“လူတိုင္း အေတြးအျမင္မတူႏိုင္ပါ”

လူတိုင္း အေတြးအျမင္မတူႏိုင္တာမို႔ သူတစ္ပါးရဲ႕ စိတ္ကူး နဲ႔ အျမင္ကိုေလးစားစိတ္ထားေပးပါ

တစ္ခါတုန္းက ရြာတစ္ရြာမွာ မ်က္စိကန္းေနတဲ႔ လူတစ္ေယာက္ရွိပါတယ္။ ရြာမွာ မီးေတြလည္း ေသခ်ာမရွိေသးေတာ႔ သူက

မျမင္ရေပမယ္႔လည္း ညဖက္အျပင္ထြက္တိုင္း မီးအိမ္ေလး ကိုင္ျပီး အျပင္ထြက္ေလ႔ရွိတယ္။

တစ္ညမွာေတာ႔သူက ညစာထြက္စားျပီး မီးအိမ္ေလး ကိုင္ျပီး အိမ္ျပန္လာတာေပါ႔။ လမ္းမွာ ခရီးသြားအုပ္စု တစ္စုနဲ႔ ေတြ႔ပါသတဲ႔။

အဲ႔ဒီလူေတြက သူ႕ကို မ်က္စိမျမင္တာ သိသြားၾကျပီး မီးအိမ္ၾကီး ကိုင္လာေတာ႔ သူ႕ကို ဝိုင္းျပီး ေဝဖန္ၾက စေနာက္ၾကေတာ႔တာေပါ႔။

မ်က္စိလည္း မျမင္ရဘဲနဲ႔ဘာလို႔ မီးအိမ္ကိုင္လာရသလဲဆိုျပီးေတာ႔လည္း ဝိုင္းျပီး စပ္စုၾကေတာ႔တာေပါ႔။

အဲ႔ဒီမွာ မ်က္မျမင္တဲ႔သူက အခုလို ရွင္းျပပါတယ္။ သူက ကံမေကာင္းလို႔ မ်က္စိမျမင္ေပမယ္႔လည္း မ်က္စိျမင္တဲ႔ သူေတြ ျမင္ရေအာင္

မီးအိမ္ေလး သယ္သြားရတာ ျဖစ္တယ္။ မဟုတ္ရင္ ေမွာင္ေနတဲ႔အတြက္ မျမင္ရဘဲ မ်က္စိမျမင္ရတဲ႔ သူ႕ကို တြန္းတိုက္သြားမွာစိုးလို႔

သူမျမင္ရေပမဲ႔ ျမင္ေနရသူေတြအတြက္ အလင္းေရာင္ရေအာင္ ညဖက္ဆို မီးအိမ္သယ္ျပီး အျပင္ထြက္တာပါလို႔ သူက

ေျပာျပလိုက္ပါတယ္။ စိတ္ကူးေကာင္းေလးလို႔ ဆုိရမွာပါပဲ။ အျဖစ္မွန္ကို သိသြားတဲ႔ အခါမွာေတာ႔ သူ႕ကို ေလွာင္ေျပာင္မိတဲ႔အတြက္

ခရီးသြားအုပ္စု ျပန္ျပီးေတာင္းပန္လုိက္ပါတယ္။ဒီဇာတ္လမ္းေလးကေနတဆင္႔ ေျပာျပခ်င္တာကေတာ႔ သူတစ္ပါးကို တစ္ဖက္သက္

လြယ္လြယ္ကူကူမေဝဖန္ဖို႔ပါ။ သူ႔မွာလည္း သူ႔အေၾကာင္းနဲ႔ သူ႔စိတ္ကူးနဲ႔သူ ရွိေနႏိုင္တာမို႔ သူတပါးရဲ႕ အျမင္နဲ႔ အေတြးအေခၚကို

ေလးေလးစားစား ဂရုစိုက္ေပးဖို႔လိုပါတယ္။ ကိုယ္႔ဖက္က ရယ္စရာ ဟာသ ကိစၥတစ္ခု ျဖစ္ေနႏိုင္ေပမယ္႔ တစ္ဖက္လူအတြက္က

လိုအပ္လို႔ုလုပ္တဲ႔ အရာ ျဖစ္ေနႏိုင္တာေၾကာင္႔ လြယ္လြယ္ကူကူ တဖက္သက္ အကဲမျဖတ္ဖို႔ တိုက္တြန္းလိုက္ပါရေစ။

Ref: A Man with a Lamp

< Unicode Version >

လူတိုင်း အတွေးအမြင်မတူနိုင်တာမို့ သူတစ်ပါးရဲ့ စိတ်ကူး နဲ့ အမြင်ကိုလေးစားစိတ်ထားပေးပါ

တစ်ခါတုန်းက ရွာတစ်ရွာမှာ မျက်စိကန်းနေတဲ့ လူတစ်ယောက်ရှိပါတယ်။ ရွာမှာ မီးတွေလည်း သေချာမရှိသေးတော့ သူက

မမြင်ရပေမယ့်လည်း ညဖက်အပြင်ထွက်တိုင်း မီးအိမ်လေး ကိုင်ပြီး အပြင်ထွက်လေ့ရှိတယ်။

တစ်ညမှာတော့သူက ညစာထွက်စားပြီး မီးအိမ်လေး ကိုင်ပြီး အိမ်ပြန်လာတာပေါ့။ လမ်းမှာ ခရီးသွားအုပ်စု တစ်စုနဲ့ တွေ့ပါသတဲ့။

အဲ့ဒီလူတွေက သူ့ကို မျက်စိမမြင်တာ သိသွားကြပြီး မီးအိမ်ကြီး ကိုင်လာတော့ သူ့ကို ဝိုင်းပြီး ဝေဖန်ကြ စနောက်ကြတော့တာပေါ့။

မျက်စိလည်း မမြင်ရဘဲနဲ့ဘာလို့ မီးအိမ်ကိုင်လာရသလဲဆိုပြီးတော့လည်း ဝိုင်းပြီး စပ်စုကြတော့တာပေါ့။

အဲ့ဒီမှာ မျက်မမြင်တဲ့သူက အခုလို ရှင်းပြပါတယ်။ သူက ကံမကောင်းလို့ မျက်စိမမြင်ပေမယ့်လည်း မျက်စိမြင်တဲ့ သူတွေ မြင်ရအောင်

မီးအိမ်လေး သယ်သွားရတာ ဖြစ်တယ်။ မဟုတ်ရင် မှောင်နေတဲ့အတွက် မမြင်ရဘဲ မျက်စိမမြင်ရတဲ့ သူ့ကို တွန်းတိုက်သွားမှာစိုးလို့

သူမမြင်ရပေမဲ့ မြင်နေရသူတွေအတွက် အလင်းရောင်ရအောင် ညဖက်ဆို မီးအိမ်သယ်ပြီး အပြင်ထွက်တာပါလို့ သူက

ပြောပြလိုက်ပါတယ်။ စိတ်ကူးကောင်းလေးလို့ ဆိုရမှာပါပဲ။ အဖြစ်မှန်ကို သိသွားတဲ့ အခါမှာတော့ သူ့ကို လှောင်ပြောင်မိတဲ့အတွက်

ခရီးသွားအုပ်စု ပြန်ပြီးတောင်းပန်လိုက်ပါတယ်။ဒီဇာတ်လမ်းလေးကနေတဆင့် ပြောပြချင်တာကတော့ သူတစ်ပါးကို တစ်ဖက်သက်

လွယ်လွယ်ကူကူမဝေဖန်ဖို့ပါ။ သူ့မှာလည်း သူ့အကြောင်းနဲ့ သူ့စိတ်ကူးနဲ့သူ ရှိနေနိုင်တာမို့ သူတပါးရဲ့ အမြင်နဲ့ အတွေးအခေါ်ကို

လေးလေးစားစား ဂရုစိုက်ပေးဖို့လိုပါတယ်။ ကိုယ့်ဖက်က ရယ်စရာ ဟာသ ကိစ္စတစ်ခု ဖြစ်နေနိုင်ပေမယ့် တစ်ဖက်လူအတွက်က

လိုအပ်လို့ုလုပ်တဲ့ အရာ ဖြစ်နေနိုင်တာကြောင့် လွယ်လွယ်ကူကူ တဖက်သက် အကဲမဖြတ်ဖို့ တိုက်တွန်းလိုက်ပါရစေ။

Ref: A Man with a Lamp

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

eighteen − 3 =