အရမ္းကို ေကာင္းလြန္းတဲ့ စာတိုေလး

တစ္ေန႔ကို မိုင္တစ္ေထာင္သြားႏိုင္တဲ့ အာဇာနည္ျမင္းပ်ိဳေလးတစ္ေကာင္႐ွိတယ္၊

သူ႔ရဲ႕အရည္အခ်င္းကိုေဖာ္ထုတ္ျပသဖို႔ အခြင့္အေ႐းကိုေစာင့္ေနတယ္။

ကုန္သည္လာတယ္၊ေျပာတယ္၊ ` မင္းငါနဲ႔လိုက္ႏိုင္မလား´ ျမင္းကေခါင္းခါၿပီးေျပာတယ္၊

`ငါက တစ္ေန႔မိုင္တစ္ေထာင္သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ… ဘယ္လိုျဖစ္လို႔

ကုန္သည္ေနာက္လိုက္ၿပီး ကုန္ထမ္းရမွာလဲ ? ´ စစ္သားလာတယ္၊ ေျပာတယ္၊

` မင္းငါနဲ႔လိုက္ႏိုင္မလား´ ျမင္းကေခါင္းခါၿပီးေျပာတယ္၊ `ငါက တစ္ေန႔မိုင္တစ္ေထာင္သြားႏိုင္တဲ့

အာဇာနည္ျမင္းကြ… ဘယ္လိုျဖစ္လို သာမာန္စစ္သားတစ္ေယာက္ေနာက္လိုက္ၿပီး တိုက္ပြဲဝင္ရမွာလဲကြ?

´ မုဆိုးလာတယ္၊ ေျပာတယ္၊ ` မင္းငါနဲ႔လိုက္ႏိုင္မလား´ ျမင္းကေခါင္းခါၿပီးေျပာတယ္၊

`ငါက တစ္ေန႔မိုင္တစ္ေထာင္သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ… ဘယ္လိုျဖစ္လို မုဆိုးနဲ႔အတူတူ

ပင္ပန္းဆင္းရဲမႈဒဏ္ ခံရမွာလဲကြ? ´ ဒီလိုနဲ႔ တစ္ေန႔ၿပီးတစ္ေန႔ကုန္ဆံုးသြားသည္၊

ဒီျမင္းတစ္ေကာင္ သူနဲ႔တန္သည့္အလုပ္႐ွာမေတြ႔ေသးေခ်။ တစ္ေန႔ ဘုရင္မင္းျမတ္အမိန္႔ျဖင့္

စစ္သူႀကီးတစ္ေယာက္ အာဇာနည္ျမင္းကိုလိုအပ္ေၾကာင္း ေနရာအႏွံ႔ေၾကာ္ျငာစာမ်ားကပ္ကာ

လိုက္႐ွာေလသည္၊ အာဇာနည္ျမင္းက စစ္သူႀကီးဆီသြားေတြ႔ၿပီး ေျပာတယ္၊ `

က်ေနာ္က ခင္ဗ်ားတို႔႐ွာေနတဲ့ အာဇာနည္ျမင္းပါ´ စစ္သူႀကီးကေမးတယ္၊ ` ဒါဆို မင္းငါတို႔တိုင္းျပည္ရဲ႕

ေတာေတာင္ေရေျမနဲ႔ လမ္းေတြကို ႏွံ႔စပ္လား ´ ျမင္းက ေခါင္းခါတယ္၊ စစ္သူႀကီးက ထပ္ေမးတယ္၊

` ဒါဆို မင္းစစ္ပြဲဝင္ဖူးသလား.. စစ္ပြဲအေတြ႕အၾကံဳ႐ွိသလား ´ ျမင္းက ေခါင္းထပ္ခါတယ္၊

စစ္သူႀကီးကထပ္ေမးတယ္၊ ` ဒါဆို မင္းေတာထဲေတာင္ထဲမွာ သားေကာင္ေတြနဲ႔ေတြ႔တဲ့အခါ

သခင့္အတြက္ ရင္ဆိုင္တိုက္ခိုက္ၿပီး ႐ုန္းထြက္ရဲသလား ´ ျမင္းက ေခါင္းထပ္ခါတယ္၊

စစ္သူႀကီးကေျပာတယ္ ` ဒါဆို မင္းဘာအသံုးက်ေသးသလဲ´ ျမင္းကေျပာတယ္ `

က်ေနာ္ေန႔ဘက္ဆို မိုင္တစ္ေထာင္သြားနိင္ၿပီး ညဘက္ဆို မိုင္ ၈ရာသြားႏိုင္တယ္၊

ေလအဆန္မွာ အစုန္ထက္ေတာင္မွ အေျပးျမန္ေသးတယ္´ စစ္သူႀကီးက ျမင္းေပၚခြတက္စီးလိုက္တယ္၊

ျမင္းကအားစိုက္ၿပီး တစ္ဟုန္ထိုးေျပးလိုက္တယ္၊ ဒါေပမယ့္ ၁၀လွမ္းေလာက္ပဲေျပးရေသးတယ္၊

အေမာဟိုက္ၿပီး ေက်ာမွာေခြ်းေတြပ်ံလာတယ္၊ `မင္းအိုသြားၿပီ… မေျပးႏိုင္ေတာ့ဘူး´

ဟုဆိုကာ စစ္သူႀကီးျပန္လွည့္ထြက္သြားသည္၊ ဒီေန႔သင္လုပ္တဲ့ကိစၥတစ္ခုဆီတိုင္းဟာ

သာမာန္ႀကိဳးစားေနတယ္ထင္ရေပမယ့္ ေနာင္တစ္ခ်ိန္အတြက္ အင္အားေလးတစ္ခုဆိုတာ

သိထားပါ၊ ဒီေန႔သင္ျဖတ္ေက်ာ္ရတဲ့ စိတ္ဆင္းရဲတဲ့ အေတြ႕အၾကံဳတိုင္း၊ ျငင္းပယ္မႈတိုင္းဟာ

အနာဂတ္အတြက္အုတ္ျမစ္ခ်ပ္ေလးေတြပါ၊ အိုသြားတဲ့အခ်ိန္ မေျပးႏိုင္ေတာ့မွ မေျပးခဲ့ရလားလို႔

ေနာင္တမရပါနဲ႔၊ ေလွက ကမ္းမွာကပ္ထားရင္ အႏၱာရယ္အကင္းဆံုးပဲ၊ ဒါေပမယ့္ အဲဒါက

ေလွတည္ေဆာက္ခဲ့တဲ့ရည္ရြယ္ခ်က္ မဟုတ္ဘူး။ လူက အိမ္မွာေနရင္ အသက္သာဆံုးပဲ၊

ဒါေပမယ့္ အဲဒါက လူျဖစ္လာရတဲ့ရည္ရြယ္ခ်က္ မဟုတ္ဘူး။ ပညာက အရည္အခ်င္းကို ကိုယ္စားမျပဳဘူး၊

စာေပက ယဥ္ေက်းမႈကို ကိုယ္စားမျပဳဘူး၊ မေန႔ကေက်ာ္ေဇာခဲ့တဲ့အရာဟာ ဒီေန႔မွာ အတိတ္နဲ႔

မွတ္ဥာဏ္အခ်ိဳ႕ျဖစ္သြားၿပီ၊ ဒါ့ေၾကာင့္ အေရးႀကီးတာ မေန႔ကသင္ဘယ္သူလဲမဟုတ္ပါဘူး၊

ဒီေန႔သင္ဘယ္သူလဲဆိုတာပါ၊ ပိုၿပီးအေရးႀကီးတာ ဒီေန႔သင္ဘာလုပ္သလဲ.. မနက္ျဖန္

သင္ဘာျဖစ္မလဲဆိုတာပါ

Credit to original uploader

< Unicode Version >

တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊

သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။

ကုန်သည်လာတယ်၊ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´ မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ… ဘယ်လိုဖြစ်လို့

ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ? ´ စစ်သားလာတယ်၊ ပြောတယ်၊

` မင်းငါနဲ့လိုက်နိုင်မလား´ မြင်းကခေါင်းခါပြီးပြောတယ်၊ `ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့

အာဇာနည်မြင်းကွ… ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ?

´ မုဆိုးလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´ မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ… ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ

ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ? ´ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊

ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့သေးချေ။ တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့်

စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများကပ်ကာ

လိုက်ရှာလေသည်၊ အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊ `

ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ´ စစ်သူကြီးကမေးတယ်၊ ` ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့

တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား ´ မြင်းက ခေါင်းခါတယ်၊ စစ်သူကြီးက ထပ်မေးတယ်၊

` ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား.. စစ်ပွဲအတွေ့အကြုံရှိသလား ´ မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကထပ်မေးတယ်၊ ` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့အခါ

သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´ မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကပြောတယ် ` ဒါဆို မင်းဘာအသုံးကျသေးသလဲ´ မြင်းကပြောတယ် `

ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး ညဘက်ဆို မိုင် ၈ရာသွားနိုင်တယ်၊

လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်´ စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊

မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊

အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်၊ `မင်းအိုသွားပြီ… မပြေးနိုင်တော့ဘူး´

ဟုဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊ ဒီနေ့သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ

သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့် နောင်တစ်ချိန်အတွက် အင်အားလေးတစ်ခုဆိုတာ

သိထားပါ၊ ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ

အနာဂတ်အတွက်အုတ်မြစ်ချပ်လေးတွေပါ၊ အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့

နောင်တမရပါနဲ့၊ လှေက ကမ်းမှာကပ်ထားရင် အန္တာရယ်အကင်းဆုံးပဲ၊ ဒါပေမယ့် အဲဒါက

လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။ လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊

ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။ ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊

စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ ဒီနေ့မှာ အတိတ်နဲ့

မှတ်ဉာဏ်အချို့ဖြစ်သွားပြီ၊ ဒါ့ကြောင့် အရေးကြီးတာ မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး၊

ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊ ပိုပြီးအရေးကြီးတာ ဒီနေ့သင်ဘာလုပ်သလဲ.. မနက်ဖြန်

သင်ဘာဖြစ်မလဲဆိုတာပါ

Credit to original uploader

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

1 × 5 =