အခ်ိန္ ေစာင့္လိုက္ပါ

တခါတုန္းက ပညာရွိ အဖိုးအိုတဦးနဲ႔ သူ႔တပည့္ေတြဟာ ခရီးတခုကို

အတူထြက္လာခဲ့ၾကတယ္။ လမ္းခရီးတစ္ခုမွာ ေတာနက္ထဲ ေရာက္တဲ့အခါ

သူတို႔ အားလံုး ခဏနားၾကတယ္။ ေသာက္စရာ ေရလည္း ကုန္ေနၿပီျဖစ္တဲ့အတြက္

မလွမ္း မကမ္းမွာရွိတဲ့ အိုင္္ထဲကေန ေရသြားခပ္ဖို႔ အဖိုးအိုက ေစညႊန္လိုက္တယ္။

ဒီေတာ့ တပည့္ေတြလည္း ေရကန္္ရွိရာကို သြားၾကတယ္။ အဲဒီအခါမွာ ေရကန္မွာ

မၾကာေသးခင္္ကမွ သမင္္ဒရယ္ေတြ ေရေသာက္ဆင္းလာၾကတဲ့ အတြက္

ေရေတြေနာက္ၿပီး အနည္ေတြ ထေနတာ ေတြ႔လိုက္္ရတယ္။ ဒီေတာ့ တပည့္ေတြလည္း

စိတ္ပ်က္လက္ပ်က္နဲ႔ အဖိုးအိုဆီ ျပန္လာခဲ့ၾကတယ္။ အဖိုးအိုကလည္း ဘာမွမေျပာပဲ

ဒီအတိုင္းပဲ တိတ္တိတ္ ဆိတ္ဆိတ္ေနတယ္။ ေနာက္တနာရီေလာက္

ၾကာတဲ့အခါ တပည့္ေတြကို ေရသြား ခပ္ခိုင္းျပန္တယ္။ ဒီတခါေတာ့ ေရကန္ဟာ

အနည္ေတြထိုင္ၿပီး အေပၚက ေရ ေတြ ၾကည္လင္ေနတာကို ေတြ႔လိုက္္ရတယ္။

ဒီေတာ့ ဝမ္းသာအားရနဲ႔ တပည့္ေတြအားလံုး ေရခပ္ၿပီး ျပန္လာ ၾကတယ္။

ဒီေတာ့ အဖိုးအိုက ေမးတယ္။ ” ေရေတြ အားလံုး ၾကည္လင္္သြားေအာင္

ဘာ လုပ္လိုက္ ၾကသလဲ”’ ဘာမွ မလုပ္ပါဘူး” တပည့္ေတြ အားလံုး ဝိုင္းေျဖ ၾကတယ္။

အဲဒီထဲကမွ တပည့္တေယာက္က ေျဖတယ္။ ” အခ်ိန္ေစာင့္လိုက္္ရပါတယ္

” အဖိုးအိုက ၿပံဳးၿပီး ေျပာတယ္။ ” ဟုတ္တယ္ ေရကန္ထဲက ေရေတြအားလံုး

ၾကည္လင္္ဖို႔ ဘာမွမလုပ္ပဲ အခ်ိန္တခုကိုေစာင့္ရပါတယ္။ အဲဒီလိုပဲ တစံုတခုက

သင္္တို႔ကို ေဒါသထြက္ေအာင္ နာက်င္ေအာင္ ျပဳလုပ္လို႔သင္္တို႔ စိတ္ေတြ

ေနာက္က်ိ ေနၿပီဆိုရင္… ဘာမွမလုပ္ပဲ ဒီအတိုင္းပဲ ထားလိုက္ပါ။ အခ်ိန္ကာလတခု

လြန္ေျမာက္ၿပီးတဲ့အခါ ေဒါသေတြ အမုန္းတရားေတြ မရွိေတာ့ပဲ စိတ္ဟာ

ျပန္လည္ၾကည္လင္္ လာပါလိမ့္မယ္” +++++ သင့္စိတ္ကို တစံုတစ္ေယာက္က

နာက်င္ေအာင္ ထိခိုက္ေအာင္ ေဒါသထြက္ေအာင္ ျပဳလုပ္လို႔ သင့္စိတ္

ေနာက္က်ိေနၿပီဆိုရင္ ေတာ့…Let it be… ထားလိုက္ပါ။ ဘာမွမလုပ္ပဲ

ဒီအတိုင္းပဲထားလိုက္ပါ။ အခ်ိန္ေပးလိုက္ပါ။ အခ်ိန္ကာလတခု ေက်ာ္လြန္ၿပီးတဲ့အခါ

အရာရာဟာ ျပန္လည္ ၾကည္လင္ သြားပါလိမ့္မယ္။

သက္တန္႔ခ်ိဳ

Credit#

< Unicode Version >

တခါတုန်းက ပညာရှိ အဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို

အတူထွက်လာခဲ့ကြတယ်။ လမ်းခရီးတစ်ခုမှာ တောနက်ထဲ ရောက်တဲ့အခါ

သူတို့ အားလုံး ခဏနားကြတယ်။ သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက်

မလှမ်း မကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။

ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။ အဲဒီအခါမှာ ရေကန်မှာ

မကြာသေးခင်ကမှ သမင်ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့ အတွက်

ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။ ဒီတော့ တပည့်တွေလည်း

စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။ အဖိုးအိုကလည်း ဘာမှမပြောပဲ

ဒီအတိုင်းပဲ တိတ်တိတ် ဆိတ်ဆိတ်နေတယ်။ နောက်တနာရီလောက်

ကြာတဲ့အခါ တပည့်တွေကို ရေသွား ခပ်ခိုင်းပြန်တယ်။ ဒီတခါတော့ ရေကန်ဟာ

အနည်တွေထိုင်ပြီး အပေါ်က ရေ တွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။

ဒီတော့ ဝမ်းသာအားရနဲ့ တပည့်တွေအားလုံး ရေခပ်ပြီး ပြန်လာ ကြတယ်။

ဒီတော့ အဖိုးအိုက မေးတယ်။ ” ရေတွေ အားလုံး ကြည်လင်သွားအောင်

ဘာ လုပ်လိုက် ကြသလဲ”’ ဘာမှ မလုပ်ပါဘူး” တပည့်တွေ အားလုံး ဝိုင်းဖြေ ကြတယ်။

အဲဒီထဲကမှ တပည့်တယောက်က ဖြေတယ်။ ” အချိန်စောင့်လိုက်ရပါတယ်

” အဖိုးအိုက ပြုံးပြီး ပြောတယ်။ ” ဟုတ်တယ် ရေကန်ထဲက ရေတွေအားလုံး

ကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တခုကိုစောင့်ရပါတယ်။ အဲဒီလိုပဲ တစုံတခုက

သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင် ပြုလုပ်လို့သင်တို့ စိတ်တွေ

နောက်ကျိ နေပြီဆိုရင်… ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။ အချိန်ကာလတခု

လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ

ပြန်လည်ကြည်လင် လာပါလိမ့်မယ်” +++++ သင့်စိတ်ကို တစုံတစ်ယောက်က

နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင် ပြုလုပ်လို့ သင့်စိတ်

နောက်ကျိနေပြီဆိုရင် တော့…Let it be… ထားလိုက်ပါ။ ဘာမှမလုပ်ပဲ

ဒီအတိုင်းပဲထားလိုက်ပါ။ အချိန်ပေးလိုက်ပါ။ အချိန်ကာလတခု ကျော်လွန်ပြီးတဲ့အခါ

အရာရာဟာ ပြန်လည် ကြည်လင် သွားပါလိမ့်မယ်။

သက်တန့်ချို

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

5 × five =