လယ္သမားလိုက်င့္ႀကံမလား၊ ကြန္ခ်က္သိတဲ့ငါးဖမ္းသူလိုက်င့္ႀကံမလား

ဆရာသုတ

တစ္ခါက ေျပာင္းဖူးစိုက္တဲ့ လယ္သမားႀကီးတစ္ေယာက္ဟာ ႏွစ္စဥ္ ျပဳလုပ္တဲ့

အေကာင္းဆံုး ေျပာင္းဖူးၿပိဳင္ပြဲေတြမွာ အႀကိမ္ႀကိမ္ဆုရပါသတဲ့။ အဲဒါနဲ႔

သတင္းေထာက္တစ္ေယာက္က လယ္သမားႀကီးရဲ႕ ေျပာင္းစိုက္ပံုစိုက္နည္းေတြ

ကို သတင္းေဆာင္းပါးေရးဖို႔ သြားၿပီး ေလ့လာတယ္။ အဲဒီမွာ လယ္သမားႀကီးက

သူ႔ရဲ႕ ဆုရ အေကာင္းဆံုး ေျပာင္းမ်ိဳးေတြကို သူ႔ရဲ႕ လယ္နီးခ်င္း အျခား ေျပာင္းဖူး

စိုက္တဲ့ လယ္သမားေတြကို ေ၀မွ် ေပးေနတာေတြ႕ရလို႕ သတင္းေထာက္က

အံ့အားသင့္သြားတယ္။ “လယ္သမားႀကီးခင္ဗ်ား၊အခုလိုဆုရအေကာင္းဆံုးေျပာင္း

မ်ိဳးေတြကို အျခားသူေတြဆီ ေပးပစ္လိုက္ရင္ ေနာက္ႏွစ္ ၿပိဳင္တဲ့အခါ သူတို႔ရဲ႕

ေျပာင္းဖူးေတြ ေကာင္းလာမွာ မဟုတ္ဘူးလား၊ လာမယ့္ႏွစ္ ၿပိဳင္ပြဲမွာ

သူတို႔စိုက္တဲ့ ေျပာင္းဖူးေတြက ဆုရမသြားႏုိင္ဘူးလား” လို႔ ေမးပါတယ္။ လယ္

သမား ႀကီးက ““သူတို႔ စိုက္တဲ့ ေျပာင္းေတြ ေကာင္းသြားမွာ အမွန္ပါပဲ။ တကယ္

လို႔ သူတို႔ စိုက္တဲ့ ေျပာင္းေတြက မ်ိဳးေကာင္းမ်ိဳးသန္႔ မဟုတ္ဘူးဆိုရင္ ကၽြန္ေတာ္

စိုက္တဲ့ ေျပာင္းခင္းထဲကို အဲဒီမေကာင္းတဲ့ ေျပာင္းေတြက ၀တ္မႈန္ေတြ ကူးၿပီး

ကၽြန္ေတာ့္ေျပာင္းေတြလည္း မ်ိဳးေကာင္းမ်ိဳးသန္႔ မျဖစ္ႏုိင္ေတာ့ဘူး။ ဒါေၾကာင့္

ကၽြန္ေတာ္စိုက္တဲ့ ေျပာင္းက မ်ိဳးေကာင္း မ်ိဳးသန္႔ျဖစ္ဖို႕ အေရးႀကီးသလို သူတို႔ စိုက္တဲ့

ေျပာင္းကလည္း မ်ိဳးေကာင္း မ်ိဳးသန္႔ ျဖစ္ဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္ သူတို႔ကို

အေကာင္းဆံုး ေျပာင္းမ်ိဳးေတြ ေပးရပါတယ္” လို႔ ေျဖပါသတဲ့။ အင္တာနက္မွာ ဖတ္ရတဲ့

ဒီျဖစ္စဥ္ကေလးက ျဖစ္ရပ္မွန္ ဟုတ္ မဟုတ္ေတာ့ မသိဘူး။ ဒါေပမဲ့ အလုပ္ထဲမွာ

အျခားသူေတြ ညံ့ေနမွ ကိုယ့္အရည္ အခ်င္းေတြ ေပၚလြင္မွာလို႕ ထင္ျမင္ယူဆေနသူေတြအတြက္ေတာ့

သင္ခန္းစာ ယူစရာေကာင္းပါတယ္။ လူညံ့ေတြ၊ ႀကိဳးစားအားထုတ္မႈ မျပဳသူေတြ၊ အလုပ္ကို ခိုကပ္ၿပီး

မလုပ္မ႐ႈပ္မျပဳတ္ ေနတတ္သူေတြ အလယ္မွာ သာမန္အရည္အခ်င္း ႐ွိသူ၊ ႀကိဳးစားအားထုတ္သူ၊

အလုပ္ကို မခိုမကပ္ တတ္ႏုိင္သေလာက္ လုပ္တတ္ သူဟာ လူေတာ္လို႔ နာမည္ထြက္ၿပီး ေနရာရ

လာတတ္ပါတယ္။ အဲဒီအခါ သူ႔လိုပဲ အရည္အခ်င္း႐ွိသူ၊ ႀကိဳးစားအားထုတ္သူ၊ အလုပ္ကို

မခိုမကပ္ တတ္ႏုိင္ သေလာက္ လုပ္တတ္သူတစ္ေယာက္ ဒါမွမဟုတ္ တစ္ေယာက္ထက္ပိုၿပီး

လုပ္ငန္းခြင္ ထဲေရာက္လာမွာ စိုးရိမ္လာတတ္ပါတယ္။ “ငါနဲ႔ တန္းတူရင္လည္းျဖစ္၊ ဒါမွမဟုတ္

ငါ့ထက္သာရင္လည္း သာသြားမွာ” ဆိုတဲ့ စိတ္နဲ႔ အဲဒီ လူ ေတာ္ျဖစ္ႏိုင္ေျခ႐ွိသူ(ေတြ)ကို

အျခားေရာက္သြားေအာင္ လုပ္မိ တတ္ပါတယ္။ အႏွစ္မ႐ွိတဲ့ေတာမွာ မင္းမူခ်င္တဲ့ ၾကက္ဆူပင္လိုမ်ိဳး ျဖစ္တာပါ။

အခ်ိဳ႕လူေတြကေတာ့ ကိုယ့္မွာ တတ္သိနားလည္ ရ႐ွိပိုင္ဆုိင္ထားတဲ့ အသိ ပညာ၊ အေတြ႕အၾကံဳ၊

အယူအဆ သေဘာတရားေတြကို မည္သူ မဆို ေလ့လာ သင္ယူလိုတယ္ဆိုရင္

ၿပိဳင္ဘက္ျဖစ္လာႏိုင္သူ အပါအ၀င္ အားလံုးကို မွ်ေ၀သင္ ၾကားေပးေလ့႐ွိတယ္။

တကယ္ေတာ့ စစ္မွန္အဖိုး တန္တဲ့ အသိပညာ၊ အေတြ႕ အႀကံဳ၊ အယူအဆသေဘာတရားေတြဆို

တာ မီးညႇိထားတဲ့ ဆီမီးခြက္က မီးေတာက္ကေလးလို မွ်ေ၀လိုက္လို႕ ကုန္သြားတယ္ဆိုတာ မ႐ွိပါဘူး။

ေလာက ႀကီးထဲမွာ အလင္းေရာင္ ပိုမ်ား လာတာပဲ ႐ွိပါတယ္။ ဒါကတစ္ပိုင္းပါ။ ေနာက္တစ္ပိုင္းကေတာ့

ခုနက ေျပာခဲ့တာနဲ႔ ဆန္႔က်င္ဘက္လို႕ ယူဆရင္ လည္း ရပါတယ္၊ “ဟင္းစားသာေပးပါ၊

ကြန္ခ်က္ကိုေတာ့ မျပပါနဲ႔” ဆိုတဲ့ စကား အတိုင္းပါပဲ။ ကိုယ္ကဘ၀နဲ႔ ရင္းၿပီး ရယူထားရတဲ့

ကိုယ့္ဘ၀အတြက္လည္း အေရးႀကီးတဲ့ အသိပညာ၊ အေတြ႕အၾကံဳ၊ အယူအဆ သေဘာတရားေတြကို

လြယ္လြယ္နဲ႕ လူတစ္ကာကို မမွ်ေ၀ဖို႕ ျဖစ္ပါတယ္။ အထူးသျဖင့္ ငါးလည္း ဖမ္း တတ္ေရာ၊

ေက်းဇူးသိတတ္ဖို႕ ေ၀းလို႔၊ သူ႔အလိုလိုပဲ တတ္ေနသလိုလို၊ ဆရာ ကာျပန္တတ္တဲ့ လူမ်ိဳးကို

မမွ်ေ၀သင့္ဘူးဆိုတာ လူတိုင္းသိပါတယ္။ ဒီေနရာမွာ ေျပာင္းဖူးစိုက္တဲ့ လယ္သမားႀကီးနဲ႔ ငါးဖမ္းဖို႔

ကြန္ခ်က္ သိတဲ့ သူနဲ႔ ကြာျခားခ်က္ကို သတိျပဳသင့္ပါတယ္။ လယ္သမားႀကီးက သူ႔ရဲ႕ ေျပာင္း

မ်ိဳးေကာင္းမ်ိဳးသန္႔ကို မွ်ေ၀လိုက္တဲ့အတြက္ ေက်းဇူးတင္ခံရတာနဲ႔ ကုသုိလ္ရတာ အျပင္

မ်ိဳးေကာင္းမ်ိဳးသန္႔ကို ထိန္းသိမ္းႏိုင္ျခင္း ဆိုတဲ့ လက္ဆုပ္လက္ကိုင္ျပႏိုင္ တဲ့ အက်ိဳးေက်းဇူးကို

ခံစားရပါတယ္။ ငါးဖမ္းဖို႔ ကြန္ခ်က္ျပေပးသူမွာေတာ့ ေက်းဇူး တင္ခံရတာနဲ႔ ကုသုိလ္ရတာ

႐ွိႏိုင္ေပမယ့္ အဲဒီလို လက္ဆုပ္လက္ကိုင္ျပႏိုင္တဲ့ လက္ငင္းအက်ိဳးေက်းဇူး မရ႐ွိပါဘူး။ ဒါေၾကာင့္

အလုပ္ထဲမွာ ကိုယ္က ဆံုးျဖတ္ပိုင္ ခြင့္႐ွိသူေနရာ၊ ဒါမွမဟုတ္ အသိပညာ၊ အေတြ႕အၾကံဳ၊

အယူအဆ သေဘာ တရားေတြ ကို ျဖန္႔ေ၀ေပးသူေနရာကို ေရာက္လာတဲ့အခါ အေျခအေန၊

အခ်ိန္ အခါ၊ ပါ၀င္ပတ္သက္ေနသူေတြ၊ လုပ္မယ့္လုပ္ငန္း စသည္ျဖင့္ အဖက္ဖက္က

စဥ္းစားၿပီး ေျပာင္းစိုက္ လယ္သမားလို က်င့္ၾကံရမလား၊ ကြန္ခ်က္သိတဲ့ ငါးဖမ္းသူလို

က်င့္ၾကံရမလား စဥ္းစားဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။ အလုပ္၀င္စ လူငယ္ေတြ၊ ကိုယ္က

အသိပညာ၊ အေတြ႕အၾကံဳ၊ အယူအဆ သေဘာတရားေတြကို ေလ့လာသင္ယူနည္းခံရမယ့္

ေနရာကို ေရာက္ေနသူေတြအတြက္ကေတာ့ ေျပာင္းဖူးမ်ိဳးေကာင္းမ်ိဳးသန္႔ကို အရံသင့္လာေပးတဲ့

လယ္သမား ႀကီးလိုမ်ိဳး လုပ္ေဖာ္ကိုင္ဖက္၊ အထက္လူႀကီးေတြနဲ႔ ေတြ႕ရတဲ့အခါ “သူတို႔အက်ိဳး

အတြက္ ငါ့အေပၚ ေကာင္း တာပါ” လို႔ ေခ်ာ္ေတာေငါ့ မေတြးဘဲ ““ဒီလိုေကာင္းတဲ့ ပတ္၀န္းက်င္မွာ

ငါေရာက္လာတာ အင္မတန္ ကံေကာင္းလုိ႔ပဲ”” လို႔ သေဘာထား ၿပီး ေက်းဇူးတင္စြာနဲ႔ သူတို႔ေတြ

ေခၽြးနဲ႔ ဇြဲလံု႕လနဲ႔ ႐ွာေဖြစုေဆာင္းထားတဲ့ အသိ ပညာ၊ အေတြ႕အၾကံဳ၊ အယူအဆ သေဘာတရားေတြကို

ေလ့လာ သင္ယူအသံုး ခ်႐ံုတင္မက ေက်းဇူးသိတတ္တာကို ပါးစပ္နဲ႔သာမဟုတ္

လက္ေတြ႕လည္း ျပသ ရမွာ ျဖစ္ပါတယ္။ ကြန္ခ်က္မျပဘဲ ဟင္းစား ေလာက္ပဲ ေပးေနတဲ့

ပတ္၀န္းက်င္ ကိုေရာက္ရင္လည္း ကိုယ့္ကို နားလည္တတ္ကၽြမ္းေအာင္ သင္မေပးဘဲ ဒါမွ

မဟုတ္ ျပည့္ျပည့္စံုစံု မေျပာျပဘဲတမင္ မလုပ္တတ္ မကိုင္တတ္၊ မလုပ္ႏိုင္ မကိုင္ႏိုင္ျဖစ္ေအာင္

တစ္ခုခုကို အၿမဲထိန္ခ်န္ ေမ့ေလ်ာ့ ဖယ္ထုတ္ထားတတ္တဲ့ လုပ္ေဖာ္ကိုင္ဖက္နဲ႔ အထက္လူႀကီးေတြကို

စိတ္ကြက္ၿပီး ေဒါသေတြထြက္ စိတ္ေတြပ်က္ မေနဘဲ ““ဥစၥာရင္လို ဥစၥာရင္ခဲ ႀကိဳး စားရမွာေပါ့”

လို႔ သေဘာ ထားၿပီး သူတို႔ေတြဆီကပဲ ထိုက္တန္တဲ့ ေပးဆပ္မႈနဲ႔ ကြန္ခ်က္ကို သင္ယူမလား၊

ကိုယ့္နည္းကိုယ္ဟန္နဲ႔ ကြန္ခ်က္ကို ေဖာ္ထုတ္ႏုိင္ေအာင္ ႀကိဳးစားမလား ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။

ေနာက္ၿပီး ကြန္ခ်က္မတတ္ခင္ ဟင္းစား ေလာက္ ေပး တာကလည္း သူ႕အတိုင္းအတာနဲ႔သူ

တန္ဖိုးတစ္ခုကေတာ့ ႐ွိတာပဲမို႕ သူတို႔ ဖာသာ ကပ္တာ၊ လွ်ိဳတာက တစ္က႑၊ ကိုယ့္ဘက္က

ထိုက္သင့္တဲ့ ေက်းဇူးကို သိတတ္ရမွာက တစ္က႑ ကြဲကြဲျပားျပား ျမင္ သင့္တယ္လို႔ ထင္ပါတယ္။

Crd:org ဗဟုသု​တေက်းရြာ

< Unicode Version >

ဆရာသုတ

တစ်ခါက ပြောင်းဖူးစိုက်တဲ့ လယ်သမားကြီးတစ်ယောက်ဟာ နှစ်စဉ် ပြုလုပ်တဲ့

အကောင်းဆုံး ပြောင်းဖူးပြိုင်ပွဲတွေမှာ အကြိမ်ကြိမ်ဆုရပါသတဲ့။ အဲဒါနဲ့

သတင်းထောက်တစ်ယောက်က လယ်သမားကြီးရဲ့ ပြောင်းစိုက်ပုံစိုက်နည်းတွေ

ကို သတင်းဆောင်းပါးရေးဖို့ သွားပြီး လေ့လာတယ်။ အဲဒီမှာ လယ်သမားကြီးက

သူ့ရဲ့ ဆုရ အကောင်းဆုံး ပြောင်းမျိုးတွေကို သူ့ရဲ့ လယ်နီးချင်း အခြား ပြောင်းဖူး

စိုက်တဲ့ လယ်သမားတွေကို ဝေမျှ ပေးနေတာတွေ့ရလို့ သတင်းထောက်က

အံ့အားသင့်သွားတယ်။ “လယ်သမားကြီးခင်ဗျား၊အခုလိုဆုရအကောင်းဆုံးပြောင်း

မျိုးတွေကို အခြားသူတွေဆီ ပေးပစ်လိုက်ရင် နောက်နှစ် ပြိုင်တဲ့အခါ သူတို့ရဲ့

ပြောင်းဖူးတွေ ကောင်းလာမှာ မဟုတ်ဘူးလား၊ လာမယ့်နှစ် ပြိုင်ပွဲမှာ

သူတို့စိုက်တဲ့ ပြောင်းဖူးတွေက ဆုရမသွားနိုင်ဘူးလား” လို့ မေးပါတယ်။ လယ်

သမား ကြီးက ““သူတို့ စိုက်တဲ့ ပြောင်းတွေ ကောင်းသွားမှာ အမှန်ပါပဲ။ တကယ်

လို့ သူတို့ စိုက်တဲ့ ပြောင်းတွေက မျိုးကောင်းမျိုးသန့် မဟုတ်ဘူးဆိုရင် ကျွန်တော်

စိုက်တဲ့ ပြောင်းခင်းထဲကို အဲဒီမကောင်းတဲ့ ပြောင်းတွေက ဝတ်မှုန်တွေ ကူးပြီး

ကျွန်တော့်ပြောင်းတွေလည်း မျိုးကောင်းမျိုးသန့် မဖြစ်နိုင်တော့ဘူး။ ဒါကြောင့်

ကျွန်တော်စိုက်တဲ့ ပြောင်းက မျိုးကောင်း မျိုးသန့်ဖြစ်ဖို့ အရေးကြီးသလို သူတို့ စိုက်တဲ့

ပြောင်းကလည်း မျိုးကောင်း မျိုးသန့် ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သူတို့ကို

အကောင်းဆုံး ပြောင်းမျိုးတွေ ပေးရပါတယ်” လို့ ဖြေပါသတဲ့။ အင်တာနက်မှာ ဖတ်ရတဲ့

ဒီဖြစ်စဉ်ကလေးက ဖြစ်ရပ်မှန် ဟုတ် မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ အလုပ်ထဲမှာ

အခြားသူတွေ ညံ့နေမှ ကိုယ့်အရည် အချင်းတွေ ပေါ်လွင်မှာလို့ ထင်မြင်ယူဆနေသူတွေအတွက်တော့

သင်ခန်းစာ ယူစရာကောင်းပါတယ်။ လူညံ့တွေ၊ ကြိုးစားအားထုတ်မှု မပြုသူတွေ၊ အလုပ်ကို ခိုကပ်ပြီး

မလုပ်မရှုပ်မပြုတ် နေတတ်သူတွေ အလယ်မှာ သာမန်အရည်အချင်း ရှိသူ၊ ကြိုးစားအားထုတ်သူ၊

အလုပ်ကို မခိုမကပ် တတ်နိုင်သလောက် လုပ်တတ် သူဟာ လူတော်လို့ နာမည်ထွက်ပြီး နေရာရ

လာတတ်ပါတယ်။ အဲဒီအခါ သူ့လိုပဲ အရည်အချင်းရှိသူ၊ ကြိုးစားအားထုတ်သူ၊ အလုပ်ကို

မခိုမကပ် တတ်နိုင် သလောက် လုပ်တတ်သူတစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး

လုပ်ငန်းခွင် ထဲရောက်လာမှာ စိုးရိမ်လာတတ်ပါတယ်။ “ငါနဲ့ တန်းတူရင်လည်းဖြစ်၊ ဒါမှမဟုတ်

ငါ့ထက်သာရင်လည်း သာသွားမှာ” ဆိုတဲ့ စိတ်နဲ့ အဲဒီ လူ တော်ဖြစ်နိုင်ခြေရှိသူ(တွေ)ကို

အခြားရောက်သွားအောင် လုပ်မိ တတ်ပါတယ်။ အနှစ်မရှိတဲ့တောမှာ မင်းမူချင်တဲ့ ကြက်ဆူပင်လိုမျိုး ဖြစ်တာပါ။

အချို့လူတွေကတော့ ကိုယ့်မှာ တတ်သိနားလည် ရရှိပိုင်ဆိုင်ထားတဲ့ အသိ ပညာ၊ အတွေ့အကြုံ၊

အယူအဆ သဘောတရားတွေကို မည်သူ မဆို လေ့လာ သင်ယူလိုတယ်ဆိုရင်

ပြိုင်ဘက်ဖြစ်လာနိုင်သူ အပါအဝင် အားလုံးကို မျှဝေသင် ကြားပေးလေ့ရှိတယ်။

တကယ်တော့ စစ်မှန်အဖိုး တန်တဲ့ အသိပညာ၊ အတွေ့ အကြုံ၊ အယူအဆသဘောတရားတွေဆို

တာ မီးညှိထားတဲ့ ဆီမီးခွက်က မီးတောက်ကလေးလို မျှဝေလိုက်လို့ ကုန်သွားတယ်ဆိုတာ မရှိပါဘူး။

လောက ကြီးထဲမှာ အလင်းရောင် ပိုများ လာတာပဲ ရှိပါတယ်။ ဒါကတစ်ပိုင်းပါ။ နောက်တစ်ပိုင်းကတော့

ခုနက ပြောခဲ့တာနဲ့ ဆန့်ကျင်ဘက်လို့ ယူဆရင် လည်း ရပါတယ်၊ “ဟင်းစားသာပေးပါ၊

ကွန်ချက်ကိုတော့ မပြပါနဲ့” ဆိုတဲ့ စကား အတိုင်းပါပဲ။ ကိုယ်ကဘဝနဲ့ ရင်းပြီး ရယူထားရတဲ့

ကိုယ့်ဘဝအတွက်လည်း အရေးကြီးတဲ့ အသိပညာ၊ အတွေ့အကြုံ၊ အယူအဆ သဘောတရားတွေကို

လွယ်လွယ်နဲ့ လူတစ်ကာကို မမျှဝေဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ငါးလည်း ဖမ်း တတ်ရော၊

ကျေးဇူးသိတတ်ဖို့ ဝေးလို့၊ သူ့အလိုလိုပဲ တတ်နေသလိုလို၊ ဆရာ ကာပြန်တတ်တဲ့ လူမျိုးကို

မမျှဝေသင့်ဘူးဆိုတာ လူတိုင်းသိပါတယ်။ ဒီနေရာမှာ ပြောင်းဖူးစိုက်တဲ့ လယ်သမားကြီးနဲ့ ငါးဖမ်းဖို့

ကွန်ချက် သိတဲ့ သူနဲ့ ကွာခြားချက်ကို သတိပြုသင့်ပါတယ်။ လယ်သမားကြီးက သူ့ရဲ့ ပြောင်း

မျိုးကောင်းမျိုးသန့်ကို မျှဝေလိုက်တဲ့အတွက် ကျေးဇူးတင်ခံရတာနဲ့ ကုသိုလ်ရတာ အပြင်

မျိုးကောင်းမျိုးသန့်ကို ထိန်းသိမ်းနိုင်ခြင်း ဆိုတဲ့ လက်ဆုပ်လက်ကိုင်ပြနိုင် တဲ့ အကျိုးကျေးဇူးကို

ခံစားရပါတယ်။ ငါးဖမ်းဖို့ ကွန်ချက်ပြပေးသူမှာတော့ ကျေးဇူး တင်ခံရတာနဲ့ ကုသိုလ်ရတာ

ရှိနိုင်ပေမယ့် အဲဒီလို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လက်ငင်းအကျိုးကျေးဇူး မရရှိပါဘူး။ ဒါကြောင့်

အလုပ်ထဲမှာ ကိုယ်က ဆုံးဖြတ်ပိုင် ခွင့်ရှိသူနေရာ၊ ဒါမှမဟုတ် အသိပညာ၊ အတွေ့အကြုံ၊

အယူအဆ သဘော တရားတွေ ကို ဖြန့်ဝေပေးသူနေရာကို ရောက်လာတဲ့အခါ အခြေအနေ၊

အချိန် အခါ၊ ပါဝင်ပတ်သက်နေသူတွေ၊ လုပ်မယ့်လုပ်ငန်း စသည်ဖြင့် အဖက်ဖက်က

စဉ်းစားပြီး ပြောင်းစိုက် လယ်သမားလို ကျင့်ကြံရမလား၊ ကွန်ချက်သိတဲ့ ငါးဖမ်းသူလို

ကျင့်ကြံရမလား စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အလုပ်ဝင်စ လူငယ်တွေ၊ ကိုယ်က

အသိပညာ၊ အတွေ့အကြုံ၊ အယူအဆ သဘောတရားတွေကို လေ့လာသင်ယူနည်းခံရမယ့်

နေရာကို ရောက်နေသူတွေအတွက်ကတော့ ပြောင်းဖူးမျိုးကောင်းမျိုးသန့်ကို အရံသင့်လာပေးတဲ့

လယ်သမား ကြီးလိုမျိုး လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီးတွေနဲ့ တွေ့ရတဲ့အခါ “သူတို့အကျိုး

အတွက် ငါ့အပေါ် ကောင်း တာပါ” လို့ ချော်တောငေါ့ မတွေးဘဲ ““ဒီလိုကောင်းတဲ့ ပတ်ဝန်းကျင်မှာ

ငါရောက်လာတာ အင်မတန် ကံကောင်းလို့ပဲ”” လို့ သဘောထား ပြီး ကျေးဇူးတင်စွာနဲ့ သူတို့တွေ

ချွေးနဲ့ ဇွဲလုံ့လနဲ့ ရှာဖွေစုဆောင်းထားတဲ့ အသိ ပညာ၊ အတွေ့အကြုံ၊ အယူအဆ သဘောတရားတွေကို

လေ့လာ သင်ယူအသုံး ချရုံတင်မက ကျေးဇူးသိတတ်တာကို ပါးစပ်နဲ့သာမဟုတ်

လက်တွေ့လည်း ပြသ ရမှာ ဖြစ်ပါတယ်။ ကွန်ချက်မပြဘဲ ဟင်းစား လောက်ပဲ ပေးနေတဲ့

ပတ်ဝန်းကျင် ကိုရောက်ရင်လည်း ကိုယ့်ကို နားလည်တတ်ကျွမ်းအောင် သင်မပေးဘဲ ဒါမှ

မဟုတ် ပြည့်ပြည့်စုံစုံ မပြောပြဘဲတမင် မလုပ်တတ် မကိုင်တတ်၊ မလုပ်နိုင် မကိုင်နိုင်ဖြစ်အောင်

တစ်ခုခုကို အမြဲထိန်ချန် မေ့လျော့ ဖယ်ထုတ်ထားတတ်တဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အထက်လူကြီးတွေကို

စိတ်ကွက်ပြီး ဒေါသတွေထွက် စိတ်တွေပျက် မနေဘဲ ““ဥစ္စာရင်လို ဥစ္စာရင်ခဲ ကြိုး စားရမှာပေါ့”

လို့ သဘော ထားပြီး သူတို့တွေဆီကပဲ ထိုက်တန်တဲ့ ပေးဆပ်မှုနဲ့ ကွန်ချက်ကို သင်ယူမလား၊

ကိုယ့်နည်းကိုယ်ဟန်နဲ့ ကွန်ချက်ကို ဖော်ထုတ်နိုင်အောင် ကြိုးစားမလား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

နောက်ပြီး ကွန်ချက်မတတ်ခင် ဟင်းစား လောက် ပေး တာကလည်း သူ့အတိုင်းအတာနဲ့သူ

တန်ဖိုးတစ်ခုကတော့ ရှိတာပဲမို့ သူတို့ ဖာသာ ကပ်တာ၊ လျှိုတာက တစ်ကဏ္ဍ၊ ကိုယ့်ဘက်က

ထိုက်သင့်တဲ့ ကျေးဇူးကို သိတတ်ရမှာက တစ်ကဏ္ဍ ကွဲကွဲပြားပြား မြင် သင့်တယ်လို့ ထင်ပါတယ်။

Crd:org ဗဟုသုတကျေးရွာ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *