Jack Ma ဟာ သူ့ရဲ့ မယုံနိုင်လောက်တဲ့ ဘ၀ အကြောင်းကို ပြောပြခဲ့ပါတယ်

Alibaba ဆိုတာဟာ တရုတ်ပြည်ရဲ့ အကြီးမားဆုံးသော Online ဈေးရောင်း ဈေးဝယ် Website ကြီးဖြစ်ပြီး

သူ့ရဲ့ လူဝင်နှူန်းဟာ Amazon နဲ့ Ebay တို့ ပေါင်းခြင်းထက် များပြားပါတယ် ။

ဒီ Alibaba Group ကြီးကို ပိုင်ဆိုင်တဲ့ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့

Jack Ma ဟာ သူ့ရဲ့ မယုံနိုင်လောက်တဲ့ ဘ၀ အကြောင်းကို ပြောပြခဲ့ပါတယ် ။

သူ့ရဲ့ ဘ၀ဟာဆိုရင် ကျဆုံးခြင်းတွေ အငြင်းပယ် ခံရခြင်းတွေနဲ့ ပြည့်နက်နေပြီး ဒါတွေကြားထဲက

သူ ဘယ်လို ရုန်းထွက်ခဲ့လဲ ဘာသင်ခန်းစာတွေ ရလဲ ဆိုတာကိုတော့ အောက်မှာ ဖတ်ရှူနိုင်ပါတယ် ။

 

၁ ။ ကောင်းတဲ့ အကျင့် တစ်ခု ကို စွဲစွဲမြဲမြဲလုပ်ပါ

ဆယ်ကျော်သက် အရွယ် Jack Ma ဟာဆိုရင် အင်္ဂလိပ်စာကို လေ့လာသင်ကြားဖို့အတွက် မနက်တိုင်း ရှန်ဂရီလာကိုသွားရောက်ပြီး

အနောက်တိုင်း ခရီးသွားတွေကို အခမဲ့ လိုက်လံရှင်းလင်း ပြုလုပ်ပေးခြင်းဖြင့် သူ့ရဲ့ အင်္ဂလိပ်စာကို မြှင့်တင်နိုင်ခဲ့ပါတယ် ။

သူဟာ ဒီ အလုပ်ကို ကိုးနှစ်တိုင်တိုင် မိုးရွာရွာ နေပူပူ အကျင့်တစ်ခုလို စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

GPS Tracker များဝယ်ယူလိုပါက 09789 0000 81

 

၂. ဘယ်တော့မှ အရှူံးမပေးပါနဲ

အငြင်းပယ်ခံရခြင်းဆိုတာ Jack Ma အတွက်တော့ သိပ်ထူးဆန်းတဲ့ အရာတွေထဲမှာ မပါဝင်တော့ပါဘူး ။

တက္ကသိုလ် ၀င်ခွင့် စာမေးပွဲကို သုံးကြိမ် တိုင်တိုင်ကျရှူံးခဲ့ပြီး ဟားဗတ် တက္ကသိုလ် ၀င်ခွင့်ကိုဆယ်ကြိမ် တိုင်တိုင် လျှောက်ထားခဲ့ပေမယ့်

အခါတိုင်း ပယ်ချခံခဲ့ရပါတယ် ။ ရရာ အလုပ် ၃၀ ကို လျှောက်ထားခဲ့ပေမယ့် တစ်ခုကမှ ရွေးချယ်ခြင်းမပြုခဲ့သလို

KFC ဟာဆိုရင် လျှောက်ထားသူ ၂၄ ယောက်လုံးကို လက်ခံပြီး ဂျက်မ တစ်ယောက်ထဲကိုသာ ငြင်းပယ်တဲ့အထိ ကြုံခဲ့ရပါတယ် ။

ဒါပေမယ့် ဂျက်မဟာ ဘယ်တော့မှ အရှူံးမပေးခဲ့ပါဘူး အငြင်းပယ်ခံရခြင်းတွေ ဟာ သူ့ကိုပိုလို့တောင် ကြိုးစားချင်စိတ် ဖြစ်စေခဲ့ပါတယ် ။

 

၃. တွေးပါ အတွေးတွေကို အကောင်အထည်ဖော်ပါ 

ဂျက်မ ဟာ Internet ပေါ်မှာ ပထမဆုံး Beer လို့ရှာကြည့်ပါတယ် Beer တွေပေါ်လာပါတယ် ဒါပေမယ့် China Beer ဆိုတဲ့အခါမှာတော့ ဘာ ရလာဒ်မှ ထွက်မလာခဲ့ပါဘူး သဘောကတော့ တရုတ်ပြည်မှာ Online ကနေ တစ်ဆင့် ဘီယာကို ဘယ်သူမှ မရောင်းချသေးဘူး ဆိုတဲ့ သဘောပါပဲ ။ သူဟာ ဒီ အကြံဥာဏ်ကို ရပြီးပြီးခြင်းမှာပဲ သူ့ရဲ့ ပထမဆုံးသော အင်တာနက် စီးပွားရေးကို စတင် ခဲ့ပါတယ် ။

 

၎. ဘာကိုမှ မကြောက်ပါနဲ

သူ့ရဲ့ ပထမဆုံးသော အင်တာနက် စီးပွားရေးလုပ်ငန်းကို ဒေါ်လာ ၂၀၀၀ ချေးပြီး စတင်ခဲ့ပါတယ် ။ ဘာကြောင့် ရင်းနှီးမြှုပ်နှံသူ

မရှာဖွေလဲလို့ တခြားသူတွေက မေးတဲ့အခါမှာတော့

” ကျွန်တော်က Internet Email ဆိုတာ ဘာမှ သိတာမဟုတ်ဘူးဗျ Keyboard တောင် ကောင်းကောင်း ကိုင်ဖူးတာမဟုတ်ဘူး ပြောရရင်တော့

မျက်စိကန်းနေတဲ့ကျားပေါ်ကို မျက်ကန်းတစ်ယောက်စီးသလို ရမ်းပြီး တိုးရတာပေါ့ဗျာ ” လို့ ဆိုခဲ့ပါတယ် ။

 

၅. မိမိကိုယ်ကို ယုံကြည်ပါ

သူဟာ alibaba ကို စတင် တည်ထောင်ဖို့ အကြံဥာဏ်ရချိန်မှာတော့ သူ့ရဲ့ စိတ်ချရတဲ့ သူငယ်ချင်း ၁၇ ယောက်ကို သူနဲ့ အတူ အလုပ်တွဲလုပ်ဖို့

တိုင်ပင်ခဲ့ပေမယ့် ဘယ်သူကမှ သူ့ကို ယုံကြည်ပြီး အလုပ်လုပ်ဖို့ မစဉ်းစားခဲ့ပါဘူး ။ ဒါကြောင့် သူဟာ သူ့ရဲ့ အကြံဥာဏ်အကြောင်း ညလုံးပေါက် စဉ်းစားပြီး နောက်နေ့ မနက်မှာ တစ်ယောက်ထဲ Alibaba ကို စတင်ခဲ့ပါတယ် ။

 

၆. ရန်သူဆိုတာ မရှိပါဘူး

သူ့ရဲ့ အဓိက ကျတဲ့ အတွေးအခေါ်တစ်ခုကတော့ သူ့ရဲ့ ပြိုင်ဘက်တွေကို ရန်သူလို့ မမြင်တာပဲ ဖြစ်ပါတယ် ။ သူဟာ ပြိုင်ဘက်တွေဆီက ပညာ အတွေ့အကြုံတွေကို သင်ယူရင်း သူ့ရဲ့ လုပ်ငန်းတွေကို ပိုမို ကောင်းမွန် အောင် မွမ်းမံခဲ့တာ ဖြစ်ပါတယ် ။

 

၇. တာဝန်ယူပါ 

အဲ့ဒီ့ ခေတ်က Payment ပါဝင်တဲ့ Online ဈေးရောင်းတဲ့ Website တစ်ခု ပြုလုပ်ဖို့ အတွက် တရုတ် အစိုးရရဲ့ တရားဝင် လိုင်စင် တစ်ခု လိုအပ်ခဲ့ပါတယ် ။

ဒါ့အပြင် ဒီ လိုင်စင်ဟာလည်း အင်မတန် ခက်ခဲခဲ့ပါတယ် ။ ဒီကိစ္စတွေ အားလုံးကို သေချာစွာ စဉ်းစားပြီးတဲ့အခါမှာတော့ Jack Ma ဟာ သူ့ရဲ့ ဘုတ် အဖွဲ့ကို ပြောလိုက်ပါတယ်

” စ လုပ်မယ်ဗျာ တကယ်လို့ တစ်ခုခု လွဲချော်သွားတာသော်လည်းကောင်း အစိုးရ က မကြိုက်တာသော်လည်းကောင်း ဖြစ်ခဲ့တဲ့ Jack Ma ကိုသာ ထောင်ထဲ ထည့်” လို့ ပြောလိုက်ဆိုပြီး ပြောခဲ့ပါတယ် ။

MoMoLay မှ ရေးသားထားသောပို့စ်အား ပြန်လည်မျှဝေပါသည်

Post Author: bloggerak

Leave a Reply

Your email address will not be published. Required fields are marked *

1 × 4 =