အေရာင္ထြက္ေနရင္ သတိထား

တစ္ခါက—
ကုန္သည္တစ္စု သဲကႏၲာရကို ျဖတ္သန္း သြားၾကတယ္။
ေန႔ခင္းမွာ ပူလြန္းလို႔ ရြက္ဖ်င္တဲ ေတြနဲ႔ နားေနၾကၿပီး ညမွသာခရီးဆက္ၾကတယ္ ။

ဒီလိုနဲ႔ တစ္ေန႔ ေနဝင္လထြက္ ညဘက္ေရာက္လို႔ ခရီးဆက္ၾကဖို႔ လူစုၾကတာေပါ့။

ေနာက္ဆုံးမွေရာက္လာတဲ႔သူက. . .
” အေဆြတို႔. .က်ဳပ္ ေဟာဟုိနားမွာ တြင္းႀကီးတစ္တြင္းေတြ႕ခဲ႔တယ္ . . အထဲမွာလည္း အေရာင္ေတြ

တဖိတ္ဖိတ္ေတာက္ေနတာပဲ ႔မဟုတ္မွလြဲေရာ ခိုးသားေတြဝွက္ထားတဲ႔ ရတနာေတြလား . .
သဘာဝ စိန္တြင္းႀကီးလား မသိဘူး ့က်ဳပ္တို႔ေတာ့ေထာၿပီ ေဟ့ . . ”
လို႔ဝမ္းသာအားရ ေျပာပါသတဲ႔ ။

ဒါနဲ႔အားလုံးသြားၾကည့္ၾကတာေပါ့ ။ ဟုတ္ပဗ်ာ . . အေရာင္ေတြ လက္လက္ထေနလိုက္တာမ်ား ။

သူတို႔ေတြ ဝမ္းသာသြားၾကတယ္ ။ ႀကိဳးေခြေတြခ်ၿပီး တစ္ေယာက္ကိုဆင္းၾကည့္ခိုင္းတယ္ ။

ခဏၾကာေတာ့ ဆင္းသြားတဲ႔သူက
့” ေဟ့ေကာင္ေတြ မဆင္းခဲ႔နဲ စိန္ေတြမဟုတ္ဘူး ေႁမြေတြ ဟ . . ”
လုိ႔ေအာင္ၿပီးအသံေပ်ာက္သြားတယ္။

အေပၚကလူေတြက ေတြးတယ္
“ဒီေကာင္ စိန္ေတြ ေမာင္ပိုင္စီးခ်င္လို႔ ညာတာေနမွာ” ဆိုၿပီး ေနာက္တစ္ေယာက္ကို ဆင္းခိုင္းတယ္ ။

ဒုတိယလူကလည္း အရင္လူေအာ္သလိုပဲ ေႁမြေတြ မဆင္းခဲ႔နဲ႔ လိုေအာ္ျပန္ပါတယ္။

ဒီလိုနဲ႔ တစ္ေယာက္ၿပီးတစ္ေယာက္ဆင္းသြားလိုက္တာ ေနာက္ဆုံးလူအလွည့္ ေရာက္လာပါတယ္။

သူကလည္း အားလုံးစိန္ေတြရၾကၿပီး ငါတစ္ေယာက္တည္းမရလုိ႔ေတာ့မျဖစ္ဘူး

ဆိုၿပီးဆင္းသြားလိုက္တာ အကုန္လုံးေႁမြႀကီးေတြရဲ႕ အစာျဖစ္ကုန္ပါသတဲ႔။

တကယ္ေတာ့ဒီတြင္းႀကီးဟာဧရာမေႁမြႀကီးေတြရဲ႕တြင္းပါ။

ညအခ်ိန္မွာ လေရာင္ေၾကာင့္ ေႁမြမ်က္လုံးေတြက အေရာင္ေတြလင္းလက္ေနတာ။

ဒီလိုပါပဲ ေလာကမွာ အိမ္ေထာင္သည္ေတြက လူငယ္ေတြကို

“မင္းတို႔ေတြ အိမ္ေထာင္မျပဳၾကနဲ႔ ။ ငါတို႔လို ဒုကၡေရာက္မယ္ ” လုိ႔ အစဥ္အဆက္ သတိေပးခဲ႔ၾကတာပါပဲ။

လူငယ္ေတြကလည္း

” ဟြန္း. . သူတုိ႔ၾက ယူၿပီး တုိ႔က် လာတားေနတယ္ ” လို႔ေတြးကာ အစဥ္အဆက္ ေႁမြတြင္းထဲ ခုန္ခ်ေနၾကတယ္တဲ႔။

အင္း. . အေရာင္ေတြကလည္း တဖိတ္ဖိတ္ေတာက္သကိုးကြ ေနာ့ . .။
ဒီေတာ့ လန္ထြက္ေနတဲ႔ ေကာင္မေလးေတြ ေတြ႕ရင္ သရဲမရဲ မငမ္းခင္

စိန္ေရာင္ေတြလား ေႁမြမ်က္လုံးေတြလား စဥ္းစားေပါ့။

ပိုအေရာင္ထြက္ေလ ေႁမြပိုႀကီးေလေပါ့ကြာ ။

ေအး သယ္ရင္း . . .ငါကေႁမြတြင္းထဲ မဆင္းပါဘူး ေႁမြအလိမၸာယ္ျပရံုေလးပါ မလုပ္နဲ႔ ။

ေႁမြအလိမၸာယ္ဆရာေတြက ေႁမြမ်ိဳးစုံ အကိုက္ခံရတယ္ . . ။

ဒါပဲ . . သတိသာထားေန . .ေဟ. . ေဟး ။

(ဆရာနႏၵာသိန္းဇံ ရဲ႕ ေနာင္တကင္းရာသို႔ ထဲက ပုံျပင္ေလးကို တစ္ဆင့္ျပန္ေျပာတာပါ )

Credit to ….ခြန္အားရွိေသာစာစုမ်ား

< Unicode Version >

တစ်ခါက—
ကုန်သည်တစ်စု သဲကန္တာရကို ဖြတ်သန်း သွားကြတယ်။
နေ့ခင်းမှာ ပူလွန်းလို့ ရွက်ဖျင်တဲ တွေနဲ့ နားနေကြပြီး ညမှသာခရီးဆက်ကြတယ် ။

ဒီလိုနဲ့ တစ်နေ့ နေဝင်လထွက် ညဘက်ရောက်လို့ ခရီးဆက်ကြဖို့ လူစုကြတာပေါ့။

နောက်ဆုံးမှရောက်လာတဲ့သူက. . .
” အဆွေတို့. .ကျုပ် ဟောဟိုနားမှာ တွင်းကြီးတစ်တွင်းတွေ့ခဲ့တယ် . . အထဲမှာလည်း အရောင်တွေ

တဖိတ်ဖိတ်တောက်နေတာပဲ ့မဟုတ်မှလွဲရော ခိုးသားတွေဝှက်ထားတဲ့ ရတနာတွေလား . .
သဘာဝ စိန်တွင်းကြီးလား မသိဘူး ့ကျုပ်တို့တော့ထောပြီ ဟေ့ . . ”
လို့ဝမ်းသာအားရ ပြောပါသတဲ့ ။

ဒါနဲ့အားလုံးသွားကြည့်ကြတာပေါ့ ။ ဟုတ်ပဗျာ . . အရောင်တွေ လက်လက်ထနေလိုက်တာများ ။

သူတို့တွေ ဝမ်းသာသွားကြတယ် ။ ကြိုးခွေတွေချပြီး တစ်ယောက်ကိုဆင်းကြည့်ခိုင်းတယ် ။

ခဏကြာတော့ ဆင်းသွားတဲ့သူက
့” ဟေ့ကောင်တွေ မဆင်းခဲ့နဲ စိန်တွေမဟုတ်ဘူး မြွေတွေ ဟ . . ”
လို့အောင်ပြီးအသံပျောက်သွားတယ်။

အပေါ်ကလူတွေက တွေးတယ်
“ဒီကောင် စိန်တွေ မောင်ပိုင်စီးချင်လို့ ညာတာနေမှာ” ဆိုပြီး နောက်တစ်ယောက်ကို ဆင်းခိုင်းတယ် ။

ဒုတိယလူကလည်း အရင်လူအော်သလိုပဲ မြွေတွေ မဆင်းခဲ့နဲ့ လိုအော်ပြန်ပါတယ်။

ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက်ဆင်းသွားလိုက်တာ နောက်ဆုံးလူအလှည့် ရောက်လာပါတယ်။
သူကလည်း အားလုံးစိန်တွေရကြပြီး ငါတစ်ယောက်တည်းမရလို့တော့မဖြစ်ဘူး

ဆိုပြီးဆင်းသွားလိုက်တာ အကုန်လုံးမြွေကြီးတွေရဲ့ အစာဖြစ်ကုန်ပါသတဲ့။

တကယ်တော့ဒီတွင်းကြီးဟာဧရာမမြွေကြီးတွေရဲ့တွင်းပါ။
ညအချိန်မှာ လရောင်ကြောင့် မြွေမျက်လုံးတွေက အရောင်တွေလင်းလက်နေတာ။

ဒီလိုပါပဲ လောကမှာ အိမ်ထောင်သည်တွေက လူငယ်တွေကို
“မင်းတို့တွေ အိမ်ထောင်မပြုကြနဲ့ ။ ငါတို့လို ဒုက္ခရောက်မယ် ” လို့ အစဉ်အဆက် သတိပေးခဲ့ကြတာပါပဲ။

လူငယ်တွေကလည်း
” ဟွန်း. . သူတို့ကြ ယူပြီး တို့ကျ လာတားနေတယ် ” လို့တွေးကာ အစဉ်အဆက် မြွေတွင်းထဲ ခုန်ချနေကြတယ်တဲ့။

အင်း. . အရောင်တွေကလည်း တဖိတ်ဖိတ်တောက်သကိုးကွ နော့ . .။
ဒီတော့ လန်ထွက်နေတဲ့ ကောင်မလေးတွေ တွေ့ရင် သရဲမရဲ မငမ်းခင်

စိန်ရောင်တွေလား မြွေမျက်လုံးတွေလား စဉ်းစားပေါ့။

ပိုအရောင်ထွက်လေ မြွေပိုကြီးလေပေါ့ကွာ ။
အေး သယ်ရင်း . . .ငါကမြွေတွင်းထဲ မဆင်းပါဘူး မြွေအလိမ္ပာယ်ပြရုံလေးပါ မလုပ်နဲ့ ။
မြွေအလိမ္ပာယ်ဆရာတွေက မြွေမျိုးစုံ အကိုက်ခံရတယ် . . ။
ဒါပဲ . . သတိသာထားနေ . .ဟေ. . ဟေး ။

(ဆရာနန္ဒာသိန်းဇံ ရဲ့ နောင်တကင်းရာသို့ ထဲက ပုံပြင်လေးကို တစ်ဆင့်ပြန်ပြောတာပါ )

Credit to ….ခွန်အားရှိသောစာစုများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *