ကိုယ္​႐ွိျခင္​း 

ကိုယ္​့ ဘဝအတြက္​ ကိုယ္​႐ွိ​ေနရင္​ျပည္​့စံုတယ္​ဆို​ေပမယ္​့ တန္​ဖိုး႐ွိတဲ့

ရပ္​တည္​မႈမ်ိဳး ျဖစ္​ဖို႔လိုတယ္​ ကိုယ္​့ဘဝအတြက္​ ကိုယ္​႐ွိ​ေနပါလ်ွက္

​ မွားယြင္​း​ေနၿပီဆို အဓိပၸါယ္​ တခ်ိဳ႕ မဲ့သြားတယ္​။

လူအ​ေတာ္​မ်ားမ်ားဟာ စာတစ္​အုပ္​ဖတ္​​ေတာ့မယ္​ဆိုရင္​ ​ေခါင္​းစဥ္​

​ေလးကို အရင္​ၾကည္​့တယ္​ ဆြဲ​ေဆာင္​မႈ႐ွိမ႐ွိ အရင္​​ေလ့လာၾကည္​့တယ္​

အဲ့ထက္​​ေကာင္​းမွၿပီး​ေအာင္​ ဖတ္​​ေလ့႐ွိၾကတယ္​။

ဘဝ မွာ လူခ်င္​းခ်င္​းဆက္​ဆံရတဲ့အခါမွာ သူရဲ႕သြင္​ျပင္​ ​ေျပာပံုဆိုပံု အဲ့​ေနာက္​မွာ

သူစိတ္​ဓာတ္​​ေလးကဘယ္​လို ဆိုၿပီး ဆံုးျဖတ္​ၾကတယ္​ ရင္​ထဲက​ေနရာ​ေပးတယ္​။

အမွားဆိုတာ ဘယ္​သူမွမကင္​းသလို လူတိုင္​းမွာလည္​း အားနည္​းခ်က္​​ေတြ႐ွိၾကတယ္​

ဒါကို တစ္​ဖက္​သတ္​ ခံစား​ေနရရင္​​ေတာ့ ဒါဟာ သူ႕အ​ေပၚထားတဲ့

ကိုယ္​့စိတ္​​ေၾကာင္​့ျဖစ္​တယ္​ဆို​ေပမယ္​့ ကိုယ္​့ကိုယ္​ကို အျပစ္​​ေပးျခင္​းတမ်ိဳးပဲ။

သူ႕​ေၾကာင္​့ကိုယ္​့အခ်ိန္​​ေတြ​ေပးမိတယ္​ ကိုယ္​ကနားလည္​မႈမ်ားမ်ား​ေပး​ေလ သူကအ​ေဝးထြက္​​ေျပး​ေလ ပါ။

သီအိုရီမဟုတ္​​ေပမယ္​့ ​နားလည္​​ေပးၾကသူတိုင္​း နာက်င္​ၾကရတယ္​။

​ေနာက္​ဆံုးတကယ္​နားလည္​သူ​ေတြၾက​ေတာ့ နာက်င္​မႈ​ေတာ့ ​ေလ်ာ့ပါးသြားတယ္​

ခံစားခ်က္​​ေတြ နည္​းပါးသြားတယ္​ အ​ေတြးအ​ေခၚပိုင္​းကို ဦးစား​ေပးရင္​့က်က္​ျခင္​းသာ

မွန္​သြားရင္​ ကိုယ္​့​ေနာက္​​ေက်ာကို ဓားနဲ႔စိုက္​​ေတာင္​ မနာက်င္​​ေတာ့ဘူး။

ဘာလို႔လဲဆို​ေတာ့ ကိုယ္​့ဘဝအတြက္​ ကိုယ့္​ ခိုင္​ခိုင္​မာမာ ႐ွိ​ေနလို႔ပါ။

ဘာမထီဘြား……အ​ေတြးစာစု​ေလးမ်ား

< Unicode Version >

ကိုယ့် ဘဝအတွက် ကိုယ်ရှိနေရင်ပြည့်စုံတယ်ဆိုပေမယ့် တန်ဖိုးရှိတဲ့

ရပ်တည်မှုမျိုး ဖြစ်ဖို့လိုတယ် ကိုယ့်ဘဝအတွက် ကိုယ်ရှိနေပါလျှက်

မှားယွင်းနေပြီဆို အဓိပ္ပါယ် တချို့ မဲ့သွားတယ်။

လူအတော်များများဟာ စာတစ်အုပ်ဖတ်တော့မယ်ဆိုရင် ခေါင်းစဉ်

လေးကို အရင်ကြည့်တယ် ဆွဲဆောင်မှုရှိမရှိ အရင်လေ့လာကြည့်တယ်

အဲ့ထက်ကောင်းမှပြီးအောင် ဖတ်လေ့ရှိကြတယ်။

ဘဝ မှာ လူချင်းချင်းဆက်ဆံရတဲ့အခါမှာ သူရဲ့သွင်ပြင် ပြောပုံဆိုပုံ အဲ့နောက်မှာ

သူစိတ်ဓာတ်လေးကဘယ်လို ဆိုပြီး ဆုံးဖြတ်ကြတယ် ရင်ထဲကနေရာပေးတယ်။

အမှားဆိုတာ ဘယ်သူမှမကင်းသလို လူတိုင်းမှာလည်း အားနည်းချက်တွေရှိကြတယ်

ဒါကို တစ်ဖက်သတ် ခံစားနေရရင်တော့ ဒါဟာ သူ့အပေါ်ထားတဲ့

ကိုယ့်စိတ်ကြောင့်ဖြစ်တယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို အပြစ်ပေးခြင်းတမျိုးပဲ။

သူ့ကြောင့်ကိုယ့်အချိန်တွေပေးမိတယ် ကိုယ်ကနားလည်မှုများများပေးလေ သူကအဝေးထွက်ပြေးလေ ပါ။

သီအိုရီမဟုတ်ပေမယ့် နားလည်ပေးကြသူတိုင်း နာကျင်ကြရတယ်။

နောက်ဆုံးတကယ်နားလည်သူတွေကြတော့ နာကျင်မှုတော့ လျော့ပါးသွားတယ်

ခံစားချက်တွေ နည်းပါးသွားတယ် အတွေးအခေါ်ပိုင်းကို ဦးစားပေးရင့်ကျက်ခြင်းသာ

မှန်သွားရင် ကိုယ့်နောက်ကျောကို ဓားနဲ့စိုက်တောင် မနာကျင်တော့ဘူး။

ဘာလို့လဲဆိုတော့ ကိုယ့်ဘဝအတွက် ကိုယ့် ခိုင်ခိုင်မာမာ ရှိနေလို့ပါ။

ဘာမထီဘွား……အတွေးစာစုလေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

fourteen + seventeen =