ေသာင္ျပင္ထက္က သင္ခန္းစာ

ေခတ္ပညာတက္ေကာင္ေလးတစ္ေယာက္ေပါ့ဗ်ာ ။ သူမွာတက္သင့္တက္ထိုက္တဲ႔ပညာေတြအားလံုး

သင္ယူျပီးတဲ႔အခ်ိန္မွာ ကိုယ္ကိုယ္ကို ရပ္တည္မယ္ဆိုတဲ႔ ရည္ရြယ္ခ်က္နဲ႔ အလုပ္လုပ္မယ္ေပါ့…။

အဲဒီလိုစိတ္ကူးျပီး အလုပ္လိုက္ရွာလိုက္တာ ဘယ္မွာမွ မရပဲ ရက္ေတြလေတြၾကာလာခဲ႔တယ္..တဲ႔။

ဒါနဲ႔ပဲ အဲ႔ဒီလူငယ္ေလးက စိတ္ညစ္ျပီး ငါလိုအသံုးမက်တဲ႔သူ ေသသြားတာမွ ေကာင္းဦးမယ္လို႔

စဥ္းစားျပီး ကိုယ္ကိုယ္ကို သတ္ေသမယ္ ဆိုျပီး ျမစ္ထဲကို အဆံုးစီရင္ဖို႔သြားတယ္တဲ႔…

အဲ…ျဖစ္ခ်င္ေတာ့ သူသက္ေသမဲ႔ ျမစ္ကမ္းနားမွာ ငါးမွ်ားေနတဲ႔ အဖိုးအိုတစ္ဦး ရွိေနတယ္…။

အဖိုးအိုက ဒီလူငယ္ေလးဘာလုပ္မလဲလို႔ ငါးမွ်ားရင္းေစာင့္ၾကည့္ေနတာေပါ့…။ လူငယ္ေလးကလဲ

သူ႔ရည္ရြယ္ခ်က္အတိုင္း ေရထဲကိုတစ္လွမ္းခ်င္း ဆင္းေနတာကို အဖိုးအိုကေတြ႔တာေပါ့..။

ဒါနဲ႔အဖိုးအိုက လူငယ္ေလးရဲ႕ အေျခအေနကို ရိပ္စားမိျပီး စကားစလိုက္တယ္

“လူေလး ဘာလုပ္မလို႔လဲ”

“ကၽြန္ေတာ္လိုအသံုးမက်တဲ႔ လူေသတာပဲေကာင္းပါတယ္ အဖိုးရယ္” လို႔ေျပာျပီး ေရထဲကို ဆက္ဆင္းသြားေရာ….

အဖိုးအိုကလဲ “ဒါဆိုလဲ မေသခင္ ခဏေလာက္ငါေျပာတာနားေထာင္လိုက္ပါဦး လူေလးအတြက္အက်ိဴး မယုတ္ပါဘူး” လို႔ေျပာတယ္…

ဒါနဲ႔လူငယ္ေလးကလဲ ေရထဲကျပန္တက္လာျပီး “ေျပာပါ အဖိုး ဘာေျပာမလို႔လဲ” လို႔ေမးတယ္တဲ႔..

အဖိုးအိုက “လူေလးက ဘာလို႔ေသခ်င္ရတာလဲ” လို႔ေမးေတာ့…လူငယ္ေလးက သူ႔ျဖစ္ေၾကာင္းကုန္စင္ေျပာျပတာေပါ့…

ဒီေတာ့မွ အဖိုးအိုက သဲလက္တဆုတ္ ေကာက္ယူလိုက္ျပီး လူငယ္ေလးကိုျပျပီးေမးတယ္ “ဒါဘာလဲ”

လူငယ္ေလးကလဲ “သဲေတြပါ” လို႔ေျဖပါတယ္…

ဒီေတာ့မွအဖိုးအိုက သဲေတြကို ကမ္းစပ္နားကိုျပန္ လြင့္ပစ္လိုက္္တယ္.. ျပီးေတာ့ လူငယ္ေလးကို

“ခုနကသဲေတြျပန္ေကာက္ေပးပါ” လို႔ေျပာေတာ့…

“အဖိုးရယ္ ဘယ္လိုလုပ္ျပန္ေကာက္လို႔ ရပါ့မလဲ” လို႔လူငယ္ေလးကျပန္ေျပာတာေပါ့..

ဒါနဲ႔ အဖုိးအိုက အိတ္ထဲမွာပါလာတဲ႔ ပုလဲတစ္လံုးကို ျပျပီး ကမ္းစပ္ကိုပစ္လိုက္တယ္။

လူငယ္ေလးကိုလဲ ခုနပစ္လိုက္တဲ႔ ပုလဲကိုျပန္ျပီးေကာက္ခိုင္းတယ္။ လူငယ္ေလးက လြယ္လြယ္ကူကူပဲ

ျပန္ေကာက္ေပးလိုက္နုိင္တာေပါ့…

ဒီေတာ့မွအဖိုးအိုက “ဒါက်ေတာ့ဘာလို႔ ေကာက္နိုင္တာလဲ” လို႔လူငယ္ေလးကိုျပန္ေမးတယ္..

“ဟာ အဖိုးကလဲ အရြယ္အစားေရာ အေရာင္အဆင္းေရာ ပံုသဏန္ေရာ ဆင္တူမွမရွိတာ ေကာက္နုိင္တာေပါ့” ျပန္ေျဖတယ္..

အဖိုးအိုက ျပံဳးျပီး ေကာင္ေလးကိုေျပာတယ္..

“လူေလးလိုမ်ိဳး လူငယ္ေတြက ဒီကမ္းစပ္မွာ ရွိေနတဲ႔ သဲေတြတူတယ္ လူေလး ပံုစံတူ အရြယ္အစားတူ ပံုစံတူေတြခ်ည္းပဲ”

“ဘယ္သူက ဘယ္ေလာက္ပိုေတာ္တယ္ ပိုတတ္တယ္ ဆိုတာ ေသခ်ာၾကည့္မွသိနိုင္တာေပါ့ လူေလးရဲ႕

ဒါေပမယ့္သူမ်ားထက္ထူးေအာင္ၾကိဳးစားတဲ႔ လူငယ္က်ေတာ့ ဒီပုလဲနဲ႔တူတယ္.. ေသခ်ာမၾကည့္ရင္ေတာင္

ထူးျခားေနမွန္းသိတယ္…ဒီေတာ့ လြယ္လြယ္နဲ႔ေရြးခ်ယ္လို႔ရတာေပါ့..”

လူေလးနားလည္ရဲ႕လားလို႔ ေမးလိုက္တယ္တဲ႔…

ပံုျပင္ေလးကေတာ့ဒါပါပဲ..

ကၽြန္ေတာ္တို႔လို လူငယ္ေတြ ပညာတတ္ ဘြဲ႔ရေတြဆိုတာ အမ်ားၾကီးပါပဲ…ဒါေပမယ့္ သူမ်ားထက္ထူးျခားေအာင္

ေတာ္ေအာင္ တတ္ေအာင္ေလ႔က်င့္တဲ႔ သူေတြေလာက္ပဲ အျမတ္တနိုးတန္ဖိုးထားခံရျပီး ပိုျမင့္မားတဲ႔

ဘ၀ကိုရရွိမွာပါလို႔ ကၽြန္ေတာ္ကတဆင့္ကၽြန္ေတာ့္သူငယ္ခ်င္းေတြကိုေ၀မွ်ေပးလိုက္ပါတယ္…

စာမ်ားမ်ားဖတ္နိုင္ဖို႔ခက္တယ္ ဖတ္သမွ်စာကို နားလည္နုိင္ဖို႔ ပိုခက္တယ္ ဖတ္သမွ်စာကို နားလည္စြာနဲ႔မွတ္မိဖို႔

ပိုခက္တယ္ ဖတ္သမွ်စာကို လက္ေတြ႔အသံုးခ်နိုင္ဖို႔က လူတိုင္းမလုပ္နိုင္ေလာက္ေအာင္ ခက္တယ္..

ဒါေၾကာင့္ ဖတ္သမွ်စာတိုင္းကို နားလည္စြာနဲ႔မွတ္မိျပီး ျပန္အသံုးခ်နိုင္တဲ႔ သူျဖစ္နိုင္ပါေစလို႔ ဆႏၵျပဳရင္း

Credit to ( ေက်ာ္စံလင္း ) Search Myanmar

#ဆိုက္​ကို​ေဒါက္​တာ

< Unicode Version >

ခေတ်ပညာတက်ကောင်လေးတစ်ယောက်ပေါ့ဗျာ ။ သူမှာတက်သင့်တက်ထိုက်တဲ့ပညာတွေအားလုံး

သင်ယူပြီးတဲ့အချိန်မှာ ကိုယ်ကိုယ်ကို ရပ်တည်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်လုပ်မယ်ပေါ့…။

အဲဒီလိုစိတ်ကူးပြီး အလုပ်လိုက်ရှာလိုက်တာ ဘယ်မှာမှ မရပဲ ရက်တွေလတွေကြာလာခဲ့တယ်..တဲ့။

ဒါနဲ့ပဲ အဲ့ဒီလူငယ်လေးက စိတ်ညစ်ပြီး ငါလိုအသုံးမကျတဲ့သူ သေသွားတာမှ ကောင်းဦးမယ်လို့

စဉ်းစားပြီး ကိုယ်ကိုယ်ကို သတ်သေမယ် ဆိုပြီး မြစ်ထဲကို အဆုံးစီရင်ဖို့သွားတယ်တဲ့…

အဲ…ဖြစ်ချင်တော့ သူသက်သေမဲ့ မြစ်ကမ်းနားမှာ ငါးမျှားနေတဲ့ အဖိုးအိုတစ်ဦး ရှိနေတယ်…။

အဖိုးအိုက ဒီလူငယ်လေးဘာလုပ်မလဲလို့ ငါးမျှားရင်းစောင့်ကြည့်နေတာပေါ့…။ လူငယ်လေးကလဲ

သူ့ရည်ရွယ်ချက်အတိုင်း ရေထဲကိုတစ်လှမ်းချင်း ဆင်းနေတာကို အဖိုးအိုကတွေ့တာပေါ့..။

ဒါနဲ့အဖိုးအိုက လူငယ်လေးရဲ့ အခြေအနေကို ရိပ်စားမိပြီး စကားစလိုက်တယ်

“လူလေး ဘာလုပ်မလို့လဲ”

“ကျွန်တော်လိုအသုံးမကျတဲ့ လူသေတာပဲကောင်းပါတယ် အဖိုးရယ်” လို့ပြောပြီး ရေထဲကို ဆက်ဆင်းသွားရော….

အဖိုးအိုကလဲ “ဒါဆိုလဲ မသေခင် ခဏလောက်ငါပြောတာနားထောင်လိုက်ပါဦး လူလေးအတွက်အကျိူး မယုတ်ပါဘူး” လို့ပြောတယ်…

ဒါနဲ့လူငယ်လေးကလဲ ရေထဲကပြန်တက်လာပြီး “ပြောပါ အဖိုး ဘာပြောမလို့လဲ” လို့မေးတယ်တဲ့..

အဖိုးအိုက “လူလေးက ဘာလို့သေချင်ရတာလဲ” လို့မေးတော့…လူငယ်လေးက သူ့ဖြစ်ကြောင်းကုန်စင်ပြောပြတာပေါ့…

ဒီတော့မှ အဖိုးအိုက သဲလက်တဆုတ် ကောက်ယူလိုက်ပြီး လူငယ်လေးကိုပြပြီးမေးတယ် “ဒါဘာလဲ”

လူငယ်လေးကလဲ “သဲတွေပါ” လို့ဖြေပါတယ်…

ဒီတော့မှအဖိုးအိုက သဲတွေကို ကမ်းစပ်နားကိုပြန် လွင့်ပစ်လိုက််တယ်.. ပြီးတော့ လူငယ်လေးကို

“ခုနကသဲတွေပြန်ကောက်ပေးပါ” လို့ပြောတော့…

“အဖိုးရယ် ဘယ်လိုလုပ်ပြန်ကောက်လို့ ရပါ့မလဲ” လို့လူငယ်လေးကပြန်ပြောတာပေါ့..

ဒါနဲ့ အဖိုးအိုက အိတ်ထဲမှာပါလာတဲ့ ပုလဲတစ်လုံးကို ပြပြီး ကမ်းစပ်ကိုပစ်လိုက်တယ်။

လူငယ်လေးကိုလဲ ခုနပစ်လိုက်တဲ့ ပုလဲကိုပြန်ပြီးကောက်ခိုင်းတယ်။ လူငယ်လေးက လွယ်လွယ်ကူကူပဲ

ပြန်ကောက်ပေးလိုက်နိုင်တာပေါ့…

ဒီတော့မှအဖိုးအိုက “ဒါကျတော့ဘာလို့ ကောက်နိုင်တာလဲ” လို့လူငယ်လေးကိုပြန်မေးတယ်..

“ဟာ အဖိုးကလဲ အရွယ်အစားရော အရောင်အဆင်းရော ပုံသဏန်ရော ဆင်တူမှမရှိတာ ကောက်နိုင်တာပေါ့” ပြန်ဖြေတယ်..

အဖိုးအိုက ပြုံးပြီး ကောင်လေးကိုပြောတယ်..

“လူလေးလိုမျိုး လူငယ်တွေက ဒီကမ်းစပ်မှာ ရှိနေတဲ့ သဲတွေတူတယ် လူလေး ပုံစံတူ အရွယ်အစားတူ ပုံစံတူတွေချည်းပဲ”

“ဘယ်သူက ဘယ်လောက်ပိုတော်တယ် ပိုတတ်တယ် ဆိုတာ သေချာကြည့်မှသိနိုင်တာပေါ့ လူလေးရဲ့

ဒါပေမယ့်သူများထက်ထူးအောင်ကြိုးစားတဲ့ လူငယ်ကျတော့ ဒီပုလဲနဲ့တူတယ်.. သေချာမကြည့်ရင်တောင်

ထူးခြားနေမှန်းသိတယ်…ဒီတော့ လွယ်လွယ်နဲ့ရွေးချယ်လို့ရတာပေါ့..”

လူလေးနားလည်ရဲ့လားလို့ မေးလိုက်တယ်တဲ့…

ပုံပြင်လေးကတော့ဒါပါပဲ..

ကျွန်တော်တို့လို လူငယ်တွေ ပညာတတ် ဘွဲ့ရတွေဆိုတာ အများကြီးပါပဲ…ဒါပေမယ့် သူများထက်ထူးခြားအောင်

တော်အောင် တတ်အောင်လေ့ကျင့်တဲ့ သူတွေလောက်ပဲ အမြတ်တနိုးတန်ဖိုးထားခံရပြီး ပိုမြင့်မားတဲ့

ဘဝကိုရရှိမှာပါလို့ ကျွန်တော်ကတဆင့်ကျွန်တော့်သူငယ်ချင်းတွေကိုဝေမျှပေးလိုက်ပါတယ်…

စာများများဖတ်နိုင်ဖို့ခက်တယ် ဖတ်သမျှစာကို နားလည်နိုင်ဖို့ ပိုခက်တယ် ဖတ်သမျှစာကို နားလည်စွာနဲ့မှတ်မိဖို့

ပိုခက်တယ် ဖတ်သမျှစာကို လက်တွေ့အသုံးချနိုင်ဖို့က လူတိုင်းမလုပ်နိုင်လောက်အောင် ခက်တယ်..

ဒါကြောင့် ဖတ်သမျှစာတိုင်းကို နားလည်စွာနဲ့မှတ်မိပြီး ပြန်အသုံးချနိုင်တဲ့ သူဖြစ်နိုင်ပါစေလို့ ဆန္ဒပြုရင်း

Credit to ( ကျော်စံလင်း ) Search Myanmar

#ဆိုက်​ကို​ဒေါက်​တာ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

eleven − 1 =