” ျခေသၤ့စိတ္ဓါတ္နဲ႕ Plan-B”

ဒီေမးခြန္းကေတာ့ ၿမန္မာႏုိ္င္ငံက လူငယ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ရင္ထဲမွာ ရွိေနတဲ့ ေမးခြန္းတစ္ခုပါ။

‘ကိုယ့္ကုိယ္ကိုယ္ ဘာ၀ါသနာပါမွန္း မသိတဲ့ လူငယ္ေတြ၊ သိလည္း ကုိယ့္၀ါသနာကို

အေကာင္အထည္ေဖာ္လို႔ မရတဲ့ လူငယ္ေတြ ဘာလုပ္သင့္ပါသလဲ’ တဲ့။

ကၽြန္ေတာ္တို႔ဆီမွာ မိဘေတြရဲ႕ အုပ္ထိန္းမႈ၊ ေက်ာင္းက ဆရာဆရာမေတြရဲ႕ လမ္းညႊန္မႈဟာ

ဘယ္ကုိပဲ အဓိကဦးတည္လဲဆိုရင္ စာေမးပြဲမွာ အမွတ္မ်ားဖုိ႔နဲ႕ ဆယ္တန္းေအာင္တဲ့အခါ

တကၠသိုလ္ေကာင္းေကာင္းတက္ရဖို႔ပါပဲ။ ကေလး ဘာ၀ါသနာပါတယ္ဆုိတာကို ထုတ္ေဖာ္ဖုိ႔

အားမေပးတတ္ၾကဘူး။ အဲဒီအၿပင္ ပိတ္ပင္ခံရတာေတြေတာင္ ရွိပါတယ္။ ဒီအရြယ္မွာ အၿပင္စာေတြမဖတ္နဲ႕၊

ေဘာလံုးခ်ည္းပဲ ကန္ေနတာပဲ၊ စသၿဖင့္ ေက်ာင္းစာမွာ အမွတ္နည္းမွာစိုးတာေၾကာင့္

ကန္႔သတ္ခ်ဳပ္ခ်ယ္ၾကတာေတြ ရွိပါတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ ပညာေရးစနစ္ကလည္း ဒီလိုၿဖစ္ေအာင္ ဖန္တီးေပးထားတာကုိး။

 

အဲဒီရဲ႕ အက်ိဳးဆက္ကေတာ့ လူငယ္ေတြဟာ ကုိယ့္ကုိယ္ကုိယ္ ဘာ၀ါသနာပါမွန္း မသိေတာ့ဘူး။

အိမ္က တက္ခုိင္းတဲ့ တကၠသိုလ္၊ အမွတ္မီတဲ့ တကၠသိုလ္ တက္တယ္၊ ေနာက္ေတာ့မွ ကိုယ့္၀ါသနာ

ကုိယ္ေတြ႔ၿပီး စီးပြါးေရးလုပ္ၿဖစ္တာတုိ႕၊ အႏုပညာလုိင္းကုိ ကူးေၿပာင္းကုန္တာတုိ႔ ၿဖစ္ကုန္တာေပါ့။

ေနာက္တစ္ခုက ကုိယ့္၀ါသနာ ကုိယ္သိေပမယ့္ လက္ေတြ႔အေကာင္အထည္ေဖာ္ဖုိ႔က်ေတာ့လည္း ၿပႆနာရွိၿပန္ပါတယ္။

ဥပမာ ေဘာလံုးကန္ရတာ ၀ါသနာပါတယ္ ဆုိပါေတာ့။ သူမ်ားတုိင္းၿပည္ေတြဆုိ ဒါကုိ ပေရာ္ဖက္ရွင္ အၿဖစ္

ေရြးခ်ယ္ၿပီး ၾကိဳးစားလိုက္လို႔ ရေပမယ့္ ကၽြန္ေတာ္တုိ႕ဆီမွာ အဲ့ေလာက္ မလြယ္ပါဘူး။ ႏုိင္ငံက ဖြံ႔ၿဖိဳးမႈ

ေနာက္က်ေနတဲ့အခါ လူငယ္ေတြအတြက္ ေရြးခ်ယ္စရာ ပေရာ္ဖက္ရွင္အလုပ္က အင္မတန္မွ နည္းပါတယ္။

 

ဒီေတာ့ ကၽြန္ေတာ္တို႔ လူငယ္ေတြ ဘာလုပ္ၾကမလဲ။

ဆရာတို႔က ေၿဖပါတယ္။ ၿခေသၤ့စိတ္ဓါတ္ ေမြးပါတဲ့။

ၿမန္မာႏုိ္င္ငံက ဆရာ၀န္တစ္ေယာက္အေနနဲ႔ ယူလို႔ရတဲ့ဘြဲ႔ အကုန္လံုးကုိ ရထားၿပီးၿပီၿဖစ္တဲ့ ဆရာရဲၿမင့္ေက်ာ္

(လကာၤရည္ေက်ာ္)ဟာ ဆရာ၀န္အလုပ္ကို ၀ါသနာမပါခဲ့ဘူးလို႔ ေၿပာရင္ အံ့ၾသသြားၾကမယ္ထင္ပါတယ္။

ကၽြန္ေတာ္တုိ႔လည္း ၾကားၾကားခ်င္းမွာ အံ့ၾသခဲ့ရတယ္။ ဟုတ္ပါတယ္။ ဆရာဟာ ေဆးတကၠသိုလ္ကို

မိသားစုထဲမွာ ဆရာ၀န္မရွိေသးဘူး ဆုိၿပီး အိမ္က တက္ခုိင္းလို႔ တက္ခဲ့ရတာပါ၊ တကယ္ၿဖစ္ခ်င္ခဲ့တာက စာေရးဆရာပါတဲ့။

ဒါၿဖင့္ ၀ါသနာမပါတဲ့အလုပ္မွာ ဘာၿဖစ္လုိ႔ ဒီလိုထူးခၽြန္ေနသလဲ ဆုိေတာ့ ငါ ဒီေက်ာင္းကို တက္ရေတာ့မယ္၊

ဒီအလုုပ္လုပ္ရေတာ့မယ္ဆိုမွေတာ့ တခုခုထြန္းေပါက္ေအာင္ လုပ္ရမယ္ဆုိၿပီး ၾကိဳးစားခဲ့တာပါတဲ့။ ေဒါက္တာ

လို႔ နာမည္တပ္ၿပီးမွေတာ့ ေဆးမကုတတ္ရင္ သူမ်ားကုိ သတ္သလို ၿဖစ္ေတာ့မယ္ ဆုိတဲ့စိတ္နဲ႔

ၾကိဳးစားလိုက္တာ ခုလိုၿဖစ္လာတဲ့အထိပဲ။

 

ဆရာေတာ္အရွင္ဆႏၵာဓိက ေဟာဖူးတာေလးကို သြားသတိရပါတယ္။ ဆရာေတာ္ဟာ ဆယ္တန္းတုန္းက

ဘာသာစံုဂုဏ္ထူးထြက္ပါတယ္။ အဲဒီအခ်ိန္မွာကတည္းက ဆယ္တန္းေအာင္ၿပီးရင္ သာသနာ့ေဘာင္

အၿပီးအပိုင္၀င္ေတာ့မယ္လို႔ ဆံုးၿဖတ္ၿပီးသားပါ။ ဒီအေၾကာင္းကို ၾကားရေတာ့ ဒကာတစ္ေယာက္က

အံ့ၾသတစ္ၾကီး ေလွ်ာက္တယ္။ ဒါနဲ႔ေတာင္ ဆရာေတာ္က ဘာသာစံုဂုဏ္ထူးထြက္တဲ့အထိ ၾကိဳးစားခဲ့ရသလား

ဆိုေတာ့ ဆရာေတာ္က ၿပန္ေၿဖပါတယ္။ “ဘာပဲလုပ္လုပ္ အေကာင္းဆံုးၿဖစ္ေအာင္ လုပ္ခ်င္တဲ့စိတ္ေၾကာင့္ပါ” တဲ့။

အဲဒီဆယ္တန္းအမွတ္က ဆရာေတာ့္အတြက္ ဘာမွအသံုးမ၀င္ခဲ့ပါဘူး။ အမွတ္တမဲ့ၾကည္႔ရင္ အလဟႆေပါ့။

ဒါေပမယ့္ အဲဒီအခ်ိန္ကတည္းက အၿမစ္တြယ္ခဲ့တဲ့ ‘ဘာပဲလုပ္လုပ္ အေကာင္းဆံုးၿဖစ္ေအာင္ လုပ္မယ္’ဆုိတဲ့

စိတ္ကေတာ့ ခုလို သံဃာေတာ္တစ္ပါး ၿဖစ္လာတဲ့အခါမွာလည္း လိုက္ၿပီး အက်ိဳးၿပဳေနတုန္းပါပဲ၊၊

ၿခေသၤ့ေတြဟာ သားေကာင္ကုိ လိုက္တဲ့အခါ ၾကီးတဲ့အေကာင္ၿဖစ္ေစ၊ ငယ္တဲ့အေကာင္ၿဖစ္ေစ

တူညီတဲ့လံု႕လ၀ီရိယကို စိုက္ထုတ္တတ္ပါတယ္။ ဒါေၾကာင့္ ကုိယ္၀ါသနာမပါတဲ့အလုပ္ကုိ လုပ္ေနရတဲ့

လူငယ္ေတြအေနနဲ႔လည္း ဟုိအၿပစ္တင္၊ ဒီအၿပစ္တင္ လုပ္မေနပါနဲ႕။ ၀ါသနာပါတဲ့အလုပ္ကိုၿဖစ္ေစ၊

မပါတဲ့အလုပ္ကိုၿဖစ္ေစ၊ အေကာင္းဆံုးၿဖစ္ေအာင္ လုပ္မယ္ ဆိုတဲ့ ၿခေသၤ့စိတ္ဓါတ္မ်ိဳး ထားလိုက္ပါ။

တူညီတဲ့ အက်ိဳးရလဒ္တစ္ခု ၿပန္ရပါလိမ့္မယ္။

ဒီလိုေၿပာလိုက္လို႔ ၀ါသနာကို စြန္႕လႊတ္လိုက္ရမွာလား ဆုိေတာ့ မဟုတ္ပါဘူး။ ေဆးေက်ာင္းတက္၊

ဆရာ၀န္လုပ္ခဲ့ေပမယ့္ စာေရးဆရာၿဖစ္ခ်င္တယ္ ဆုိတဲ့ အိပ္မက္ကုိ ဆရာဟာ ဘယ္တုန္းကမွ မစြန္႕

လႊတ္ခဲ့ပါဘူး။ တစ္ခုပဲ၊ အခ်ိန္ေလးေနာက္ဆုတ္လိုက္တာပါပဲ။

အဲဒီအခိ်န္က မေရရာခဲ့တဲ့ စာေရးဆရာၿဖစ္ေရး ဆုိတာထက္ ပိုေသခ်ာတဲ့ ဆရာ၀န္ဘ၀ကို

အရင္ေလွ်ာက္လွမ္းတယ္၊ ၿပီးေတာ့မွ အဲဒီဘ၀အေပၚ အေၿခခံတဲ့၀တၳဳေတြေရးတယ္။ အဲဒီကေနတစ္ဆင့္

ခုလိုႏုိင္ငံေက်ာ္စာေရးဆရာတစ္ေယာက္ ၿဖစ္လာခဲ့တယ္။

ဆရာကေၿပာပါတယ္၊ Plan B ဆုိတာ လက္ေၿမွာက္အရံႈးေပးလုိက္တာ မဟုတ္ပါဘူး၊ ဒီလမ္းက

ပိတ္ေနလို႔ တၿခားတစ္ဖက္က ပတ္သြားလိုက္တာပါ တဲ့။ အခ်ိန္ေတာ့ ၾကာေကာင္းၾကာမယ္၊ ဒါေပမယ့္

တစ္ေန႔ေတာ့ ေရာက္မွာပါပဲ တဲ့။တကယ္ေတာ့ ဘ၀ဆုိတာ စာေမးပြဲတစ္ခုဆုိရင္ အဲဒီစာေမးပြဲမွာ

ကၽြန္ေတာ္တို႔ဟာ ကုိယ့္ကုိေပးလာတဲ့ပုစာၦကုိပဲ ေၿဖဆုိၾကရပါတယ္။ သူမ်ားေမးခြန္း သြားေၿဖခ်င္လို႔ မရပါဘူး။

လက္ေတြ႔ဘ၀မွာ တခ်ိဳ႕လူေတြအတြက္ မိဘပံ့ပုိးမႈဆုိတာ အဆင္သင့္ၿဖစ္ေနေပမယ့္ ကုိယ္ကေတာ့

မိဘကုိ ၿပန္ေထာက္ပံ့ေနရတာမ်ိဳးေတြ ရွိႏုိင္တယ္။ ဒါကို သူမ်ားလို မၿဖစ္ရေကာင္းလားဆုိၿပီး

ညည္းတြားေနလို႔ မရပါဘူး။ ဘာမွလည္း ထူးလာမွာ မဟုတ္ဘူး။တစ္ခါတစ္ေလမွာ လက္ေတြ႕က်တာကို

ကုိယ့္ဆႏၵထက္ ဦးစားေပးရတာမ်ိဳးေတြ ရွိပါတယ္။ ဒီအတြက္ စိတ္ဓါတ္မက်ပါနဲ႕။ ကုိယ့္အိပ္မက္ကုိလည္း

မစြန္႕လႊတ္လိုက္ပါနဲ႕။ လတ္တေလာမွာ ဒီလမ္းက ဘယ္လိုမွေလွ်ာက္မရတာမို႔ တၿခားတစ္လမ္းက

ပတ္သြားရတာသာ ၿဖစ္ပါတယ္။ အဲဒီေနရာကို မေရာက္ေရာက္ေအာင္ သြားမယ္ဆုိတဲ့စိတ္နဲ႕သာ

ၾကိဳးစားရင္ တကယ္ၿဖစ္လာႏုိင္ပါတယ္။

 

ဒါေၾကာင့္ ကိုယ့္၀ါသနာကို မသိေသးတဲ့သူပဲၿဖစ္ၿဖစ္၊ သိရက္နဲ႔ လက္ေတြ႔မလုပ္ႏုိင္ေသးတဲ့သူပဲၿဖစ္ၿဖစ္

လက္ရွိလုပ္ေနတဲ့အလုပ္မွာ အေကာင္းဆံုးၿဖစ္ေအာင္ လုပ္ပါ။ အဲဒီၿခေသၤ့စိတ္ဓါတ္က

ကုိယ့္အိပ္မက္ေတြဆီ သြားမယ့္ ဒုတိယလမ္း Plan-B ကို ပိုၿပီး အဆင္ေၿပေခ်ာေမြ႕ေစပါလိမ့္မယ္။

ေရးသားသူ – ေဒါက္တာ ၿဖိဳးသီဟ

< Unicode Version >

ဒီမေးခွန်းကတော့ မြန်မာနို်င်ငံက လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုပါ။

‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ်တွေ၊ သိလည်း ကိုယ့်ဝါသနာကို

အကောင်အထည်ဖော်လို့ မရတဲ့ လူငယ်တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။

ကျွန်တော်တို့ဆီမှာ မိဘတွေရဲ့ အုပ်ထိန်းမှု၊ ကျောင်းက ဆရာဆရာမတွေရဲ့ လမ်းညွှန်မှုဟာ

ဘယ်ကိုပဲ အဓိကဦးတည်လဲဆိုရင် စာမေးပွဲမှာ အမှတ်များဖို့နဲ့ ဆယ်တန်းအောင်တဲ့အခါ

တက္ကသိုလ်ကောင်းကောင်းတက်ရဖို့ပါပဲ။ ကလေး ဘာဝါသနာပါတယ်ဆိုတာကို ထုတ်ဖော်ဖို့

အားမပေးတတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊

ဘောလုံးချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာမှာ အမှတ်နည်းမှာစိုးတာကြောင့်

ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီးပေးထားတာကိုး။

အဲဒီရဲ့ အကျိုးဆက်ကတော့ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတော့ဘူး။

အိမ်က တက်ခိုင်းတဲ့ တက္ကသိုလ်၊ အမှတ်မီတဲ့ တက္ကသိုလ် တက်တယ်၊ နောက်တော့မှ ကိုယ့်ဝါသနာ

ကိုယ်တွေ့ပြီး စီးပွါးရေးလုပ်ဖြစ်တာတို့၊ အနုပညာလိုင်းကို ကူးပြောင်းကုန်တာတို့ ဖြစ်ကုန်တာပေါ့။

နောက်တစ်ခုက ကိုယ့်ဝါသနာ ကိုယ်သိပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ကျတော့လည်း ပြဿနာရှိပြန်ပါတယ်။

ဥပမာ ဘောလုံးကန်ရတာ ၀ါသနာပါတယ် ဆိုပါတော့။ သူများတိုင်းပြည်တွေဆို ဒါကို ပရော်ဖက်ရှင် အဖြစ်

ရွေးချယ်ပြီး ကြိုးစားလိုက်လို့ ရပေမယ့် ကျွန်တော်တို့ဆီမှာ အဲ့လောက် မလွယ်ပါဘူး။ နိုင်ငံက ဖွံ့ဖြိုးမှု

နောက်ကျနေတဲ့အခါ လူငယ်တွေအတွက် ရွေးချယ်စရာ ပရော်ဖက်ရှင်အလုပ်က အင်မတန်မှ နည်းပါတယ်။

ဒီတော့ ကျွန်တော်တို့ လူငယ်တွေ ဘာလုပ်ကြမလဲ။

ဆရာတို့က ဖြေပါတယ်။ ခြင်္သေ့စိတ်ဓါတ် မွေးပါတဲ့။

မြန်မာနို်င်ငံက ဆရာဝန်တစ်ယောက်အနေနဲ့ ယူလို့ရတဲ့ဘွဲ့ အကုန်လုံးကို ရထားပြီးပြီဖြစ်တဲ့ ဆရာရဲမြင့်ကျော်

(လကာင်္ရည်ကျော်)ဟာ ဆရာဝန်အလုပ်ကို ၀ါသနာမပါခဲ့ဘူးလို့ ပြောရင် အံ့သြသွားကြမယ်ထင်ပါတယ်။

ကျွန်တော်တို့လည်း ကြားကြားချင်းမှာ အံ့သြခဲ့ရတယ်။ ဟုတ်ပါတယ်။ ဆရာဟာ ဆေးတက္ကသိုလ်ကို

မိသားစုထဲမှာ ဆရာဝန်မရှိသေးဘူး ဆိုပြီး အိမ်က တက်ခိုင်းလို့ တက်ခဲ့ရတာပါ၊ တကယ်ဖြစ်ချင်ခဲ့တာက စာရေးဆရာပါတဲ့။

ဒါဖြင့် ၀ါသနာမပါတဲ့အလုပ်မှာ ဘာဖြစ်လို့ ဒီလိုထူးချွန်နေသလဲ ဆိုတော့ ငါ ဒီကျောင်းကို တက်ရတော့မယ်၊

ဒီအလုုပ်လုပ်ရတော့မယ်ဆိုမှတော့ တခုခုထွန်းပေါက်အောင် လုပ်ရမယ်ဆိုပြီး ကြိုးစားခဲ့တာပါတဲ့။ ဒေါက်တာ

လို့ နာမည်တပ်ပြီးမှတော့ ဆေးမကုတတ်ရင် သူများကို သတ်သလို ဖြစ်တော့မယ် ဆိုတဲ့စိတ်နဲ့

ကြိုးစားလိုက်တာ ခုလိုဖြစ်လာတဲ့အထိပဲ။

ဆရာတော်အရှင်ဆန္ဒာဓိက ဟောဖူးတာလေးကို သွားသတိရပါတယ်။ ဆရာတော်ဟာ ဆယ်တန်းတုန်းက

ဘာသာစုံဂုဏ်ထူးထွက်ပါတယ်။ အဲဒီအချိန်မှာကတည်းက ဆယ်တန်းအောင်ပြီးရင် သာသနာ့ဘောင်

အပြီးအပိုင်ဝင်တော့မယ်လို့ ဆုံးဖြတ်ပြီးသားပါ။ ဒီအကြောင်းကို ကြားရတော့ ဒကာတစ်ယောက်က

အံ့သြတစ်ကြီး လျှောက်တယ်။ ဒါနဲ့တောင် ဆရာတော်က ဘာသာစုံဂုဏ်ထူးထွက်တဲ့အထိ ကြိုးစားခဲ့ရသလား

ဆိုတော့ ဆရာတော်က ပြန်ဖြေပါတယ်။ “ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့စိတ်ကြောင့်ပါ” တဲ့။

အဲဒီဆယ်တန်းအမှတ်က ဆရာတော့်အတွက် ဘာမှအသုံးမဝင်ခဲ့ပါဘူး။ အမှတ်တမဲ့ကြည့်ရင် အလဟဿပေါ့။

ဒါပေမယ့် အဲဒီအချိန်ကတည်းက အမြစ်တွယ်ခဲ့တဲ့ ‘ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်မယ်’ဆိုတဲ့

စိတ်ကတော့ ခုလို သံဃာတော်တစ်ပါး ဖြစ်လာတဲ့အခါမှာလည်း လိုက်ပြီး အကျိုးပြုနေတုန်းပါပဲ၊၊

ခြင်္သေ့တွေဟာ သားကောင်ကို လိုက်တဲ့အခါ ကြီးတဲ့အကောင်ဖြစ်စေ၊ ငယ်တဲ့အကောင်ဖြစ်စေ

တူညီတဲ့လုံ့လဝီရိယကို စိုက်ထုတ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝါသနာမပါတဲ့အလုပ်ကို လုပ်နေရတဲ့

လူငယ်တွေအနေနဲ့လည်း ဟိုအပြစ်တင်၊ ဒီအပြစ်တင် လုပ်မနေပါနဲ့။ ၀ါသနာပါတဲ့အလုပ်ကိုဖြစ်စေ၊

မပါတဲ့အလုပ်ကိုဖြစ်စေ၊ အကောင်းဆုံးဖြစ်အောင် လုပ်မယ် ဆိုတဲ့ ခြင်္သေ့စိတ်ဓါတ်မျိုး ထားလိုက်ပါ။

တူညီတဲ့ အကျိုးရလဒ်တစ်ခု ပြန်ရပါလိမ့်မယ်။

ဒီလိုပြောလိုက်လို့ ၀ါသနာကို စွန့်လွှတ်လိုက်ရမှာလား ဆိုတော့ မဟုတ်ပါဘူး။ ဆေးကျောင်းတက်၊

ဆရာဝန်လုပ်ခဲ့ပေမယ့် စာရေးဆရာဖြစ်ချင်တယ် ဆိုတဲ့ အိပ်မက်ကို ဆရာဟာ ဘယ်တုန်းကမှ မစွန့်

လွှတ်ခဲ့ပါဘူး။ တစ်ခုပဲ၊ အချိန်လေးနောက်ဆုတ်လိုက်တာပါပဲ။

အဲဒီအချိန်က မရေရာခဲ့တဲ့ စာရေးဆရာဖြစ်ရေး ဆိုတာထက် ပိုသေချာတဲ့ ဆရာဝန်ဘဝကို

အရင်လျှောက်လှမ်းတယ်၊ ပြီးတော့မှ အဲဒီဘဝအပေါ် အခြေခံတဲ့ဝတ္ထုတွေရေးတယ်။ အဲဒီကနေတစ်ဆင့်

ခုလိုနိုင်ငံကျော်စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။

ဆရာကပြောပါတယ်၊ Plan B ဆိုတာ လက်မြှောက်အရှုံးပေးလိုက်တာ မဟုတ်ပါဘူး၊ ဒီလမ်းက

ပိတ်နေလို့ တခြားတစ်ဖက်က ပတ်သွားလိုက်တာပါ တဲ့။ အချိန်တော့ ကြာကောင်းကြာမယ်၊ ဒါပေမယ့်

တစ်နေ့တော့ ရောက်မှာပါပဲ တဲ့။တကယ်တော့ ဘဝဆိုတာ စာမေးပွဲတစ်ခုဆိုရင် အဲဒီစာမေးပွဲမှာ

ကျွန်တော်တို့ဟာ ကိုယ့်ကိုပေးလာတဲ့ပုစ္ဆာကိုပဲ ဖြေဆိုကြရပါတယ်။ သူများမေးခွန်း သွားဖြေချင်လို့ မရပါဘူး။

လက်တွေ့ဘဝမှာ တချို့လူတွေအတွက် မိဘပံ့ပိုးမှုဆိုတာ အဆင်သင့်ဖြစ်နေပေမယ့် ကိုယ်ကတော့

မိဘကို ပြန်ထောက်ပံ့နေရတာမျိုးတွေ ရှိနိုင်တယ်။ ဒါကို သူများလို မဖြစ်ရကောင်းလားဆိုပြီး

ညည်းတွားနေလို့ မရပါဘူး။ ဘာမှလည်း ထူးလာမှာ မဟုတ်ဘူး။တစ်ခါတစ်လေမှာ လက်တွေ့ကျတာကို

ကိုယ့်ဆန္ဒထက် ဦးစားပေးရတာမျိုးတွေ ရှိပါတယ်။ ဒီအတွက် စိတ်ဓါတ်မကျပါနဲ့။ ကိုယ့်အိပ်မက်ကိုလည်း

မစွန့်လွှတ်လိုက်ပါနဲ့။ လတ်တလောမှာ ဒီလမ်းက ဘယ်လိုမှလျှောက်မရတာမို့ တခြားတစ်လမ်းက

ပတ်သွားရတာသာ ဖြစ်ပါတယ်။ အဲဒီနေရာကို မရောက်ရောက်အောင် သွားမယ်ဆိုတဲ့စိတ်နဲ့သာ

ကြိုးစားရင် တကယ်ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ဝါသနာကို မသိသေးတဲ့သူပဲဖြစ်ဖြစ်၊ သိရက်နဲ့ လက်တွေ့မလုပ်နိုင်သေးတဲ့သူပဲဖြစ်ဖြစ်

လက်ရှိလုပ်နေတဲ့အလုပ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အဲဒီခြင်္သေ့စိတ်ဓါတ်က

ကိုယ့်အိပ်မက်တွေဆီ သွားမယ့် ဒုတိယလမ်း Plan-B ကို ပိုပြီး အဆင်ပြေချောမွေ့စေပါလိမ့်မယ်။

ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

three × four =