“ၿမန္မာလေတြအေၾကာင္း(အမည္မ်ားရဲ႕ ေနာက္ကြယ္)”

ေရးသားသူ – ရဲသွ်မ္း

တန္ခူး…

————

ဆရာႀကီး ဦးဖိုးလတ္က ထန္းသီးေတြခူးတဲ့လမို႔ ထန္းခူးလကေန တန္ခူး ျဖစ္လာတယ္လို႔ ဆိုတယ္။ ပညာရွိတစ္ဦးျဖစ္တဲ့

ေလွသင္းအတြင္းဝန္မင္းကေတာ့ မိန္ရာသီကေနမိႆရာသီေျပာင္းတဲ့အတာ ကူးတဲ့လမို႔တာကူးလ၊ ေနာက္တန္ခူးလ

ျဖစ္သြားတယ္လို႔ ေျပာပါတယ္။

ကဆုန္

————

ကုဆုန္ကေနျဖစ္လာတာတဲ့။ ကုဆိုတာ ေရ၊ ဆုန္က စုဆင္းျခင္း။ အဓိပၸာယ္ကေတာ့ ေရသြန္းေလာင္းတဲ့လေပါ့။

ဒါေၾကာင့္ ကဆုန္လ ေညာင္ေရသြန္းပြဲလို႔ ဆိုခဲ့တာ မဟုတ္လား။

နယုန္..

နံယုန္ကေန နယုန္ျဖစ္တာသားရဲ႕။ နံက အခ်ိန္ကာလ၊ ယုန္က မိုးေရစီးဆင္းျခင္းတဲ့။ ေျပာရရင္ မိုးရြာတဲ့လေပါ့။

ဝါဆို…

———-

ပါဠိစာေပမွာ ဝါ က ေနျခင္းေလ၊ ဆို က ရြတ္ဆိုတာေပါ့သားရယ္။ ဒါေၾကာင့္ ရဟန္းေတာ္ မ်ားဟာ သူတို႔ရဲ႕

ေက်ာင္းမွာပဲေနၿပီး တရားဓမၼမ်ားကို ရြတ္ဆိုေနၾကတဲ့လလို႔ ဆိုလာတာေပါ့။

ဝါေခါင္…

————-

ဝါတြင္း(၃)လရဲ႕ အလယ္လ။ ေက်ာက္စာေတြမွာေတာ့ နံကာ တဲ့။ နံဆိုတာ အခ်ိန္ကာလ။ ကာ က လယ္ယာလုပ္ငန္းဆိုေတာ့

လယ္ယာလုပ္ငန္းခြင္ဝင္တဲ့လလို႔ ဆိုလိုတာပဲ။မိုးေတြၿဖိဳင္ၿဖိဳင္ရြာတဲ့လ မို႔လယ္သမားႀကီးေတြလယ္ယာလုပ္ငန္းခြင္ဝင္ေနၾကပါတယ္။

ေတာ္သလင္း..

. ——————–

ေတာ္ ဆိုတာက ျမင့္ျမတ္တာကို ေျပာတာ။ သလင္းက သာလင္းကေန လာတာ ေလ။ သာယာထြန္းလင္းသည္လို႔

အဓိပၸာယ္ေဖာ္ေဆာင္တာဆိုေတာ့ ရဟန္းသံဃာေတြ ဝါတြင္းကာလတရား အားထုတ္၊ ဗု ဒၶဘာသာဝင္ေတြ

ဥပုသ္သီလေဆာက္တည္မႈ အထြတ္အထိပ္ဆံုးေရာက္တဲ့အခ်ိန္မို႔ ျမင့္ျမတ္တဲ့ သာသနာေရာင္ဝါထြန္းလင္းတဲ့ လ။

သီတင္းကြၽတ္..

——————

ဥပုသ္သီတင္းေဆာက္တည္မႈ၊ ရဟန္းသံဃာေတြ ကိုယ့္ေက်ာင္းမွာတင္ တရားအားထုတ္မႈစတဲ့ ဝါတြင္းကာလၿပီးေျမာက္တဲ့

သီတင္းသံုးေနထိုင္ျခင္း ကြၽတ္လြတ္တဲ့လမို႔ သီတင္းကြၽတ္ လို႔ ေခၚတာေပါ့။

တန္ေဆာင္မုန္း…

———————

ေရွးတုန္းက တန္ေဆာင္မႈန္းလို႔ ေရးခဲ့တယ္တဲ့…။ တန္ေဆာင္ဆိုတာ မီး႐ႈးမီးတိုင္ကေပးတဲ့ အလင္းေရာင္၊ မႈန္းက ခ်ယ္မႈန္း

သည္ဆိုေတာ့ ။ ေကာင္းကင္ႀကီး တစ္ခုလံုးဟာ မီး႐ႈးမီးပန္းေတြနဲ႔ ခ်ယ္မႈန္းထား ေလာက္ေအာင္ လင္းလက္တဲ့လေပါ့။

မီးပံုးပ်ံေတြ ေစလႊတ္ၾက၊ မီး႐ႈးမီးပန္းေတြပစ္ေဖာက္ၾကတန္ေဆာင္မုန္းလျပည့္မွာ ျပည့္တဲ့လက (၁၂)လရာသီမွာအျပည့္ဆံုးလတဲ့ ေလ။

ဒါေၾကာင့္ ေဆးဖက္ဝင္သစ္ ပင္ေတြ ေဆးေပါင္းခတဲ့ညလို႔ေတာင္ ဆိုၾကတယ္။

နတ္ေတာ္.

—————-

နတ္ေတြကို ပူေဇာ္တဲ့လလို႔ ေျပာၾကတယ္။ ဆရာႀကီး ဦးဖိုးလတ္က မင္းမဟာဂီရိ ေမာင္ႏွမ လူပူေဇာ္တယ္လို႔ဆိုတယ္။

ေလွသင္းအတြင္းဝန္မင္းက မဟာပိႏၷဲနတ္ကို ပူေဇာ္တာတဲ့။

ျပာသို.

————–

ျပာသို ကလာတာတဲ့။ ပါႅက ပ်ားဖေယာင္းကိုေျပာတာ။ သိုက သိုေလွာင္ျခင္းေပါ့။ ပ်ားဖေယာင္းေတြ အမ်ားဆံုးစုေဆာင္းလို႔ရတဲ့လေပါ့။

တပို႔တြဲ.

————

ထန္းဖူး ထန္းခိုင္ ထန္းပိုတြဲက်တဲ့လမို႔ ထန္းပို႔တြဲကေန တပို႔တြဲျဖစ္လာတာပဲ။

 

တေပါင္း

————

ထန္းရည္ေတြလိႈင္လိႈင္ထြက္ၿပီး ထန္းရည္ေတြကို စုေပါင္းက်ိဳခ်က္တဲ့လမို႔ ထန္းေပါင္း ကေန တေပါင္း ျဖစ္လာတာတဲ့။

ကိုယ့္ႏိုင္ငံရဲ႕ လေတြအေၾကာင္းကေတာ့ သိကိုသိရမွာလို႔ ျမန္မာလအမည္ေတြကို ဘာေၾကာင့္၊ ဘယ္လိုေခၚဆိုခဲ့သလဲဆိုတာ

သူငယ္ခ်င္းေတြကိုလည္း လက္ဆင့္ကမ္းမွ်ေဝလိုက္ပါအံုး ေနာ္။

#သုတဇုန္

< Unicode Version >

ရေးသားသူ – ရဲသျှမ်း

တန်ခူး…

————

ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ ဆိုတယ်။ ပညာရှိတစ်ဦးဖြစ်တဲ့

လှေသင်းအတွင်းဝန်မင်းကတော့ မိန်ရာသီကနေမိဿရာသီပြောင်းတဲ့အတာ ကူးတဲ့လမို့တာကူးလ၊ နောက်တန်ခူးလ

ဖြစ်သွားတယ်လို့ ပြောပါတယ်။

ကဆုန်

————

ကုဆုန်ကနေဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့ ရေသွန်းလောင်းတဲ့လပေါ့။

ဒါကြောင့် ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။

နယုန်..

နံယုန်ကနေ နယုန်ဖြစ်တာသားရဲ့။ နံက အချိန်ကာလ၊ ယုန်က မိုးရေစီးဆင်းခြင်းတဲ့။ ပြောရရင် မိုးရွာတဲ့လပေါ့။

ဝါဆို…

———-

ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့သားရယ်။ ဒါကြောင့် ရဟန်းတော် များဟာ သူတို့ရဲ့

ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့ ဆိုလာတာပေါ့။

ဝါခေါင်…

————-

ဝါတွင်း(၃)လရဲ့ အလယ်လ။ ကျောက်စာတွေမှာတော့ နံကာ တဲ့။ နံဆိုတာ အချိန်ကာလ။ ကာ က လယ်ယာလုပ်ငန်းဆိုတော့

လယ်ယာလုပ်ငန်းခွင်ဝင်တဲ့လလို့ ဆိုလိုတာပဲ။မိုးတွေဖြိုင်ဖြိုင်ရွာတဲ့လ မို့လယ်သမားကြီးတွေလယ်ယာလုပ်ငန်းခွင်ဝင်နေကြပါတယ်။

တော်သလင်း..

. ——————–

တော် ဆိုတာက မြင့်မြတ်တာကို ပြောတာ။ သလင်းက သာလင်းကနေ လာတာ လေ။ သာယာထွန်းလင်းသည်လို့

အဓိပ္ပာယ်ဖော်ဆောင်တာဆိုတော့ ရဟန်းသံဃာတွေ ဝါတွင်းကာလတရား အားထုတ်၊ ဗု ဒ္ဓဘာသာဝင်တွေ

ဥပုသ်သီလဆောက်တည်မှု အထွတ်အထိပ်ဆုံးရောက်တဲ့အချိန်မို့ မြင့်မြတ်တဲ့ သာသနာရောင်ဝါထွန်းလင်းတဲ့ လ။

သီတင်းကျွတ်..

——————

ဥပုသ်သီတင်းဆောက်တည်မှု၊ ရဟန်းသံဃာတွေ ကိုယ့်ကျောင်းမှာတင် တရားအားထုတ်မှုစတဲ့ ဝါတွင်းကာလပြီးမြောက်တဲ့

သီတင်းသုံးနေထိုင်ခြင်း ကျွတ်လွတ်တဲ့လမို့ သီတင်းကျွတ် လို့ ခေါ်တာပေါ့။

တန်ဆောင်မုန်း…

———————

ရှေးတုန်းက တန်ဆောင်မှုန်းလို့ ရေးခဲ့တယ်တဲ့…။ တန်ဆောင်ဆိုတာ မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်းက ချယ်မှုန်း

သည်ဆိုတော့ ။ ကောင်းကင်ကြီး တစ်ခုလုံးဟာ မီးရှုးမီးပန်းတွေနဲ့ ချယ်မှုန်းထား လောက်အောင် လင်းလက်တဲ့လပေါ့။

မီးပုံးပျံတွေ စေလွှတ်ကြ၊ မီးရှုးမီးပန်းတွေပစ်ဖောက်ကြတန်ဆောင်မုန်းလပြည့်မှာ ပြည့်တဲ့လက (၁၂)လရာသီမှာအပြည့်ဆုံးလတဲ့ လေ။

ဒါကြောင့် ဆေးဖက်ဝင်သစ် ပင်တွေ ဆေးပေါင်းခတဲ့ညလို့တောင် ဆိုကြတယ်။

နတ်တော်.

—————-

နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီး ဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမ လူပူဇော်တယ်လို့ဆိုတယ်။

လှေသင်းအတွင်းဝန်မင်းက မဟာပိန္နဲနတ်ကို ပူဇော်တာတဲ့။

ပြာသို.

————–

ပြာသို ကလာတာတဲ့။ ပါ္လက ပျားဖယောင်းကိုပြောတာ။ သိုက သိုလှောင်ခြင်းပေါ့။ ပျားဖယောင်းတွေ အများဆုံးစုဆောင်းလို့ရတဲ့လပေါ့။

တပို့တွဲ.

————

ထန်းဖူး ထန်းခိုင် ထန်းပိုတွဲကျတဲ့လမို့ ထန်းပို့တွဲကနေ တပို့တွဲဖြစ်လာတာပဲ။

တပေါင်း

————

ထန်းရည်တွေလှိုင်လှိုင်ထွက်ပြီး ထန်းရည်တွေကို စုပေါင်းကျိုချက်တဲ့လမို့ ထန်းပေါင်း ကနေ တပေါင်း ဖြစ်လာတာတဲ့။

ကိုယ့်နိုင်ငံရဲ့ လတွေအကြောင်းကတော့ သိကိုသိရမှာလို့ မြန်မာလအမည်တွေကို ဘာကြောင့်၊ ဘယ်လိုခေါ်ဆိုခဲ့သလဲဆိုတာ

သူငယ်ချင်းတွေကိုလည်း လက်ဆင့်ကမ်းမျှဝေလိုက်ပါအုံး နော်။

#သုတဇုန်

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

1 × five =