသိမသာ ကဲ့ထည့်ပြီး သိမ်းဆည်းစပြုနေပြီ။ ဇာတ်ကြောင်းပြောသူ၏ ရှေ့က

ပုလင်းထဲမှာလည်း အရက်ကုန်နေပြီ။

“ငါးကျပ်ဖိုးလောက် လုပ်စမ်းပါဦး။ လပ်စ်ကပ်ပေါ့”ဆိုင်ရှင်က တောင်းထဲရောက်နေသော ပုလင်းတစ်လုံးကို ပြန်ထုတ်၍ ဖန်ခွက်ထဲ

ပိုပိုသာသာ ငှဲ့ထည့်ပေးသည်။ ထိုပုဂ္ဂိုလ်က ထရပ်ပြီး ဖန်ခွက်ကို ယူသည်။ တစ်ချက်တည်း မော့ချသည်။ ကျသင့်ငွေ ရှင်းပြီး

နှုတ်ဆက်ထွက်ခွာသွား၏။ ဆိုင်ရှင်လည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ပစ္စည်းတွေ ဆက်သိမ်းနေသည်။ ………………………………..

ဒီနေ့ ခါတိုင်းထက် ပိုသောက်မိသည်။ တစ်ခါတစ်ခါတော့လည်း ဒီလိုပါပဲ။ ထမင်းစားတဲ့ လူတွေတောင်မှ စားလို့မြိန်သွားတဲ့အခါ

ဗိုက်ပြည့်အင့်သွားအောင် စားတတ်ကြသေးတာပဲ မဟုတ်လား။ ထားပါတော့.. ဒီနေ့ သောက်လို့ မြိန်သွားတယ်လို့ပဲ။

ဒီလိုအခါမျိုးတိုင်းမှာ သတိရသည့်စိတ်က ပြန်လည်နိုးကြားလာတတ်သည်။ ကပ်လျက် လိုက်ပါလာတာကတော့ နာကြည်းခြင်း။

ကြာတော့လည်း ကြာခဲ့ပါပြီ။ သို့ရာတွင် လုံးလုံးလျားလျား မေ့ပစ်ဖို့တော့ မဖြစ်နိုင်သေး။ သတိရစရာ အကြောင်းအချက်တွေက

သူ့အလိုလို ပေါ်ပေါက်လာတတ်၏။ အထူးသဖြင့် အခုလို မိုးနှင်းတွေ ကျနေသည့်အခါမျိုး။

နောက်ဆုံးအကြိမ် တွေ့ဆုံပြီး တစ်သက်တာအဖို့ နှုတ်ဆက်လမ်းခွဲခဲ့တုန်းကလည်း ဒီလိုပင် မိုးနှင်းတွေမှိုင်းမှုန်နေခဲ့သည်။

ကျောခိုင်း လမ်းလျှောက်လာရင်း ဟားတိုက် ရယ်မောပစ်လိုက်သောအခါ နှင်းမှုန်တွေ ကစဥ့်ကလျား လွင့်ထွက်သွားသည်ကို

သတိတရရှိ၏။ခုလည်း ဟိုတုန်းကလို ရယ်ပစ်လိုက်ချင်စိတ်ပေါက်လာသည်။ ထို့ကြောင့် ဟားတိုက်ရယ်ပစ်လိုက်၏။ သူ

လျှောက်လာသည့်လမ်းသည် လူအတော် ရှင်းနေ၏။ ထို့ကြောင့် သူ့ရယ်သံကို ဘယ်သူမှ ဂရုတစိုက် နားထောင်နေခြင်းမရှိ။

လမ်းဘေးရှိ အိမ်တွေထဲက အိပ်မပျော်သေးသူ တစ်ယောက်တလေကတော့ ကြားကောင်းကြားနိုင်သည်။

ထိုသို့ တွေးလိုက်မိတော့မှ သူလျှောက်လာသည့် လမ်းကို သတိပြုမိသည်။ သူ့အိမ်သို့ ပြန်သောလမ်းမဟုတ်၊ အလို

ဒီကုန်းတက်ကလေးဟာ..။ရုတ်တရက် ရပ်လိုက်သည်။ ညာဘက်ကို ကြည့်သည်။ ပုဏ္ဍရိတ်ပင်၊ ခြံစည်းရိုးပန်းခြံ ကွက်လပ်ငယ်၊

ပြီးတော့ ခန့်ညားထည်ဝါသော နှစ်ထပ်တိုက်ကြီးသည် မိုးနှင်းတွေကြားမှာ တိတ်ဆိတ်စွာ ရပ်တည်နေသည်။

ကြည့်စမ်း၊ ခြေလှမ်းတွေက ဒီနေရာ ရောက်အောင် အလိုအလျောက် သယ်ဆောင်ခဲ့တာပါကလား။ သူသည် တိုက်ကြီးကို

ငေးစိုက်ကြည့်လိုက်သည်။ အင်းပေါ့လေ.. နှစ်ထပ်တိုက်ပေါ်က လူဆိုတော့ မြေကြီးပေါ်ကို ခုန်ချဖို့ ပိုပြီး ခက်တာပေါ့။

“တိုက်ပေါ်ကနေ မြေကြီးပေါ်ကို မဆင်းရဲတာက ဆင်းရဲ မှာကြောက်လို့၊ ဟုတ်တယ်၊ ဆင်းရဲမှာ ကြောက်လို့ မဆင်းရဲတာ”

သူတွေးနေသည်ဟု ထင်သည်။ တကယ်က ပြောနေခြင်းဖြစ်၏။ အတွေးတွေက စကားလုံးများအဖြစ်အသံထွက်လာခြင်းဖြစ်၏။

“ဟား ဟား” သူ တစ်ချက် ရယ်လိုက်သည်။ ရယ်သံက အတော် ကျယ်လောင်သွား၏။ သို့ရာတွင် သူက ဂရုမစိုက်တော့။ ရင်ထဲမှာ

ပြည့်ကျပ်မွန်းသိပ်နေသည့် ခံစားချက်တွေက ပွင့်အန်ထွက်လာပြီ။ သူသည် တိုက်အိမ်ကြီးကို စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။

“ကျွန်ယုံတော့ တစ်ဖက်ကန်း၊ သားသမီးယုံတော့ စုံလုံးကန်းတဲ့။ ချစ်သူကို ယုံတော့ ဘဝပါ ကန်းတော့တာပေါ့။ ဟုတ်စ

ခင်ဗျားကြောင့် ကျုပ်ဘဝ ကမ်းမမြင် လမ်းမမြင် ဖြစ်နေပြီဗျ သိရဲ့လား၊ ဗျို့ မခင်မှီ”

…………………………………….

ညနေ လက်ဖက်ကလေး နှစ်ရိုးသုံးရိုး စားမိလိုက်သဖြင့် မျက်စိကြောင်ပြီး အိပ်လို့မရဘဲ ဖြစ်နေသည်။ အိပ်ရာပေါ် လှဲပြီး

မျက်စိမှိတ်ထားလိုက်သည်။ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သောကြောင့် အတန်ငယ်

ညဥ့်နက်သည်နှင့်လူသံ ကားသံ မကြားရတော့။ ဘေးမှာ အိပ်မောကျနေသော အိမ်ကလူထံမှ အသက်ရှူသံ ပြင်းပြင်းကိုသာ

မှန်မှန်ကြားနေရသည်။ခဏကြာတော့ အပြင်ဘက်က စကားပြောသံသဲ့သဲ့ ကြားရသည်။ နောက်တော့ အသံက ပိုကျယ်လာသည်။

စကားလုံးက မသဲမကွဲ။ ဒီအသံကို ကြားဖူးသလိုလိုတော့ ရှိသည်။ ရပ်ကွက်ထဲက တစ်ယောက်များလား။

“ဗျို့ မခင်မှီ” ဆိုသော အသံကို ကြားသောအခါ ဆတ်ခနဲ ခေါင်းထောင်ထမိ၏။ နာမည်တပ်ပြီး ခေါ်လိုက်တာပါလား။

နားစွင့်လိုက်သောအခါ..

“ဒီမှာ ဟိုအရင်တုန်းက ပြောခဲ့ဖူးတဲ့ သစ္စာစကားလေးတွေ ပြန်ကြားချင်လို့ ဆင်းခဲ့ပါဦးဗျ”

အလို ဘုရား ဘုရား။ သူပါလား။ သူ ခုထိ ဘာမှ မပြောင်းလဲသေးပါကလား။ အိမ်ကလူက အအိပ်ဆတ်သူ မဟုတ်လို့ တော်ပါသေးရဲ့။

“တိုက်ကြီးပေါ်က ဆင်းခဲ့ပါဗျ မခင်မှီရဲ့။ စကားလေး တစ်ခွန်းလောက် ပြောချင်လို့ပါ”

စိုးရိမ်စရာ အခြေအနေဖြစ်လာပြီ။ ကြာလျှင် အိမ်ကလူ နိုးကောင်းနိုးလာနိုင်သည်။ ပိုဆိုးတာက မိမိ၏ နာမည်ကို အော်ကြီးဟစ်ကျယ်

ခေါ်ခေါ်နေခြင်းပင်ဖြစ်၏။ ရပ်ကွက်က လူကြီးလူကောင်းတွေချည်း နေသောနေရာ။ ဒီထဲမှာ အိမ်ကလူတွေက ပိုမိုမြင့်မားသော

ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားသူ။ အိမ်က လေးလေးစားစား ရှိကြသည်။ ခုလို မိမိနာမည် တပ်တပ်ပြီး အော်နေတာကို ဘေးအိမ်က

လူတွေ ကြားလျှင်…“ဆင်းခဲ့ပါဗျ.. မဆင်းရဲဘူးလား၊ အေးပေါ့လေ။ တိုက်ကြီးပေါ်မှာ နေနေရတော့ ဘယ်ဆင်းရဲပါ့မလဲ။ ဗျို့ မခင်မှီ

ဒီမှာလေ မခင်မှီရဲ့”တရားလွန်လာပြီ။ ဒီလောက် စော်ကားလာတာကိုတော့ သည်းမခံနိုင်တော့ဘူး။ ခုတင်ပေါ်မှ အသာဆင်းလိုက် သည်။ ဧည့်ခန်းဘက် ထွက်လာသည်။ တယ်လီဖုန်းကို ကောက်ကိုင်၍ နံပါတ်နှိပ်လိုက်သည်။

“ရဲစခန်းကပါလားရှင်။ ဟုတ်ကဲ့။ အကူအညီတစ်ခု တောင်းချင်လို့ပါ။ ကျွန်မ အိမ်ရှေ့မှာ အရက်မူးသမားတစ်ယောက်လာပြီး

ရမ်းကားနေလို့ပါရှင်။ ကျွန်မလား ဒေါ်ခင်မှီပါ။ အိမ်လိပ်စာက…”

တယ်လီဖုန်းချပြီး နားပြန်စွင့်လိုက်သည်။ အပြင်မှာ သူရှိနေတုန်း။ ဟိုတစ်ချိန်က ပြောခဲ့ဖူးသည့် စကားကို အော်ဟစ်ရေရွတ်နေသည်။

ခဏမျှ အသံတိတ်ဆိတ်သွားပြီးနောက် ကားတစ်စီး၏ စက်သံကို ကြားရသည်။ ခြံဝင်းရှေ့မှာ ရပ်သည်။ အပြန်အလှန်

စကားပြောသံတွေ ကြားရသည်။ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး လိုက်ကာကို အသာဖယ်၍ ကြည့်လိုက်သောအခါ..

အပြင်မှာ မိုးနှင်းတွေ ကျနေသည်။ မှုန်ဝါးဝါး မီးရောင် အောက်တွင် ရဲနှစ်ယောက်က လူတစ်ယောက်၏ လက်မောင်း

တစ်ဖက်တစ်ချက်ကိုင်၍ လင်းရိုဗာကားပေါ် တွန်းတင်လိုက်သည်ကို တွေ့ရ၏။ နှစ်တွေကြာညောင်း လာသော်လည်း

မှတ်မိနေသေးသည်။ သူမှ သူအစစ်။ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အိပ်ရာပေါ် ပြန်တက်ပြီး မျက်စိမှိတ်ထားလိုက်သည်။

အိမ်က လူက အိပ်မောကျနေဆဲ။ သူကတော့ ဒီည အိပ်လို့ပျော်လိမ့်မည် မထင်တော့။

………………………………………..

“သူများ အိမ်ရှေ့မှာ ဘာဖြစ်လို့ သွားပြီး အနှောင့်အယှက် ပေးချင်ရတာလဲ။ အရက်လဲ အရမ်းမူးနေသေးတယ်”

တာဝန်မှူးက ပြောလိုက်သည်။ သူက ဘာမှ ပြန်မပြောဘဲ နေသည်။ တာဝန်မှူးက ဆက်ပြောသည်။

“အင်းလေ.. ဒီညတော့ စခန်းမှာပဲ နေရလိမ့်မယ်။ မနက်ကျတော့ အာမခံပေးမယ့်လူကို အကြောင်းကြားပေါ့။ ကဲ သူ့

ကိုယ်ရေး ရာဇဝင် မှတ်တမ်းယူထားလိုက်”

ရဲတပ်ဖွဲ့ဝင်တစ်ယောက်က သူ့ကို စားပွဲတစ်လုံးဆီ ခေါ်သွားပြီး ထိုင်ခိုင်းသည်။

“ကဲ ပြော၊ နာမည်ဘယ်သူလဲ” သူက မပြောဘဲ နေသဖြင့်

“ပြောလေဗျာ”

“ကြော့မောင်”

“အဖေနာမည်၊ မှတ်ပုံတင်အမှတ်”

သူက တစ်ခုစီကို ခပ်လေးလေး ဖြေနေသည်။

“အသက်” သူ တစ်ချက်မော့ကြည့်ပြီး

“ဒါက အရေးကြီးလို့လား”

“အရေးကြီးတာပေါ့။ ကိုယ်ရေးရာဇဝင်ဆိုတာ အကုန် အပြည့်အစုံယူရတာပဲ။ ကဲ ပြောဗျာ။ အသက်ဘယ်လောက် ရှိပြီလဲ”

သူက နံရံကို ငေးကြည့်နေပြီးမှ ခပ်ဆိုင်းဆိုင်း ဖြေလိုက်သည်။

“ခြောက်ဆယ့်ငါးနှစ်”

မင်းလူ

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

19 + two =