“ေရႊစကားႀကီး သံုးခြန္း”

၁ ။ ျမစ္ႀကီးလည္း မခမ္းေစနဲ႔

၂ ။ သစ္ပင္ႀကီးလည္း မလဲေစနဲ႔

၃ ။ ထုံးအိုးႀကီးလည္း မကြဲေစနဲ႔

ၾကားေတာ့ ၾကားဖူး၏ သို႔ေသာ္ …. တြင္တြင္ က်ယ္က်ယ္ သိသူေတာ့ ႐ွား၏

( ၁ ) ျမစ္ႀကီးလည္း မခမ္းေစနဲ႔

=================

ျမစ္ႀကီးလည္း မခမ္းပါေစနဲ႔ ဆိုတာ ၾကည္လင္ ေအးျမတဲ့ တသြင္သြင္စီဆင္းေနတဲ့ ျမစ္ႀကီးနဲ႔ တူတဲ့

ေမတၱာတရားမ်ား လူသားေတြမွာ မခမ္း ေျခာက္ပါေစနဲ႔ .. လို႔. ဆိုလိုျခင္းျဖစ္၏ ၊

လူသား အခ်င္းခ်င္း ေဆြမ်ိဳး မိတ္သဂၤဟအခ်င္း ခ်င္း ေမတၱာထားၿပီး ေနထိုင္ၾကမယ္ ..

အားလုံးေသာ သတၱဝါအနႏၱ အေပၚမွာလည္း ေမတၱာစမ္းေရမ်ား မခမ္းေျခာက္ေအာင္

အျမဲပြား မ်ားၿပီး ေနထိုင္ၾကရပါမယ္ … ျမစ္အတြင္းမွာ စီးဆင္းေနတဲ့ စမ္းေရသည္ ၾကည္လင္

ေအးျမတဲ့ သေဘာရိွသလို သတၱဝါ အားလုံးအေပါမွာ ပြားမ်ားေနတဲ့ ေမတၱာ ဆိုတာ လည္း

ၾကည္လင္ေအးျမလွ၏ ၊ ေမတၱာ ပြားမ်ားသူရဲ႕ သႏၱာန္မွာ ေမတၱာဓာတ္ေတြ ဝင္ေရာက္လာၿပီဆိုယင္

အဲ့ဒီပုဂၢိဳလ္ရဲ႕ ႏွလုံးသား ဟာလဲ တျခားအခ်ိန္မွာ ျဖစ္ေနတဲ့ ႏွလုံးသားနဲ႔ မတူေတာ့ဘဲ ၾကည္လင္လာ၏ …

ဘုရား႐ွင္က … စိေတၱ ပသေႏၷ ေလာဟိတံ ပသီဒတိ .. လို႔မိန္႔၏

စိတ္ၾကည္လင္လာၿပီဆိုယင္ ႐ုပ္လဲၾကည္လင္လာ ၏ … အထူးသျဖင့္ ေမတၱာ အျမဲပြားမ်ားေနတဲ့

ပုဂိၢဳလ္ ရဲ႕. မ်တ္ႏွာဟာ သာမန္ပုဂၢိဳလ္ေတြနဲ႔ မတူ ေတာ့ပါဘူး ၊ သတိထားၾကည့္ယင္

ကြာျခားေနတာ ေတြ႔ရပါလိမ့္မယ္ …. ဘာေၾကာင့္လဲဆိုေတာ့ ေမတၱာ ဆိုတဲ့ အၾကည္

ဓာတ္ကေလးက. သူ႔သႏၱာန္မွာ ကိန္းဝပ္ေနလို႔ ပါဘဲ ။

————————–

( ၂ ) သစ္ပင္ႀကီးလည္း မလဲေစနဲ႔

သစ္ပင္ႀကီးဆိုတာ … ဘုရား တရား သံဃာ လို႔ ေခၚဆိုအပ္တဲ့ ရတနာသုံးပါး ကို ဆိုလိုျခင္းျဖစ္၏ ။

ပကတိ သစ္ပင္ႀကီးသည္ … အကိုင္းအခတ္ ေဝေဝ စာစာလည္း ရိွတယ္ ၊ ပင္စည္ကလဲ ျပန္႔ပြား

အရိပ္ အာဝါသ လည္း ေကာင္းေနမယ္ဆိုယင္ … အဲ့ဒီ သစ္ပင္ႀကီးရဲ႕. အရိပ္မွာ သတၱဝါ ခိုနားေနႏိုင္ ၏ ၊

ထို သစ္ပင္ရဲ႕. အရိပ္ေအာက္ ဝင္လိုက္တာနဲ႔ တၿပိဳင္နက္ထဲ.. ကိုယ္စိတ္ႏွစ္ပါး ေအးခ်မ္းမႈကို

ခံစားရသလိုပါဘဲ …. ရတနာသုံးပါး ဆိုတဲ့ အရိပ္ဟာလည္း ဝင္ေရာက္ ခိုနားတဲ့ သတၱဝါ တိုင္းကို .

ကိုယ္စိတ္ ႏွစ္ပါး ေအးျမမႈကို အျပည့္အဝ ေပးႏိုင္၏ ။ ဝင္ေရာက္ ခိုနားတဲ့ သူတိုင္းဟာ ရတနာသုံးပါး

ရဲ႕ အရိပ္ေၾကာင့္ ကိုယ္စိတ္ႏွစ္ပါး ၿငိမ္းခ်မ္းသြားတာ ျခည္းပါဘဲ ။

ဒါေၾကာင့္ ေ႐ွးလူႀကီး သူမမ်ားက … မိမိကို အရိပ္အာဝါသ ေပးေနတဲ့ သစ္ပင္ႀကီးကို ခုတ္လဲ မမိပါေစနဲ႔

လို ေျပားဆိုၾကျခင္းျဖစ္၏ …. ထို႔အတူပါဘဲ မိမိတို႔ နားခိုရာ အားထားရာ ကိုးကြယ္ရာ ျဖစ္တဲ့

ရတနာသုံးပါး အရိပ္ကိုလဲ မပစ္ပယ္ရဘူး မေမ့ရဘူး .. ဘာေၾကာင့္လဲ ရတနာသုံးပါး ရဲ႕.

ဂုဏ္ေက်းဇူးဟာ သိပ္ၿပီးေတာ့ ႀကီးမားလို႔ပါဘဲ … သစ္ပင္ႀကီးရဲ႕ အရိပ္ဟာ ေအးျမသလို

ရတနာသုံးပါး ၏ အရိပ္ဟာလည္း ပစၥဳပၸန္ ဘဝ သာမက. တမလြန္ဘဝ အတြက္ပါ ၿငိမ္းေအးမႈကို

ေပး၏ … ဒါေၾကာင့္ … ရတနာသုံးပါး လို႔ ေခၚဆိုရတဲ့ သစ္ပင္ႀကီးကို မေမ့ပါနဲ႔. အျမဲသတိရၿပီး ကိုး

ကြယ္ဆည္းကပ္ရမည္ ဟု ဆိုလို၏ ။

—————————–

( ၃ )ထုံးအိုးႀကီးလည္း မကြဲပါေစနဲ႔

ထုံးအိုးႀကီးဆိုတာ …. ေ႐ွးက မိဘ ဘိုးဘြား ေတြရဲ႕ အစဥ္အလာ လုပ္ထုံး လုပ္နည္းကို ေျပားတာပါဘဲ

မိဘ ဘိုးဘြား ေတြရဲ႕. ယဥ္ေက်းမႈ အစဥ္အလာ ေကာင္းမ်ား ၊ မိဘ ဘိုးဘြား ေတြ ျပဳခဲ့တဲ့ ဘာသာေရး

သာသနာေရး အစဥ္အလာ ေကာင္းျမတ္တဲ့ ထုံးတမ္းစဥ္လာေတြ အဆုံးအမ ေတြ အက်င့္စာရိတၱေတြ

အားလုံးကို မဖ်တ္စီး ရဘူး မေမ့ေပ်ာက္ရဘူး အစဥ္လာကို ထိန္းသိမ္း ၿပီး ဆတ္လက္ေဆင္ရြက္ရမယ္

. “ ဒါကိုဘဲ ထုံးအိုးႀကီး မကြဲေစနဲ႔ ´´ ဟု ေျပားဆိုျခင္းျဖစ္၏ ။

ဒါေၾကာင့္ ဗုဒၶဘာသာ သူေတာ္စဥ္ ပုဂိၢဳလ္ မ်ား ေ႐ွးက ဆုံးမခဲ့တဲ့ “ စကားႀကီး ´´ သုံးခြန္း၏ အဓိပၸါယ္ ကို

နားလည္ႏိုင္ပါေစ … နားလည္သည္အားေလ်ွာ္စြာ က်င့္သုံးႏိုင္ပါေစ …. က်င့္သုံးႏိုင္သည္အေလ်ွာက္

ဘာသာ သာသနာ ကို ထိမ္းသိမ္း ေစာင့္ေ႐ွာက္ ႏိုင္ၾကပါေစ …

သုခီအတၱာနံ ပရိဟရႏၱဳ …….. မိမိကိုယ္ကို ခ်မ္းသာေအာင္ ေဆာင္ရြက္ႏိုင္ပါေစ..

Credit. အ႐ွင္နေႏၵာဘာသ ဓမၼေရာင္စဥ္

< Unicode Version >

၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့

၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့

၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့

ကြားတော့ ကြားဖူး၏ သို့သော် …. တွင်တွင် ကျယ်ကျယ် သိသူတော့ ရှား၏

( ၁ ) မြစ်ကြီးလည်း မခမ်းစေနဲ့

=================

မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ ကြည်လင် အေးမြတဲ့ တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့ တူတဲ့

မေတ္တာတရားများ လူသားတွေမှာ မခမ်း ခြောက်ပါစေနဲ့ .. လို့. ဆိုလိုခြင်းဖြစ်၏ ၊

လူသား အချင်းချင်း ဆွေမျိုး မိတ်သင်္ဂဟအချင်း ချင်း မေတ္တာထားပြီး နေထိုင်ကြမယ် ..

အားလုံးသော သတ္တဝါအနန္တ အပေါ်မှာလည်း မေတ္တာစမ်းရေများ မခမ်းခြောက်အောင်

အမြဲပွား များပြီး နေထိုင်ကြရပါမယ် … မြစ်အတွင်းမှာ စီးဆင်းနေတဲ့ စမ်းရေသည် ကြည်လင်

အေးမြတဲ့ သဘောရှိသလို သတ္တဝါ အားလုံးအပေါမှာ ပွားများနေတဲ့ မေတ္တာ ဆိုတာ လည်း

ကြည်လင်အေးမြလှ၏ ၊ မေတ္တာ ပွားများသူရဲ့ သန္တာန်မှာ မေတ္တာဓာတ်တွေ ဝင်ရောက်လာပြီဆိုယင်

အဲ့ဒီပုဂ္ဂိုလ်ရဲ့ နှလုံးသား ဟာလဲ တခြားအချိန်မှာ ဖြစ်နေတဲ့ နှလုံးသားနဲ့ မတူတော့ဘဲ ကြည်လင်လာ၏ …

ဘုရားရှင်က … စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ .. လို့မိန့်၏

စိတ်ကြည်လင်လာပြီဆိုယင် ရုပ်လဲကြည်လင်လာ ၏ … အထူးသဖြင့် မေတ္တာ အမြဲပွားများနေတဲ့

ပုဂ္ဂိုလ် ရဲ့. မျတ်နှာဟာ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူ တော့ပါဘူး ၊ သတိထားကြည့်ယင်

ကွာခြားနေတာ တွေ့ရပါလိမ့်မယ် …. ဘာကြောင့်လဲဆိုတော့ မေတ္တာ ဆိုတဲ့ အကြည်

ဓာတ်ကလေးက. သူ့သန္တာန်မှာ ကိန်းဝပ်နေလို့ ပါဘဲ ။

————————–

( ၂ ) သစ်ပင်ကြီးလည်း မလဲစေနဲ့

သစ်ပင်ကြီးဆိုတာ … ဘုရား တရား သံဃာ လို့ ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါး ကို ဆိုလိုခြင်းဖြစ်၏ ။

ပကတိ သစ်ပင်ကြီးသည် … အကိုင်းအခတ် ဝေဝေ စာစာလည်း ရှိတယ် ၊ ပင်စည်ကလဲ ပြန့်ပွား

အရိပ် အာဝါသ လည်း ကောင်းနေမယ်ဆိုယင် … အဲ့ဒီ သစ်ပင်ကြီးရဲ့. အရိပ်မှာ သတ္တဝါ ခိုနားနေနိုင် ၏ ၊

ထို သစ်ပင်ရဲ့. အရိပ်အောက် ဝင်လိုက်တာနဲ့ တပြိုင်နက်ထဲ.. ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကို

ခံစားရသလိုပါဘဲ …. ရတနာသုံးပါး ဆိုတဲ့ အရိပ်ဟာလည်း ဝင်ရောက် ခိုနားတဲ့ သတ္တဝါ တိုင်းကို .

ကိုယ်စိတ် နှစ်ပါး အေးမြမှုကို အပြည့်အဝ ပေးနိုင်၏ ။ ဝင်ရောက် ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါး

ရဲ့ အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းသွားတာ ခြည်းပါဘဲ ။

ဒါကြောင့် ရှေးလူကြီး သူမများက … မိမိကို အရိပ်အာဝါသ ပေးနေတဲ့ သစ်ပင်ကြီးကို ခုတ်လဲ မမိပါစေနဲ့

လို ပြေားဆိုကြခြင်းဖြစ်၏ …. ထို့အတူပါဘဲ မိမိတို့ နားခိုရာ အားထားရာ ကိုးကွယ်ရာ ဖြစ်တဲ့

ရတနာသုံးပါး အရိပ်ကိုလဲ မပစ်ပယ်ရဘူး မမေ့ရဘူး .. ဘာကြောင့်လဲ ရတနာသုံးပါး ရဲ့.

ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့ ကြီးမားလို့ပါဘဲ … သစ်ပင်ကြီးရဲ့ အရိပ်ဟာ အေးမြသလို

ရတနာသုံးပါး ၏ အရိပ်ဟာလည်း ပစ္စုပ္ပန် ဘဝ သာမက. တမလွန်ဘဝ အတွက်ပါ ငြိမ်းအေးမှုကို

ပေး၏ … ဒါကြောင့် … ရတနာသုံးပါး လို့ ခေါ်ဆိုရတဲ့ သစ်ပင်ကြီးကို မမေ့ပါနဲ့. အမြဲသတိရပြီး ကိုး

ကွယ်ဆည်းကပ်ရမည် ဟု ဆိုလို၏ ။

—————————–

( ၃ )ထုံးအိုးကြီးလည်း မကွဲပါစေနဲ့

ထုံးအိုးကြီးဆိုတာ …. ရှေးက မိဘ ဘိုးဘွား တွေရဲ့ အစဉ်အလာ လုပ်ထုံး လုပ်နည်းကို ပြေားတာပါဘဲ

မိဘ ဘိုးဘွား တွေရဲ့. ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ ၊ မိဘ ဘိုးဘွား တွေ ပြုခဲ့တဲ့ ဘာသာရေး

သာသနာရေး အစဉ်အလာ ကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာတွေ အဆုံးအမ တွေ အကျင့်စာရိတ္တတွေ

အားလုံးကို မဖျတ်စီး ရဘူး မမေ့ပျောက်ရဘူး အစဉ်လာကို ထိန်းသိမ်း ပြီး ဆတ်လက်ဆေင်ရွက်ရမယ်

. “ ဒါကိုဘဲ ထုံးအိုးကြီး မကွဲစေနဲ့ ´´ ဟု ပြေားဆိုခြင်းဖြစ်၏ ။

ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စဉ် ပုဂ္ဂိုလ် များ ရှေးက ဆုံးမခဲ့တဲ့ “ စကားကြီး ´´ သုံးခွန်း၏ အဓိပ္ပါယ် ကို

နားလည်နိုင်ပါစေ … နားလည်သည်အားလျှော်စွာ ကျင့်သုံးနိုင်ပါစေ …. ကျင့်သုံးနိုင်သည်အလျှောက်

ဘာသာ သာသနာ ကို ထိမ်းသိမ်း စောင့်ရှောက် နိုင်ကြပါစေ …

သုခီအတ္တာနံ ပရိဟရန္တု …….. မိမိကိုယ်ကို ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ..

Credit. အရှင်နန္ဒောဘာသ ဓမ္မရောင်စဉ်

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

13 + 19 =