





မင်း timeline ပေါ် တစ်ခုခုတက်ရေးဖို့ မင်းနာမည်ကို search box မှာရိုက်ကြည့်မှ မင်းရှိမနေတော့ဘူးဆိုတာ သိသွားကြမယ် …










 


 

{ Unicode Version }

အခုလက်ရှိသုံးနေတဲ့ Facebook အကောင့်ကို ရုတ်တရက် deactivate လုပ်ပြီး တိတ်တိတ်ကလေး ပျောက်သွားကြည့် …

ဒါမှမဟုတ် ရုတ်တရက် မင်းပျောက်ဆုံးသွားလို့ မင်း Facebook အကောင့်က အသက်မဲ့သွားတယ်ထား..

အချိန်ကြာတဲ့အခါ မင်းကို အားလုံး အလိုလိုမေ့သွားကြပါလိမ့်မယ် …

တချို့တွေ အမှတ်မထင် Mention ခေါ်ဖို့ ကြိုးစားတော့မှ မင်းမရှိမှန်းသိသွားမယ် …

အရေးတကြီးမင်းဆီက အကူအညီလိုမှ မင်းကို Hi ဖို့ကြိုးစားတဲ့အခါ မင်းမရှိမှန်း သိသွားကြမယ် …

မင်း timeline ပေါ် တစ်ခုခုတက်ရေးဖို့ မင်းနာမည်ကို search box မှာရိုုက်ကြည့်မှ မင်းရှိမနေတော့ဘူးဆိုတာ သိသွားကြမယ် …

မင်းတင်ဖူးတဲ့ … မင်းရေးဖူးတဲ့ ဓာတ်ပုံတစ်ခုခု … status တစ်ခုခုကို ပြန်ကြည့်ချင်တော့မှ မင်းပျောက်သွားမှန်း သတိထားမိကြမယ် …

သူတို့ Memories မှာ မင်းပုံပါလာမှ I miss you. Where are you? . ဆိုပြီး အဲဒီ့ memory ပြန် share ပြီး ငိုပြ လွမ်းပြကြမယ် …

မထူးဆန်းပေမယ့် ဝမ်းနည်းစရာအမှန်တရားကတော့ လက်တစ်ကမ်းမှာအဆင်သင့် ..

Fake Smile နဲ့ပဲ ပြီးဆုံးသွားမယ့် စစ်မှန်တယ်လို့ မင်းထင်ခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာတချို့ရှိမယ် …

မင်းယုံကြည်ထားတဲ့လူတွေရဲ့သစ္စာဖောက်မှုတွေနဲ့မင်းနဲ့အတူပေးထားတဲ့ကတိတွေမတည်နိုင်တဲ့အခါ….အရာအားလုံးကိုမင်းအပြစ်လို့သတ်မှတ်လိမ့်မယ်…

မင်းကိုအသုံးချဖို့ကြိုးစားနေတဲ့ရွှေရည်စိမ် ခင်မင်မှုတွေရှိမယ် …

ပြောချင်တာက အခုမင်းနေထိုင်ရာ virtual (ပုံရိပ်ယောင်) ကမ္ဘာမှာ မင်းကိုယ်မင်း ဇာတ်လိုက်ထင်နေပေမယ့် တခြားသူတွေအတွက်တော့ မင်းဟာ ဖြတ်လျှောက်သာသာပါပဲ …

သူတို့မြင်ကွင်းတွေထဲ မင်းဖြတ်မလျှောက်တာ ကြာတဲ့အခါ သူတို့ကမ္ဘာကနေ မင်းပျောက်ကွယ်သွားမှာပါ တဖြည်းဖြည်း …

အေးခဲတိတ်ဆိတ်သွားတဲ့ ပုံရိပ်တချို့နဲ့ စာသားတွေပဲ မင်းကိုလွမ်းပြီးကျန်နေခဲ့မှာ…. #At

Credit- Feeling everything Page

Post Author: bloggerak

Leave a Reply

Your email address will not be published. Required fields are marked *

16 + 7 =