၁ ဒီဂရီ ပဲ လိုပါတယ္ 

နယ္ကမိတ္ေဆြတစ္ေယာက္ သူမ်ားေငြေတြကို အတိုးနဲ ့ယူျပီး စီးပြားေရးလုပ္တယ္။

လုပ္ငန္း ေအာက္သက္ မေျကေတာ့ အလွမ္းက်ယ္ အလယ္လပ္ျပီး အခက္အခဲေတြ

ျဖစ္ကုန္တယ္။ ဒီေတာ့ အကူအညီ လာေတာင္းတယ္။ သူ လာေတာင္းတာက

လုပ္ငန္း အခက္အခဲေတြကို ေျဖရွင္းဖို ့မဟုတ္ဘူး။ ဒီအသိုင္းအဝိုင္းကေန အျပီးေရွာင္ထြက္သြားဖို ့။

အေျခအေန အားလံုးနားေထာင္ျပီးေတာ့ အရိုးခံ အျကံေပးမိတယ္။ ခုလိုတဲ့

ပမာဏကိုကူညီမယ္။ ေရွာင္ေတာ့ မထြက္ပါနဲ ့။ စီးပြားေရး ဆိုတာ ေျကြတလွည့္

ျကက္တစ္ခုန္ပါပဲ။ အတိုးနဲ ့ ယူထားတဲ့ သူေတြကို သြားေတြ ့ျပီး ရွင္းျပလိုက္ပါ။

အခက္အခဲ ျဖစ္သြားတယ္။ ေျကေအာင္ ျပန္ဆပ္ပါမယ္။ အတိုးေတြေတာ့ ရပ္ေပးပါ။

အရင္းေတြကို အရစ္က် ခြဲဆပ္ပါမယ္ လို ့ေတာင္းပန္။ ေငြရွင္တိုင္းက ေငြပဲ ျပန္လိုခ်င္တာ။

မင္းေထာင္က်တာ မလိုခ်င္ဘူး။ ဒီေတာ့ အခ်ိန္ျကာပါေစ။ လစဥ္လတိုင္း နိုင္သေလာက္

သြင္းျပီး အေျကြးဆပ္ပါမယ္လို ့ညိွ။ ဒီဘက္ကလည္းအေျကြးေတြ ျပန္ဆပ္နိုင္ေအာင္အသံုးအစြဲေလ်ာ့၊

ရိုးရိုးသားသား ေအာက္ေျခကေန အလုပ္ ျပန္စလုပ္ကြာ၊ ငါတို ့လည္း ဝိုင္းဝန္းမွာေပါ့ လို ့အားေပးမိတယ္။

ဒါေပမယ့္ သူမ်က္လံုးေတြျကည့္ရတာ ယံုျကည္ခ်က္ မရိွေတာ့ဘူး။ ကိုယ္ေျပာတာလည္း

ေခါင္းထဲမဝင္ေတာ့ဘူး ထင္တယ္။ အတတ္နိုင္ဆံုး ျပန္ ျကိဳးစားမယ္။ ခုအကူအညီကို

ေက်းဇူး တင္တယ္ေျပာတယ္။ ျပီးေတာ့ သူ ထြက္သြား လိုက္တယ္။ ေနာက္ထပ္ျပန္မေတြ ့ျဖစ္ျကေတာ့ဘူး။

ဘဝမွာ နွစ္ခါ သံုးခါထက္ ပိုရႈံးလာရင္ ယံုျကည္မႈ ေတြ ပ်က္ျပားလာတယ္။

စမ္းသပ္မႈတစ္ခုမွာ ငါးမန္းတစ္ေကာင္ကို ေလွာင္ကန္ထဲမွာထည့္ မွန္အမာ တခ်ပ္ ျကားခံထားျပီး

ဟိုဘက္ အျခမ္းမွာ ငါးအေသးေတြ လႊတ္ထားျကည့္တယ္။ မွန္ တဘက္က

ငါးေလးေတြကို ျမင္ျပီး ငါးမန္းက စားဖို ့ေျပးဟပ္ေတာ့ မွန္နဲ ့တိုက္မိတယ္။ ေဒါသ

ထြက္လာတယ္။ ထပ္ေျပးျပီး ဟပ္တယ္။ ထပ္ထိတယ္။ ထပ္ဟပ္တယ္။ ထပ္ထိတယ္။

တျဖည္းျဖည္း ထိတာမ်ားလာေတာ့ ငါးမန္းရဲ ့ယံုျကည္မႈ ပ်က္ျပားသြားတယ္။ ေနာက္ေန

့ထပ္ျကိဳးစားတယ္။ ထပ္ထိျပန္တယ္။ ငါးမန္း လံုးဝ မွတ္သြားတယ္။ အဲဒီနားကို လာေတာင္

မလာေတာ့ဘူး။ ဒီေတာ့မွ မွန္ကို ဖယ္လိုက္တယ္။ ငါးေလးေတြနဲ ့သူနဲ ့ တကန္တည္း

ျဖစ္သြားတယ္။ ငါးေလးေတြ သူနား ျဖတ္ကူးသြားတာေတာင္ ငါးမန္းဟာ လိုက္ မဟပ္ေတာ့ဘူး။

လူေတြ ခ်ေျကြးတဲ့ အစာပဲ စားေတာ့တယ္။ ဖမ္းစားနုိင္ပါရက္နဲ ့ မဖမ္းနိုင္ေတာ့ဘူးလို ့ထင္ျမင္ျပီး

ငါးမန္းဟာ အစြမ္းအစမဲ့ သြားတယ္။

ဒီငါးမန္းလိုပါပဲ။ အရႈံးမ်ားလာရင္ လုပ္လို ့ျဖစ္ ပါေတာ့မလား ဆိုတဲ့ သံသယ ဝင္လာတယ္။

သံသယဝင္ျပီဆိုတာနဲ ့ယံုျကည္မႈေတြ ေပ်ာက္ဆံုးကုန္တယ္။ ယံုျကည္မႈ ေပ်ာက္ဆံုးသြားရင္ေတာ့

ဘဝမွာ အားလံုး ဆံုးရႈံးကုန္တာပါပဲ။ သံသယဆိုတဲ့ ဝဲဂယက္ျကီးက ဘဝရဲ ့ရနိုင္ခြင့္ ရပိုင္ခြင့္ေတြ

အားလံုးကို စုပ္ယူေျခမြ နိုင္ပါတယ္။

လူတိုင္းမွာလည္း ယံုျကည္မႈ ေပ်ာက္ဆံုးကုန္တဲ့ အခ်ိန္ေတြ၊ သံသယ ဝဲဂယက္ျကီး

ထဲကေန မနည္းလြတ္ေအာင္ ရုန္းေနရတဲ့ အခ်ိန္ေတြ ရိွတယ္။ ဒီလိုအခ်ိန္တိုင္းမွာ ကိုယ္ရဲ ့

ရုန္းကန္တြန္းတိုက္ခ်က္တိုင္းဟာ အလကား မျဖစ္သြားဘူး ဆုိတာ သိဖို ့လိုပါတယ္။

Apple ရဲ ့ေခါင္းကုိင္ဖခင္ စတိပ္ေဂ်ာ့ စတန္းဖိုဒ္တကၠသိုလ္ အတြက္ ေျပာခဲ့တဲ့မိန္ ့ခြန္းမွာ

အဓိကအခ်က္သံုးခ်က္ပါတယ္။ ပထမအခ်က္က ဘဝရဲ ့ အမွတ္စက္ေတြ စပ္ဆက္ကုန္တဲ့

အေျကာင္းပါ။ စတိပ္ေဂ်ာ့ ဘဝမွာ က်ဆံုးမႈေတြ မ်ားပါတယ္။ ေမြးထဲက စြန္ ့ပစ္ခံခဲ့ရတာ၊

ေက်ာင္းစရိတ္ ျကီးျမင့္လို ့ ေက်ာင္းထြက္ခဲ့ရတာ၊ သူတည္ေထာင္ ခဲ့တဲ့ ကုမၸဏီရဲ ့

အေအာင္ျမင္ဆံုး အခ်ိန္မွာ သူ ့ကိုကုမၸဏီကထုတ္ပစ္ခဲ့တာစသည္ျဖင့္ေပါ့။

သူ ေက်ာင္းထြက္မယ္ ဆံုးျဖတ္ျပီးတုန္းက အားေနတာနဲ ့ အလကား မေနဘဲ ေက်ာင္းက

ဖြင့္ထားတဲ့ စာလံုး အလွေရးတဲ့ သင္တန္း သြားတက္ ေနပါတယ္။ ဒါက သူစိတ္ဝင္စားတဲ့

ကြန္ျပဴတာနဲ ့ မဆိုင္ပါဘူး။ အနုပညာနဲ ့ဆိုင္တယ္။

ဒါေပမယ့္ ေနာင္ဆယ္နွစ္အျကာ ပထမဆံုး “မက္ကင္းေတာ့ရွ္ ကြန္ျပဴတာ”ကို စလုပ္တဲ့

အခ်ိန္မွာဒီစာလံုးအလွ ေတြကို သတိရျပီး ထည့္ခဲ့တယ္။ ကြန္ျပဴတာမွာပထမဆံုး

စာလံုးပံုစံအလွကို ကမာၻမွာ Apple က စထည့္နိုင္ခဲ့တယ္။ အနုပညာနဲ ့ကြန္ျပဴတာ

ကိုအဲဒီသင္တန္းတက္ေနခ်ိန္က ဆက္စပ္သြားမယ္လို ့ သူ ဘယ္လိုမွ မထင္ခဲ့ဘူး။

ဒါေျကာင့္ ဘဝမွာလုပ္ေဆာင္ေနတဲ့ အရာေတြကို အမွတ္စက္ခ်ေနတယ္ သေဘာ ထား။

မေအာင္ျမင္ခင္မွာ ေရွ ့ကို ေက်ာ္ျကည့္ျပီး အစက္ေတြ ဆက္ျကည့္လို ့မရဘူး။ ေအာင္ျမင္

ျပီးမွ ျပန္ျကည့္ေတာ့ အစက္ေတြ အကုန္လံုးက ဆက္စပ္ ေနတယ္၊ အလကား မျဖစ္သြားဘူးလို ့ ေျပာခဲ့ပါတယ္။

ဘဝမွာ ေရွ ့ဆက္တိုးလို ့မရေတာ့ဘူးလို ့ ထင္သြားျပီး ယံုျကည္မႈေတြ ေပ်ာက္ဖူးတယ္။

ပံုျပင္ထဲက အစြမ္းအစ မရိွေတာ့ဘဲ သူမ်ားခ်ေျကြးတာ စားေနရတဲ့ ငါးမန္းျကီးကို

ျမင္ေယာင္ျပီး ထပ္တြန္းရုန္းကန္ ခဲ့တယ္။ ရုန္းကန္ေနတာ ျကာလည္း ဘာမွ

အရာမထင္လာေတာ့ စိတ္ဓာတ္ က်လာတယ္။ စိတ္အားကုန္ခါနီး စတိပ္ေဂ်ာ့ ရဲ ့

အစက္ေတြ အေျကာင္း ဖတ္မိေတာ့ တေန ့ဆက္စပ္ သြားမွာပါ လို ့ ကိုယ္ဟာကိုယ္ အားေပး မဲတင္းဖူးတယ္။

ေအာင္ျမင္ဖို ့ကအမ်ားျကီး မလိုပါဘူး။ အလုပ္ကိုမက္ေမာစိတ္နဲ ့ျကိဳးစားမႈ၊ ဥာဏ္နဲ ့

ဆင္ျခင္ ခ်ိန္ဆမႈ၊ အလုပ္ကိုယ္က်င့္တရား နဲ ့ အခ်ိန္အတိုင္းအတာတစ္ခု။ ဒါေတြပဲ

လိုတယ္။ ဒါေတြကို မဆုတ္မနစ္ စိုက္လိုက္မတ္တပ္ လုပ္နိုင္ေအာင္ေတာ့ယံုျကည္မႈလိုပါတယ္။

ေရကို အပူေပးရင္ အေငြ ့စျပန္မယ့္ ေရဆူမွတ္ ရိွတယ္။ ဒီ ေရဆူမွတ္က ၁၀၀

ဒီဂရီ ဆို ၉၉ ဒီဂရီေရာက္တဲ့ထိ မဆူေသးဘူး။ မဆူေသးသေရြ ့အရည္ကေန

အေငြ ့မျဖစ္ေသးဘူး။ ဒီခ်ိန္မွာ အပူမေပးဘဲ ရပ္လိုက္ရင္ ေရက ေရပါပဲ။ ၉၉

ဒီဂရီအားထုတ္ခဲ့သမ်ွ အလကားျဖစ္သြားမယ္။ ေနာက္ထပ္ ၁ ဒီဂရီစာ ထပ္ အပူေပး

လိုက္တာနဲ ့ ၁၀၀ ျပည့္ျပီး ေရ ထဆူမယ္။ အရည္ ဘဝကေန အေငြ ့ဘဝ ထေျပာင္း ေလထဲ လႊင့္တက္သြားမယ္။

ဒါေျကာင့္ ကၽြန္ေတာ္တို ့ ျကိဳးစားေနသေရြ ့ ေအာင္ျမင္မယ္ဆိုတာ ယံုေနဖို ့ေတာ့လိုတယ္။

အမွတ္စက္ေတြက အခ်ိန္ေစ့ရင္ ဆက္စပ္သြားပါလိမ့္မယ္။ ေရကလည္း ၁၀၀ ဒီဂရီျပည့္ရင္

ဆူပါလိမ့္မယ္။ တခါတေလ ဘဝသစ္ ေျပာင္းသြားဖို ့၊ ေလထုအျမင့္ထဲ လႊင့္တက္သြားဖို

့က ၁ ဒီဂရီ ပဲလိုပါတယ္။ အားမေလ်ာ့လိုက္ပါနဲ ့။

Credit:original uploader

ဗဟုသုတ​ေက်းရြာ

< Unicode Version >

နယ်ကမိတ်ဆွေတစ်ယောက် သူများငွေတွေကို အတိုးနဲ့ယူပြီး စီးပွားရေးလုပ်တယ်။

လုပ်ငန်း အောက်သက် မကြေတော့ အလှမ်းကျယ် အလယ်လပ်ပြီး အခက်အခဲတွေ

ဖြစ်ကုန်တယ်။ ဒီတော့ အကူအညီ လာတောင်းတယ်။ သူ လာတောင်းတာက

လုပ်ငန်း အခက်အခဲတွေကို ဖြေရှင်းဖို့မဟုတ်ဘူး။ ဒီအသိုင်းအဝိုင်းကနေ အပြီးရှောင်ထွက်သွားဖို့။

အခြေအနေ အားလုံးနားထောင်ပြီးတော့ အရိုးခံ အကြံပေးမိတယ်။ ခုလိုတဲ့

ပမာဏကိုကူညီမယ်။ ရှောင်တော့ မထွက်ပါနဲ့။ စီးပွားရေး ဆိုတာ ကြွေတလှည့်

ကြက်တစ်ခုန်ပါပဲ။ အတိုးနဲ့ ယူထားတဲ့ သူတွေကို သွားတွေ့ပြီး ရှင်းပြလိုက်ပါ။

အခက်အခဲ ဖြစ်သွားတယ်။ ကြေအောင် ပြန်ဆပ်ပါမယ်။ အတိုးတွေတော့ ရပ်ပေးပါ။

အရင်းတွေကို အရစ်ကျ ခွဲဆပ်ပါမယ် လို့တောင်းပန်။ ငွေရှင်တိုင်းက ငွေပဲ ပြန်လိုချင်တာ။

မင်းထောင်ကျတာ မလိုချင်ဘူး။ ဒီတော့ အချိန်ကြာပါစေ။ လစဉ်လတိုင်း နိုင်သလောက်

သွင်းပြီး အကြွေးဆပ်ပါမယ်လို့ညှိ။ ဒီဘက်ကလည်းအကြွေးတွေ ပြန်ဆပ်နိုင်အောင်အသုံးအစွဲလျော့၊

ရိုးရိုးသားသား အောက်ခြေကနေ အလုပ် ပြန်စလုပ်ကွာ၊ ငါတို့လည်း ဝိုင်းဝန်းမှာပေါ့ လို့အားပေးမိတယ်။

ဒါပေမယ့် သူမျက်လုံးတွေကြည့်ရတာ ယုံကြည်ချက် မရှိတော့ဘူး။ ကိုယ်ပြောတာလည်း

ခေါင်းထဲမဝင်တော့ဘူး ထင်တယ်။ အတတ်နိုင်ဆုံး ပြန် ကြိုးစားမယ်။ ခုအကူအညီကို

ကျေးဇူး တင်တယ်ပြောတယ်။ ပြီးတော့ သူ ထွက်သွား လိုက်တယ်။ နောက်ထပ်ပြန်မတွေ့ဖြစ်ကြတော့ဘူး။

ဘဝမှာ နှစ်ခါ သုံးခါထက် ပိုရှုံးလာရင် ယုံကြည်မှု တွေ ပျက်ပြားလာတယ်။

စမ်းသပ်မှုတစ်ခုမှာ ငါးမန်းတစ်ကောင်ကို လှောင်ကန်ထဲမှာထည့် မှန်အမာ တချပ် ကြားခံထားပြီး

ဟိုဘက် အခြမ်းမှာ ငါးအသေးတွေ လွှတ်ထားကြည့်တယ်။ မှန် တဘက်က

ငါးလေးတွေကို မြင်ပြီး ငါးမန်းက စားဖို့ပြေးဟပ်တော့ မှန်နဲ့တိုက်မိတယ်။ ဒေါသ

ထွက်လာတယ်။ ထပ်ပြေးပြီး ဟပ်တယ်။ ထပ်ထိတယ်။ ထပ်ဟပ်တယ်။ ထပ်ထိတယ်။

တဖြည်းဖြည်း ထိတာများလာတော့ ငါးမန်းရဲ့ယုံကြည်မှု ပျက်ပြားသွားတယ်။ နောက်နေ

့ထပ်ကြိုးစားတယ်။ ထပ်ထိပြန်တယ်။ ငါးမန်း လုံးဝ မှတ်သွားတယ်။ အဲဒီနားကို လာတောင်

မလာတော့ဘူး။ ဒီတော့မှ မှန်ကို ဖယ်လိုက်တယ်။ ငါးလေးတွေနဲ့သူနဲ့ တကန်တည်း

ဖြစ်သွားတယ်။ ငါးလေးတွေ သူနား ဖြတ်ကူးသွားတာတောင် ငါးမန်းဟာ လိုက် မဟပ်တော့ဘူး။

လူတွေ ချကြွေးတဲ့ အစာပဲ စားတော့တယ်။ ဖမ်းစားနိုင်ပါရက်နဲ့ မဖမ်းနိုင်တော့ဘူးလို့ထင်မြင်ပြီး

ငါးမန်းဟာ အစွမ်းအစမဲ့ သွားတယ်။

ဒီငါးမန်းလိုပါပဲ။ အရှုံးများလာရင် လုပ်လို့ဖြစ် ပါတော့မလား ဆိုတဲ့ သံသယ ဝင်လာတယ်။

သံသယဝင်ပြီဆိုတာနဲ့ယုံကြည်မှုတွေ ပျောက်ဆုံးကုန်တယ်။ ယုံကြည်မှု ပျောက်ဆုံးသွားရင်တော့

ဘဝမှာ အားလုံး ဆုံးရှုံးကုန်တာပါပဲ။ သံသယဆိုတဲ့ ဝဲဂယက်ကြီးက ဘဝရဲ့ရနိုင်ခွင့် ရပိုင်ခွင့်တွေ

အားလုံးကို စုပ်ယူခြေမွ နိုင်ပါတယ်။

လူတိုင်းမှာလည်း ယုံကြည်မှု ပျောက်ဆုံးကုန်တဲ့ အချိန်တွေ၊ သံသယ ဝဲဂယက်ကြီး

ထဲကနေ မနည်းလွတ်အောင် ရုန်းနေရတဲ့ အချိန်တွေ ရှိတယ်။ ဒီလိုအချိန်တိုင်းမှာ ကိုယ်ရဲ့

ရုန်းကန်တွန်းတိုက်ချက်တိုင်းဟာ အလကား မဖြစ်သွားဘူး ဆိုတာ သိဖို့လိုပါတယ်။

Apple ရဲ့ခေါင်းကိုင်ဖခင် စတိပ်ဂျော့ စတန်းဖိုဒ်တက္ကသိုလ် အတွက် ပြောခဲ့တဲ့မိန့်ခွန်းမှာ

အဓိကအချက်သုံးချက်ပါတယ်။ ပထမအချက်က ဘဝရဲ့ အမှတ်စက်တွေ စပ်ဆက်ကုန်တဲ့

အကြောင်းပါ။ စတိပ်ဂျော့ ဘဝမှာ ကျဆုံးမှုတွေ များပါတယ်။ မွေးထဲက စွန့်ပစ်ခံခဲ့ရတာ၊

ကျောင်းစရိတ် ကြီးမြင့်လို့ ကျောင်းထွက်ခဲ့ရတာ၊ သူတည်ထောင် ခဲ့တဲ့ ကုမ္ပဏီရဲ့

အအောင်မြင်ဆုံး အချိန်မှာ သူ့ကိုကုမ္ပဏီကထုတ်ပစ်ခဲ့တာစသည်ဖြင့်ပေါ့။

သူ ကျောင်းထွက်မယ် ဆုံးဖြတ်ပြီးတုန်းက အားနေတာနဲ့ အလကား မနေဘဲ ကျောင်းက

ဖွင့်ထားတဲ့ စာလုံး အလှရေးတဲ့ သင်တန်း သွားတက် နေပါတယ်။ ဒါက သူစိတ်ဝင်စားတဲ့

ကွန်ပြူတာနဲ့ မဆိုင်ပါဘူး။ အနုပညာနဲ့ဆိုင်တယ်။

ဒါပေမယ့် နောင်ဆယ်နှစ်အကြာ ပထမဆုံး “မက်ကင်းတော့ရှ် ကွန်ပြူတာ”ကို စလုပ်တဲ့

အချိန်မှာဒီစာလုံးအလှ တွေကို သတိရပြီး ထည့်ခဲ့တယ်။ ကွန်ပြူတာမှာပထမဆုံး

စာလုံးပုံစံအလှကို ကမ္ဘာမှာ Apple က စထည့်နိုင်ခဲ့တယ်။ အနုပညာနဲ့ကွန်ပြူတာ

ကိုအဲဒီသင်တန်းတက်နေချိန်က ဆက်စပ်သွားမယ်လို့ သူ ဘယ်လိုမှ မထင်ခဲ့ဘူး။

ဒါကြောင့် ဘဝမှာလုပ်ဆောင်နေတဲ့ အရာတွေကို အမှတ်စက်ချနေတယ် သဘော ထား။

မအောင်မြင်ခင်မှာ ရှေ့ကို ကျော်ကြည့်ပြီး အစက်တွေ ဆက်ကြည့်လို့မရဘူး။ အောင်မြင်

ပြီးမှ ပြန်ကြည့်တော့ အစက်တွေ အကုန်လုံးက ဆက်စပ် နေတယ်၊ အလကား မဖြစ်သွားဘူးလို့ ပြောခဲ့ပါတယ်။

ဘဝမှာ ရှေ့ဆက်တိုးလို့မရတော့ဘူးလို့ ထင်သွားပြီး ယုံကြည်မှုတွေ ပျောက်ဖူးတယ်။

ပုံပြင်ထဲက အစွမ်းအစ မရှိတော့ဘဲ သူများချကြွေးတာ စားနေရတဲ့ ငါးမန်းကြီးကို

မြင်ယောင်ပြီး ထပ်တွန်းရုန်းကန် ခဲ့တယ်။ ရုန်းကန်နေတာ ကြာလည်း ဘာမှ

အရာမထင်လာတော့ စိတ်ဓာတ် ကျလာတယ်။ စိတ်အားကုန်ခါနီး စတိပ်ဂျော့ ရဲ့

အစက်တွေ အကြောင်း ဖတ်မိတော့ တနေ့ဆက်စပ် သွားမှာပါ လို့ ကိုယ်ဟာကိုယ် အားပေး မဲတင်းဖူးတယ်။

အောင်မြင်ဖို့ကအများကြီး မလိုပါဘူး။ အလုပ်ကိုမက်မောစိတ်နဲ့ကြိုးစားမှု၊ ဉာဏ်နဲ့

ဆင်ခြင် ချိန်ဆမှု၊ အလုပ်ကိုယ်ကျင့်တရား နဲ့ အချိန်အတိုင်းအတာတစ်ခု။ ဒါတွေပဲ

လိုတယ်။ ဒါတွေကို မဆုတ်မနစ် စိုက်လိုက်မတ်တပ် လုပ်နိုင်အောင်တော့ယုံကြည်မှုလိုပါတယ်။

ရေကို အပူပေးရင် အငွေ့စပြန်မယ့် ရေဆူမှတ် ရှိတယ်။ ဒီ ရေဆူမှတ်က ၁၀၀

ဒီဂရီ ဆို ၉၉ ဒီဂရီရောက်တဲ့ထိ မဆူသေးဘူး။ မဆူသေးသရွေ့အရည်ကနေ

အငွေ့မဖြစ်သေးဘူး။ ဒီချိန်မှာ အပူမပေးဘဲ ရပ်လိုက်ရင် ရေက ရေပါပဲ။ ၉၉

ဒီဂရီအားထုတ်ခဲ့သမျှ အလကားဖြစ်သွားမယ်။ နောက်ထပ် ၁ ဒီဂရီစာ ထပ် အပူပေး

လိုက်တာနဲ့ ၁၀၀ ပြည့်ပြီး ရေ ထဆူမယ်။ အရည် ဘဝကနေ အငွေ့ဘဝ ထပြောင်း လေထဲ လွှင့်တက်သွားမယ်။

ဒါကြောင့် ကျွန်တော်တို့ ကြိုးစားနေသရွေ့ အောင်မြင်မယ်ဆိုတာ ယုံနေဖို့တော့လိုတယ်။

အမှတ်စက်တွေက အချိန်စေ့ရင် ဆက်စပ်သွားပါလိမ့်မယ်။ ရေကလည်း ၁၀၀ ဒီဂရီပြည့်ရင်

ဆူပါလိမ့်မယ်။ တခါတလေ ဘဝသစ် ပြောင်းသွားဖို့၊ လေထုအမြင့်ထဲ လွှင့်တက်သွားဖို

့က ၁ ဒီဂရီ ပဲလိုပါတယ်။ အားမလျော့လိုက်ပါနဲ့။

Credit:original uploader

ဗဟုသုတကျေးရွာ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

two × five =