ရသ​ေလာက္​ တိုးမယ္​

အရံႈး​ေတြနဲ႔ဲျပည္​့ႏွက္​ခဲ့တာမဟုတ္​ဘူး ကံၾကမၼာ ကိုက

အႏိုင္​ယူခြင္​့မ​ေပးခဲ့တာ ​ေမ်ွာ္​လင္​့ခ်က္​​ေတြနဲ႔ ႐ွင္​သန္​​ေနထိုင္​ခဲ့တယ္​

လက္​ဝယ္​ပိုင္​ဆိုင္​ခြင္​့မ႐ွိတဲ့ ​ေမ်ွာ္​လင္​့ခ်က္​​ေတြ​ေၾကာင္​့ ​ေမ်ွာ္​လင္​့ရမွာ ​ေၾကာက္​တတ္​လာတယ္​

မျဖစ္​ႏိုင္​ဘူးဆိုတာ မ႐ွိဘူး မျဖစ္​​ေသးတာပဲ႐ွိတယ္​တဲ့

ျဖစ္​ခ်င္​တာ​ေတြျဖစ္​ဖို႔​ေတာင္​ ျဖစ္​သင္​့တာ​ေတြကိုယ္​ဘက္​႐ွိမ​ေနဘူး

ငို​ေႂကြးမ​ေနပါဘူး မၾကာခဏ နာက်င္​ရလြန္​းလို႔ ႏွလံုးသားက အလိုလို ခံႏိုင္​ရည္​ဝလာခဲ့တယ္​

တစ္​ဖက္​တည္​းခ်ည္​​ေႏွာင္​ခံရတဲ့ ႀကိဳးတန္​း​မွာ ​ေလ်ာ့ပါးမႈ​ေတြနဲ႔

​ေျမျပင္​မွာပံုလို႔ ဖြင္​့ႀကိဳထားတဲ့ ႏွလံုးသားမွာ​ေပ်ာ္​ရြင္​စရာကိုလက္​ခံယူဖို႔ ျပင္​ဆင္​ထား​ေပမယ္​့ ​ေရာက္​မလာခဲ့ဘူး

ကတိမတည္​တဲ့ ​​ေပ်ာ္​ရြင္​မႈ​ေတြ ရက္​စက္​​တဲ့ မ်က္​ရည္​​ေတြ

​ေလလုိဖမ္​းရခက္​တဲ့​ေအာင္​ျမင္​မႈ​ေတြ

ကိုယ္​့ဘက္​မွာကံတရား႐ွိမ​ေနလည္​း ကိုယ္​ပိုင္​ဆိုင္​ထား​တဲ့

ႀကိဳးစားမႈ​ေတာ့အဆံုးအရံႈးမခံႏိုင္​ဘူး

ပန္​းအဝင္​မွာ ႀကိဳမယ္​သူကိုမ​ေမ်ွာ္​လင္​့ဘူး လမ္​းတစ္​​ေလ်​ွာက္​မွာ

ထူမယ္​သူကိုသာ​ေတာင္​းတမိတယ္​

မတူညီစ႐ိုက္​ကြဲ​ေတြနဲ႔ ​ခံစားခ်က္​​ေနရာ​ေတြၾကားဟာ ဘဝဟာတိုက္​ပြဲဆို

လိုက္​ပြဲမွာယူၿပီး အခက္​ခဲကိုတိုက္​​ေနတဲ့ငါက ဒူးၫြန္​႔သြားရ​ရင္​ေတာင္​ ဆက္​တိုက္​​ေနဦးမွာပါ။

ဘာမထီဘြား…အ​ေတြးစာစု​ေလးမ်ား

29.3.2018..(19:08)pm

Unicode Version 

အရှုံးတွေနဲ့ဲပြည့်နှက်ခဲ့တာမဟုတ်ဘူး ကံကြမ္မာ ကိုက

အနိုင်ယူခွင့်မပေးခဲ့တာ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေထိုင်ခဲ့တယ်

လက်ဝယ်ပိုင်ဆိုင်ခွင့်မရှိတဲ့ မျှော်လင့်ချက်တွေကြောင့် မျှော်လင့်ရမှာ ကြောက်တတ်လာတယ်

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဖြစ်သေးတာပဲရှိတယ်တဲ့

ဖြစ်ချင်တာတွေဖြစ်ဖို့တောင် ဖြစ်သင့်တာတွေကိုယ်ဘက်ရှိမနေဘူး

ငိုကြွေးမနေပါဘူး မကြာခဏ နာကျင်ရလွန်းလို့ နှလုံးသားက အလိုလို ခံနိုင်ရည်ဝလာခဲ့တယ်

တစ်ဖက်တည်းချည်နှောင်ခံရတဲ့ ကြိုးတန်းမှာ လျော့ပါးမှုတွေနဲ့

မြေပြင်မှာပုံလို့ ဖွင့်ကြိုထားတဲ့ နှလုံးသားမှာပျော်ရွင်စရာကိုလက်ခံယူဖို့ ပြင်ဆင်ထားပေမယ့် ရောက်မလာခဲ့ဘူး

ကတိမတည်တဲ့ ပျော်ရွင်မှုတွေ ရက်စက်တဲ့ မျက်ရည်တွေ

လေလိုဖမ်းရခက်တဲ့အောင်မြင်မှုတွေ

ကိုယ့်ဘက်မှာကံတရားရှိမနေလည်း ကိုယ်ပိုင်ဆိုင်ထားတဲ့

ကြိုးစားမှုတော့အဆုံးအရှုံးမခံနိုင်ဘူး

ပန်းအဝင်မှာ ကြိုမယ်သူကိုမမျှော်လင့်ဘူး လမ်းတစ်လျှောက်မှာ

ထူမယ်သူကိုသာတောင်းတမိတယ်

မတူညီစရိုက်ကွဲတွေနဲ့ ခံစားချက်နေရာတွေကြားဟာ ဘဝဟာတိုက်ပွဲဆို

လိုက်ပွဲမှာယူပြီး အခက်ခဲကိုတိုက်နေတဲ့ငါက ဒူးညွန့်သွားရရင်တောင် ဆက်တိုက်နေဦးမှာပါ။

ဘာမထီဘွား…အတွေးစာစုလေးများ

29.3.2018..(19:08)pm

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

14 + two =