ပုဆိန္ေသြးဖုိ႔ မေမ႔ပါနဲ

တစ္ခါက ထင္းခုတ္သမား လူငယ္တစ္ဦး ေတာင္တက္ျပီး ထင္းခုတ္ေလသည္။

မၾကာမီ ထင္းခုတ္သမား အဘိုးအိုတစ္ဦးလည္း ေရာက္လာခဲ့သည္။ ထင္းမ်ားကို

ခုတ္ၾကရင္း ညေနေစာင္းခ်ိန္တြင္ အဘိုးအို ခုတ္ၿပီးေသာ ထင္းအေရအတြက္မွာ

လူငယ္ထက္ ပိုမ်ားေနခဲ့သည္။ အဘိုးအိုမွာ ေနာက္က်မွ ေရာက္လာျပီး သူ႔ထက္

ထင္းပိုမ်ားေနသည္ကို သတိျပဳမိေသာလူငယ္က ေနာက္ရက္တြင္

ေစာေစာထျပီး ထင္းခုတ္ထြက္ရန္ ဆံုးျဖတ္လိုက္သည္။

ေနာက္တစ္ေန႔တြင္ လူငယ္မွာ အဘိုးအိုထက္ ေစာျပီး ထင္းခုတ္ရန္ ထြက္ခဲ့သည္။

စိတ္ထဲတြင္ အဘိုးအိုထက္ ထင္းပိုရမည္ဟုလည္း ေတြးေနမိသည္။

သို႔ေသာ္… အလုပ္သိမ္းခ်ိန္တြင္ အဘိုးအို၏ ထင္းမွာ သူ႔ထက္ ပိုမ်ားေနသည္ကိုေတြ႔ျပန္သည္။

သို႔ႏွင့္ ေလး၊ ငါးရက္ဆက္တိုက္ ေတာင္ေပၚသို႔ ေစာစီးစြာေရာက္ႏွင့္ေနျပီး မိုးခ်ဳပ္ေန၀င္မွ

အိမ္ျပန္ခဲ့ေသာ္လည္း သူ၏ထင္းမွာ အဘိုးအိုထက္ အၿမဲတမ္းလိုလိုပင္ နည္းေနခဲ့သည္။

ေျခာက္ရက္ေျမာက္ေန႔တြင္ သူသည္ မေအာင့္ႏိုင္ေတာ့သည့္အဆံုး အဘိုးအိုအား

ေမးျမန္းခဲ့သည္။ “ အဘိုး…. ကြ်န္ေတာ္က အဘိုးထက္ အားသန္တယ္…

အဘိုးထက္ ေစာျပီးေတာင္ေပၚေရာက္ေအာင္ လာခဲ့တယ္.. ေနာက္က်မွ အိမ္ျပန္တယ္။

ဒါေပမယ့္…ကြ်န္ေတာ္ခုတ္ရတဲ့ ထင္းက အဘိုးထက္ နည္းေနခဲ့တယ္… ဘာေၾကာင့္လဲ?”

“ဒီိလို လူေလးရဲ႕… အဘိုးက ထင္းခုတ္ျပီး အိမ္ျပန္ေရာက္တုိင္း အဘိုးရဲ႔ ပုဆိန္ကို အၿမဲေသြးတယ္။

လူေလးက မေသြးခဲ့ဘူး။ ထင္းခုတ္ၿပီး ဒီအတုိင္း ပစ္ထားခဲ့တယ္။ အဘိုးက

အသက္ၾကီးျပီ။ ေနာက္က်မွ ေတာင္ေပၚေရာက္သလို လူေလးထက္ ေစာျပီး အလုပ္သိမ္း

ခဲ့တယ္။ ဒါေပမယ့္ အဘိုးရဲ႔ ပုဆိန္က လူေလးပုဆိန္ထက္ ထက္ျမက္ေနတဲ့အတြက္

အဘိုး ေလး ငါးခ်က္ခုတ္လို႔ ျပတ္တဲ့ သစ္ပင္ကို လူေလးက ဆယ္ခ်က္ေလာက္

ခုတ္ယူရတယ္… ဒါေၾကာင့္ လူေလးရဲ႕ ထင္းေတြ နည္းေနရတာပါ”ကြာ…တဲ။

ပုံျပင္ နိဂုန္း​ေလးက​ေတာ့ ဒါပါပဲ “ထင္းပဲခုတ္ေနျပီး ပုဆိန္ေသြးဖို႔ ေမ့ေနၾကရင္ အလုပ္အျပည့္

လုပ္ျပီး ရလဒ္တစ္၀က္ပဲ ခံစားရမယ္ ဆိုတာကို တစ္ခ်ိန္ခ်ိန္က်ရင္ သိလာလိမ့္မယ္”

လူ႔ဘ၀လမ္းတစ္ေလ်ာက္မွာ ရွင္သန္ၾကီးျပင္းဖို႔ ၾကိဳးစားေနသလို တစ္ဖက္ကလည္း

ကိုယ့္ပညာ ဗဟုသုတေတြကို ျမွင့္တင္ယူရမွာ ျဖစ္ပါတယ္။ အရင္ေခတ္တုန္းကေတာ့

ထင္းခုတ္ျပီး အသက္ေမြး၀မ္းလို႔ ရေပမယ့္ ေျပာင္းလဲေနတဲ့ ဒီေခတ္မွာ ထင္းပဲခုတ္ေနလို႔

မလံုေလာက္ေတာ့ဘူး။ တစ္ဖက္က ထင္းခုတ္ရင္း တစ္ဖက္ကလဲ ပုဆိန္ကို

ေသြးေနသင့္ပါတယ္။ ႏို႔မဟုတ္ရင္ ေခတ္ေနာက္ မလိုက္ႏုိင္တဲ့ ကိုယ့္ကို

အဲဒီေခတ္ကပဲ ပယ္ထုတ္ဖယ္ရွားသြားမွာ ျဖစ္ပါတယ္​။

သူငယ္ခ်င္းမ်ားအတြက္လည္း ဒီပံုျပင္ေလးက တစ္ခုခု ေပးသြားႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

မိမိကိုယ္​ကို အျမဲလိုလို ​ေသြးသစ္​​ေလာင္​​းေနမွ ဘဝတက္လမ္​း အခြင္​့အလမ္​း​ေတြက

မိမိကိုၾကဳိဆုိ​ေနမွာပါ၊ ဒါမွမဟုတ္​ရင္​​ေတာ့ သစ္​ခုတ္​သမား လူငယ္​​ေလးလုိပဲ

ၾကဳိးစားသ​ေလာက္​ အရာမထင္​ပဲ ျဖစ္​​ေနပါလိမ္​့မယ္​…။

ကုိယ့္ကိုကုိယ္ တတ္လွၿပီ ထင္ရင္ေတာ့ သူမ်ားက တစ္ခ်က္တည္းနဲ႔ ခုတ္လို႔ ၿပီးသြားတဲ့

သစ္ပင္ကို ကုိယ့္က်မွ နဖူးကေခၽြးေျခမ က်ေအာင္ အခ်က္ေပါင္း ေလးငါးဆယ္မက

ခုတ္မွ ရမယ္ဆုိရင္ေတာ့ ထူးအိမ္သင္သီခ်င္းထဲကလို နည္းနည္းေလးေတာ့ လြဲေနၿပီ ေပါ့ဗ်ာ။

ဒီေတာ့ သင္တန္းခ်ည္းတက္ၿပီး တက္သမွ် မေလ့က်င့္ဘဲ၊ ျပန္ေမ့ေနရင္ေရာ

..ဆုိရင္ေတာ့ အဲဒါ ကိုယ့္သမုိင္း ျဖစ္သြားၿပီလို႔ပဲ ဆုိပါရေစ။ ဒီေနရာမွာ တရုတ္ပညာရွိႀကီး

ကြန္ျဖဴးရွပ္စ္ရဲ႔ စကားတစ္ခြန္း လက္ေဆာင္ပါးခ်င္ပါတယ္။

“#လက္ေတြ႔မပါတဲ့_ပညာဟာ_အသံုးမ၀င္သလို၊ #ပညာမပါတဲ့_လက္ေတြ႔ဟာလဲ_အႏၱရာယ္မ်ားတယ္”

အဲဒီလိုပဲ။ ကၽြန္ေတာ္တို႔ဟာ ကိုယ္သိသေလာက္၊ အေတြ႔အႀကံဳေလးနဲ႔ပဲ ျပႆနာတုိင္းကို

ေျဖရွင္းလို႔ မရႏုိင္ပါဘူး။ လိုအပ္ရင္ သင္တန္းေတြတက္ ပညာယူ ေလ့လာရေတာ့မွာ ျဖစ္ပါတယ္။

ဒီေတာ့ ေန႔တုိင္းေန႔တုိင္း ဒီအလုပ္ေတြ ကုန္းရုန္းလုပ္ရင္း ဒီေနရာမွာပဲ ရပ္တန္႔ေနေတာ့မွာလား၊

ကိုယ့္ဘ၀ကုိ ဒီထက္ျမင့္ျမင့္ ပ်ံသန္းႏုိင္ဖုိ႔ အခ်ိန္ေလး အခြင့္အေရးေလး မေပးႏုိင္ဘူးလား?..။

တစ္ခ်က္တည္း ခုတ္လို႔ ျပတ္မယ့္ ေနရာမွာ အခ်က္ေပါင္းမ်ားစြာ ခုတ္ရင္း အခ်ိန္ကုန္၊

လူပန္းနဲ႔ ဘ၀ကို ေအာက္က်၊ေနာက္က် ျဖတ္သန္းသြားမလား?။

တစ္​ခ်က္​ခုတ္​ ဆယ္​ခ်က္​ျပတ္​ဖုိ႔ရာအခ်ိန္​​ေတြ ႐ွိတုန္​း ကၽြန္ေတာ္တုိ႔

တ​ေတြ ပုဆိန္ေတြ ေသြးၾကပါစို႔လားဗ်ာ။

Ref, BankOfKnowledge ==

ဗဟုသုတ​ေက်းရြာ

< Unicode Version >

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။

မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို

ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသော ထင်းအရေအတွက်မှာ

လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်

ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင်

စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။

စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။

သို့သော်… အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကိုတွေ့ပြန်သည်။

သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာရောက်နှင့်နေပြီး မိုးချုပ်နေဝင်မှ

အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား

မေးမြန်းခဲ့သည်။ “ အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်…

အဘိုးထက် စောပြီးတောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။

ဒါပေမယ့်…ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်… ဘာကြောင့်လဲ?”

“ဒီလို လူလေးရဲ့… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို အမြဲသွေးတယ်။

လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း ပစ်ထားခဲ့တယ်။ အဘိုးက

အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း

ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်မြက်နေတဲ့အတွက်

အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်

ခုတ်ယူရတယ်… ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေရတာပါ”ကွာ…တဲ။

ပုံပြင် နိဂုန်းလေးကတော့ ဒါပါပဲ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့်

လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘဝလမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း

ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့

ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့

မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို

သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့ ကိုယ့်ကို

အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

သူငယ်ချင်းများအတွက်လည်း ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မိမိကိုယ်ကို အမြဲလိုလို သွေးသစ်လောင်းနေမှ ဘဝတက်လမ်း အခွင့်အလမ်းတွေက

မိမိကိုကြိုဆိုနေမှာပါ၊ ဒါမှမဟုတ်ရင်တော့ သစ်ခုတ်သမား လူငယ်လေးလိုပဲ

ကြိုးစားသလောက် အရာမထင်ပဲ ဖြစ်နေပါလိမ့်မယ်…။

ကိုယ့်ကိုကိုယ် တတ်လှပြီ ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့

သစ်ပင်ကို ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက

ခုတ်မှ ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ ပေါ့ဗျာ။

ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော

..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ တရုတ်ပညာရှိကြီး

ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။

“#လက်တွေ့မပါတဲ့_ပညာဟာ_အသုံးမဝင်သလို၊ #ပညာမပါတဲ့_လက်တွေ့ဟာလဲ_အန္တရာယ်များတယ်”

အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ ပြဿနာတိုင်းကို

ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက် ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။

ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊

ကိုယ့်ဘဝကို ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး မပေးနိုင်ဘူးလား?..။

တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊

လူပန်းနဲ့ ဘဝကို အောက်ကျ၊နောက်ကျ ဖြတ်သန်းသွားမလား?။

တစ်ချက်ခုတ် ဆယ်ချက်ပြတ်ဖို့ရာအချိန်တွေ ရှိတုန်း ကျွန်တော်တို့

တတွေ ပုဆိန်တွေ သွေးကြပါစို့လားဗျာ။

Ref, BankOfKnowledge ==

ဗဟုသုတကျေးရွာ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

17 − 3 =