ပို၍လွေသာမနက္ျဖန္

သူငယ္ခ်င္းေရ…… ဘဝမွာ တစ္ေယာက္တည္းအထီးက်န္မႈေတြ

ရိွတဲ့အခါမ်ိ်း အားမငယ္ပါနဲ႔… ဘယ္ေလာက္ဘဲ ကိုယ့္အေပၚခင္တြယ္တြယ္

မခဲြဘူးလို႔ေျပာေျပာ သူကကိ္ုယ္မဟုတ္တဲ့အတြက္ တစ္ေန႔မဟုတ္တစ္ေန႔.

အေၾကာင္းေၾကာင္းေၾကာင့္ ေဝးကြာခဲြခြာရစျမဲပါ” လက္ခံသင့္တဲ့ အရာမ်ိ်းကို

လက္ခံၿပီး စြန္႔လြတ္သင့္တဲ့အခါမ်ိ်းမွာလည္း ရဲရဲသာစြန္႔ပစ္တတ္ေအာင္ ႀကိဳးစားထားပါ….

သူငယ္ခ်င္း ေရ….. ဘဝမွာ စိတ္တတ္က်အားငယ္မႈေတြ ၾကံဳတဲ့အခါတိုင္း

အရမ္းႀကီး မတုန္႔လႈပ္ပါနဲ႔. ဘယ္ေလာက္ဘဲ ဆိုးဝါးတဲ့ ကံၾကမၼာဘဲျဖစ္ျဖစ္

အျမဲတမ္း မတည္ရိွေနပါဘူး အခ်ိန္ခဏသာမ်ွပါ မုန္တိုင္းေတြရဲ႕ေနာက္

ေလေျပေတြလည္း ရိွတတ္စျမဲပါ လွဲျကတဲ့အခါမ်ိ်းျပန္ထၿပီး

ကိုယ္လမ္းကိုကိုယ္တိုင္ ဆက္ေလ်ာက္ဖို႔ သတိရပါေနာ္….

သူငယ္ခ်င္း ေရ….. ဘဝမွာ မကင္းႏိုင္တဲ့ ဒဏ္ရာေတြရတိုင္း

မငိုေႂကြးမိပါေစနဲ႔ ျပန္ျပင္မရတဲ့ အမွားေတြက ကိုယ္အတြက္အျမတ္က်န္ေအာင္

ျပင္ဆင္သင့္တာေတြကို ကိုယ္တိုင္ျပင္ဆင္ၿပီး ရယူသင့္တာကို အရယူႏိုင္ရမယ္

အမွားေတြသာမရိွခဲ့ရင္ အမွန္ဆိုတာ ဘယ္ေတာ့မွ မသိလာႏိုင္ဘူး အ႐ွံုးုထဲက

သင္ခန္းစာေတြရသေလာက္ယူဖို႔မေမ့ပါနဲ႔ ေနာ္….

သူငယ္ခ်င္းေရ…… ဘဝမွာ က်ဆံုးလွဲၿပိဳရတိုင္း အားမေလ်ာ့ပါနဲ႔

ေအာင္ျမင္မႈဆိုတာ လြယ္လြယ္နဲ႔မရႏိုင္ဘူးေလ ေအာင္ျမင္ဖို႔အတြက္

က်ဆံုးမႈေတြကို စေတးရတတ္တယ္ဆိုတာ မွတ္ထားပါေနာ္….

သူငယ္ခ်င္းေရ ဘဝမွာ ၾကံဳခဲ့တဲ့ အတိတ္ကေနာင္တေတြကိုျပန္ၿပီး

ေထြးေပြ႔ထားဖို႔မႀကိဳးစားပါနဲ႔ ေမ့မရတဲ့ အတိတ္ဆိုတာ လူတိုင္းမွာရိွတတ္ပါတယ္

ဒါေပမဲ့ အတိတ္ကေကာင္းျခင္း ဆိုးျခင္းေတြက ကိုယ္ရဲ႕.အနာဂတ္စာမ်က္နာေတြကို

တိုက္႐ိုက္ အက်ိ်းသက္ေရာက္မႈ မရိွဘူးဆိုတာ ယံုၾကည္ထားပါ ေနာ္….

သူငယ္ခ်င္းေရ….. လွဲက်တဲ့အခါျပန္ထပါ ငွက္တစ္ေကာင္ရဲ႕

ေတာင္ပံတစ္စံုဟာ ဘယ္ေလာက္ျမင့္ျမင့္ပ်ံသန္းႏိုင္သလဲအတြက္

အေရးမပါဘူး သူလိုရာခရီးကိုပ်ံသန္းႏိုင္ဖို႔ဘဲ အေရးႀကီးတာပါ”

လူတစ္ေယာက္ဟာလည္း သူဘယ္ေလာက္က်႐ွံုးုတယ္ဆိုကို

တိုင္းတာတာမဟုတ္ပါဘူး သူဘယ္ေလာက္လုပ္ႏိုင္စြမ္း ရိွသလဲဆိုတဲ့အေပၚဘဲမႈတည္တာပါ….

သူငယ္ခ်င္းေရ…… ဘဝဆိုတာ တိုက္ပဲြလို႔ဘဲ တစ္ခ်ိ့်အရာေတြကို

စေတးရဲမွ ေအာင္ျမင္မႈ ပန္းတိုင္ကိုေရာက္တတ္တာ လမင္းႀကီးနဲ႔

လဲြလို႔ ငိုေနသမ်ွေတာ့ ၾကယ္တာရာေတြနဲ႔ပါ လဲြေခ်ာ္ရအံုးမွာပါ ႐ွံးုဆံုးသြားနဲ

႔ ေနာက္ျပန္ ေန႔ရက္ေတြထက္ ကိုယ္ပိုင္ဆိုင္ထားတဲ့ လက္ရိွအခ်ိန္ကိုသာ

အေကာင္းဆံုးပံုေဖာ္ႀကိဳးစားခဲ့မယ္ဆိုရင္ ေန႔ရက္တိုင္းက ပို၍လွေသာမနက္ျဖန္ ျဖစ္ေစမွာပါ….

Credit:

မိုးရည္ စက္မ်ား ဗဟုသုတေက်းရြာ

< Unicode Version >

သူငယ်ချင်းရေ…… ဘဝမှာ တစ်ယောက်တည်းအထီးကျန်မှုတွေ

ရှိတဲ့အခါမျျိး အားမငယ်ပါနဲ့… ဘယ်လောက်ဘဲ ကိုယ့်အပေါ်ခင်တွယ်တွယ်

မခွဲဘူးလို့ပြောပြော သူကကိုယ်မဟုတ်တဲ့အတွက် တစ်နေ့မဟုတ်တစ်နေ့.

အကြောင်းကြောင်းကြောင့် ဝေးကွာခွဲခွာရစမြဲပါ” လက်ခံသင့်တဲ့ အရာမျျိးကို

လက်ခံပြီး စွန့်လွတ်သင့်တဲ့အခါမျျိးမှာလည်း ရဲရဲသာစွန့်ပစ်တတ်အောင် ကြိုးစားထားပါ….

သူငယ်ချင်း ရေ….. ဘဝမှာ စိတ်တတ်ကျအားငယ်မှုတွေ ကြုံတဲ့အခါတိုင်း

အရမ်းကြီး မတုန့်လှုပ်ပါနဲ့. ဘယ်လောက်ဘဲ ဆိုးဝါးတဲ့ ကံကြမ္မာဘဲဖြစ်ဖြစ်

အမြဲတမ်း မတည်ရှိနေပါဘူး အချိန်ခဏသာမျှပါ မုန်တိုင်းတွေရဲ့နောက်

လေပြေတွေလည်း ရှိတတ်စမြဲပါ လှဲကြတဲ့အခါမျျိးပြန်ထပြီး

ကိုယ်လမ်းကိုကိုယ်တိုင် ဆက်လျောက်ဖို့ သတိရပါနော်….

သူငယ်ချင်း ရေ….. ဘဝမှာ မကင်းနိုင်တဲ့ ဒဏ်ရာတွေရတိုင်း

မငိုကြွေးမိပါစေနဲ့ ပြန်ပြင်မရတဲ့ အမှားတွေက ကိုယ်အတွက်အမြတ်ကျန်အောင်

ပြင်ဆင်သင့်တာတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး ရယူသင့်တာကို အရယူနိုင်ရမယ်

အမှားတွေသာမရှိခဲ့ရင် အမှန်ဆိုတာ ဘယ်တော့မှ မသိလာနိုင်ဘူး အရှုံးုထဲက

သင်ခန်းစာတွေရသလောက်ယူဖို့မမေ့ပါနဲ့ နော်….

သူငယ်ချင်းရေ…… ဘဝမှာ ကျဆုံးလှဲပြိုရတိုင်း အားမလျော့ပါနဲ့

အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့မရနိုင်ဘူးလေ အောင်မြင်ဖို့အတွက်

ကျဆုံးမှုတွေကို စတေးရတတ်တယ်ဆိုတာ မှတ်ထားပါနော်….

သူငယ်ချင်းရေ ဘဝမှာ ကြုံခဲ့တဲ့ အတိတ်ကနောင်တတွေကိုပြန်ပြီး

ထွေးပွေ့ထားဖို့မကြိုးစားပါနဲ့ မေ့မရတဲ့ အတိတ်ဆိုတာ လူတိုင်းမှာရှိတတ်ပါတယ်

ဒါပေမဲ့ အတိတ်ကကောင်းခြင်း ဆိုးခြင်းတွေက ကိုယ်ရဲ့.အနာဂတ်စာမျက်နာတွေကို

တိုက်ရိုက် အကျျိးသက်ရောက်မှု မရှိဘူးဆိုတာ ယုံကြည်ထားပါ နော်….

သူငယ်ချင်းရေ….. လှဲကျတဲ့အခါပြန်ထပါ ငှက်တစ်ကောင်ရဲ့

တောင်ပံတစ်စုံဟာ ဘယ်လောက်မြင့်မြင့်ပျံသန်းနိုင်သလဲအတွက်

အရေးမပါဘူး သူလိုရာခရီးကိုပျံသန်းနိုင်ဖို့ဘဲ အရေးကြီးတာပါ”

လူတစ်ယောက်ဟာလည်း သူဘယ်လောက်ကျရှုံးုတယ်ဆိုကို

တိုင်းတာတာမဟုတ်ပါဘူး သူဘယ်လောက်လုပ်နိုင်စွမ်း ရှိသလဲဆိုတဲ့အပေါ်ဘဲမှုတည်တာပါ….

သူငယ်ချင်းရေ…… ဘဝဆိုတာ တိုက်ပွဲလို့ဘဲ တစ်ချျိ့အရာတွေကို

စတေးရဲမှ အောင်မြင်မှု ပန်းတိုင်ကိုရောက်တတ်တာ လမင်းကြီးနဲ့

လွဲလို့ ငိုနေသမျှတော့ ကြယ်တာရာတွေနဲ့ပါ လွဲချော်ရအုံးမှာပါ ရှံးုဆုံးသွားနဲ

့ နောက်ပြန် နေ့ရက်တွေထက် ကိုယ်ပိုင်ဆိုင်ထားတဲ့ လက်ရှိအချိန်ကိုသာ

အကောင်းဆုံးပုံဖော်ကြိုးစားခဲ့မယ်ဆိုရင် နေ့ရက်တိုင်းက ပို၍လှသောမနက်ဖြန် ဖြစ်စေမှာပါ….

Credit:

မိုးရည် စက်များ ဗဟုသုတကျေးရွာ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

12 + 10 =