“အီစြတ္ေပးေသာ ဘဝသင္ခန္းစာ”

အီစြတ္ ပံုျပင္မ်ားတြင္ အဓိက ဇာတ္ေကာင္မ်ားမွာ တိရစၧာန္မ်ား ျဖစ္ပါသည္။

ပံုျပင္ဆရာၾကီး အီစြတ္သည္ ခရစ္မေပၚမီ အႏွစ္ ၆၀၀ ေလာက္က ေပၚထြန္းခဲ့သည္။

အီစြတ္သည္ “ဖရိဂ်ီယာ” ဆိုသူ၏ ေက်းကၽြန္တစ္ဦး၊ ရုပ္ဆိုးျပီး အရပ္ပုေသာ္လည္း ဉာဏ္ထက္ျမက္သည္။

“ေဆးမယ္ျမိဳ႕၊ ဂရိေတြးေခၚပညာရွင္ၾကီး “ေကြဂ်င္သပ္”ဆိုသူက အီစြတ္ကို ေက်းကၽြန္အျဖစ္ ဝယ္လိုက္သည္။

မၾကာမီမွာပင္ သူဝယ္လိုက္သူ အီစြတ္မွာ ေက်းကၽြန္မဟုတ္ဘဲ ဆရာျဖစ္ေနမွန္း သိလိုက္ရသည္။

အီစြတ္ေျပာသမွ် ေလးနက္ေသာ စကားေတြကို ေတြးေခၚ ရွင္ၾကီးက လက္ခံရသည္ခ်ည္းျဖစ္သည္။

တစ္ေန႔တြင္ ေတြးေခၚပညာရွင္ၾကီး “ေကြဂ်င္သပ္” က အီစြတ္ကို ေရခ်ိဳးဆိပ္မွာ လူသိပ္မ်ား မမ်ား

သြားၾကည့္ရန္ခိုင္းလိုက္သည္။ အီစြတ္ ေရခ်ိဳးဆိပ္ကို သြားခဲ့သည္။ ေရခ်ိဳးဆိပ္သြားေသာ

တံခါးေပါက္တြင္ ေက်ာက္တံုးတစ္တံုး ရွိသည္။ လူအမ်ားက ေက်ာက္တုန္းႏွင့္တိုက္မိျပီး

ဆဲဆိုသြားၾကသည္။ မည္သူကမွ ေက်ာက္တံုးကို မဖယ္ၾက။ လူတစ္ေယာက္က ေက်ာက္တံုးနွင့္တိုက္မိျပီး

ဆဲဆိုကာ ေက်ာက္တံုးကို ဖယ္လိုက္သည္။ အီစြတ္ အိမ္ျပန္ေရာက္ေသာအခါ ျမစ္ဆိပ္မွာ

လူတစ္ေယာက္တည္းရွိေၾကာင္းေျပာသည္။

“ေကြဂ်င္သပ္” ေရခ်ိဳးဆိပ္သြားၾကည့္ေသာအခါ လူအမ်ားၾကီး တိုးၾကိတ္ေနသည္ကို

ေတြ႔လိုက္ရသည္။ “မင္းေျပာေတာ့ လူတစ္ေယာက္တည္းဆို ” ဟု မေက်မနပ္ ေျပာလိုက္သည္။

အီစြတ္က “လူေတြအားလံုး အဝက ေက်ာက္တံုးနဲ႔တိုက္မိတာကို ဆဲဆိုသြားၾကတယ္။ ဘယ္သူကမွ

ဖယ္ရမယ္ဆိုတဲ့အသိဉာဏ္မရွိၾကဘူး။ လူတစ္ေယာက္က အဲဒီေက်ာက္တံုးကို ဖယ္လို႔

လူတစ္ေယာက္တည္း ရွိတယ္လို႔ ေျပာတာပါ။

တစ္ခါတြင္ အီစြတ္ျမိဳ႕ထဲတြင္ လမ္းေလွ်ာက္သြားစဥ္ ျမိဳ႕ေတာ္ဝန္ႏွင့္ ေတြ႔သည္။ ျမိဳ႕ေတာ္ဝန္က

“အီစြတ္ဘယ္သြားမလို႔လဲ”ဟု ေမးသည္။ “ကၽြန္ေတာ္ ဘယ္သြားေနမွန္းမသိဘူး” ဟူ၍ အီစြတ္က

ျပန္ေျဖသည္။ ျမိဳ႕ေတာ္ဝန္က “မင္းဘယ္သြားေနမွန္းမသိဘူး ဆိုတာ ျဖစ္ႏိုင္ပါ့မလား၊ မင္းညာေနတာပဲ”

ဟုဆိုျပီး ေဒါသျဖစ္ျဖစ္နဲ႔ ဖမ္းျပီး အခ်ဳပ္ထဲ ထည့္လိုက္တယ္။ ထုိအခါ အီစြတ္က-

“ဝန္ၾကီးေတြ႔ျပီမဟုတ္လား၊ ကၽြန္ေတာ္ ေထာင္ထဲသြားရမယ္ဆိုတာကို သိခဲ့လို႕လား”

ဟူ၍ ေျပာလိုက္ရာ ျမိဳ႕ေတာ္ဝန္က သေဘာလည္းေပါက္ အံ့လည္းအံ့ၾသျပီး အီစြတ္ကို လႊတ္ေပးလိုက္ပါသတဲ့။

အီစြတ္ အမွန္ကိုခ်ည္းေျပာလြန္းသည့္အတြက္ သူ႔ကိုေခ်ပမေျပာႏိုင္ၾက။ အီစြတ္က

ရဲစြမ္းသတၱိလည္း ရွိသည့္အတြက္ အျပစ္ဒဏ္ေပးသည့္အေနျဖင့္ ေတာင္ေပၚကေန

ခုန္ခ်ျပီး အဆံုးစီရင္ခိုင္းၾကသည္။ ေသမွာ မေၾကာက္ေသာအီဆြတ္က ေနာက္ဆံုးအခ်ိန္ထိ

ပံုျပင္ေတြကို ေျပာဆိုသြားကာ လူသားတို႔ကို ဆံုးမခဲ့သည္။

“အီစြတ္ ပံုျပင္မ်ားသည္ အလြန္တန္ဖိုးရွိေသာစာေကာင္းေပမြန္ စာရင္းဝင္ျဖစ္ပါသည္။

ပံုျပင္တိုင္းပင္ တစ္ပုဒ္လွ်င္ သင္ခန္းစာတစ္ခုစီ ပါဝင္သည္။ အခ်ိဳ႕ပံုျပင္မ်ားမွာ ေလးနက္လွသျဖင့္

ကေလးမ်ားထက္ လူၾကီးမ်ားႏွင့္ ပို၍ သင့္ေလ်ာ္ပါသည္။

အေမရိကန္သမၼတၾကီး လင္ကြန္းသည္ အီစြတ္ပံုျပင္စာအုပ္ကို လက္စြဲျပဳခဲ့ပါသည္။

အီစြတ္ပံုျပင္မ်ားသည္ ဒ႑ာရီပံုျပင္မ်ားပင္ျဖစ္ေသာ္လည္း လူ႔ေလာကတြင္ ဆင္ျခင္စရာ

သင္ခန္းစာမ်ား ေပးစြမ္းနိုင္ပါသည္။ ျမန္မာ့လူငယ္ေလးမ်ားသည္ ပံုျပင္မ်ားကို နွစ္သက္ၾကပါသည္။

ပံုျပင္တိုင္းတြင္ သင္ခန္းစာေကာင္းကေလးမ်ား ပါစျမဲပင္ျဖစ္သည္။ အီစြတ္ပံုျပင္မ်ားသည္

ဘဝသင္ခန္းစာ အေကာင္းဆံုး ေပးစြမ္းနိုင္ေသာ ပံုျပင္ေကာင္းမ်ား ျဖစ္ပါသည္။

အီစြတ္ပံုျပင္မ်ားကို ယေန႔လူငယ္ေလးမ်ား ေလ့လာဖတ္ရွဳလ်က္ ေကာင္းမြန္ေသာ ဘဝသင္ခန္းစာမ်ားကို ရယူနိုင္ပါေစ။

တစ္ခါတုန္းက ျခေသၤ့ တစ္ေကာင္နဲ႔ လူတစ္ေယာက္ ခရီးအတူထြက္လာၾကတယ္ ။

ႏွစ္ေယာက္စလံုး ဟာ တစ္ဦးကိုတစ္ဦး ၾကြား၀ါေျပာဆိုရင္း လာခဲ့တာေပါ့ ။ ျခေသၤ့ကို လူက

ဓါးနဲ႔ ထိုးသတ္ေနတဲ့ ပံုကို ထုထားတဲ့ ေက်ာက္ရုပ္ထုကို လမ္းမွာေတြ႔တယ္ ။ ဒီအခါမွာ လူက

ေက်ာက္ရုပ္ ဆီလက္ညိွုးထိုးျပရင္း ” ေတြ႔တယ္မလား လူေတြဟာ မင္းတို႔ျခေသၤ့ေတြထက္

သန္စြမ္းတယ္ ” လို႔ေျပာလိုက္တယ္ ။ ျခေသၤ့က ျပံဳးလိုက္တာေပါ့ကြယ္ ။ ျပီးေတာ့ . . . . . ”

ျခေသၤ့ေတြသာ ပန္းပုပညာကို တတ္မယ္ဆိုရင္ လူကိုျခေသၤ့ က ကိုက္စားေနပံုလည္း

ခင္ဗ်ားေတြ႔ရလိမ့္မယ္ ” လို႔ ျပန္ေျပာလိုက္တယ္ ။

(လုပ္ခြင့္သာတဲ့လူသာ လုပ္ခြင့္သာသလို လုပ္တတ္ၾကတာ ေလာကဓမၼတာပါပဲ ။)

 

ပိရိေအာင္မညာတတ္ ~~~~~~~~~~~~~~

ေလွသေဘာၤေတြနဲ႔ ခရီးသြားသူတို႔ဟာေခြးေတြေမ်ာက္ေတြကို ေခၚသြားေလ့ရွိတယ္ ။ ၾကာရွည္လွတဲ့

ေရလမ္းခရီး တစ္ေလွ်ာက္မ်ာ အပ်င္းေျဖအခ်ိန္ကုန္လြန္ေစဖို႔တဲ့ ။ ခရီးသြားတစ္ေယာက္ကေတာ့

ေမ်ာက္ကုိေခၚခဲ့တယ္ ။ အာတိတ္ကမ္းေျခမွာရွိတဲ့ ဆူနီအမ္ အငူက ထြက္လာရင္ပဲ

ျပင္းထန္တဲ့မုန္တိုင္းၾကီးက်ပါေလေရာ။ မုန္တိုင္းဒဏ္ေၾကာင့္ ေလွလည္း ေမွာက္သြားပါတယ္ ။

ဒီေတာ့ လူေတြေရထဲက်ကုန္တယ္ ။ခုနကေမ်ာက္လည္းက်သြားတာေပါ့ ။ သူတို႔ ဟာတြယ္စရာ

တစ္ခုကိုဖက္ျပီး ပင္လယ္ထဲ ေမ်ာေနတာေပါ့ ။ လင္းပိုင္ငါးဟာ ေမ်ာက္ကို လူထင္မွတ္ျပီး

သူ႔ေက်ာေပၚတင္ကာ ကမ္းဆီကယ္ဆယ္သြားတယ္။ ေအသင္ျပည္ ဆိပ္ကမ္းျမိဳ႔ျဖစ္တဲ့ ပိုင္ရီအပ္စစ္

ကိုလည္း ေရာက္ေရာ လင္းပိုင္ငါးက ” ခင္ဗ်ားဟာ ေအသင္ျပည္သားလား ” လို႔ေမးပါတယ္။ ေမ်ာက္ကလည္း

ဟုတ္ပါတယ္ လို႔ျပန္ေျဖလိုက္တယ္ ။ဒါတင္မက ဘူး ကၽြန္ေတာ့္ မိဘေတြ ဟာေအသင္ျပည္မွာ

အလြန္ထင္ရွားတဲ့ ပုဂၢိဳလ္ေတြပါ လို႔ ထပ္ေျပာလိုက္ေသးတယ္ ။ ” ပိုင္ရီအပ္စ္ ကိုသိပါသလား ”

လို႔ေမးတယ္။ ေမ်ာက္က ပိုင္ရီအပ္စ္ဆိုတာ လူနာမည္ျဖစ္လိမ့္မယ္လို႔ထင္ေနတာကိုး ။ ဒါေၾကာင့္

ပိုင္ရီအပ္စ္ကို ေကာင္းေကာင္းသိတဲ့ အေၾကာင္း၊ ပိုင္ရီအပ္စ္ဟာ သူ႔မိတ္ေဆြျဖစ္တဲ့ အေၾကာင္း

ေျပာဆိုတာေပါ့ ။ သူလိမ္ညာေနမွန္း လင္းပိုင္က သိသြားျပိး စိတ္အေတာ္ဆိုးသြားတယ္ ။ သူ႔ကိုလည္း

ေက်ာေပၚက ခါခ်ပစ္လိုက္တာေပါ့ ။ ဒီလိုနဲ႔ေမ်ာက္ ဟာ ေရနစ္ေသဆံုးသြားပါတယ္ ။

(လူေတြဟာ မိမိကိုယ္တိုင္ မသိမကၽြမ္းတဲ့ ကိစၥကို အျခားသူေတြ ယံုၾကည္မယ္ထင္ျပီး

ပံုျပင္ထဲကေမ်ာက္လိုပဲျဖီးတတ္သူ ေတြအမ်ားၾကီးပါ )

————————–

Credit to ဦးခင္ေမာင္ၾကီး(ရန္ကုန္တကၠသိုလ္)

< Unicode Version >

အီစွတ် ပုံပြင်များတွင် အဓိက ဇာတ်ကောင်များမှာ တိရစ္ဆာန်များ ဖြစ်ပါသည်။

ပုံပြင်ဆရာကြီး အီစွတ်သည် ခရစ်မပေါ်မီ အနှစ် ၆၀၀ လောက်က ပေါ်ထွန်းခဲ့သည်။

အီစွတ်သည် “ဖရိဂျီယာ” ဆိုသူ၏ ကျေးကျွန်တစ်ဦး၊ ရုပ်ဆိုးပြီး အရပ်ပုသော်လည်း ဉာဏ်ထက်မြက်သည်။

“ဆေးမယ်မြို့၊ ဂရိတွေးခေါ်ပညာရှင်ကြီး “ကွေဂျင်သပ်”ဆိုသူက အီစွတ်ကို ကျေးကျွန်အဖြစ် ဝယ်လိုက်သည်။

မကြာမီမှာပင် သူဝယ်လိုက်သူ အီစွတ်မှာ ကျေးကျွန်မဟုတ်ဘဲ ဆရာဖြစ်နေမှန်း သိလိုက်ရသည်။

အီစွတ်ပြောသမျှ လေးနက်သော စကားတွေကို တွေးခေါ် ရှင်ကြီးက လက်ခံရသည်ချည်းဖြစ်သည်။

တစ်နေ့တွင် တွေးခေါ်ပညာရှင်ကြီး “ကွေဂျင်သပ်” က အီစွတ်ကို ရေချိုးဆိပ်မှာ လူသိပ်များ မများ

သွားကြည့်ရန်ခိုင်းလိုက်သည်။ အီစွတ် ရေချိုးဆိပ်ကို သွားခဲ့သည်။ ရေချိုးဆိပ်သွားသော

တံခါးပေါက်တွင် ကျောက်တုံးတစ်တုံး ရှိသည်။ လူအများက ကျောက်တုန်းနှင့်တိုက်မိပြီး

ဆဲဆိုသွားကြသည်။ မည်သူကမှ ကျောက်တုံးကို မဖယ်ကြ။ လူတစ်ယောက်က ကျောက်တုံးနှင့်တိုက်မိပြီး

ဆဲဆိုကာ ကျောက်တုံးကို ဖယ်လိုက်သည်။ အီစွတ် အိမ်ပြန်ရောက်သောအခါ မြစ်ဆိပ်မှာ

လူတစ်ယောက်တည်းရှိကြောင်းပြောသည်။

“ကွေဂျင်သပ်” ရေချိုးဆိပ်သွားကြည့်သောအခါ လူအများကြီး တိုးကြိတ်နေသည်ကို

တွေ့လိုက်ရသည်။ “မင်းပြောတော့ လူတစ်ယောက်တည်းဆို ” ဟု မကျေမနပ် ပြောလိုက်သည်။

အီစွတ်က “လူတွေအားလုံး အဝက ကျောက်တုံးနဲ့တိုက်မိတာကို ဆဲဆိုသွားကြတယ်။ ဘယ်သူကမှ

ဖယ်ရမယ်ဆိုတဲ့အသိဉာဏ်မရှိကြဘူး။ လူတစ်ယောက်က အဲဒီကျောက်တုံးကို ဖယ်လို့

လူတစ်ယောက်တည်း ရှိတယ်လို့ ပြောတာပါ။

တစ်ခါတွင် အီစွတ်မြို့ထဲတွင် လမ်းလျှောက်သွားစဉ် မြို့တော်ဝန်နှင့် တွေ့သည်။ မြို့တော်ဝန်က

“အီစွတ်ဘယ်သွားမလို့လဲ”ဟု မေးသည်။ “ကျွန်တော် ဘယ်သွားနေမှန်းမသိဘူး” ဟူ၍ အီစွတ်က

ပြန်ဖြေသည်။ မြို့တော်ဝန်က “မင်းဘယ်သွားနေမှန်းမသိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား၊ မင်းညာနေတာပဲ”

ဟုဆိုပြီး ဒေါသဖြစ်ဖြစ်နဲ့ ဖမ်းပြီး အချုပ်ထဲ ထည့်လိုက်တယ်။ ထိုအခါ အီစွတ်က-

“ဝန်ကြီးတွေ့ပြီမဟုတ်လား၊ ကျွန်တော် ထောင်ထဲသွားရမယ်ဆိုတာကို သိခဲ့လို့လား”

ဟူ၍ ပြောလိုက်ရာ မြို့တော်ဝန်က သဘောလည်းပေါက် အံ့လည်းအံ့သြပြီး အီစွတ်ကို လွှတ်ပေးလိုက်ပါသတဲ့။

အီစွတ် အမှန်ကိုချည်းပြောလွန်းသည့်အတွက် သူ့ကိုချေပမပြောနိုင်ကြ။ အီစွတ်က

ရဲစွမ်းသတ္တိလည်း ရှိသည့်အတွက် အပြစ်ဒဏ်ပေးသည့်အနေဖြင့် တောင်ပေါ်ကနေ

ခုန်ချပြီး အဆုံးစီရင်ခိုင်းကြသည်။ သေမှာ မကြောက်သောအီဆွတ်က နောက်ဆုံးအချိန်ထိ

ပုံပြင်တွေကို ပြောဆိုသွားကာ လူသားတို့ကို ဆုံးမခဲ့သည်။

“အီစွတ် ပုံပြင်များသည် အလွန်တန်ဖိုးရှိသောစာကောင်းပေမွန် စာရင်းဝင်ဖြစ်ပါသည်။

ပုံပြင်တိုင်းပင် တစ်ပုဒ်လျှင် သင်ခန်းစာတစ်ခုစီ ပါဝင်သည်။ အချို့ပုံပြင်များမှာ လေးနက်လှသဖြင့်

ကလေးများထက် လူကြီးများနှင့် ပို၍ သင့်လျော်ပါသည်။

အမေရိကန်သမ္မတကြီး လင်ကွန်းသည် အီစွတ်ပုံပြင်စာအုပ်ကို လက်စွဲပြုခဲ့ပါသည်။

အီစွတ်ပုံပြင်များသည် ဒဏ္ဍာရီပုံပြင်များပင်ဖြစ်သော်လည်း လူ့လောကတွင် ဆင်ခြင်စရာ

သင်ခန်းစာများ ပေးစွမ်းနိုင်ပါသည်။ မြန်မာ့လူငယ်လေးများသည် ပုံပြင်များကို နှစ်သက်ကြပါသည်။

ပုံပြင်တိုင်းတွင် သင်ခန်းစာကောင်းကလေးများ ပါစမြဲပင်ဖြစ်သည်။ အီစွတ်ပုံပြင်များသည်

ဘဝသင်ခန်းစာ အကောင်းဆုံး ပေးစွမ်းနိုင်သော ပုံပြင်ကောင်းများ ဖြစ်ပါသည်။

အီစွတ်ပုံပြင်များကို ယနေ့လူငယ်လေးများ လေ့လာဖတ်ရှုလျက် ကောင်းမွန်သော ဘဝသင်ခန်းစာများကို ရယူနိုင်ပါစေ။

တစ်ခါတုန်းက ခြင်္သေ့ တစ်ကောင်နဲ့ လူတစ်ယောက် ခရီးအတူထွက်လာကြတယ် ။

နှစ်ယောက်စလုံး ဟာ တစ်ဦးကိုတစ်ဦး ကြွားဝါပြောဆိုရင်း လာခဲ့တာပေါ့ ။ ခြင်္သေ့ကို လူက

ဓါးနဲ့ ထိုးသတ်နေတဲ့ ပုံကို ထုထားတဲ့ ကျောက်ရုပ်ထုကို လမ်းမှာတွေ့တယ် ။ ဒီအခါမှာ လူက

ကျောက်ရုပ် ဆီလက်ညှိုးထိုးပြရင်း ” တွေ့တယ်မလား လူတွေဟာ မင်းတို့ခြင်္သေ့တွေထက်

သန်စွမ်းတယ် ” လို့ပြောလိုက်တယ် ။ ခြင်္သေ့က ပြုံးလိုက်တာပေါ့ကွယ် ။ ပြီးတော့ . . . . . ”

ခြင်္သေ့တွေသာ ပန်းပုပညာကို တတ်မယ်ဆိုရင် လူကိုခြင်္သေ့ က ကိုက်စားနေပုံလည်း

ခင်ဗျားတွေ့ရလိမ့်မယ် ” လို့ ပြန်ပြောလိုက်တယ် ။

(လုပ်ခွင့်သာတဲ့လူသာ လုပ်ခွင့်သာသလို လုပ်တတ်ကြတာ လောကဓမ္မတာပါပဲ ။)

ပိရိအောင်မညာတတ် ~~~~~~~~~~~~~~

လှေသဘောင်္တွေနဲ့ ခရီးသွားသူတို့ဟာခွေးတွေမျောက်တွေကို ခေါ်သွားလေ့ရှိတယ် ။ ကြာရှည်လှတဲ့

ရေလမ်းခရီး တစ်လျှောက်မျာ အပျင်းဖြေအချိန်ကုန်လွန်စေဖို့တဲ့ ။ ခရီးသွားတစ်ယောက်ကတော့

မျောက်ကိုခေါ်ခဲ့တယ် ။ အာတိတ်ကမ်းခြေမှာရှိတဲ့ ဆူနီအမ် အငူက ထွက်လာရင်ပဲ

ပြင်းထန်တဲ့မုန်တိုင်းကြီးကျပါလေရော။ မုန်တိုင်းဒဏ်ကြောင့် လှေလည်း မှောက်သွားပါတယ် ။

ဒီတော့ လူတွေရေထဲကျကုန်တယ် ။ခုနကမျောက်လည်းကျသွားတာပေါ့ ။ သူတို့ ဟာတွယ်စရာ

တစ်ခုကိုဖက်ပြီး ပင်လယ်ထဲ မျောနေတာပေါ့ ။ လင်းပိုင်ငါးဟာ မျောက်ကို လူထင်မှတ်ပြီး

သူ့ကျောပေါ်တင်ကာ ကမ်းဆီကယ်ဆယ်သွားတယ်။ အေသင်ပြည် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပိုင်ရီအပ်စစ်

ကိုလည်း ရောက်ရော လင်းပိုင်ငါးက ” ခင်ဗျားဟာ အေသင်ပြည်သားလား ” လို့မေးပါတယ်။ မျောက်ကလည်း

ဟုတ်ပါတယ် လို့ပြန်ဖြေလိုက်တယ် ။ဒါတင်မက ဘူး ကျွန်တော့် မိဘတွေ ဟာအေသင်ပြည်မှာ

အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေပါ လို့ ထပ်ပြောလိုက်သေးတယ် ။ ” ပိုင်ရီအပ်စ် ကိုသိပါသလား ”

လို့မေးတယ်။ မျောက်က ပိုင်ရီအပ်စ်ဆိုတာ လူနာမည်ဖြစ်လိမ့်မယ်လို့ထင်နေတာကိုး ။ ဒါကြောင့်

ပိုင်ရီအပ်စ်ကို ကောင်းကောင်းသိတဲ့ အကြောင်း၊ ပိုင်ရီအပ်စ်ဟာ သူ့မိတ်ဆွေဖြစ်တဲ့ အကြောင်း

ပြောဆိုတာပေါ့ ။ သူလိမ်ညာနေမှန်း လင်းပိုင်က သိသွားပြိး စိတ်အတော်ဆိုးသွားတယ် ။ သူ့ကိုလည်း

ကျောပေါ်က ခါချပစ်လိုက်တာပေါ့ ။ ဒီလိုနဲ့မျောက် ဟာ ရေနစ်သေဆုံးသွားပါတယ် ။

(လူတွေဟာ မိမိကိုယ်တိုင် မသိမကျွမ်းတဲ့ ကိစ္စကို အခြားသူတွေ ယုံကြည်မယ်ထင်ပြီး

ပုံပြင်ထဲကမျောက်လိုပဲဖြီးတတ်သူ တွေအများကြီးပါ )

————————–

Credit to ဦးခင်မောင်ကြီး(ရန်ကုန်တက္ကသိုလ်)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

14 − 11 =