“မ်က္နွာျကီးရာ ဟင္းဖတ္ပါ´´

တစ္ခါတုန္းက

ရြာတစ္ရြာမွာ ကိုဒီးဆိုတဲ့ လူတစ္ေယာက္ရွိတယ္။ တစ္ေန့မွာ ကိုဒီးဟာ ခရီးသြားရင္း မ်က္စိလည္

လမ္းမွားျပီး လမ္းစရိတ္ေတြျပတ္ကာ အစာေရစာကလည္း မစားရနဲ႔ အဝတ္အစားေတြကလည္း စုတ္ျပတ္ ညစ္ေပေနတာေပါ့

ဒီလိုနဲ႔ “ငါ့၀မ္းပူဆာ မေနသာ” ဆိုသလို ဗိုက္ဆာဆာနဲ႔ နီးစပ္ရာ ရြာေလးေတြဆီ တစ္အိမ္၀င္

တစ္အိမ္ထြက္ စားစရာလိုက္ေတာင္း ေတာ့တယ္။

“ကြၽန္ေတာ့္ကို စားစရာေလး နည္းနည္း ေလာက္ေကြၽးပါခင္ဗ်ာ က်ြန္ေတာ္ ခရီးသြားရင္း လမ္းစရိတ္ျပတ္လာလို့ပါ ”

လူေတြက သူရဲ႕ ေဟာင္းႏြမ္းစုတ္ၿပဲေနတဲ့ အ၀တ္အစားေတြကို ၾကည့္ၿပီး ဒီလူ အ႐ူးပဲလို႔ ထင္ခဲ့ ၾကေတာ့တယ္။

တစ္အိမ္ကဆို သူ႔ကို “ေ၀းေ၀း သြားစမ္း”လို႔ ေအာ္ဟစ္ၿပီး ေမာင္းႏွင္ထုတ္ခဲ့တယ္။

ဒါေျကာင္႔ တစ္ေန႔လံုး ကိုဒီးတစ္ေယာက္ ဘာကိုမွ မစားရဘူး။

ေနာက္တစ္ေန့ေရာက္ေတာ့ သူေဌးတစ္ေယာက္က လမ္းမွာေလွ်ာက္သြားေနတဲ့ ကိုဒီးကို အင္မတန္မွ

တန္ဖိုးရွိတဲ့ အ၀တ္အစားတစ္စံု ေပးကမ္းလိုက္တယ္။

တန္ဖိုးျကီး အ၀တ္သစ္ေတြကို၀တ္ၿပီး အရင္ေန႔လိုပဲ ကိုဒီး စားစရာ ရလိုရျငား လိုက္ေတာင္းခဲ့ျပန္တယ္။

မေန႔က သူ႔ကို ေအာ္ခဲ့တဲ့ အိမ္ေရာက္ေတာ့ ကိုဒီးလည္း “ဒီေန႔ ထပ္ေတာင္းၾကည့္ဦးမွ”လို႔ စိတ္ကူး ရၿပီး –

“ကြၽန္ေတာ့္ကို စားစရာေလး နည္းနည္း ေလာက္…” ကိုဒီးေျပာစကားမဆံုးခင္မွာပဲ အိမ္ရွင္က-

သူ့ရဲ့ ဝတ္စားထားပုံကို ျကည့္ျပီး “ၾကြပါခင္ဗ်ာ . . ဘယ့္ႏွယ္ တံခါးအ၀မွာ ရပ္ေနရပါလိမ့္. .

အိမ္ထဲကို ၀င္ပါခင္ဗ်ာ”လို႔ တ႐ိုတေသ ေျပာၿပီး စားစရာေတြနဲ႔ တည္ခင္းဧည့္ခံပါ ေတာ့တယ္။

စားပြဲေပၚမွာ စြပ္ျပဳတ္မ်ဳိးစံု၊ အခ်ဳိပြဲေတြ၊ ထမင္းဟင္းေတြ အျပည့္. .

ကိုဒီးလည္း အရင္ဆံုး ဆုေတာင္းေမတၱာ ပို႔သလိုက္ၿပီး မုန္႔တစ္ခုကို လက္နဲ႔လွမ္းယူၿပီး သူ႔အ၀တ္ အစားေတြကို ေကြၽးခဲ့တယ္။

“စား…စား…”

အိမ္ရွင္က ကိုဒီးရဲ႕ အျပဳအမူျမင္ေတာ့-

“မဟုတ္တာဗ်ာ . . အ၀တ္အစားက ဘယ္စားပါ့မလဲ၊ ဘာေၾကာင့္ ေကြၽးရတာလဲဗ်ာ”လို႔ ေမးတဲ့အခါ

ကိုဒီးက မ်က္ရည္ေတြေတြက်ၿပီး ျပန္ေျဖခဲ့တယ္။

“ဒီအ၀တ္အစား သစ္သစ္လြင္လြင္နဲ႔ တန္းဖိုးရွိလြန္းတာေျကာင့္ ကြၽန္ေတာ္ ဒီေန႔ စားစရာ ရခဲ့တာပါ. .

မေန႔က ကြၽန္ေတာ္ ဒီအိမ္ကို အစာနည္းနည္းေလာက္ လာေတာင္းတုန္းက ေခြးေမာင္းသလို

ေမာင္းထုတ္ခံ ခဲ့ရတယ္. . ဒါေၾကာင့္ ဒီအ၀တ္အစားေတြကို ကြၽန္ေတာ္ ေက်းဇူးတင္လြန္းလို႔ သူနဲ႔

ထိုက္တန္တဲ့အစာေတြကို ေကြၽးေနတာပါ ဗ်ာ” တဲ႔

“““´´´´´´“““´´´´´´“““´´´´´´“` စာစုက ေပးခ်င္ေသာ သင္ခန္းစာ “““´´´´´´“““´´´´´´“““

လူအမ်ားစုဟာ တစ္ပါးသူရဲ႕ အေပၚယံ အျပင္အဆင္ကို ၾကည့္ၿပီး အဆင့္အတန္း ခြဲျခားတတ္ တယ္ “မ်က္နွာျကီးရာ ဟင္းဖတ္ပါ´´ ဆိုတာကို ဒီစာစုေလးနဲ႔ မွ်ေ၀ေပးလိုက္ပါတယ္ ။

crd

< Unicode Version >

တစ်ခါတုန်းက

ရွာတစ်ရွာမှာ ကိုဒီးဆိုတဲ့ လူတစ်ယောက်ရှိတယ်။ တစ်နေ့မှာ ကိုဒီးဟာ ခရီးသွားရင်း မျက်စိလည်

လမ်းမှားပြီး လမ်းစရိတ်တွေပြတ်ကာ အစာရေစာကလည်း မစားရနဲ့ အဝတ်အစားတွေကလည်း စုတ်ပြတ် ညစ်ပေနေတာပေါ့

ဒီလိုနဲ့ “ငါ့ဝမ်းပူဆာ မနေသာ” ဆိုသလို ဗိုက်ဆာဆာနဲ့ နီးစပ်ရာ ရွာလေးတွေဆီ တစ်အိမ်ဝင်

တစ်အိမ်ထွက် စားစရာလိုက်တောင်း တော့တယ်။

“ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက်ကျွေးပါခင်ဗျာ ကျွန်တော် ခရီးသွားရင်း လမ်းစရိတ်ပြတ်လာလို့ပါ ”

လူတွေက သူရဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဒီလူ အရူးပဲလို့ ထင်ခဲ့ ကြတော့တယ်။

တစ်အိမ်ကဆို သူ့ကို “ဝေးဝေး သွားစမ်း”လို့ အော်ဟစ်ပြီး မောင်းနှင်ထုတ်ခဲ့တယ်။

ဒါကြောင့် တစ်နေ့လုံး ကိုဒီးတစ်ယောက် ဘာကိုမှ မစားရဘူး။

နောက်တစ်နေ့ရောက်တော့ သူဌေးတစ်ယောက်က လမ်းမှာလျှောက်သွားနေတဲ့ ကိုဒီးကို အင်မတန်မှ

တန်ဖိုးရှိတဲ့ အဝတ်အစားတစ်စုံ ပေးကမ်းလိုက်တယ်။

တန်ဖိုးကြီး အဝတ်သစ်တွေကိုဝတ်ပြီး အရင်နေ့လိုပဲ ကိုဒီး စားစရာ ရလိုရငြား လိုက်တောင်းခဲ့ပြန်တယ်။

မနေ့က သူ့ကို အော်ခဲ့တဲ့ အိမ်ရောက်တော့ ကိုဒီးလည်း “ဒီနေ့ ထပ်တောင်းကြည့်ဦးမှ”လို့ စိတ်ကူး ရပြီး –

“ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက်…” ကိုဒီးပြောစကားမဆုံးခင်မှာပဲ အိမ်ရှင်က-

သူ့ရဲ့ ဝတ်စားထားပုံကို ကြည့်ပြီး “ကြွပါခင်ဗျာ . . ဘယ့်နှယ် တံခါးအဝမှာ ရပ်နေရပါလိမ့်. .

အိမ်ထဲကို ၀င်ပါခင်ဗျာ”လို့ တရိုတသေ ပြောပြီး စားစရာတွေနဲ့ တည်ခင်းဧည့်ခံပါ တော့တယ်။

စားပွဲပေါ်မှာ စွပ်ပြုတ်မျိုးစုံ၊ အချိုပွဲတွေ၊ ထမင်းဟင်းတွေ အပြည့်. .

ကိုဒီးလည်း အရင်ဆုံး ဆုတောင်းမေတ္တာ ပို့သလိုက်ပြီး မုန့်တစ်ခုကို လက်နဲ့လှမ်းယူပြီး သူ့အဝတ် အစားတွေကို ကျွေးခဲ့တယ်။

“စား…စား…”

အိမ်ရှင်က ကိုဒီးရဲ့ အပြုအမူမြင်တော့-

“မဟုတ်တာဗျာ . . အဝတ်အစားက ဘယ်စားပါ့မလဲ၊ ဘာကြောင့် ကျွေးရတာလဲဗျာ”လို့ မေးတဲ့အခါ

ကိုဒီးက မျက်ရည်တွေတွေကျပြီး ပြန်ဖြေခဲ့တယ်။

“ဒီအဝတ်အစား သစ်သစ်လွင်လွင်နဲ့ တန်းဖိုးရှိလွန်းတာကြောင့် ကျွန်တော် ဒီနေ့ စားစရာ ရခဲ့တာပါ. .

မနေ့က ကျွန်တော် ဒီအိမ်ကို အစာနည်းနည်းလောက် လာတောင်းတုန်းက ခွေးမောင်းသလို

မောင်းထုတ်ခံ ခဲ့ရတယ်. . ဒါကြောင့် ဒီအဝတ်အစားတွေကို ကျွန်တော် ကျေးဇူးတင်လွန်းလို့ သူနဲ့

ထိုက်တန်တဲ့အစာတွေကို ကျွေးနေတာပါ ဗျာ” တဲ့

“““´´´´´´“““´´´´´´“““´´´´´´“` စာစုက ပေးချင်သော သင်ခန်းစာ “““´´´´´´“““´´´´´´“““

လူအများစုဟာ တစ်ပါးသူရဲ့ အပေါ်ယံ အပြင်အဆင်ကို ကြည့်ပြီး အဆင့်အတန်း ခွဲခြားတတ် တယ် “မျက်နှာကြီးရာ ဟင်းဖတ်ပါ´´ ဆိုတာကို ဒီစာစုလေးနဲ့ မျှဝေပေးလိုက်ပါတယ် ။

crd

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

17 − fourteen =