ေက်နပ္ေအာင္ ေနတတ္တဲ့ စိတ္ဟာ ခ်မ္းသာတယ္ ~

ျမတ္ဗုဒၶက “သႏၲဳ႒ီ ပရမံ ဓနံ -ေရာင့္ရဲျခင္းဟာ အေကာင္းဆုံး ခ်မ္းသာ” လို႔ ေဟာေတာ္မူတယ္။

ေရာင့္ရဲတာကို အပ်င္းႀကီးတာနဲ႔ သြားေရာလို႔ မရဘူး။ သႏၲဳ႒ီဆိုတဲ့ ေရာင့္ရဲျခင္းရဲ႕

သေဘာက အေၾကာင္းတရားကို မေလွ်ာ့ဘူး၊ အက်ိဳးတရားအေပၚမွာ မတုန္မလႈပ္လက္ခံႏိုင္တဲ့

စိတ္ထားမ်ိဳးကို ေျပာတာ။ ႀကိဳးစားအားထုတ္ရမယ့္ အေၾကာင္းတရားကို မေလွ်ာ့ဘဲႀကိဳးစားတယ္

၊ ႀကိဳးစားတဲ့အတိုင္း ျဖစ္လာရင္လည္း ျဖစ္လို႔ဆိုၿပီး မာန္မတက္ဘူး၊ ႀကိဳးစားတဲ့အတိုင္း

မျဖစ္လာတဲ့အခါလည္း မျဖစ္လို႔ဆိုၿပီး တုန္လႈပ္ေျခာက္ျခား ခံစားမေနဘူး။ ဘယ္လိုအေျခအေနမ်ိဳးမွာပဲ

ျဖစ္ျဖစ္အေကာင္းအဆိုးၾကားမွာ ဗ်ာမမ်ားဘဲ လက္ခံႏိုင္တဲ့ စိတ္မ်ိဳးဟာ သႏၲဳ႒ီရဲ႕သေဘာပဲ။

ေက်နပ္ေအာင္ေနတယ္ဆိုတာ ဒီသေဘာမ်ိဳးကို ေျပာတာပါပဲ။

လက္မခံႏိုင္လို႔ လိုက္ခံစားမိရင္ေတာ့ မေက်နပ္တာေတြ ျဖစ္ေတာ့တာပဲ။ မေက်နပ္ရင္

စိတ္မခ်မ္းသာေတာ့ဘူး။ စိတ္မခ်မ္းသာရင္ က်န္တာေတြ ဘယ္ေလာက္ပဲ အဆင္ေျပပါေစ၊

ေနရတာ အဆင္ေျပမွာ မဟုတ္ဘူး။ အရွိတရားဆိုတာ ရွိတိုင္းခ်မ္းသာတာ မဟုတ္ဘူး။ ခ်မ္းသာေအာင္

ေနတတ္မွ ခ်မ္းသာတာ။ လက္ရွိ ကိုယ့္အေျခအေနေပၚမွာ လက္ခံႏိုင္တဲ့စိတ္ဟာ ကိုယ့္ကိုယ္ကိုယ္

ေက်နပ္ေစတာပါပဲ။ ဘယ္လိုအေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ လက္ခံႏိုင္ေအာင္ ေလ့က်င့္ၿပီး ထစ္ခနဲဆို

လိုက္ခံစားတတ္တဲ့ စိတ္ကိုေလွ်ာ့ခ်ႏိုင္ရင္ ေနရတာ အဆင္ေျပသြားတယ္။

အဆင္ေျပေအာင္ေနတတ္ရင္ ဘဝဟာေက်နပ္သြားတာပါပဲ။

အဓိကကေတာ့ ကိုယ့္စိတ္ကိုယ္ ျပန္ၿပီးသတိကပ္ကာ ထိမ္းေနႏိုင္ဖို႔ပဲ။ အမ်ားႀကီးမခံစားဖို႔နဲ႔

သတိလက္လြတ္ ျဖစ္မသြားဖို႔ ဒါေလးေတြ ေလ့က်င့္ေပးႏိုင္ရင္ အလိုမက်တာေတြ၊ မေက်နပ္တာေတြ

ေလ်ာ့သြားမွာပဲ။ ဘာမဟုတ္တာေလးေတြမွာ လိုက္ခံစားတယ္ဆိုတာ တကယ္ေတာ့

သတိလြတ္သြားလို႔ပါပဲ။ သတိလြတ္သြားေတာ့ ကိေလသာၾကားဝင္၊ ကိေလသာဝင္လာေတာ့

ပူပင္ခံစား၊ ေနာက္ေတာ့ စိတ္ဓာတ္ေတြပါ ပ်က္ျပားကုန္ေတာ့တာပဲ မဟုတ္လား။

ဒါေၾကာင့္ ဘယ္ကိစၥမဆို အေၾကာင္းရွိလို႔ အက်ဳိးျဖစ္လာတဲ့ သေဘာဆိုတာ လက္ခံၿပီး

ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ကိုယ္စိတ္ကိုယ္ မတုန္မလႈပ္ ရင္ဆိုင္ႏိုင္ေအာင္

ႀကိဳးစားရင္ ေက်နပ္သြားတာပဲ။ ေက်နပ္ေအာင္ ေနတတ္ရင္ ေနရတဲ့ဘဝ ခ်မ္းသာတာပါပဲ။

ေမတၱာျဖင့္

credit : မနာပ ဒါယီ အရွင္ဝိစိတၱ

< Unicode Version >

မြတ်ဗုဒ္ဓက “သန္တုဋ္ဌီ ပရမံ ဓနံ -ရောင့်ရဲခြင်းဟာ အကောင်းဆုံး ချမ်းသာ” လို့ ဟောတော်မူတယ်။

ရောင့်ရဲတာကို အပျင်းကြီးတာနဲ့ သွားရောလို့ မရဘူး။ သန္တုဋ္ဌီဆိုတဲ့ ရောင့်ရဲခြင်းရဲ့

သဘောက အကြောင်းတရားကို မလျှော့ဘူး၊ အကျိုးတရားအပေါ်မှာ မတုန်မလှုပ်လက်ခံနိုင်တဲ့

စိတ်ထားမျိုးကို ပြောတာ။ ကြိုးစားအားထုတ်ရမယ့် အကြောင်းတရားကို မလျှော့ဘဲကြိုးစားတယ်

၊ ကြိုးစားတဲ့အတိုင်း ဖြစ်လာရင်လည်း ဖြစ်လို့ဆိုပြီး မာန်မတက်ဘူး၊ ကြိုးစားတဲ့အတိုင်း

မဖြစ်လာတဲ့အခါလည်း မဖြစ်လို့ဆိုပြီး တုန်လှုပ်ခြောက်ခြား ခံစားမနေဘူး။ ဘယ်လိုအခြေအနေမျိုးမှာပဲ

ဖြစ်ဖြစ်အကောင်းအဆိုးကြားမှာ ဗျာမများဘဲ လက်ခံနိုင်တဲ့ စိတ်မျိုးဟာ သန္တုဋ္ဌီရဲ့သဘောပဲ။

ကျေနပ်အောင်နေတယ်ဆိုတာ ဒီသဘောမျိုးကို ပြောတာပါပဲ။

လက်မခံနိုင်လို့ လိုက်ခံစားမိရင်တော့ မကျေနပ်တာတွေ ဖြစ်တော့တာပဲ။ မကျေနပ်ရင်

စိတ်မချမ်းသာတော့ဘူး။ စိတ်မချမ်းသာရင် ကျန်တာတွေ ဘယ်လောက်ပဲ အဆင်ပြေပါစေ၊

နေရတာ အဆင်ပြေမှာ မဟုတ်ဘူး။ အရှိတရားဆိုတာ ရှိတိုင်းချမ်းသာတာ မဟုတ်ဘူး။ ချမ်းသာအောင်

နေတတ်မှ ချမ်းသာတာ။ လက်ရှိ ကိုယ့်အခြေအနေပေါ်မှာ လက်ခံနိုင်တဲ့စိတ်ဟာ ကိုယ့်ကိုယ်ကိုယ်

ကျေနပ်စေတာပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လက်ခံနိုင်အောင် လေ့ကျင့်ပြီး ထစ်ခနဲဆို

လိုက်ခံစားတတ်တဲ့ စိတ်ကိုလျှော့ချနိုင်ရင် နေရတာ အဆင်ပြေသွားတယ်။

အဆင်ပြေအောင်နေတတ်ရင် ဘဝဟာကျေနပ်သွားတာပါပဲ။

အဓိကကတော့ ကိုယ့်စိတ်ကိုယ် ပြန်ပြီးသတိကပ်ကာ ထိမ်းနေနိုင်ဖို့ပဲ။ အများကြီးမခံစားဖို့နဲ့

သတိလက်လွတ် ဖြစ်မသွားဖို့ ဒါလေးတွေ လေ့ကျင့်ပေးနိုင်ရင် အလိုမကျတာတွေ၊ မကျေနပ်တာတွေ

လျော့သွားမှာပဲ။ ဘာမဟုတ်တာလေးတွေမှာ လိုက်ခံစားတယ်ဆိုတာ တကယ်တော့

သတိလွတ်သွားလို့ပါပဲ။ သတိလွတ်သွားတော့ ကိလေသာကြားဝင်၊ ကိလေသာဝင်လာတော့

ပူပင်ခံစား၊ နောက်တော့ စိတ်ဓာတ်တွေပါ ပျက်ပြားကုန်တော့တာပဲ မဟုတ်လား။

ဒါကြောင့် ဘယ်ကိစ္စမဆို အကြောင်းရှိလို့ အကျိုးဖြစ်လာတဲ့ သဘောဆိုတာ လက်ခံပြီး

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်စိတ်ကိုယ် မတုန်မလှုပ် ရင်ဆိုင်နိုင်အောင်

ကြိုးစားရင် ကျေနပ်သွားတာပဲ။ ကျေနပ်အောင် နေတတ်ရင် နေရတဲ့ဘဝ ချမ်းသာတာပါပဲ။

မေတ္တာဖြင့်

credit : မနာပ ဒါယီ အရှင်ဝိစိတ္တ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

17 − two =