အလုပ္ထက္ရလဒ္ကပိုအေရးႀကီးတယ္

ေၾကာ္ျငာလုပ္ငန္းလုပ္တဲ့ ကုမၸဏီတစ္ခုမွာပါ။

ေၾကာ္ျငာဖန္တီးေနသူဝန္ထမ္းေတြထဲက တစ္ေယာက္ေသာသူဟာ တစ္ေန႔တစ္ေန႔

ဘာမွ မလုပ္ဘဲ စားပြဲမွာပဲ ထိုင္ေနတယ္။ ၾကာေတာ့ က်န္တဲ့ ေၾကာ္ျငာေရးသမားေတြနဲ႔

တျခားဝန္ထမ္းေတြဟာ သူ႔ကို ၾကည့္မရေတာ့ဘူး။ ဒါေၾကာင့္ ကုမၸဏီပိုင္ရွင္ကို

သြားေတြ႕ၿပီး တိုင္ၾကတယ္။ ကုမၸဏီပိုင္ရွင္က သူတို႔ကို ေမးလိုက္တယ္။

“သူ အဲဒီလို ျဖစ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ”

“ေတာ္ေတာ့ကို ၾကာၿပီ ဆရာ။ အနည္းဆံုး ၂ ပတ္ – ၃ ပတ္ေလာက္ေတာ့ ရွိၿပီ ထင္ပါတယ္”

“ေအး ငါ မင္းတို႔ကို သတိေပးလိုက္မယ္ေနာ္။ မင္းတို႔ သူ႔ကို သြားမေႏွာက္ယွက္ၾကနဲ႔။

သူ မၾကားေအာင္ စကားကို တိုးတိုးေလး ေျပာၾက။ တခါတေလေတာ့ သူ ဘာလိုခ်င္သလဲ

ေမးၾကည့္။ ေကာ္ဖီေသာက္ခ်င္တယ္ဆိုရင္ ဝယ္ေပးလိုက္။ ကုန္ကုန္ေျပာမယ္ကြာ၊ သူ

လိုခ်င္တာ မွန္သမွ် ဘာျဖစ္ျဖစ္ လုပ္ေပးလိုက္။ မင္းတို႔ မတတ္ႏိုင္တာဆိုရင္ ငါ့လာေျပာလွည့္ကြာ”

ေသခ်ာတာေပါ့။ ဝန္ထမ္းေတြဟာ အေတာ့ကို စိတ္ဆိုးသြားၾကၿပီး ကုမၸဏီပိုင္ရွင္ကို

ဘာေၾကာင့္ ခုလိုေျပာရတာလဲလို႔ ေမးၾကတယ္။ ပိုင္ရွင္က ခုလို ေျဖလိုက္တယ္။

“ေအး မင္းတို႔ ေမးေတာ့လည္း ေျပာျပရတာေပါ့ကြာ။ အရင္တုန္းက သူ ခုလိုျဖစ္ဖူးတယ္။

အၾကာႀကီး ဘာမွ မလုပ္ပဲ ထိုင္ေနခဲ့ၿပီး သူက ငါ့ကို သူ႔ေခါင္းထဲမွာ ေပၚလာတဲ့ အၾကံေတြကို

လာေျပာတယ္ကြာ။ သူ႔အၾကံအတိုင္း လုပ္လိုက္တာ ငါတို႔ကုမၸဏီမွာ ေဒၚလာသန္းခ်ီ

ျမတ္သြားခဲ့တယ္။ ဒါေၾကာင့္ ငါ မင္းတို႔ကို သတိေပးရတာ။ သူ႔ကို မေႏွာက္ယွက္ၾကနဲ႔လို႔”

ဒီအေၾကာင္းအရာေလးဟာ ကုမၸဏီမွာ ဝန္ထမ္းလုပ္ေနသူေတြအတြက္ စဥ္းစားေစဖို႔

အေတြးေလးေတြကို ေပးလိုက္ပါတယ္။

သင့္ရဲ႕ Boss ဟာ သင္ အရမ္းအလုပ္ႀကိဳးစားလို႔ သေဘာက်ေနတယ္ ထင္ပါသလား။

မရပ္မနား အလုပ္ကို ကုန္း႐ုန္းလုပ္ေနေပမယ့္လည္း သင္ဟာ ကုမၸဏီအတြက္

ေငြေၾကးဝင္ေငြရႏိုင့္မယ့္ ရလဒ္ကို မဖန္တီးေပးႏိုင္ရင္ သူ သေဘာက်မယ္လို႔ ထင္ပါသလား။

သင့္ကို ရာထူး လစာ တိုးေပးမယ္လို႔ ထင္ပါသလား။

Credit;ဆရာဗန္းေမာ္သိန္းေဖ ၁၄-၁၀-၂၀၁၆

< Unicode Version >

ကြော်ငြာလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတစ်ခုမှာပါ။

ကြော်ငြာဖန်တီးနေသူဝန်ထမ်းတွေထဲက တစ်ယောက်သောသူဟာ တစ်နေ့တစ်နေ့

ဘာမှ မလုပ်ဘဲ စားပွဲမှာပဲ ထိုင်နေတယ်။ ကြာတော့ ကျန်တဲ့ ကြော်ငြာရေးသမားတွေနဲ့

တခြားဝန်ထမ်းတွေဟာ သူ့ကို ကြည့်မရတော့ဘူး။ ဒါကြောင့် ကုမ္ပဏီပိုင်ရှင်ကို

သွားတွေ့ပြီး တိုင်ကြတယ်။ ကုမ္ပဏီပိုင်ရှင်က သူတို့ကို မေးလိုက်တယ်။

“သူ အဲဒီလို ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ”

“တော်တော့ကို ကြာပြီ ဆရာ။ အနည်းဆုံး ၂ ပတ် – ၃ ပတ်လောက်တော့ ရှိပြီ ထင်ပါတယ်”

“အေး ငါ မင်းတို့ကို သတိပေးလိုက်မယ်နော်။ မင်းတို့ သူ့ကို သွားမနှောက်ယှက်ကြနဲ့။

သူ မကြားအောင် စကားကို တိုးတိုးလေး ပြောကြ။ တခါတလေတော့ သူ ဘာလိုချင်သလဲ

မေးကြည့်။ ကော်ဖီသောက်ချင်တယ်ဆိုရင် ဝယ်ပေးလိုက်။ ကုန်ကုန်ပြောမယ်ကွာ၊ သူ

လိုချင်တာ မှန်သမျှ ဘာဖြစ်ဖြစ် လုပ်ပေးလိုက်။ မင်းတို့ မတတ်နိုင်တာဆိုရင် ငါ့လာပြောလှည့်ကွာ”

သေချာတာပေါ့။ ဝန်ထမ်းတွေဟာ အတော့ကို စိတ်ဆိုးသွားကြပြီး ကုမ္ပဏီပိုင်ရှင်ကို

ဘာကြောင့် ခုလိုပြောရတာလဲလို့ မေးကြတယ်။ ပိုင်ရှင်က ခုလို ဖြေလိုက်တယ်။

“အေး မင်းတို့ မေးတော့လည်း ပြောပြရတာပေါ့ကွာ။ အရင်တုန်းက သူ ခုလိုဖြစ်ဖူးတယ်။

အကြာကြီး ဘာမှ မလုပ်ပဲ ထိုင်နေခဲ့ပြီး သူက ငါ့ကို သူ့ခေါင်းထဲမှာ ပေါ်လာတဲ့ အကြံတွေကို

လာပြောတယ်ကွာ။ သူ့အကြံအတိုင်း လုပ်လိုက်တာ ငါတို့ကုမ္ပဏီမှာ ဒေါ်လာသန်းချီ

မြတ်သွားခဲ့တယ်။ ဒါကြောင့် ငါ မင်းတို့ကို သတိပေးရတာ။ သူ့ကို မနှောက်ယှက်ကြနဲ့လို့”

ဒီအကြောင်းအရာလေးဟာ ကုမ္ပဏီမှာ ဝန်ထမ်းလုပ်နေသူတွေအတွက် စဉ်းစားစေဖို့

အတွေးလေးတွေကို ပေးလိုက်ပါတယ်။

သင့်ရဲ့ Boss ဟာ သင် အရမ်းအလုပ်ကြိုးစားလို့ သဘောကျနေတယ် ထင်ပါသလား။

မရပ်မနား အလုပ်ကို ကုန်းရုန်းလုပ်နေပေမယ့်လည်း သင်ဟာ ကုမ္ပဏီအတွက်

ငွေကြေးဝင်ငွေရနိုင့်မယ့် ရလဒ်ကို မဖန်တီးပေးနိုင်ရင် သူ သဘောကျမယ်လို့ ထင်ပါသလား။

သင့်ကို ရာထူး လစာ တိုးပေးမယ်လို့ ထင်ပါသလား။

Credit;ဆရာဗန်းမော်သိန်းဖေ ၁၄-၁၀-၂၀၁၆

 

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

sixteen − nine =