“အို အသင္ေလာက”

တစ္အိမ္လံုးမွာ ပိုက္ဆံ ဘယ္ေလာက္ရွိေၾကာင္းကို ျပားကစ၍ အတိအက်သိရသည့္ အေျခအေနသို႔ ေရာက္ရွိၿပီျဖစ္၏။

ကေလးေတြကို သူတို႔အေမက မုန႔့္ဖိုး တစ္ေယာက္တစ္မတ္စီ ေပးသည္။ ခါတိုင္း သံုးဆယ့္ငါးျပား ေပးေနက် ျဖစ္သျဖင့္

ကေလးေတြက မေက်နပ္ၾက။ ဘာမွ်ေတာ့ မေျပာေခ်။ ေျပာလို႔လည္း ဘာမွမထူး၊ ပိုရမည္မဟုတ္မွန္း သိေသာေၾကာင့္

ေလကုန္ခံၿပီး မေျပာၾကျခင္း ျဖစ္လိမ့္မည္။ သို႔တည္းမဟုတ္ သူတို႔အေမ စိတ္ထြက္ၿပီး ေခါင္းေခါက္မည္ စိုးေသာေၾကာင့္လည္း

ျဖစ္ေကာင္းျဖစ္ႏိုင္မည္။ အငယ္ဆံုးေကာင္ကေတာ့ ပိုက္ဆံတစ္မတ္စီကိုင္၍ လွည့္အထြက္တြင္.. “နည္းနည္းေလး ေပးတာ

မေလာက္လို႔.. မ်ားမ်ားႀကီး ေပးပါဦးလို႔” ဟု သီခ်င္းတစ္ပုဒ္ကို ဖ်က္ၿပီး မၾကားတၾကား ဆိုသြားသည္။ လက္က်န္ေငြမွာ

ငါးက်ပ္တန္တစ္ရြက္၊ က်ပ္တန္ႏွစ္ရြက္၊ က်ပ္ျပားတစ္ေစ့၊ ငါးမူးေစ့ (အေပါ့) တစ္ေစ့၊ ငါးျပားေစ့က အတြန္႔ပါတာ တစ္ေစ့ႏွင့္

ေၾကးျပားတစ္ေစ့။ ထမင္းဟင္း ခ်က္ျပဳတ္ၿပီးျဖစ္၍ ဒီေန႔အတြက္ေတာ့ ပူစရာမလို။ ေနာက္ရက္ေတြအတြက္သာ ရွာရမည္။

“ငါ ၿမိဳ႕ထဲ သြားလိုက္ဦးမယ္ေဟ့” ဟု သူက မိန္းမကို ေျပာသည္။ “စာမူခ ရစရာရွိလို႔လား” မိန္းမက ေမွ်ာ္လင့္စြာ ေမးသည္။

“ရစရာေတာ့ မရွိဘူး၊ ပန္းခေရ စာစဥ္တိုက္ကေတာ့ ဝတၳဳတိုတစ္ပုဒ္ ေတာင္းထားတာရွိတယ္၊ ေငြႀကိဳေတာင္းလို႔ ရရင္လည္းရေပါ့၊

မရလည္း တစ္ေယာက္ေယာက္ဆီက ဆြဲရမွာေပါ့” ငါးက်ပ္တန္တစ္ရြက္ႏွင့္ ငါးမူးေစ့ကို ရွပ္အက်ႌအိတ္ထဲ ထည့္ၿပီး ထြက္ခဲ့သည္။

ၿမိဳ႕ထဲ ထြက္ခဲ့ရသည့္ အေၾကာင္းရင္းမွာ မိန္းမကို ေျပာခဲ့သည့္ ကိစၥအျပင္ အိမ္မွာ မေနခ်င္ေသာေၾကာင့္လည္း ျဖစ္သည္။

ပိုက္ဆံမရေသာအခါ မိန္းမကို မၾကည့္ခ်င္။ ႏွစ္ေပါင္းမ်ားစြာ ေပါင္းလာခဲ့ေသာမိန္းမ ျဖစ္သည့္တိုင္ ခုလိုအခါမ်ိဳးမွာ မ်က္လံုးခ်င္း

ဆံုရမွာကို မ်က္ႏွာပူသည္။ မိန္းမကလည္း သူရွိေနလွ်င္ အေနရခက္လိမ့္မည္ ထင္သည္။ မိန္းမက ဒါမ်ိဳး ႀကံဳဖူးေပါင္းမ်ားၿပီျဖစ္၍

ထူးထူးျခားျခား ပူပန္ျခင္းမရွိ။ ခါတိုင္းလိုပင္ တစ္နည္းနည္းနဲ႔ေတာ့ ေျပလည္သြားမွာပဲဟု စိတ္ခ်ထားဟန္ရွိ၏။ သူကလည္း

တစ္ေနရာရာကေတာ့ ရမွာပါဟု ေမွ်ာ္လင့္ထား၏။ ဘာပဲျဖစ္ျဖစ္ အိမ္မွာ ဒီအတိုင္း ထိုင္ေနရတာ ႏွစ္ေယာက္စလံုး စိတ္က်ဥ္းက်ပ္စရာ

ျဖစ္ႏိုင္သည္။ ၿပီးေတာ့ ၿမိဳ႕ထဲေရာက္လွ်င္ မဂၢဇင္းတိုက္မွာ ျဖစ္ေစ၊ လက္ဖက္ရည္ဆိုင္မွာ ျဖစ္ေစ စာေရးဆရာ အေပါင္းအသင္း

တစ္ေယာက္ေယာက္ႏွင့္ ဆံုႏိုင္သည္။ စာအေၾကာင္းေပအေၾကာင္း စကၠဴအေၾကာင္း ေျပာရင္းႏွင့္ စိတ္အပန္းေျဖႏိုင္သည္။

လက္ဖက္ရည္တိုက္မည့္သူေတာ့ က်ိန္းေသေတ႔ြ မည္ပင္။ ကံေကာင္းလွ်င္ ညေနပိုင္းအတြက္ ဖိတ္ေခၚျခင္းပင္ ခံရႏိုင္သည္။ အိမ္က

ထြက္လာရသည့္ ပဓာန အေၾကာင္းရင္းကေတာ့ ပိုက္ဆံရွာရန္ႏွင့္ ဇာတ္လမ္းကုန္ၾကမ္း ရွာရန္ပင္ ျဖစ္၏။ သူ႔စိတ္ကူးက

ပန္းခေရ စာစဥ္တိုက္ကို ဝင္ၿပီး စာမူခ ႀကိဳေတာင္းမည္။ ပန္းခေရ စာစဥ္တိုက္၏ မူက စာမူေပး ေငြေခ်စနစ္ ျဖစ္သည္။ နက္ျဖန္

ဆက္ဆက္ စာမူလာေပးမည္ဆိုလွ်င္ ေငြထုတ္ေပးႏိုင္စရာ အေၾကာင္းရွိ၏။ နက္ျဖန္ စာမူေပးဖို႔ဆိုလွ်င္ ဒီညႏွင့္ နက္ျဖန္နံနက္

ၿပီးေအာင္ေရးရမည္။ ထိုအတြက္ ဇာတ္လမ္းလိုသည္။ ေရးရဖန္မ်ားသျဖင့္ ဇာတ္လမ္းအေၾကာင္းအရာ ရွားပါးလာသည္။

စိတ္ကူးထားတာေလးေတြေတာ့ ရွိသည္။ တခ်ိဳ႕က အခ်က္အလက္ မစံုလင္ေသး။ တခ်ိဳ႕က်ေတာ့ ဈာန္သြင္းလို႔မရ။ မနက္တုန္းက

စိတ္ကူးတစ္ခုကို ဝတၳဳအျဖစ္ စိတ္ကူးေရးၾကည့္ေသးသည္။ ဘယ္လိုမွ လမိုင္းမကပ္။ သူ႔မွာ ျဖစ္ဖူးတာရွိသည္။ သြားရင္းလာရင္းက

ေတြ႔ႀကံဳလိုက္ရသည့္ အကြက္ကေလး တစ္ခုကို ခ်က္ခ်င္း ေကာက္ေရးလိုက္ရာ ဝတၳဳေကာင္းတစ္ပုဒ္ ျဖစ္သြားတတ္၏။ မိမိ၏ဆႏၵႏွင့္

ဇာတ္လမ္းဇာတ္ကြက္တို႔ အံဝင္ခြင္က် ျဖစ္သြားရျခင္းပင္။ ဒါမ်ိဳးက အၿမဲေတာ့မျဖစ္၊ ရံဖန္ရံခါက်မွ။ ဒီေန႔ေတာ့ ကံေကာင္းေထာက္မစြာ

ႀကံဳဆံုေကာင္းပါရဲ႕။ သူသည္ ဝတၳဳတိုသမား၊ တစ္နည္းအားျဖင့္ မဂၢဇင္း စာေရးဆရာ ျဖစ္သည္။ လံုးခ်င္းဝတၳဳ စာေရးဆရာေတြလို

ၿမိဳးၿမိဳးျမက္ျမက္ မရေခ်။ သူတို႔၏ အားကိုးရာသည္ မဂၢဇင္းမ်ားႏွင့္ “တင္ထုတ္” ဟု ဆိုေနၾကေသာ ဝတၳဳတိုစာစဥ္မ်ားသာ ျဖစ္သည္။

ထိုစာအုပ္ေတြမွာ တစ္လတစ္လ သံုးေလးပုဒ္ ပါႏိုင္ေအာင္ ႀကိဳးစားရသည္။ ႐ုပ္ျပဇာတ္လမ္းမ်ား၊ ကက္ဆက္ေခြဇာတ္လမ္းမ်ား

ေရာင္းရပါမွ ခုသာခံသာ ရွိ၏။ မဂၢဇင္းမ်ားမွာ ဝတၳဳတိုတစ္ပုဒ္အတြက္ အျမင့္ဆံုး ေပးေသာႏႈန္းမွာ ႏွစ္ရာျဖစ္သည္။ မဂၢဇင္းတစ္အုပ္

ႏွစ္က်ပ္ႏွင့္ ေရာင္းေသာအခ်ိန္က အျမင့္ဆံုးေသာေပးႏႈန္းႏွင့္ အတူတူပင္ ျဖစ္၏။ ယခုအခါတြင္ မဂၢဇင္းတစ္အုပ္၏

အနိမ့္ဆံုးေရာင္းေဈးမွာ ဆယ့္ႏွစ္က်ပ္။ မဂၢဇင္းေတြကလည္း စကၠဴတစ္ထုပ္ ခုနစ္က်ပ္ခြဲမွ ကိုးဆယ္တစ္ရာအထိ၊ အျပင္ေဈး၌

သံုးရာက်ပ္အထိ ျဖစ္လာသည္ကို ေထာက္ျပၾကသည္။ တခ်ိဳ႕မဂၢဇင္းေတြက ထြက္သည့္ေန႔တြင္ စာအုပ္ႏွင့္ စာမူခကို

တစ္ခါတည္းေပးသည္။ တခ်ိဳ႕က တစ္ပတ္ဆယ္ရက္ ခ်ိန္းသည္။ တခ်ိဳ႕မဂၢဇင္းမ်ားက်ေတာ့ ထြက္ရက္ ေနာက္က်သည့္အျပင္

စာမူခေပးရန္ ရက္ထပ္ခ်ိန္းသျဖင့္ လလယ္ေလာက္မွပင္ ရေတာ့သည္။ စာေပမဂၢဇင္းတစ္ေစာင္က ဝတၳဳတိုစာမူခကို သံုးရာထိ

တိုးေပးသျဖင့္ ဝမ္းသာေနၾကတုန္း အေၾကာင္းေၾကာင္းေၾကာင့္ ႏွစ္ရာသို႕ ျပန္ေလွ်ာ့လိုက္ရသည္ဟူေသာ ဝမ္းနည္းဖြယ္သတင္းကို

ၾကားရျပန္သည္။ စာမူခ ျပန္မေလွ်ာ့ပါရန္ အသနားခံလိုေသာ္လည္း အသနားခံႏိုင္ေလာက္သည့္ ၾသဇာအရိွန္အဝါ သူ႔မွာမရိွေခ်။

သူတို႔ သူတို႔မွာလည္း ဆိုင္ရာဆိုင္ရာ အခက္အခဲေတ ြ ရိွေနလို႔ ေနမွာေပါ့ဟု ေျဖေတြးရ၏။ သူေတြးေနတုန္းမွာ မွတ္တိုင္သို႔

ဘတ္စ္ကားတစ္စီး ဆိုက္လာသည္။ ႐ံုးတက္ခ်ိန္ လြန္ခဲ့ၿပီျဖစ္၍ အထူးက်ပ္သည့္ အေနအထားမ်ိဳး မဟုတ္ေတာ့။

တိုးေဝွ႔တက္လို႔ရသည္။ ရပ္စရာေနရာ တစ္ေနရာရ၍ အသားက်ေသာအခါ ကားခကို က်ပ္တန္ေပးရင္ ေကာင္းမလား၊

အေႂကြေပးရင္ ေကာင္းမလား စဥ္းစားသည္။ ျပားေလးဆယ္ခရီးကို က်ပ္တန္ေပးလွ်င္ ငါးမူးသာ ျပန္အမ္းမည္။

ထို႔ေၾကာင့္ ငါးမူးေစ့ေပးလိုက္သည္။ စပယ္ယာက လက္မွတ္ လွမ္းေပးသည္။ ကိုင္လိုက္ကတည္းက လက္မွတ္ၾကားမွာ

ျပန္အမ္းေငြဆယ္ျပား ပါမလာေၾကာင္း သိလိုက္သည္။ ျပန္ေျပာလွ်င္လည္း “ဆယ္ျပားေလာက္ကို ျပန္ေတာင္းေနရသလားဗ်ာ”

ဟု အရိခံရေပဦးမည္။ သူသြားလိုသည့္ (၃၃)လမ္း အထက္လမ္းသို႔ တိုက္႐ိုက္ေရာက္လိုလွ်င္ ကားတစ္ဆင့္ ထပ္စီးရမည္။

ေနာက္ထပ္ျပားေလးဆယ္ အကုန္မခံခ်င္သျဖင့္ ကုန္သည္လမ္းဘက္မွ မွတ္တိုင္မွာ ဆင္းၿပီး လမ္းေလွ်ာက္လာခဲ့သည္။

ခေရပင္တန္းေတြ ရွိေနေသာ ပန္းဆိုးတန္းလမ္းအတိုင္း ေလွ်ာက္ရတာ နည္းနည္းေတာ့ အၿငီးေျပသြားသည္။ “အင္း.. ဘာပဲျဖစ္ျဖစ္

ခေရပင္ေအာက္က ျဖတ္ၿပီး ပန္းခေရ စာစဥ္တိုက္ကို သြားရတာ လာဘ္ေကာင္းပါတယ္” ဟု မယံုေသာ္လည္း ေတြးလိုက္မိ၏။

ေတြးရင္း ေငးရင္း ေလွ်ာက္လာရင္း ခေရပင္တစ္ပင္၏ ေအာက္မွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး ငိုေနေသာ ကေလးတစ္ေယာက္ကို

ေတြ႔လိုက္ရေသာအခါ ဇာတ္လမ္းေကာင္းတစ္ပုဒ္ကို ခလုတ္တိုက္မိၿပီဟု အလိုလို ခံစားလိုက္ရ၏။ ေကာင္ေလးက အသက္

ဆယ့္ႏွစ္ႏွစ္၊ ဆယ့္သံုးႏွစ္ေလာက္ ရွိမည္။ လံုခ်ည္ဝတ္သင့္ေသာ အရြယ္ျဖစ္ေသာ္လည္း ေဘာင္းဘီတိုကေလးသာ ဝတ္ထားသည္။

အက်ႌကေတာ့ သူ႔ကိုယ္လံုးကိုယ္ထည္ႏွင့္ ႀကီးေနသည္။ အက်ႌလက္ေမာင္း ႏွစ္ဖက္ကို ျဖတ္ထား၏။ ေကာင္ေလး၏ေဘးမွာ

ဗန္းတစ္ခ်ပ္၊ ကြင္းအိတ္ျပဳလုပ္ထားေသာ ပုဆိုးစုတ္တစ္ထည္ႏွင့္ အထဲမွာ အိုးတိုက္ဖြဲျပာ အႂကြင္းအက်န္ အစအနမ်ား။

ေကာင္ေလးအဖို႔ ပုဆိုးတစ္ထည္မွာ ဝတ္ဖို႔ထက္ လုပ္ငန္းသံုးဖို႔ ပိုအေရးႀကီးေပသည္ဟုလည္း ဖ်တ္ခနဲ ေတြးမိေသးသည္။

ေကာင္ေလးအနားမွာ သူရပ္သည္။ “ဘာျဖစ္လို႔ ငိုေနတာလဲ” ေကာင္ေလးက ဖ်တ္ခနဲ ေမာ့ၾကည့္သည္။ သူ႔ကို ျမင္ေသာအခါ

႐ႈိက္သံ ပို၍က်ယ္လာၿပီး.. “ကၽြန္ေတာ္.. ကၽြန္ေတာ့္ကို ပေထြးက တအား႐ိုက္ေတာ့မွာဗ်” ပေထြးဟု ဆိုသျဖင့္ ပို၍ စိတ္ဝင္စားသြား၏။

“ဘာေၾကာင့္ ႐ိုက္မွာလဲ” “အိုးတိုက္ဖြဲျပာေတြ ေမွာက္က်ကုန္လို႔” “ေမွာက္က်ရင္ ျပန္ေကာက္ထည့္လိုက္ေပါ့ကြ” “ရႊံ႕ဗြက္ေတြထဲ

က်သြားတာ၊ ျပန္က်ံဳးလို႔ မရေတာ့ဘူး၊ အိမ္ျပန္ေရာက္လို႔ ပေထြးသိရင္ေတာ့…. ….” စကားကို မဆက္ႏိုင္။ ႐ိႈက္သံသာ ထြက္လာ၏။

သူသည္ အိတ္ကပ္ကို စမ္းလိုက္သည္။ ၿပီးေတာ့ ေကာင္ေလးအနားမွာ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္သည္။ “မင္းဖြဲျပာေတြ

ဘယ္ေလာက္ဖိုးေလာက္ ရွိသလဲ” “တစ္ဆယ္.. တစ္ဆယ္ေက်ာ္ေက်ာ္ေလာက္” သူက အိတ္ထဲက ငါးက်ပ္တန္ကို ထုတ္လိုက္သည္။

“ေရာ့ကြာ.. ငါ့မွာေတာ့ ငါးက်ပ္ေတာ့ ရွိတယ္” “ဟင္” ေကာင္ေလးက အံ့ၾသသြား၏။ မ်က္လံုးေတြ ဝင္းလက္လာသည္။

“ကၽြန္ေတာ့္ကို.. ကၽြန္ေတာ့္ကို..” “မင္း ဘယ္မွာေနတာလဲကြ” ဟု ေတြ႔ဆံုေမးျမန္းခန္းကို စတင္လိုက္သည္။ သံုးဆယ့္သံုးလမ္းထဲ

ခ်ိဳးအဝင္တြင္ အက်င့္ပါေနသည့္အတိုင္း ေရႊၾကည္ေအး လက္ဖက္ရည္ဆိုင္ထဲသို႔ လွမ္းၾကည့္သည္။ တံခါးေပါက္ဘက္ စားပြဲတြင္

ထိုင္ေနေသာ ဆရာဦးမိုးျဖဴကို ေတြ႔လိုက္သည္။ “ဟေကာင္.. ဘယ္သြားမလို႔လဲ၊ လာ.. လက္ဖက္ရည္ ေသာက္သြားဦး”

“ျပန္လာခဲ့မယ္ ဆရာမိုး၊ ပန္းခေရတိုက္ သြားမလို႔” “မသြားနဲ႔၊ မရွိဘူး၊ မႏၲေလးသြားတယ္၊ တနလၤာေန႔မွ ျပန္လာမယ္” သူ

စိတ္ဓာတ္တစ္ဝက္ က်သြားသည္။ တစ္ဝက္ကေတာ့ ဦးမိုးျဖဴဆီက ပိုက္ဆံဆြဲလို႔ ရႏိုင္သည္ဟူေသာ ေမွ်ာ္လင့္ခ်က္ေၾကာင့္

က်န္ေနျခင္းျဖစ္၏။ လက္ဖက္ရည္ဆိုင္ထဲ သူဝင္ထိုင္သည္။ ဦးမိုးျဖဴက လက္ဖက္ရည္လွမ္းမွာၿပီး.. “မင္း စာမူ သြားပို႔မလို႔လား”

“စာမူက မၿပီးေသးပါဘူး၊ ပိုက္ဆံေလး ဘာေလး ႀကိဳေတာင္းရ ေကာင္းမလားလို႔၊ ဇာတ္လမ္းက အခု ဒီကိုလာရင္းနဲ႔မွ ရတာ၊

ေတာ္ေတာ္ေကာင္းတဲ့ အကြက္ကေလးပဲ” “ဆိုစမ္းပါဦး” သူကလည္း သိပ္ေျပာျပခ်င္ေနသည္။ ေကာင္ေလးက ပေထြးျဖင့္ ေနရသည္။

အေမက နာတာရွည္ ေရာဂါသည္။ ပေထြးက အရက္သမား။ အ႐ိုက္ၾကမ္းသည္။ ေကာင္ေလးက အိုးတိုက္ဖဲျြ ပာ ေရာင္းသည္။

ေက်ာင္းမတက္ႏိုင္။ တစ္ေန႔တြင္…. …. ဦးမိုးျဖဴက ကြမ္းတစ္ယာကို ပါးေစာင္မွာငံုရင္း နားေထာင္ေနသည္။ ဇာတ္လမ္းဆံုးေတာ့မွ

ရွည္လ်ားနီရဲေသာ သြားမ်ားကို အရင္းထိေပၚေအာင္ ၿပံဳးၿပီး.. “တိုက္တိုက္ဆိုင္ဆိုင္ကြာ.. ဒီအပတ္ထဲမွာပဲ မင္းေျပာတဲ့ဇာတ္လမ္းမ်ိဳး

ၾကားရတာ ႏွစ္ခါရွိၿပီ” “ဗ်ာ” “ဟုတ္တယ္.. ဟိုတစ္ေန႔ကလည္း ေမာင္စိန္ေသာင္းက ငါ့ကို ေျပာျပေသးတယ္၊ မင္းေျပာတဲ့အတိုင္းပဲ၊

ဒီေကာင္ကမွ ပိုက္ဆံတစ္ဆယ္ ေပးတဲ့အျပင္ ဗယာေၾကာ္ တစ္က်ပ္ဖိုးေတာင္ ဝယ္ေကၽြးခဲ့ေသးတယ္၊ သူေျပာတဲ့ ေကာင္ေလးရဲ႕

ပံုစံအရဆို မင္းေျပာတဲ့ ေကာင္ေလးပဲ ျဖစ္မွာပဲ” “ဘယ္လိုျဖစ္တာလဲဗ်ာ” “ျဖစ္ႏိုင္တာက ပထမဆံုးအခါမွာ တကယ္ပဲ ဖြဲျပာေတြ

ေမွာက္ကုန္မွာပါ၊ ဒီမွာတင္ ေစတနာရွင္တစ္ေယာက္က ပိုက္ဆံေပးလိုက္ပါလိမ့္မယ္၊ ဒီေတာ့မွ ဒီခ်ာတိတ္ အႀကံရၿပီး ဒီနည္းနဲ႔

ဆက္လုပ္စားေနတာ ျဖစ္မွာေပါ့” “ေတာ္ေတာ္ လူလည္က်တဲ့ ေကာင္ေလးပဲဗ်ာ” “အံမယ္.. မင္းကေကာကြ၊ ေကာင္ေလးကို

ငါးက်ပ္ေပးၿပီး သူ႔ဇာတ္လမ္းကို ျပန္ေရးၿပီး ႏွစ္ရာရေအာင္ လုပ္မွာ မဟုတ္လား” မခ်ိၿပံဳး ၿပံဳးလိုက္ရ၏။ “ဒါေပမယ့္ ေရးလို႔

မရေတာ့ဘူးဗ်ာ၊ ကိုစိန္ေသာင္းလည္း ေတြ႔ခဲ့တာပဲ၊ သူေရးမွာေပါ့” “သူေရးမယ္လို႔ေတာ့ မေျပာဘူး၊ ဒါေပမယ့္ ေမာင္စိန္ေသာင္း

အေၾကာင္း မင္းသိသားပဲ၊ သူက အဲဒီအေၾကာင္းကို ေတြ႔သမွ်လူ ေလွ်ာက္ေျပာမွာ၊ ငါ့ကိုေတာင္ အစ္ကို

ေရးခ်င္ေရးပါလားလို႔ ေျပာသြားေသးတယ္၊ ခုေလာက္ဆို တစ္ေယာက္ေယာက္က ျဖတ္အုပ္သြားေလာက္ၿပီ” သူ စိတ္ပ်က္လက္ပ်က္

ျဖစ္သြား၏။ မေန႔က ဦးမိုးျဖဴဆီက ေငြႏွစ္ဆယ့္ငါးက်ပ္ ဆြဲလာသျဖင့္ ဒီေန႔အတြက္ စိတ္ေအးရျခင္း ျဖစ္သည္။ ဘာပဲျဖစ္ျဖစ္

ဝတၳဳတစ္ပုဒ္ေတာ့ ျဖစ္ေအာင္ေရးမည္။ သူ စာေရးစားပြဲမွာ ထိုင္သည္။ ဘာေရးရမည္ မသိေသး။ သူစိတ္ကူးထားခဲ့ေသာ

ဇာတ္လမ္းကေလးေတြ တစ္ခုၿပီးတစ္ခု စဥ္းစားသည္။ ဘယ္ဟာမွ ေရးခ်င္စိတ္မရွိ။ ေရးဖို႔ အတင္းႀကိဳးစားေသာေၾကာင့္

ေရးလို႔မရျခင္းဘဲ ျဖစ္၏။ ထိုစဥ္တြင္ “မီးလံုးမီးေခ်ာင္း အကၽြမ္းေတြ ဝယ္တယ္၊ ေဖာင္တိန္အေဟာင္းေတြ၊ မ်က္မွန္ကိုင္းက်ိဳးေတြ

ဝယ္တယ္ ” ဆိုေသာ အသံႏွင့္အတူ “လာဦး” ဆိုေသာ သူ႔မိန္းမ၏အသံကို ကပ္လ်က္ ၾကားရသည္။ ပလတ္စတစ္

ဆြဲျခင္းအစုတ္ကို ဆြဲလ်က္ ကုလားေလးတစ္ေယာက္ ဝင္လာသည္။ မိန္းမက ဘယ္တုန္းက စုထားမွန္းမသိေသာ မီးလံုးအကၽြမ္းေတြ

ထုတ္လာသည္။ သူလည္း ကုလားေလးကို တစ္ခ်က္ေစာင့္ၾကည့္၏။ အေတြးတစ္ခု ျဖစ္ေပၚလာသည္။ ကုလားေလးကို

အင္တာဗ်ဴးလုပ္ၿပီး ဝတၳဳတစ္ပုဒ္ ေရးထုတ္ဖို႔ေတာ့ မဟုတ္ေခ်။ ပလတ္စတစ္ျခင္းေတာင္းမွာ ခ်ည္ထားေသာ ႀကိဳး၌ အစီအရီ ခ်ိတ္ဆြဲထားေသာ ေဖာင္တိန္ကေလးေတြကို ျမင္ရေသာေၾကာင့္ စိတ္ကူးမိျခင္း ျဖစ္၏။ စားပြဲေပၚရွိ စာရြက္မ်ားေပၚတြင္ သူ႔ေဖာင္တိန္က

အဖံုးဖြင့္လ်က္သား ရွိေနသည္။ ဆယ္တန္းေအာင္တုန္းက ျမန္မာစာ ဂုဏ္ထူးပါသျဖင့္ ၿမိဳ႕နယ္အသင္းက ဆုခ်ထားျခင္း ျဖစ္၏။

ေဆလာအမ်ိဳးအစား နစ္ေပၚတြင္ “၁၇ေက” ဟူေသာ စာလံုးကေလးကို ျမင္ေနရသည္။ ဆယ့္ခုနစ္ကာရက္ ေရႊပါသည္။

ေဈးေကာင္းရႏိုင္သည္။ သူသည္ ခ်ီတံုခ်တံု ျဖစ္ေနရာမွ “သံုးက်ပ္တန္ေဘာလ္ပင္နဲ႔ ေရးလည္း ရသားပဲ” ဟု ဆံုးျဖတ္လိုက္ၿပီး

ေဖာင္တိန္အဖံုး ဖြင့္လ်က္ပင္ ယူသည္။ ကုလားေလး ထိုင္ေနရာသို႔ သြားသည္။ ထို႔ေနာက္ “ဒီေဖာင္တိန္ ဘယ္ေလာက္ေပးမလဲ”

ဟု ေမးလိုက္သည္။

မင္းလူ

credit to က်ြန္ေတာ္ခ်စ္ေသာစာအုပ္မ်ား

 

< Unicode Version >

တစ်အိမ်လုံးမှာ ပိုက်ဆံ ဘယ်လောက်ရှိကြောင်းကို ပြားကစ၍ အတိအကျသိရသည့် အခြေအနေသို့ ရောက်ရှိပြီဖြစ်၏။

ကလေးတွေကို သူတို့အမေက မုန့့်ဖိုး တစ်ယောက်တစ်မတ်စီ ပေးသည်။ ခါတိုင်း သုံးဆယ့်ငါးပြား ပေးနေကျ ဖြစ်သဖြင့်

ကလေးတွေက မကျေနပ်ကြ။ ဘာမျှတော့ မပြောချေ။ ပြောလို့လည်း ဘာမှမထူး၊ ပိုရမည်မဟုတ်မှန်း သိသောကြောင့်

လေကုန်ခံပြီး မပြောကြခြင်း ဖြစ်လိမ့်မည်။ သို့တည်းမဟုတ် သူတို့အမေ စိတ်ထွက်ပြီး ခေါင်းခေါက်မည် စိုးသောကြောင့်လည်း

ဖြစ်ကောင်းဖြစ်နိုင်မည်။ အငယ်ဆုံးကောင်ကတော့ ပိုက်ဆံတစ်မတ်စီကိုင်၍ လှည့်အထွက်တွင်.. “နည်းနည်းလေး ပေးတာ

မလောက်လို့.. များများကြီး ပေးပါဦးလို့” ဟု သီချင်းတစ်ပုဒ်ကို ဖျက်ပြီး မကြားတကြား ဆိုသွားသည်။ လက်ကျန်ငွေမှာ

ငါးကျပ်တန်တစ်ရွက်၊ ကျပ်တန်နှစ်ရွက်၊ ကျပ်ပြားတစ်စေ့၊ ငါးမူးစေ့ (အပေါ့) တစ်စေ့၊ ငါးပြားစေ့က အတွန့်ပါတာ တစ်စေ့နှင့်

ကြေးပြားတစ်စေ့။ ထမင်းဟင်း ချက်ပြုတ်ပြီးဖြစ်၍ ဒီနေ့အတွက်တော့ ပူစရာမလို။ နောက်ရက်တွေအတွက်သာ ရှာရမည်။

“ငါ မြို့ထဲ သွားလိုက်ဦးမယ်ဟေ့” ဟု သူက မိန်းမကို ပြောသည်။ “စာမူခ ရစရာရှိလို့လား” မိန်းမက မျှော်လင့်စွာ မေးသည်။

“ရစရာတော့ မရှိဘူး၊ ပန်းခရေ စာစဉ်တိုက်ကတော့ ဝတ္ထုတိုတစ်ပုဒ် တောင်းထားတာရှိတယ်၊ ငွေကြိုတောင်းလို့ ရရင်လည်းရပေါ့၊

မရလည်း တစ်ယောက်ယောက်ဆီက ဆွဲရမှာပေါ့” ငါးကျပ်တန်တစ်ရွက်နှင့် ငါးမူးစေ့ကို ရှပ်အကျႌအိတ်ထဲ ထည့်ပြီး ထွက်ခဲ့သည်။

မြို့ထဲ ထွက်ခဲ့ရသည့် အကြောင်းရင်းမှာ မိန်းမကို ပြောခဲ့သည့် ကိစ္စအပြင် အိမ်မှာ မနေချင်သောကြောင့်လည်း ဖြစ်သည်။

ပိုက်ဆံမရသောအခါ မိန်းမကို မကြည့်ချင်။ နှစ်ပေါင်းများစွာ ပေါင်းလာခဲ့သောမိန်းမ ဖြစ်သည့်တိုင် ခုလိုအခါမျိုးမှာ မျက်လုံးချင်း

ဆုံရမှာကို မျက်နှာပူသည်။ မိန်းမကလည်း သူရှိနေလျှင် အနေရခက်လိမ့်မည် ထင်သည်။ မိန်းမက ဒါမျိုး ကြုံဖူးပေါင်းများပြီဖြစ်၍

ထူးထူးခြားခြား ပူပန်ခြင်းမရှိ။ ခါတိုင်းလိုပင် တစ်နည်းနည်းနဲ့တော့ ပြေလည်သွားမှာပဲဟု စိတ်ချထားဟန်ရှိ၏။ သူကလည်း

တစ်နေရာရာကတော့ ရမှာပါဟု မျှော်လင့်ထား၏။ ဘာပဲဖြစ်ဖြစ် အိမ်မှာ ဒီအတိုင်း ထိုင်နေရတာ နှစ်ယောက်စလုံး စိတ်ကျဉ်းကျပ်စရာ

ဖြစ်နိုင်သည်။ ပြီးတော့ မြို့ထဲရောက်လျှင် မဂ္ဂဇင်းတိုက်မှာ ဖြစ်စေ၊ လက်ဖက်ရည်ဆိုင်မှာ ဖြစ်စေ စာရေးဆရာ အပေါင်းအသင်း

တစ်ယောက်ယောက်နှင့် ဆုံနိုင်သည်။ စာအကြောင်းပေအကြောင်း စက္ကူအကြောင်း ပြောရင်းနှင့် စိတ်အပန်းဖြေနိုင်သည်။

လက်ဖက်ရည်တိုက်မည့်သူတော့ ကျိန်းသေတွေ့ မည်ပင်။ ကံကောင်းလျှင် ညနေပိုင်းအတွက် ဖိတ်ခေါ်ခြင်းပင် ခံရနိုင်သည်။ အိမ်က

ထွက်လာရသည့် ပဓာန အကြောင်းရင်းကတော့ ပိုက်ဆံရှာရန်နှင့် ဇာတ်လမ်းကုန်ကြမ်း ရှာရန်ပင် ဖြစ်၏။ သူ့စိတ်ကူးက

ပန်းခရေ စာစဉ်တိုက်ကို ဝင်ပြီး စာမူခ ကြိုတောင်းမည်။ ပန်းခရေ စာစဉ်တိုက်၏ မူက စာမူပေး ငွေချေစနစ် ဖြစ်သည်။ နက်ဖြန်

ဆက်ဆက် စာမူလာပေးမည်ဆိုလျှင် ငွေထုတ်ပေးနိုင်စရာ အကြောင်းရှိ၏။ နက်ဖြန် စာမူပေးဖို့ဆိုလျှင် ဒီညနှင့် နက်ဖြန်နံနက်

ပြီးအောင်ရေးရမည်။ ထိုအတွက် ဇာတ်လမ်းလိုသည်။ ရေးရဖန်များသဖြင့် ဇာတ်လမ်းအကြောင်းအရာ ရှားပါးလာသည်။

စိတ်ကူးထားတာလေးတွေတော့ ရှိသည်။ တချို့က အချက်အလက် မစုံလင်သေး။ တချို့ကျတော့ ဈာန်သွင်းလို့မရ။ မနက်တုန်းက

စိတ်ကူးတစ်ခုကို ဝတ္ထုအဖြစ် စိတ်ကူးရေးကြည့်သေးသည်။ ဘယ်လိုမှ လမိုင်းမကပ်။ သူ့မှာ ဖြစ်ဖူးတာရှိသည်။ သွားရင်းလာရင်းက

တွေ့ကြံုလိုက်ရသည့် အကွက်ကလေး တစ်ခုကို ချက်ချင်း ကောက်ရေးလိုက်ရာ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်သွားတတ်၏။ မိမိ၏ဆန္ဒနှင့်

ဇာတ်လမ်းဇာတ်ကွက်တို့ အံဝင်ခွင်ကျ ဖြစ်သွားရခြင်းပင်။ ဒါမျိုးက အမြဲတော့မဖြစ်၊ ရံဖန်ရံခါကျမှ။ ဒီနေ့တော့ ကံကောင်းထောက်မစွာ

ကြံုဆုံကောင်းပါရဲ့။ သူသည် ဝတ္ထုတိုသမား၊ တစ်နည်းအားဖြင့် မဂ္ဂဇင်း စာရေးဆရာ ဖြစ်သည်။ လုံးချင်းဝတ္ထု စာရေးဆရာတွေလို

မြိုးမြိုးမြက်မြက် မရချေ။ သူတို့၏ အားကိုးရာသည် မဂ္ဂဇင်းများနှင့် “တင်ထုတ်” ဟု ဆိုနေကြသော ဝတ္ထုတိုစာစဉ်များသာ ဖြစ်သည်။

ထိုစာအုပ်တွေမှာ တစ်လတစ်လ သုံးလေးပုဒ် ပါနိုင်အောင် ကြိုးစားရသည်။ ရုပ်ပြဇာတ်လမ်းများ၊ ကက်ဆက်ခွေဇာတ်လမ်းများ

ရောင်းရပါမှ ခုသာခံသာ ရှိ၏။ မဂ္ဂဇင်းများမှာ ဝတ္ထုတိုတစ်ပုဒ်အတွက် အမြင့်ဆုံး ပေးသောနှုန်းမှာ နှစ်ရာဖြစ်သည်။ မဂ္ဂဇင်းတစ်အုပ်

နှစ်ကျပ်နှင့် ရောင်းသောအချိန်က အမြင့်ဆုံးသောပေးနှုန်းနှင့် အတူတူပင် ဖြစ်၏။ ယခုအခါတွင် မဂ္ဂဇင်းတစ်အုပ်၏

အနိမ့်ဆုံးရောင်းဈေးမှာ ဆယ့်နှစ်ကျပ်။ မဂ္ဂဇင်းတွေကလည်း စက္ကူတစ်ထုပ် ခုနစ်ကျပ်ခွဲမှ ကိုးဆယ်တစ်ရာအထိ၊ အပြင်ဈေး၌

သုံးရာကျပ်အထိ ဖြစ်လာသည်ကို ထောက်ပြကြသည်။ တချို့မဂ္ဂဇင်းတွေက ထွက်သည့်နေ့တွင် စာအုပ်နှင့် စာမူခကို

တစ်ခါတည်းပေးသည်။ တချို့က တစ်ပတ်ဆယ်ရက် ချိန်းသည်။ တချို့မဂ္ဂဇင်းများကျတော့ ထွက်ရက် နောက်ကျသည့်အပြင်

စာမူခပေးရန် ရက်ထပ်ချိန်းသဖြင့် လလယ်လောက်မှပင် ရတော့သည်။ စာပေမဂ္ဂဇင်းတစ်စောင်က ဝတ္ထုတိုစာမူခကို သုံးရာထိ

တိုးပေးသဖြင့် ဝမ်းသာနေကြတုန်း အကြောင်းကြောင်းကြောင့် နှစ်ရာသို့ ပြန်လျှော့လိုက်ရသည်ဟူသော ဝမ်းနည်းဖွယ်သတင်းကို

ကြားရပြန်သည်။ စာမူခ ပြန်မလျှော့ပါရန် အသနားခံလိုသော်လည်း အသနားခံနိုင်လောက်သည့် သြဇာအရှိန်အဝါ သူ့မှာမရှိချေ။

သူတို့ သူတို့မှာလည်း ဆိုင်ရာဆိုင်ရာ အခက်အခဲတေ ွ ရှိနေလို့ နေမှာပေါ့ဟု ဖြေတွေးရ၏။ သူတွေးနေတုန်းမှာ မှတ်တိုင်သို့

ဘတ်စ်ကားတစ်စီး ဆိုက်လာသည်။ ရုံးတက်ချိန် လွန်ခဲ့ပြီဖြစ်၍ အထူးကျပ်သည့် အနေအထားမျိုး မဟုတ်တော့။

တိုးဝှေ့တက်လို့ရသည်။ ရပ်စရာနေရာ တစ်နေရာရ၍ အသားကျသောအခါ ကားခကို ကျပ်တန်ပေးရင် ကောင်းမလား၊

အကြွေပေးရင် ကောင်းမလား စဉ်းစားသည်။ ပြားလေးဆယ်ခရီးကို ကျပ်တန်ပေးလျှင် ငါးမူးသာ ပြန်အမ်းမည်။

ထို့ကြောင့် ငါးမူးစေ့ပေးလိုက်သည်။ စပယ်ယာက လက်မှတ် လှမ်းပေးသည်။ ကိုင်လိုက်ကတည်းက လက်မှတ်ကြားမှာ

ပြန်အမ်းငွေဆယ်ပြား ပါမလာကြောင်း သိလိုက်သည်။ ပြန်ပြောလျှင်လည်း “ဆယ်ပြားလောက်ကို ပြန်တောင်းနေရသလားဗျာ”

ဟု အရိခံရပေဦးမည်။ သူသွားလိုသည့် (၃၃)လမ်း အထက်လမ်းသို့ တိုက်ရိုက်ရောက်လိုလျှင် ကားတစ်ဆင့် ထပ်စီးရမည်။

နောက်ထပ်ပြားလေးဆယ် အကုန်မခံချင်သဖြင့် ကုန်သည်လမ်းဘက်မှ မှတ်တိုင်မှာ ဆင်းပြီး လမ်းလျှောက်လာခဲ့သည်။

ခရေပင်တန်းတွေ ရှိနေသော ပန်းဆိုးတန်းလမ်းအတိုင်း လျှောက်ရတာ နည်းနည်းတော့ အငြီးပြေသွားသည်။ “အင်း.. ဘာပဲဖြစ်ဖြစ်

ခရေပင်အောက်က ဖြတ်ပြီး ပန်းခရေ စာစဉ်တိုက်ကို သွားရတာ လာဘ်ကောင်းပါတယ်” ဟု မယုံသော်လည်း တွေးလိုက်မိ၏။

တွေးရင်း ငေးရင်း လျှောက်လာရင်း ခရေပင်တစ်ပင်၏ အောက်မှာ ဆောင့်ကြောင့်ထိုင်ပြီး ငိုနေသော ကလေးတစ်ယောက်ကို

တွေ့လိုက်ရသောအခါ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ခလုတ်တိုက်မိပြီဟု အလိုလို ခံစားလိုက်ရ၏။ ကောင်လေးက အသက်

ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်လောက် ရှိမည်။ လုံချည်ဝတ်သင့်သော အရွယ်ဖြစ်သော်လည်း ဘောင်းဘီတိုကလေးသာ ဝတ်ထားသည်။

အကျႌကတော့ သူ့ကိုယ်လုံးကိုယ်ထည်နှင့် ကြီးနေသည်။ အကျႌလက်မောင်း နှစ်ဖက်ကို ဖြတ်ထား၏။ ကောင်လေး၏ဘေးမှာ

ဗန်းတစ်ချပ်၊ ကွင်းအိတ်ပြုလုပ်ထားသော ပုဆိုးစုတ်တစ်ထည်နှင့် အထဲမှာ အိုးတိုက်ဖွဲပြာ အကြွင်းအကျန် အစအနများ။

ကောင်လေးအဖို့ ပုဆိုးတစ်ထည်မှာ ဝတ်ဖို့ထက် လုပ်ငန်းသုံးဖို့ ပိုအရေးကြီးပေသည်ဟုလည်း ဖျတ်ခနဲ တွေးမိသေးသည်။

ကောင်လေးအနားမှာ သူရပ်သည်။ “ဘာဖြစ်လို့ ငိုနေတာလဲ” ကောင်လေးက ဖျတ်ခနဲ မော့ကြည့်သည်။ သူ့ကို မြင်သောအခါ

ရှိုက်သံ ပို၍ကျယ်လာပြီး.. “ကျွန်တော်.. ကျွန်တော့်ကို ပထွေးက တအားရိုက်တော့မှာဗျ” ပထွေးဟု ဆိုသဖြင့် ပို၍ စိတ်ဝင်စားသွား၏။

“ဘာကြောင့် ရိုက်မှာလဲ” “အိုးတိုက်ဖွဲပြာတွေ မှောက်ကျကုန်လို့” “မှောက်ကျရင် ပြန်ကောက်ထည့်လိုက်ပေါ့ကွ” “ရွှံ့ဗွက်တွေထဲ

ကျသွားတာ၊ ပြန်ကျံုးလို့ မရတော့ဘူး၊ အိမ်ပြန်ရောက်လို့ ပထွေးသိရင်တော့…. ….” စကားကို မဆက်နိုင်။ ရှိုက်သံသာ ထွက်လာ၏။

သူသည် အိတ်ကပ်ကို စမ်းလိုက်သည်။ ပြီးတော့ ကောင်လေးအနားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ “မင်းဖွဲပြာတွေ

ဘယ်လောက်ဖိုးလောက် ရှိသလဲ” “တစ်ဆယ်.. တစ်ဆယ်ကျော်ကျော်လောက်” သူက အိတ်ထဲက ငါးကျပ်တန်ကို ထုတ်လိုက်သည်။

“ရော့ကွာ.. ငါ့မှာတော့ ငါးကျပ်တော့ ရှိတယ်” “ဟင်” ကောင်လေးက အံ့သြသွား၏။ မျက်လုံးတွေ ဝင်းလက်လာသည်။

“ကျွန်တော့်ကို.. ကျွန်တော့်ကို..” “မင်း ဘယ်မှာနေတာလဲကွ” ဟု တွေ့ဆုံမေးမြန်းခန်းကို စတင်လိုက်သည်။ သုံးဆယ့်သုံးလမ်းထဲ

ချိုးအဝင်တွင် အကျင့်ပါနေသည့်အတိုင်း ရွှေကြည်အေး လက်ဖက်ရည်ဆိုင်ထဲသို့ လှမ်းကြည့်သည်။ တံခါးပေါက်ဘက် စားပွဲတွင်

ထိုင်နေသော ဆရာဦးမိုးဖြူကို တွေ့လိုက်သည်။ “ဟကောင်.. ဘယ်သွားမလို့လဲ၊ လာ.. လက်ဖက်ရည် သောက်သွားဦး”

“ပြန်လာခဲ့မယ် ဆရာမိုး၊ ပန်းခရေတိုက် သွားမလို့” “မသွားနဲ့၊ မရှိဘူး၊ မန္တလေးသွားတယ်၊ တနင်္လာနေ့မှ ပြန်လာမယ်” သူ

စိတ်ဓာတ်တစ်ဝက် ကျသွားသည်။ တစ်ဝက်ကတော့ ဦးမိုးဖြူဆီက ပိုက်ဆံဆွဲလို့ ရနိုင်သည်ဟူသော မျှော်လင့်ချက်ကြောင့်

ကျန်နေခြင်းဖြစ်၏။ လက်ဖက်ရည်ဆိုင်ထဲ သူဝင်ထိုင်သည်။ ဦးမိုးဖြူက လက်ဖက်ရည်လှမ်းမှာပြီး.. “မင်း စာမူ သွားပို့မလို့လား”

“စာမူက မပြီးသေးပါဘူး၊ ပိုက်ဆံလေး ဘာလေး ကြိုတောင်းရ ကောင်းမလားလို့၊ ဇာတ်လမ်းက အခု ဒီကိုလာရင်းနဲ့မှ ရတာ၊

တော်တော်ကောင်းတဲ့ အကွက်ကလေးပဲ” “ဆိုစမ်းပါဦး” သူကလည်း သိပ်ပြောပြချင်နေသည်။ ကောင်လေးက ပထွေးဖြင့် နေရသည်။

အမေက နာတာရှည် ရောဂါသည်။ ပထွေးက အရက်သမား။ အရိုက်ကြမ်းသည်။ ကောင်လေးက အိုးတိုက်ဖြွဲ ပာ ရောင်းသည်။

ကျောင်းမတက်နိုင်။ တစ်နေ့တွင်…. …. ဦးမိုးဖြူက ကွမ်းတစ်ယာကို ပါးစောင်မှာငုံရင်း နားထောင်နေသည်။ ဇာတ်လမ်းဆုံးတော့မှ

ရှည်လျားနီရဲသော သွားများကို အရင်းထိပေါ်အောင် ပြံုးပြီး.. “တိုက်တိုက်ဆိုင်ဆိုင်ကွာ.. ဒီအပတ်ထဲမှာပဲ မင်းပြောတဲ့ဇာတ်လမ်းမျိုး

ကြားရတာ နှစ်ခါရှိပြီ” “ဗျာ” “ဟုတ်တယ်.. ဟိုတစ်နေ့ကလည်း မောင်စိန်သောင်းက ငါ့ကို ပြောပြသေးတယ်၊ မင်းပြောတဲ့အတိုင်းပဲ၊

ဒီကောင်ကမှ ပိုက်ဆံတစ်ဆယ် ပေးတဲ့အပြင် ဗယာကြော် တစ်ကျပ်ဖိုးတောင် ဝယ်ကျွေးခဲ့သေးတယ်၊ သူပြောတဲ့ ကောင်လေးရဲ့

ပုံစံအရဆို မင်းပြောတဲ့ ကောင်လေးပဲ ဖြစ်မှာပဲ” “ဘယ်လိုဖြစ်တာလဲဗျာ” “ဖြစ်နိုင်တာက ပထမဆုံးအခါမှာ တကယ်ပဲ ဖွဲပြာတွေ

မှောက်ကုန်မှာပါ၊ ဒီမှာတင် စေတနာရှင်တစ်ယောက်က ပိုက်ဆံပေးလိုက်ပါလိမ့်မယ်၊ ဒီတော့မှ ဒီချာတိတ် အကြံရပြီး ဒီနည်းနဲ့

ဆက်လုပ်စားနေတာ ဖြစ်မှာပေါ့” “တော်တော် လူလည်ကျတဲ့ ကောင်လေးပဲဗျာ” “အံမယ်.. မင်းကကောကွ၊ ကောင်လေးကို

ငါးကျပ်ပေးပြီး သူ့ဇာတ်လမ်းကို ပြန်ရေးပြီး နှစ်ရာရအောင် လုပ်မှာ မဟုတ်လား” မချိပြံုး ပြံုးလိုက်ရ၏။ “ဒါပေမယ့် ရေးလို့

မရတော့ဘူးဗျာ၊ ကိုစိန်သောင်းလည်း တွေ့ခဲ့တာပဲ၊ သူရေးမှာပေါ့” “သူရေးမယ်လို့တော့ မပြောဘူး၊ ဒါပေမယ့် မောင်စိန်သောင်း

အကြောင်း မင်းသိသားပဲ၊ သူက အဲဒီအကြောင်းကို တွေ့သမျှလူ လျှောက်ပြောမှာ၊ ငါ့ကိုတောင် အစ်ကို

ရေးချင်ရေးပါလားလို့ ပြောသွားသေးတယ်၊ ခုလောက်ဆို တစ်ယောက်ယောက်က ဖြတ်အုပ်သွားလောက်ပြီ” သူ စိတ်ပျက်လက်ပျက်

ဖြစ်သွား၏။ မနေ့က ဦးမိုးဖြူဆီက ငွေနှစ်ဆယ့်ငါးကျပ် ဆွဲလာသဖြင့် ဒီနေ့အတွက် စိတ်အေးရခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်

ဝတ္ထုတစ်ပုဒ်တော့ ဖြစ်အောင်ရေးမည်။ သူ စာရေးစားပွဲမှာ ထိုင်သည်။ ဘာရေးရမည် မသိသေး။ သူစိတ်ကူးထားခဲ့သော

ဇာတ်လမ်းကလေးတွေ တစ်ခုပြီးတစ်ခု စဉ်းစားသည်။ ဘယ်ဟာမှ ရေးချင်စိတ်မရှိ။ ရေးဖို့ အတင်းကြိုးစားသောကြောင့်

ရေးလို့မရခြင်းဘဲ ဖြစ်၏။ ထိုစဉ်တွင် “မီးလုံးမီးချောင်း အကျွမ်းတွေ ဝယ်တယ်၊ ဖောင်တိန်အဟောင်းတွေ၊ မျက်မှန်ကိုင်းကျိုးတွေ

ဝယ်တယ် ” ဆိုသော အသံနှင့်အတူ “လာဦး” ဆိုသော သူ့မိန်းမ၏အသံကို ကပ်လျက် ကြားရသည်။ ပလတ်စတစ်

ဆွဲခြင်းအစုတ်ကို ဆွဲလျက် ကုလားလေးတစ်ယောက် ဝင်လာသည်။ မိန်းမက ဘယ်တုန်းက စုထားမှန်းမသိသော မီးလုံးအကျွမ်းတွေ

ထုတ်လာသည်။ သူလည်း ကုလားလေးကို တစ်ချက်စောင့်ကြည့်၏။ အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ ကုလားလေးကို

အင်တာဗျူးလုပ်ပြီး ဝတ္ထုတစ်ပုဒ် ရေးထုတ်ဖို့တော့ မဟုတ်ချေ။ ပလတ်စတစ်ခြင်းတောင်းမှာ ချည်ထားသော ကြိုး၌ အစီအရီ ချိတ်ဆွဲထားသော ဖောင်တိန်ကလေးတွေကို မြင်ရသောကြောင့် စိတ်ကူးမိခြင်း ဖြစ်၏။ စားပွဲပေါ်ရှိ စာရွက်များပေါ်တွင် သူ့ဖောင်တိန်က

အဖုံးဖွင့်လျက်သား ရှိနေသည်။ ဆယ်တန်းအောင်တုန်းက မြန်မာစာ ဂုဏ်ထူးပါသဖြင့် မြို့နယ်အသင်းက ဆုချထားခြင်း ဖြစ်၏။

ဆေလာအမျိုးအစား နစ်ပေါ်တွင် “၁၇ကေ” ဟူသော စာလုံးကလေးကို မြင်နေရသည်။ ဆယ့်ခုနစ်ကာရက် ရွှေပါသည်။

ဈေးကောင်းရနိုင်သည်။ သူသည် ချီတုံချတုံ ဖြစ်နေရာမှ “သုံးကျပ်တန်ဘောလ်ပင်နဲ့ ရေးလည်း ရသားပဲ” ဟု ဆုံးဖြတ်လိုက်ပြီး

ဖောင်တိန်အဖုံး ဖွင့်လျက်ပင် ယူသည်။ ကုလားလေး ထိုင်နေရာသို့ သွားသည်။ ထို့နောက် “ဒီဖောင်တိန် ဘယ်လောက်ပေးမလဲ”

ဟု မေးလိုက်သည်။

မင်းလူ

credit to ကျွန်တော်ချစ်သောစာအုပ်များ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

18 − 17 =