လူေတြ ဘာေၾကာင့္ ေဒါသထြက္ရင္ ေအာ္ေျပာသလဲ?


(တန္ဖိုးမျဖတ္ႏိုင္တဲ႔ စာသားေလးမို႔ ဖတ္ျဖစ္ေအာင္ဖတ္ခဲ႔ပါ။)

တစ္ေန႔သ၌ သူေတာ္စင္တစ္ပါးႏွင့္ တပည့္ေယာဂီတစ္စု တို႔သည္ ျမစ္ဆိပ္သို႔ ေရခ်ိဳးရန္ထြက္လာ ၾကသည္။

ျမစ္ဆိပ္သို႔ ေရာက္ေသာ္ တစ္ေယာက္ကို တစ္ေယာက္ ေဒါသတႀကီးႏွင့္ ေအာ္ေနၾကေသာ မိသားစုတစ္စုကို ေတြ႕ေလ၏။
ဤတြင္ သူေတာ္စင္သည္ တပည့္တို႔ဖက္သို႔လွည့္၍ အျပံဳးျဖင့္ ေမး၏။

“တပည့္တို႔… လူေတြဟာ ဘာအတြက္ေၾကာင့္ ေဒါသထြက္ရင္ တစ္ေယာက္ နဲ႔ တစ္ေယာက္ ေအာ္ေျပာၾကလဲ သိၾကသလား?”

ေယာဂီေတြဟာ ေခတၱမွ် စဥ္းစားၾကၿပီးေတာ့ တစ္ေယာက္ ေသာ ေယာဂီက ထေျပာတယ္။
“တပည့္ေတာ္ထင္တာေတာ့… တည္ၿငိမ္ရင့္က်က္မႈဟာ
ေဒါသ ျဖစ္စဥ္ ခနမွာ ေပ်ာက္သြားတဲ့ အတြက္
ေၾကာင့္ လူေတြ ေအာ္ရတယ္ ထင္ပါတယ္”

ဒီအခါမွာ သူေတာ္စင္က ျပန္ေမးတယ္။
“ဒါေပမယ့္လို႔ မိမိ ေဒါသ ထြက္ေနတဲ့ လူဟာ
မိမိအနားမွာ ရွိေနခဲ့တယ္ဆိုရင္ အက်ယ္ႀကီးေျပာလို႔ အက်ိဳးမ်ားလာပါ့မလားကြယ့္...
တိုးတိုးညင္သာစြာ နားလည္ေအာင္ေျပာတာဟာ လူတစ္ေယာက္ကို ပိုနားဝင္ေစမယ္မဟုတ္လား။”

အျခားတပည့္တို႔ကလဲ အေျဖမ်ိဳးစံုဝိုင္းေပးၾကတယ္။ ဒါေပမယ့္ အေျဖ တစ္ခုမွစိတ္တိုင္း က်ဖြယ္မရွိဘူး။ ဒါနဲ႔ ေနာက္

ဆံုးသူေတာ္စင္က ရွင္းျပတယ္။

“တပည့္တို႔… ေသခ်ာမွတ္ထားပါ။ လူႏွစ္ဦး တစ္ေယာက္ကိုတစ္ေယာက္ ေဒါသထြက္တဲ့အခါ သူတို႔ရဲ႕ႏွလံုးသားဟာ

ေဝးကြာသြားေလ့ရွိတယ္။ဒီလို ကြာျခားသြားရတဲ့ အကြာအေဝးအလိုက္ သူတို႔ရဲ႕စကားသံ ဟာလဲတစ္ဖက္သား ၾကားရေအာင္ က်ယ္လာေလ့ ရွိတယ္။ေဒါသ ထြက္ရေလေလ… ဒီေဒါသ ေၾကာင့္ေဝးသြားတဲ့ တစ္ဖက္ႏွလံုးသား ၾကားႏိုင္ေအာင္အသံကို ပို၍ ပို၍

က်ယ္ရေလေလပဲ။””ဒီလိုပဲ… လူႏွစ္ဦး ေမတၱာမွ်လာၿပီ ဆိုရင္လည္း.. ႏွလံုးသားခ်င္း တျဖည္းျဖည္းနဲ႔ နီးကပ္လာတဲ့ အတြက္ေၾကာင့္

အသံဟာတိုးသထက္တိုးလာတယ္။ေမတၱာမွ်ေနသူ ႏွစ္ဦးအတြက္ အကြာအေဝးဆိုတာ မရွိသေလာက္ကို နီးသြားတဲ့ အထိ

တစ္ေယာက္ကိုတစ္ေယာက္ကို အခ်စ္နဲ႔ဆြဲေခၚေလ့ရွိတယ္။”

ဆက္လက္ၿပီး သူေတာ္စင္က ရွင္းျပတယ္။ “ဒီလို တိုးသထက္တိုးလာ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ နီးသထက္နီးလာရာကေန

အခ်စ္ႀကီးဆံုးဆိုတဲ့အခ်ိန္မွာ စကားအေနနဲ႔ေတာင္ မေျပာၾကေတာ့ဘူးကြယ့္… တစ္ေယာက္နဲ႔ တစ္ေယာက္ တီးတိုးရြတ္ရံု

ေလာက္နဲ႔သူတို႔ႏွစ္ဦးေလာကဟာ လွပေနတတ္တယ္။ ေနာက္ဆံုး အခ်စ္တတ္ဆံုးဆိုတဲ့ အခ်ိန္မွာတီးတိုး ရြတ္ဖို႔ေတာင္

မလိုေတာ့ေလာက္ေအာင္ အၾကည့္ တစ္ခ်က္နဲ႔ တစ္ေယာက္ကိုတစ္ေယာက္ နားလည္ေနၾကတယ္။”

စကားအဆံုးမွာ သူေတာ္စင္ဟာ တပည့္အားလံုးကို ေဝ့ၾကည့္လိုက္ၿပီး-
“ဒါ့ေၾကာင့္ တပည့္တို႔သင္ခန္းစာ အေနနဲ႔မွတ္ပါ… မိမိခ်စ္ရတဲ့ မိသားစုဝင္ေတြ တပည့္တို႔ကိုယ္စီမွာရွိၾကတယ္မဟုတ္လား…

တစ္ခါတစ္ေလ စိတ္အခန္႔မသင့္လို႔ ေဒါသမ်ားထြက္ခဲ့မိရင္ စကားတတ္ႏိုင္သေလာက္ က်ယ္က်ယ္မေျပာပါနဲ႔..

ႏွလံုးသားခ်င္း မေဝးေစေအာင္ တတ္ႏိုင္သေလာက္ထိန္းၾကပါ.. အကယ္၍ ေျပာမိဆိုမိရင္.. တစ္ခါ… ႏွစ္ခါ မသိသာေပမယ့္..

တစ္ခ်ိန္ခ်ိန္မွာ ႏွလံုးသားခ်င္းအေဝးဆံုးကို ေရာက္မွန္းမသိ ေရာက္သြားတဲ့အခါ ဘယ္ေတာ့မွ ျပန္နီးႏိုင္မွာမဟုတ္ေတာ့...ပါဘူး။

Credit#

< Unicode Version >

(တန်ဖိုးမဖြတ်နိုင်တဲ့ စာသားလေးမို့ ဖတ်ဖြစ်အောင်ဖတ်ခဲ့ပါ။)

တစ်နေ့သ၌ သူတော်စင်တစ်ပါးနှင့် တပည့်ယောဂီတစ်စု တို့သည် မြစ်ဆိပ်သို့ ရေချိုးရန်ထွက်လာ ကြသည်။

မြစ်ဆိပ်သို့ ရောက်သော် တစ်ယောက်ကို တစ်ယောက် ဒေါသတကြီးနှင့် အော်နေကြသော မိသားစုတစ်စုကို တွေ့လေ၏။
ဤတွင် သူတော်စင်သည် တပည့်တို့ဖက်သို့လှည့်၍ အပြုံးဖြင့် မေး၏။

“တပည့်တို့… လူတွေဟာ ဘာအတွက်ကြောင့် ဒေါသထွက်ရင် တစ်ယောက် နဲ့ တစ်ယောက် အော်ပြောကြလဲ သိကြသလား?”

ယောဂီတွေဟာ ခေတ္တမျှ စဉ်းစားကြပြီးတော့ တစ်ယောက် သော ယောဂီက ထပြောတယ်။
“တပည့်တော်ထင်တာတော့… တည်ငြိမ်ရင့်ကျက်မှုဟာ
ဒေါသ ဖြစ်စဉ် ခနမှာ ပျောက်သွားတဲ့ အတွက်
ကြောင့် လူတွေ အော်ရတယ် ထင်ပါတယ်”

ဒီအခါမှာ သူတော်စင်က ပြန်မေးတယ်။
“ဒါပေမယ့်လို့ မိမိ ဒေါသ ထွက်နေတဲ့ လူဟာ
မိမိအနားမှာ ရှိနေခဲ့တယ်ဆိုရင် အကျယ်ကြီးပြောလို့ အကျိုးများလာပါ့မလားကွယ့်…
တိုးတိုးညင်သာစွာ နားလည်အောင်ပြောတာဟာ လူတစ်ယောက်ကို ပိုနားဝင်စေမယ်မဟုတ်လား။”

အခြားတပည့်တို့ကလဲ အဖြေမျိုးစုံဝိုင်းပေးကြတယ်။ ဒါပေမယ့် အဖြေ တစ်ခုမှစိတ်တိုင်း ကျဖွယ်မရှိဘူး။ ဒါနဲ့ နောက်

ဆုံးသူတော်စင်က ရှင်းပြတယ်။

“တပည့်တို့… သေချာမှတ်ထားပါ။ လူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဒေါသထွက်တဲ့အခါ သူတို့ရဲ့နှလုံးသားဟာ

ဝေးကွာသွားလေ့ရှိတယ်။ဒီလို ကွာခြားသွားရတဲ့ အကွာအဝေးအလိုက် သူတို့ရဲ့စကားသံ ဟာလဲတစ်ဖက်သား ကြားရအောင် ကျယ်လာလေ့ ရှိတယ်။ဒေါသ ထွက်ရလေလေ… ဒီဒေါသ ကြောင့်ဝေးသွားတဲ့ တစ်ဖက်နှလုံးသား ကြားနိုင်အောင်အသံကို ပို၍ ပို၍

ကျယ်ရလေလေပဲ။””ဒီလိုပဲ… လူနှစ်ဦး မေတ္တာမျှလာပြီ ဆိုရင်လည်း.. နှလုံးသားချင်း တဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့ အတွက်ကြောင့်

အသံဟာတိုးသထက်တိုးလာတယ်။မေတ္တာမျှနေသူ နှစ်ဦးအတွက် အကွာအဝေးဆိုတာ မရှိသလောက်ကို နီးသွားတဲ့ အထိ

တစ်ယောက်ကိုတစ်ယောက်ကို အချစ်နဲ့ဆွဲခေါ်လေ့ရှိတယ်။”

ဆက်လက်ပြီး သူတော်စင်က ရှင်းပြတယ်။ “ဒီလို တိုးသထက်တိုးလာ၊ တစ်ယောက်နဲ့ တစ်ယောက် နီးသထက်နီးလာရာကနေ

အချစ်ကြီးဆုံးဆိုတဲ့အချိန်မှာ စကားအနေနဲ့တောင် မပြောကြတော့ဘူးကွယ့်… တစ်ယောက်နဲ့ တစ်ယောက် တီးတိုးရွတ်ရုံ

လောက်နဲ့သူတို့နှစ်ဦးလောကဟာ လှပနေတတ်တယ်။ နောက်ဆုံး အချစ်တတ်ဆုံးဆိုတဲ့ အချိန်မှာတီးတိုး ရွတ်ဖို့တောင်

မလိုတော့လောက်အောင် အကြည့် တစ်ချက်နဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်နေကြတယ်။”

စကားအဆုံးမှာ သူတော်စင်ဟာ တပည့်အားလုံးကို ဝေ့ကြည့်လိုက်ပြီး-
“ဒါ့ကြောင့် တပည့်တို့သင်ခန်းစာ အနေနဲ့မှတ်ပါ… မိမိချစ်ရတဲ့ မိသားစုဝင်တွေ တပည့်တို့ကိုယ်စီမှာရှိကြတယ်မဟုတ်လား…

တစ်ခါတစ်လေ စိတ်အခန့်မသင့်လို့ ဒေါသများထွက်ခဲ့မိရင် စကားတတ်နိုင်သလောက် ကျယ်ကျယ်မပြောပါနဲ့..

နှလုံးသားချင်း မဝေးစေအောင် တတ်နိုင်သလောက်ထိန်းကြပါ.. အကယ်၍ ပြောမိဆိုမိရင်.. တစ်ခါ… နှစ်ခါ မသိသာပေမယ့်..

တစ်ချိန်ချိန်မှာ နှလုံးသားချင်းအဝေးဆုံးကို ရောက်မှန်းမသိ ရောက်သွားတဲ့အခါ ဘယ်တော့မှ ပြန်နီးနိုင်မှာမဟုတ်တော့…ပါဘူး။

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

4 × 1 =