ဒုလႅဘဟူသည္

ဒုလႅဘဟုဆုိလွ်င္ အခ်ိဳ႕က ခဏဝတ္ေသာ ရဟန္း၊ သာမေဏမ်ားကုိသာ ဆုိသည္ဟု အထင္ေရာက္တတ္ၾက၏။

အမွန္အားျဖင့္ ဒုလႅဘဟူသည္ ရခဲျခင္း၊ ခက္ခက္ခဲခဲ ရရွိျခင္းဟု အဓိပၸါယ္ရ၏။ ခဲခဲရင္းရင္း ခက္ခက္ခဲခဲ

ရရွိသည့္ ဘဝျဖစ္သျဖင့္ ရဟန္းဘဝ ေရာက္ရွိလာၾကသည့္ သူမ်ားကုိ ဒုလႅဘဟု ဆုိၾကျခင္းျဖစ္၏။

ယခုေနာက္ပုိင္းတြင္ ထုိသုိ႔ခက္ခဲစြာရရွိလာသည့္ ရဟန္းဘဝ အႏွစ္သာရေပ်ာက္ကာ အခ်ိဳ႕ေသာ

ခဏဝတ္ ရဟန္းသာမေဏမ်ားသည္ သာသနာေဘာင္တြင္ သကၤန္းဝတ္၍ လုပ္ခ်င္သလုိ လုပ္ေနသည့္

သေဘာျဖစ္ေနသည္ကုိ စိတ္မေကာင္းဖြယ္ ေတြ႕ရွိရ၏။ မနက္ပုိင္းသိမ္ဝင္ ညေနပုိင္း လဘက္ရည္ဆုိင္ထုိင္၊

ညစာစား၊ ဝိနည္းသိကၡာကုိ ထင္သလုိ ကစားေနၾကသလုိ ျဖစ္ေနၾက၏။ အခ်ိဳ႕ေသာ ဒုလႅဘမ်ားသည္

ရဟန္းဝတ္သည္မွာ (၇)ရက္ခန္႔သာရွိ၏။ ျပန္ထြက္သြားသည့္အခါ အာပတ္မ်ားကား မေရမတြက္ႏုိင္ေအာင္

ယူသြားသလုိ ျဖစ္ေနၾက၏။အခ်ိဳ႕ေက်ာင္းမ်ားကလည္း ခဏေနတာပဲဟုဆုိကာ သိပ္ၿပီးတင္းတင္းၾကပ္ၾကပ္

ေျပာဆုိဆုံးမျခင္း မရွိၾကသျဖင့္လည္း ခဏဝတ္ ဒုလႅဘရဟန္း၊ သာမေဏအခ်ိဳ႕သည္ သာသနာေတာ္အေပၚ

အလြယ္ရ၊ အလြယ္ထား၊ အဓိပၸါယ္ေလးနက္မႈ ရွားသြားၾက၏။ အလုိလိုက္မႈ၏ ေနာက္ကြယ္တြင္ လြယ္လြယ္ဝတ္၊

လြယ္လြယ္ေန၊ လြယ္လြယ္ထြက္သြားသူမ်ားကပင္ ထုိေက်ာင္းႏွင့္ေက်ာင္းတုိက္ ဆရာေတာ္၊

သံဃာေတာ္မ်ားအေပၚ အျပင္ေလာကတြင္ အျပစ္မ်ားပင္ ျပန္ေဖာ္ေလ့ ရွိတတ္ၾက၏။ ေနခ်င္သလုိ

ေနခြင့္ေပးလုိက္ျခင္း၏ ေနာက္ဆက္တဲြအေနျဖင့္ သာသနာေတာ္၏ တန္ဘုိးကုိ မထားတတ္သူမ်ား၊

သာသနာေတာ္ကုိ အထင္ေသးသူမ်ား ပိုမုိမ်ားျပားလာျခင္းပင္ ျဖစ္၏။

ဤကိစၥသည္ လက္ခံဝတ္ေပးသည့္ ေက်ာင္းတုိက္ဆရာေတာ္ႏွင့္ ဥပဇၥ်ာယ္ဆရာေတာ္မ်ား၏

သြန္သင္ဆုံးမမႈအေပၚ မူတည္ေနသည္ဟု ထင္ျမင္မိ၏။ မည္မွ်ပင္ မ်က္ႏွာႀကီးမ်ိဳး၊ ဂုဏ္ရွိသူမ်ိဳး၊ ေငြရွိသူမ်ိဳးပင္

ျဖစ္ပါေစ သာသနာ့ေဘာင္ ဝင္လာသည့္အခုိက္တြင္ လြတ္လြတ္လပ္လပ္ ေနေစမည့္အစား က်င့္သင့္က်င့္ထုိက္သည္မ်ား၊

ပြားသင့္ပြားထုိက္သည္မ်ားကုိ စနစ္တက် သင္ေပးသင့္လွ၏။ မလုိက္နာႏုိင္၊ မက်င့္ႏုိင္ျခင္းသည္ ထုိဒုလႅဘ၏

သဒၶါ၊ ဝိရီယေပၚမွာသာ မူတည္၏။ သာသနာတြင္ အလြယ္ေနလုိ႔မရ၊ သာသနာတြင္း ရဟန္းဘဝသည္

ခက္ခဲလွသည့္ သေဘာသဘာဝကုိ ခဏဝတ္ရဟန္းသာမေဏမ်ား သိရွိသြားမွသာ သာသနာေတာ္၏တန္ဘုိး၊

ရဟန္းဘဝ၏တန္ဘုိး၊ ေက်ာင္းတုိက္၏တန္ဘုိး၊ ဆရာေတာ္ သံဃာေတာ္မ်ား၏ တန္ဘုိးလည္း ရွိေနမည္

ျဖစ္၏။ အားနာလုိ႔ လြတ္လပ္စြာ ေနခြင့္ေပးလုိက္ျခင္းသည္ ခဏအခုိက္အတန္႔ ေက်နပ္သြားဖြယ္ရွိေသာ္လည္း

အိမ္ျပန္ေရာက္သည့္အခါ အျပစ္မ်ားသာ ေျပာဆုိၾကဖြယ္ ရွိေနေပ၏။ တန္ဘုိးသိမွ တန္ဘုိးရွိဟုဆုိသကဲ့သုိ႔

ဒုလႅဘတန္ဘုိးကုိသိ၍ ထုိတန္ဘုိးကုိ ရရွိေအာင္ အသုံးခ်ႏုိင္မွသာလွ်င္ အမွန္စင္စစ္ ဒုလႅဘျဖစ္သည္ကုိ

သိရွိေစရန္ လုိအပ္လွေပ၏။

မည္သုိ႔ပင္ဆုိေစ တဒဂၤဝတ္ၾကသည့္ ရဟန္းသာမေဏမ်ား အေနျဖင့္ မိမိတုိ႔၏ ရခဲလွသည့္ ရဟန္းဘဝ

ေနရသည့္အခုိက္အတန္႔တြင္ ဝိနည္းက်င့္ဝတ္ကုိအေလးထား၊ ကုသုိလ္တရား တုိးပြားေအာင္ ႀကိဳးစားရင္း

“ေယာင္တစ္လုံးအဆုံးခံၿပီး ရင္းစားပင္ ျပန္မရသည့္ ဒုလႅဘမ်ိဳး” မျဖစ္ရေအာင္ မိမိကုိယ္မိမိ အသိသတိျဖင့္

အဓိပၸါယ္အႏွစ္သာရရွိသည့္ ဒုလႅဘမ်ိဳးျဖစ္ေအာင္သာ ႀကိဳးစားေနထုိင္ၾကရမည္သာ ျဖစ္ပါေပ၏။

ေမတၱာျဖင့္ မနာပဒါယီ အရွင္ဝိစိတၱ

< Unicode Version >

ဒုလ္လဘဟုဆိုလျှင် အချို့က ခဏဝတ်သော ရဟန်း၊ သာမဏေများကိုသာ ဆိုသည်ဟု အထင်ရောက်တတ်ကြ၏။

အမှန်အားဖြင့် ဒုလ္လဘဟူသည် ရခဲခြင်း၊ ခက်ခက်ခဲခဲ ရရှိခြင်းဟု အဓိပ္ပါယ်ရ၏။ ခဲခဲရင်းရင်း ခက်ခက်ခဲခဲ

ရရှိသည့် ဘဝဖြစ်သဖြင့် ရဟန်းဘဝ ရောက်ရှိလာကြသည့် သူများကို ဒုလ္လဘဟု ဆိုကြခြင်းဖြစ်၏။

ယခုနောက်ပိုင်းတွင် ထိုသို့ခက်ခဲစွာရရှိလာသည့် ရဟန်းဘဝ အနှစ်သာရပျောက်ကာ အချို့သော

ခဏဝတ် ရဟန်းသာမဏေများသည် သာသနာဘောင်တွင် သင်္ကန်းဝတ်၍ လုပ်ချင်သလို လုပ်နေသည့်

သဘောဖြစ်နေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရ၏။ မနက်ပိုင်းသိမ်ဝင် ညနေပိုင်း လဘက်ရည်ဆိုင်ထိုင်၊

ညစာစား၊ ဝိနည်းသိက္ခာကို ထင်သလို ကစားနေကြသလို ဖြစ်နေကြ၏။ အချို့သော ဒုလ္လဘများသည်

ရဟန်းဝတ်သည်မှာ (၇)ရက်ခန့်သာရှိ၏။ ပြန်ထွက်သွားသည့်အခါ အာပတ်များကား မရေမတွက်နိုင်အောင်

ယူသွားသလို ဖြစ်နေကြ၏။အချို့ကျောင်းများကလည်း ခဏနေတာပဲဟုဆိုကာ သိပ်ပြီးတင်းတင်းကြပ်ကြပ်

ပြောဆိုဆုံးမခြင်း မရှိကြသဖြင့်လည်း ခဏဝတ် ဒုလ္လဘရဟန်း၊ သာမဏေအချို့သည် သာသနာတော်အပေါ်

အလွယ်ရ၊ အလွယ်ထား၊ အဓိပ္ပါယ်လေးနက်မှု ရှားသွားကြ၏။ အလိုလိုက်မှု၏ နောက်ကွယ်တွင်

လွယ်လွယ်ဝတ်၊ လွယ်လွယ်နေ၊ လွယ်လွယ်ထွက်သွားသူများကပင် ထိုကျောင်းနှင့်ကျောင်းတိုက် ဆရာတော်၊

သံဃာတော်များအပေါ် အပြင်လောကတွင် အပြစ်များပင် ပြန်ဖော်လေ့ ရှိတတ်ကြ၏။ နေချင်သလို

နေခွင့်ပေးလိုက်ခြင်း၏ နောက်ဆက်တွဲအနေဖြင့် သာသနာတော်၏ တန်ဘိုးကို မထားတတ်သူများ၊

သာသနာတော်ကို အထင်သေးသူများ ပိုမိုများပြားလာခြင်းပင် ဖြစ်၏။

ဤကိစ္စသည် လက်ခံဝတ်ပေးသည့် ကျောင်းတိုက်ဆရာတော်နှင့် ဥပဇ္ဈာယ်ဆရာတော်များ၏

သွန်သင်ဆုံးမမှုအပေါ် မူတည်နေသည်ဟု ထင်မြင်မိ၏။ မည်မျှပင် မျက်နှာကြီးမျိုး၊ ဂုဏ်ရှိသူမျိုး၊ ငွေရှိသူမျိုးပင်

ဖြစ်ပါစေ သာသနာ့ဘောင် ဝင်လာသည့်အခိုက်တွင် လွတ်လွတ်လပ်လပ် နေစေမည့်အစား

ကျင့်သင့်ကျင့်ထိုက်သည်များ၊ ပွားသင့်ပွားထိုက်သည်များကို စနစ်တကျ သင်ပေးသင့်လှ၏။

မလိုက်နာနိုင်၊ မကျင့်နိုင်ခြင်းသည် ထိုဒုလ္လဘ၏ သဒ္ဓါ၊ ဝိရီယပေါ်မှာသာ မူတည်၏။ သာသနာတွင်

အလွယ်နေလို့မရ၊ သာသနာတွင်း ရဟန်းဘဝသည် ခက်ခဲလှသည့် သဘောသဘာဝကို

ခဏဝတ်ရဟန်းသာမဏေများ သိရှိသွားမှသာ သာသနာတော်၏တန်ဘိုး၊ ရဟန်းဘဝ၏တန်ဘိုး၊

ကျောင်းတိုက်၏တန်ဘိုး၊ ဆရာတော် သံဃာတော်များ၏ တန်ဘိုးလည်း ရှိနေမည် ဖြစ်၏။ အားနာလို့ လွတ်လပ်စွာ

နေခွင့်ပေးလိုက်ခြင်းသည် ခဏအခိုက်အတန့် ကျေနပ်သွားဖွယ်ရှိသော်လည်း အိမ်ပြန်ရောက်သည့်အခါ

အပြစ်များသာ ပြောဆိုကြဖွယ် ရှိနေပေ၏။ တန်ဘိုးသိမှ တန်ဘိုးရှိဟုဆိုသကဲ့သို့ ဒုလ္လဘတန်ဘိုးကိုသိ၍

ထိုတန်ဘိုးကို ရရှိအောင် အသုံးချနိုင်မှသာလျှင် အမှန်စင်စစ် ဒုလ္လဘဖြစ်သည်ကို သိရှိစေရန် လိုအပ်လှပေ၏။

မည်သို့ပင်ဆိုစေ တဒင်္ဂဝတ်ကြသည့် ရဟန်းသာမဏေများ အနေဖြင့် မိမိတို့၏ ရခဲလှသည့် ရဟန်းဘဝ

နေရသည့်အခိုက်အတန့်တွင် ဝိနည်းကျင့်ဝတ်ကိုအလေးထား၊ ကုသိုလ်တရား တိုးပွားအောင် ကြိုးစားရင်း

“ယောင်တစ်လုံးအဆုံးခံပြီး ရင်းစားပင် ပြန်မရသည့် ဒုလ္လဘမျိုး” မဖြစ်ရအောင် မိမိကိုယ်မိမိ အသိသတိဖြင့်

အဓိပ္ပါယ်အနှစ်သာရရှိသည့် ဒုလ္လဘမျိုးဖြစ်အောင်သာ ကြိုးစားနေထိုင်ကြရမည်သာ ဖြစ်ပါပေ၏။

မေတ္တာဖြင့် မနာပဒါယီ အရှင်ဝိစိတ္တ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *