“ထိထိေရာက္ေရာက္ ေလ့လာသင္ယူႏုိင္ဖို႔ အၾကံျပဳခ်က္ ၃ ခ်က္ “

ကၽြႏု္ပ္တို႔ ေက်ာင္းကေပးတဲ့ ဘြဲ႕ေတြရခ်င္ရခဲ့ၾကမယ္။ ဒါေပမယ့္ အျမဲမျပတ္ ဆက္လက္သင္ယူ ေလ့လာေနရပါတယ္။ အလုပ္သစ္၊

ေနရာသစ္၊ အေပါင္းအသင္းသစ္ စတဲ့ အသစ္ေသာ ပတ္၀န္းက်င္မ်ားမွာ သင္ယူေလ့လာစရာအသစ္ အသစ္ေတြ ထပ္ထပ္ၿပီး

ေပၚေနပါတယ္။ ေလ့လာမႈကို ရပ္လိုက္တာနဲ႔ ကၽြႏ္ုပ္တို႔ရဲ႕ တိုးတက္မႈမ်ားလည္း ရပ္တန္႔သြားမွာပါ။

Nate Kornell လို႔ေခၚတဲ့ Williams College မွ သိျမင္မႈစိတ္ပညာရွင္ တြဲဖက္ပါေမာကၡႀကီးက ေလ့လာသင္ယူျခင္းဟာ

အေရးႀကီးတယ္ဆိုေပမယ့္လည္း ကၽြႏု္ပ္တို႔အမ်ားစုက မေကာင္းတဲ့ အက်င့္ဆိုးေတြ၊ မေကာင္းတဲ့ နည္လမ္းေတြနဲ႔ ေလ့လာ

သင္ယူၾကတဲ့အတြက္ေၾကာင့္ ထိထိေရာက္ေရာက္တတ္ေျမာက္ႏိုင္စြမ္း မရွိၾကပါ လုိ႔ ေျပာခဲပါတယ္။

Kornell က ထိေရာက္စြာ သင္ယူႏိုင္ဖို႔အတြက္ ေအာက္ပါအခ်က္သံုးခ်က္ကို အၾကံေပးခဲ့ပါတယ္။

၁။ သက္ေတာင့္သက္သာမရွိတဲ့ အေျခအေနကို အံတုရင္ဆိုင္ပါ။

လူအေတာ္မ်ားမ်ားမွားေနတဲ့အခ်က္တစ္ခုက ေလ့လာရင္ ေလ့လာႏိုင္သေလာက္ စြမ္းေဆာင္ရည္ ျမင့္မားလာမယ္လို႔

ထင္ေနၾကတာပဲျဖစ္ပါတယ္လို႔ Kornell က ဆိုပါတယ္။တကယ္တန္းေတာ့ အဲဒီအခ်က္ႏွစ္ခုက တခါတရံမွာ

ဆန္႔က်င္ဘက္ေတာင္ျဖစ္ေနတတ္ပါေသးတယ္။ ဥပမာေပးထားတာက Gym တစ္ခုမွာ ၁၀ ေပါင္ေလးတဲ့ အေလးတံုးနဲ႔

ေလ့က်င့္တယ္ဆိုပါစုိ႔၊ ပထမ ေလးငါးခါေလာက္ မ ယံုနဲ႔ ပင္ပန္းသြားမွာပါ။ အဲဒီအခ်ိန္မွာ ၅ ေပါင္ေလးတဲ့ အေလးတံုးကို

ေျပာင္းမၾကည့္ပါက ေပါ့ပါးေနတာကို ေတြ႕ရၿပီး အရင္ ၁၀ ေပါင္အေလးတံုးထပ္ အႀကိမ္ေတာ္ေတာ္ မ်ားမ်ား မ ႏိုင္ပါလိမ့္မယ္။

သင္လည္း ငါပိုအားရွိလာၿပီလို႔ ခံစားရမွာပါ။ တကယ္တန္းေတာ့ ေပါ့ပါးတဲ့အေလးတုံးကို မ ေနတုန္း သင့္ရဲ႕

စြမ္းေဆာင္ရည္အေပၚကို ေက်နပ္ႏိုင္ေပမယ့္ ပိုေလးတဲ့ အေလးတုံးကသာ သင့္ရဲ႕ေလ့က်င့္ခန္းကို ထိထိေရာက္ေရာက္

အက်ိဳးရွိေစမွပဲ ျဖစ္ပါတယ္။ေလ့လာသင္ယူတဲ့ေနရာမွာလည္း ထိုနည္းလည္းေကာင္းပဲ ျဖစ္ပါတယ္။ သင္ သက္ေတာင့္သက္သာနဲ႔

ေလ့လာႏိုင္ေနရင္ သင့္ကိုယ္သင္ ဟုတ္လွၿပီထင္ေနမွာပါ။ တကယ္တမ္းေတာ့ ႀကိဳးစားပမ္းစားနဲ႔ ေလ့လာမွသာလွ်င္

သင္တကယ္မွတ္သားႏိုင္မွာပါ။Kornell ဆိုလိုတာကေတာ့ ေလ့လာသင္ယူမႈ ထိေရာက္တယ္ဆိုရင္ သင္ ခက္ခဲတယ္လို႔

ခံစားရမွာပါ။ သာမန္ကၽြမ္းက်င္တဲ့လူနဲ႔ တကယ္ကို အံ့မခန္းကၽြမ္းက်င္တဲ့လူ ႏွစ္ဦးအၾကား ကြာျခားမႈဟာ ခက္ခဲၿပီး

သက္ေတာင့္သက္သာမရွိတဲ့အေျခအေနကို အံတုႏိုင္စြမ္းပဲျဖစ္ပါတယ္။ အမ်ားစုက သူတို႔ တစ္ခုခုမွာ

ေတာ္ေတာ္ေလးဟုတ္ေနၿပီဆိုရင္ ဥပမာ၊ ေဟာေျပာရာမွာျဖစ္ျဖစ္၊ စာေရးရာမွာျဖစ္ျဖစ္.. သူတို႔ လုပ္ေဆာင္ရာမွာ

သက္ေတာင့္သက္သာျဖစ္သြားၿပီးေတာ့ ေနာက္ထပ္စိန္ေခၚမႈ အသစ္ေတြကို ကိုယ့္ကိုယ္ကို ထပ္မေပးေတာ့ပါဘူး။ Kornell က

“သင္ထိပ္ကို ေရာက္ေနတယ္၊ ဒါေပမယ့္ နည္းလမ္းသစ္ေတြကို ဆက္မေလ့လာျဖစ္ဘူး၊ မလုပ္ျဖစ္ဘူး။ ဘာလို႔လဲဆိုေတာ့

သင္ခုေရာက္ေနတဲ့ေနရာကို ေက်နပ္ေနလို႔ပဲျဖစ္တယ္” လို႔ဆိုပါတယ္။ ဘ၀မွာ အေအာင္ျမင္ဆံုးသူေတြက ဆယ္မွတ္မွာ

ရွစ္မွတ္ရရင္ေတာင္ စိတ္ဆင္းရဲေနၾကတဲ့သူေတြပါ။ သူတို႔ေတြက ဆယ္မွတ္မွာ ဆယ္မွတ္ရတဲ့အထိ မေလ်ာ့တမ္း ႀကိဳးစားၾကပါတယ္။

အဲလိုျဖစ္ဖို႔က စြန္႔စားျခင္း၊ မေသခ်ာျခင္း၊ ထပ္ခါတလဲလဲလုပ္ျခင္း၊ အေ၀ဖန္ခံႏိုင္ျခင္းနဲ႔ သက္ေတာင့္သက္သာမျဖစ္ျခင္းတို႔

ပါ၀င္ေနပါတယ္။ေလ့လာသင္ယူဆိုတာ စိန္ေခၚမႈေတြကို ရင္ဆိုင္ျခင္း၊ မ်က္စိပြင့္ နားပြင့္ေနျခင္း၊ စိတ္ဓာတ္တက္ၾကြျခင္း

နဲ႔ ပင္ပန္းျခင္း စတာေတြျဖစ္ပါတယ္။ အဲဒါက ေမာ္ဒယ္ေလွ်ာက္သလိုမ်ိဳး ကႏြဲ႕ကလ်နဲ႔ စတိုင္က်က်ေလွ်ာက္ရမယ့္ ပံုစံမ်ိဳးမဟုတ္ပါ။

“သင္လုပ္ရတာ အရမ္းလြယ္ေနရင္ေတာ့ တခုခုမွားေနပါၿပီ” လို႔ သူက ထပ္ၿပီးေျပာပါတယ္။ (ေအာင္ျမင္ေသာ စြန္႔ဦးတီထြင္

လုပ္ငန္းရွင္မ်ား ေန႔စဥ္လုပ္ေလ့ရွိေသာ အေလ့အက်င့္ ၁၅ ခု http://wp.me/p6uOtD-6L)

၂။ တပြဲထိုးမွတ္သားျခင္းကို ေရွာင္ၾကဥ္ပါ။

ေကာလိပ္ေက်ာင္းသားေတြရဲ႕ ေရပန္းစားတဲ့ ေလ့လာနည္းကေတာ့ တပြဲထိုးက်က္မွတ္ျခင္းပဲ ျဖစ္ပါတယ္။ အခ်ိန္အနည္း

ငယ္အတြင္းမွာ အခ်က္အလက္ေတြအမ်ားႀကီးကို ထည့္ပစ္လိုက္တာပါ။ ဒါေပမယ့္ အဲလိုလုပ္ျခင္းက “ေရတိုမွတ္မိယံုပဲ အက်ိဳးရွိမယ္”

လို႔ Kornell က ဆိုပါတယ္။ စာေမးပြဲမတိုင္ခင္ တပဲြထိုးက်က္မွတ္လိုက္မယ္ဆိုရင္ စာေမးပြဲေျဖယံုေလာက္ပဲ သင္မွတ္မိပါလိမ့္မယ္။

တစ္ႏွစ္၊ တစ္ပါတ္မေျပာနဲ႔ တေန႔ကူးတာနဲ႔တင္ ေမ့သြားႏိုင္ပါတယ္။သင္ၾကားရလာတဲ့ အခ်က္အလက္အသစ္ေတြကို

အခ်ိန္အၾကာႀကီးမွတ္မိေနဖို႔္ဆိုရင္ ေလ့လာသင္ယူမႈအတြက္ အခ်ိန္အပိုင္းအျခား အတိုင္းအတာတစ္ခုအထိ ထားရွိေပးဖို႔လိုပါတယ္။

စိတ္၀င္စားဖို႔ေကာင္းတာက ေလ့လာထားတာေတြ ေမ့သြားျခင္းက ထပ္ခါထပ္ျပန္ဖတ္ဖို႔ျဖစ္ေစၿပီး အဲလိုထပ္ခါထပ္ခါမွတ္သားပါက

မွတ္ဥာဏ္အတြင္း ေရရွည္သိမ္းဆည္းသြားမွာ ျဖစ္ပါတယ္။ဒီေခါင္းစဥ္ကို အတြင္းက်က်သုေတသနျပဳလုပ္ခဲ့တဲ့ Kornell က

ေမ့သြားလိုက္ ျပန္က်က္လိုက္ကို ထပ္ခါတလဲလဲလုပ္ျခင္းျဖင့္ ဦးေႏွာက္ထဲမွာ အဂၤေတရိုက္ထားသလို သိမ္းဆည္းထားမွာျဖစ္တယ္

လို႔ ယံုၾကည္ပါတယ္။ “သင့္မေမ့ဘူးဆိုရင္ေတာ့ သင့္ရဲ႕ဗဟုသုတအသစ္ေတြကို သင့္ေခါင္းထဲထည့္လို႔ရမွာ မဟုတ္ပါဘူး”

၃။ ဆက္စပ္ေတြးေခၚပါ။

လုပ္ႏိုင္ေလေကာင္းေလပါပဲ။ သင္ဖတ္ေနတဲ့ စာပိုဒ္ကိုမွတ္မိေနခ်င္တယ္ဆိုရင္ အဲဒီထဲက စာသားေတြကို

အျခားေသာအေျခအေနေတြနဲ႔ တတ္ႏိုင္သမွ် ဆက္စပ္ၾကည့္ပါ။ ဖတ္ရင္းနဲ႔ အရင္တုန္းကဖတ္ခဲ့တာေတြနဲ႔ အခုဖတ္ေနတာ

ဘယ္လိုမ်ိဳး ဆက္စပ္မႈရွိသလဲ ေတြးၾကည့္ပါ။ အဲဒီေနရာမွာတင္ မရပ္လိုက္ပါနဲ႕။ ပိုၿပီးမွတ္မိခ်င္ရင္ေတာ့ အဲဒီအေၾကာင္းအရာကို

ကိုယ္တိုင္ၾကံဳေတြ႕ခဲ့ဖူးတဲ့ အျဖစ္အပ်က္ေတြ ဒါမွမဟုတ္ ကိုယ့္အသိမိတ္ေဆြေတြျဖစ္ခဲ့တဲ့ အေတြ႕အႀကံဳေတြနဲ႔ ဆက္စပ္

မွတ္သားလိုက္ပါ။ ရွိရင္းစြဲ ဗဟုသုတေတြနဲ႔ ခ်ည္ေႏွာင္မွတ္သားမယ္ဆိုရင္ သင့္ေခါင္းထဲ စြဲျမဲေနမွာျဖစ္ပါတယ္။

အမွန္ေျပာရရင္ ဖတ္ရင္းနဲ႔ ရပ္လိုက္၊ ေတြးလိုက္ ခဏခဏလုပ္ေနတာဟာ အခ်ိန္ကုန္လြယ္ၿပီးေတာ့ ပင္ပန္းမယ့္အလုပ္တစ္ခုပါပဲ။

အေပၚမွာ ေဖာ္ျပခဲ့တဲ့ Kornell ရဲ႕ အခ်က္အလက္ကို ျပန္ေကာက္ရရင္ေတာ့ ထိထိေရာက္ေရာက္ေလ့လာမႈတိုင္းဟာ ခက္ခဲပါတယ္။ သူက “ဒါဟာ ေရပန္းစားတဲ့ နည္းစနစ္ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ တကယ္အလုပ္ျဖစ္ပါတယ္” လို႔ ဆိုပါတယ္။ –

Credit#

< Unicode Version >

ကျွနု်ပ်တို့ ကျောင်းကပေးတဲ့ ဘွဲ့တွေရချင်ရခဲ့ကြမယ်။ ဒါပေမယ့် အမြဲမပြတ် ဆက်လက်သင်ယူ လေ့လာနေရပါတယ်။ အလုပ်သစ်၊

နေရာသစ်၊ အပေါင်းအသင်းသစ် စတဲ့ အသစ်သော ပတ်ဝန်းကျင်များမှာ သင်ယူလေ့လာစရာအသစ် အသစ်တွေ ထပ်ထပ်ပြီး

ပေါ်နေပါတယ်။ လေ့လာမှုကို ရပ်လိုက်တာနဲ့ ကျွန်ုပ်တို့ရဲ့ တိုးတက်မှုများလည်း ရပ်တန့်သွားမှာပါ။

Nate Kornell လို့ခေါ်တဲ့ Williams College မှ သိမြင်မှုစိတ်ပညာရှင် တွဲဖက်ပါမောက္ခကြီးက လေ့လာသင်ယူခြင်းဟာ

အရေးကြီးတယ်ဆိုပေမယ့်လည်း ကျွနု်ပ်တို့အများစုက မကောင်းတဲ့ အကျင့်ဆိုးတွေ၊ မကောင်းတဲ့ နည်လမ်းတွေနဲ့ လေ့လာ

သင်ယူကြတဲ့အတွက်ကြောင့် ထိထိရောက်ရောက်တတ်မြောက်နိုင်စွမ်း မရှိကြပါ လို့ ပြောခဲပါတယ်။

Kornell က ထိရောက်စွာ သင်ယူနိုင်ဖို့အတွက် အောက်ပါအချက်သုံးချက်ကို အကြံပေးခဲ့ပါတယ်။

၁။ သက်တောင့်သက်သာမရှိတဲ့ အခြေအနေကို အံတုရင်ဆိုင်ပါ။

လူအတော်များများမှားနေတဲ့အချက်တစ်ခုက လေ့လာရင် လေ့လာနိုင်သလောက် စွမ်းဆောင်ရည် မြင့်မားလာမယ်လို့

ထင်နေကြတာပဲဖြစ်ပါတယ်လို့ Kornell က ဆိုပါတယ်။တကယ်တန်းတော့ အဲဒီအချက်နှစ်ခုက တခါတရံမှာ

ဆန့်ကျင်ဘက်တောင်ဖြစ်နေတတ်ပါသေးတယ်။ ဥပမာပေးထားတာက Gym တစ်ခုမှာ ၁၀ ပေါင်လေးတဲ့ အလေးတုံးနဲ့

လေ့ကျင့်တယ်ဆိုပါစို့၊ ပထမ လေးငါးခါလောက် မ ယုံနဲ့ ပင်ပန်းသွားမှာပါ။ အဲဒီအချိန်မှာ ၅ ပေါင်လေးတဲ့ အလေးတုံးကို

ပြောင်းမကြည့်ပါက ပေါ့ပါးနေတာကို တွေ့ရပြီး အရင် ၁၀ ပေါင်အလေးတုံးထပ် အကြိမ်တော်တော် များများ မ နိုင်ပါလိမ့်မယ်။

သင်လည်း ငါပိုအားရှိလာပြီလို့ ခံစားရမှာပါ။ တကယ်တန်းတော့ ပေါ့ပါးတဲ့အလေးတုံးကို မ နေတုန်း သင့်ရဲ့

စွမ်းဆောင်ရည်အပေါ်ကို ကျေနပ်နိုင်ပေမယ့် ပိုလေးတဲ့ အလေးတုံးကသာ သင့်ရဲ့လေ့ကျင့်ခန်းကို ထိထိရောက်ရောက်

အကျိုးရှိစေမှပဲ ဖြစ်ပါတယ်။လေ့လာသင်ယူတဲ့နေရာမှာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ သင် သက်တောင့်သက်သာနဲ့

လေ့လာနိုင်နေရင် သင့်ကိုယ်သင် ဟုတ်လှပြီထင်နေမှာပါ။ တကယ်တမ်းတော့ ကြိုးစားပမ်းစားနဲ့ လေ့လာမှသာလျှင်

သင်တကယ်မှတ်သားနိုင်မှာပါ။Kornell ဆိုလိုတာကတော့ လေ့လာသင်ယူမှု ထိရောက်တယ်ဆိုရင် သင် ခက်ခဲတယ်လို့

ခံစားရမှာပါ။ သာမန်ကျွမ်းကျင်တဲ့လူနဲ့ တကယ်ကို အံ့မခန်းကျွမ်းကျင်တဲ့လူ နှစ်ဦးအကြား ကွာခြားမှုဟာ ခက်ခဲပြီး

သက်တောင့်သက်သာမရှိတဲ့အခြေအနေကို အံတုနိုင်စွမ်းပဲဖြစ်ပါတယ်။ အများစုက သူတို့ တစ်ခုခုမှာ

တော်တော်လေးဟုတ်နေပြီဆိုရင် ဥပမာ၊ ဟောပြောရာမှာဖြစ်ဖြစ်၊ စာရေးရာမှာဖြစ်ဖြစ်.. သူတို့ လုပ်ဆောင်ရာမှာ

သက်တောင့်သက်သာဖြစ်သွားပြီးတော့ နောက်ထပ်စိန်ခေါ်မှု အသစ်တွေကို ကိုယ့်ကိုယ်ကို ထပ်မပေးတော့ပါဘူး။ Kornell က

“သင်ထိပ်ကို ရောက်နေတယ်၊ ဒါပေမယ့် နည်းလမ်းသစ်တွေကို ဆက်မလေ့လာဖြစ်ဘူး၊ မလုပ်ဖြစ်ဘူး။ ဘာလို့လဲဆိုတော့

သင်ခုရောက်နေတဲ့နေရာကို ကျေနပ်နေလို့ပဲဖြစ်တယ်” လို့ဆိုပါတယ်။ ဘဝမှာ အအောင်မြင်ဆုံးသူတွေက ဆယ်မှတ်မှာ

ရှစ်မှတ်ရရင်တောင် စိတ်ဆင်းရဲနေကြတဲ့သူတွေပါ။ သူတို့တွေက ဆယ်မှတ်မှာ ဆယ်မှတ်ရတဲ့အထိ မလျော့တမ်း ကြိုးစားကြပါတယ်။

အဲလိုဖြစ်ဖို့က စွန့်စားခြင်း၊ မသေချာခြင်း၊ ထပ်ခါတလဲလဲလုပ်ခြင်း၊ အဝေဖန်ခံနိုင်ခြင်းနဲ့ သက်တောင့်သက်သာမဖြစ်ခြင်းတို့

ပါ၀င်နေပါတယ်။လေ့လာသင်ယူဆိုတာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခြင်း၊ မျက်စိပွင့် နားပွင့်နေခြင်း၊ စိတ်ဓာတ်တက်ကြွခြင်း

နဲ့ ပင်ပန်းခြင်း စတာတွေဖြစ်ပါတယ်။ အဲဒါက မော်ဒယ်လျှောက်သလိုမျိုး ကနွဲ့ကလျနဲ့ စတိုင်ကျကျလျှောက်ရမယ့် ပုံစံမျိုးမဟုတ်ပါ။

“သင်လုပ်ရတာ အရမ်းလွယ်နေရင်တော့ တခုခုမှားနေပါပြီ” လို့ သူက ထပ်ပြီးပြောပါတယ်။ (အောင်မြင်သော စွန့်ဦးတီထွင်

လုပ်ငန်းရှင်များ နေ့စဉ်လုပ်လေ့ရှိသော အလေ့အကျင့် ၁၅ ခု http://wp.me/p6uOtD-6L)

၂။ တပွဲထိုးမှတ်သားခြင်းကို ရှောင်ကြဉ်ပါ။

ကောလိပ်ကျောင်းသားတွေရဲ့ ရေပန်းစားတဲ့ လေ့လာနည်းကတော့ တပွဲထိုးကျက်မှတ်ခြင်းပဲ ဖြစ်ပါတယ်။ အချိန်အနည်း

ငယ်အတွင်းမှာ အချက်အလက်တွေအများကြီးကို ထည့်ပစ်လိုက်တာပါ။ ဒါပေမယ့် အဲလိုလုပ်ခြင်းက “ရေတိုမှတ်မိယုံပဲ အကျိုးရှိမယ်”

လို့ Kornell က ဆိုပါတယ်။ စာမေးပွဲမတိုင်ခင် တပွဲထိုးကျက်မှတ်လိုက်မယ်ဆိုရင် စာမေးပွဲဖြေယုံလောက်ပဲ သင်မှတ်မိပါလိမ့်မယ်။

တစ်နှစ်၊ တစ်ပါတ်မပြောနဲ့ တနေ့ကူးတာနဲ့တင် မေ့သွားနိုင်ပါတယ်။သင်ကြားရလာတဲ့ အချက်အလက်အသစ်တွေကို

အချိန်အကြာကြီးမှတ်မိနေဖို့်ဆိုရင် လေ့လာသင်ယူမှုအတွက် အချိန်အပိုင်းအခြား အတိုင်းအတာတစ်ခုအထိ ထားရှိပေးဖို့လိုပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက လေ့လာထားတာတွေ မေ့သွားခြင်းက ထပ်ခါထပ်ပြန်ဖတ်ဖို့ဖြစ်စေပြီး အဲလိုထပ်ခါထပ်ခါမှတ်သားပါက

မှတ်ဉာဏ်အတွင်း ရေရှည်သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။ဒီခေါင်းစဉ်ကို အတွင်းကျကျသုတေသနပြုလုပ်ခဲ့တဲ့ Kornell က

မေ့သွားလိုက် ပြန်ကျက်လိုက်ကို ထပ်ခါတလဲလဲလုပ်ခြင်းဖြင့် ဦးနှောက်ထဲမှာ အင်္ဂတေရိုက်ထားသလို သိမ်းဆည်းထားမှာဖြစ်တယ်

လို့ ယုံကြည်ပါတယ်။ “သင့်မမေ့ဘူးဆိုရင်တော့ သင့်ရဲ့ဗဟုသုတအသစ်တွေကို သင့်ခေါင်းထဲထည့်လို့ရမှာ မဟုတ်ပါဘူး”

၃။ ဆက်စပ်တွေးခေါ်ပါ။

လုပ်နိုင်လေကောင်းလေပါပဲ။ သင်ဖတ်နေတဲ့ စာပိုဒ်ကိုမှတ်မိနေချင်တယ်ဆိုရင် အဲဒီထဲက စာသားတွေကို

အခြားသောအခြေအနေတွေနဲ့ တတ်နိုင်သမျှ ဆက်စပ်ကြည့်ပါ။ ဖတ်ရင်းနဲ့ အရင်တုန်းကဖတ်ခဲ့တာတွေနဲ့ အခုဖတ်နေတာ

ဘယ်လိုမျိုး ဆက်စပ်မှုရှိသလဲ တွေးကြည့်ပါ။ အဲဒီနေရာမှာတင် မရပ်လိုက်ပါနဲ့။ ပိုပြီးမှတ်မိချင်ရင်တော့ အဲဒီအကြောင်းအရာကို

ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ ဒါမှမဟုတ် ကိုယ့်အသိမိတ်ဆွေတွေဖြစ်ခဲ့တဲ့ အတွေ့အကြံုတွေနဲ့ ဆက်စပ်

မှတ်သားလိုက်ပါ။ ရှိရင်းစွဲ ဗဟုသုတတွေနဲ့ ချည်နှောင်မှတ်သားမယ်ဆိုရင် သင့်ခေါင်းထဲ စွဲမြဲနေမှာဖြစ်ပါတယ်။

အမှန်ပြောရရင် ဖတ်ရင်းနဲ့ ရပ်လိုက်၊ တွေးလိုက် ခဏခဏလုပ်နေတာဟာ အချိန်ကုန်လွယ်ပြီးတော့ ပင်ပန်းမယ့်အလုပ်တစ်ခုပါပဲ။

အပေါ်မှာ ဖော်ပြခဲ့တဲ့ Kornell ရဲ့ အချက်အလက်ကို ပြန်ကောက်ရရင်တော့ ထိထိရောက်ရောက်လေ့လာမှုတိုင်းဟာ ခက်ခဲပါတယ်။ သူက “ဒါဟာ ရေပန်းစားတဲ့ နည်းစနစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်အလုပ်ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ –

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

19 − two =