အမေရိကားတိုက်ကိုရှာဖွေတွေ့ရှိသူ Columbus ရဲ့ ပညာပေးလေးတစ်ခု
မဖြစ်နိုင်ဘူးပဲပြောတယ်… လုပ်နည်းလည်းပြလိုက်ရော…ဒါလေးများဆိုပြီး ပုတ်ခတ်ပြန်တက်ကြတယ်..။
#O’ Chu
GPS Tracker ၀ယ်ယူလိုပါက 09789 0000 81 ကို ဆက်သွယ်လိုက်ပါ
မြန်မာ တစ်ပြည်လုံး အရောက်ပို့ပေးပါတယ်
{ Unicode }
ကိုလံပတ်စ်(Columbus)… အမေရိကားတိုက်ကိုရှာဖွေတွေ့ရှိသူ…
တစ်နေ့ကြတော့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဘုရင်ကြီးကပွဲတစ်ခုကို ခမ်းခမ်းနားနားကျင်းပပါတယ်…
။ မင်းမျိုးမင်းနွယ် နဲ့ ဂုဏ်သရေရှိလူကြီးမင်းတွေအများကြီးတက်ရောက်ကြတယ်…
သူတို့က ကိုလံပတ်စ်ကို အဆင့်အတန်းမရှိ မျိုးရိုးဂုဏ်မရှိလို့ နိမ်ခြင်ကြပါတယ်…။
စားပွဲးရှည်ကြီးမှာထိုင်ပြီးအတူတူထမင်းစားကြတော့ ကိုလံဘတ်စ်ရှေ့မှာတင် တီးတိုးပြောပြီးအပုပ်ချကြတယ်…အမေရိကတိုက်ကိုရှာတာများ
ဒီပင်လယ်ကိုဖြတ်ရင်တွေ့မှာပဲ လွယ်လွယ်လေးများ…ရေးကြီးခွင်ကျယ်လုပ်နေသေးတယ်…ဘာညာနဲ့အတင်းအုပ်ကြပါတယ်။
အစပိုင်းတော့မသိချင်ယောင်ဆောင်နေပေမယ့် ပိုပိုဆိုးလာလို့ အကြောင်းသိအောင်ပညာလေးပြလိုက်ဦးမှဆိုပြီး…
ကိုလံပတ်စ်က ကြက်ဥ တစ်လုံးကိုကောက်ကိုင်ကာ…
“ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား….. အသင်တို့ထဲမှာ ဒီကြက်ဥကို ဘာအကူအညီမှမပါပဲ ဒေါင်လိုက်ထောင်အောင်လုပ်နိုင်တဲ့သူရှိပါသလား….
လုပ်နိုင်တဲ့သူကိုကျွန်တော် ကျွန်ခံပါ့မယ်… ” လို့စိန်ခေါ်လိုက်ပါတယ်…။
အားလုံးကလည်းလုပြီးလုပ်ကြတာပေါ့…ဒါပေမယ့် ဘယ်လိုထောင်ထောင် ထောင်လို့မရပါဘူး….။
နောက်ဆုံးတော့ မင်းသားတစ်ပါးက “ဒါကတော့ မဖြစ်နိုင်ဘူး ခင်ဗျားကောလုပ်နိုင်သလား…” လို့မေးလိုက်တယ်….
ကိုလံပတ်စ်က ကြက်ဥတစ်လုံးကို ချက်ချင်းကောက်ကိုင်ကာ ကြက်ဥရဲ့ထိပ်ကိုစားပွဲစွန်းနဲ့ ခေါက်ပြီးကြေအောင်လုပ်လိုက်ပြီးတော့
စားပွဲပေါ်မှာထောင်ပြလိုက်တယ်… ၊အဲဒီတော့မှ .ဟားတွေ ဟင်းတွေ ထွက်ပြီး ဒီလောက်လွယ်လွယ်လေးကို
ငါတို့လည်းလုပ်တတ်တာပေါ့လို့ ကွန်ပလိန်းတက်ကြတာပေါ့..။
ကိုလံပတ်စ်က…. ” ဒီလောက်လွယ်တဲ့ ကြက်ဥထောင်တဲ့နည်းကို ခင်ဗျားတို့မလုပ်တတ်ဘူးမလား..
ကျွန်တော်ပြမှာသိတာလေ…ဒါကြောင့်ဘယ်အလုပ်ကိုမဆို အထင်မသေးကြပါနဲ့ ဆရာမပြ နည်းမကျတဲ့
” စကားအဆုံးမှာတော့ အကုန်လုံးငြိမ်ကာ ခေါင်းငုံ့သွားပါတယ်…။ တစ်ချို့လူတွေက သူတို့မလုပ်နိုင်တော့ဘူးဆိုရင်
မဖြစ်နိုင်ဘူးပဲပြောတယ်… လုပ်နည်းလည်းပြလိုက်ရော…ဒါလေးများဆိုုပြီး ပုတ်ခတ်ပြန်တက်ကြတယ်..။
ဒီကြက်ဥကိုထောင်ဖို့ လွယ်တယ် ဒါပေမယ့်ထောင်နည်းကိုမသိရင်ခက်မယ်..။ ထောင်နည်းကိုသိရင်တောင်မှ
ကြက်ဥကိုယ်တိုင် ဒဏ်ရာတွေအရင်ခံစားပြီးမှ ထောင်လို့ရတာပါ လွယ်လွယ်နဲ့တော့ ဘယ်ထောင်လို့ရမလည်း…။
ကျွန်တော်တို့ရဲ့အတွေးက နည်းနည်းလေးနာရင်ကို မကြိုးစားချင်တော့ဘူး ရှုံးမှာကြောက်တာနဲ့ ကွဲမှာကြောက်တာနဲ့…
ကြက်ဥကိုအကောင်းအတိုင်းထောင်နိုင်ဖို့ကြိုးစားနေသလိုပါပဲ…။ မကွဲပဲထောင်ချင်ရင်တော့ အထောက်အပံ့နဲ့မှရမယ်..
ကိုယ်တိုင်ပလိန်းထောင်ချင်ရင် အနာခံရမယ် ဒဏ်ရာတွေရမယ်…ဘာဖြစ်လဲ မသေသေးဘူးပဲ..ဆက်လုပ်..ချသာချ..။
အသာစံချင်ရင်တော့ အနာခံရမှာပေါ့…..ဆက်လျောက်..ဆက်လျောက်… ထောင်နိုင်အောင်ဆက်လျောက်…. ။
#O’ Chu
Post Author: bloggerak
Leave a Reply
Your email address will not be published. Required fields are marked *
1 × four =