အထီးက်န္ျခင္း

က်ေနာ့္အေမမွာ အက်င့္တစ္ခုရိွပါတယ္ TV ကို ၂၄နာရီ ဖြင့္ထားတတ္တာပါ ။

ထိုင္ၾကည္႕ေနတာမ်ိဳးမဟုတ္ဘဲနဲ႕ ဖြင့္ထားျပီး လုပ္စရာရိွတာကို လုပ္ေနတာမ်ိဳးပါ ။

က်ေနာ္ အိမ္ေရာက္တဲ့အခါ ၾကည့္မယ့္သူမရွိဘဲ ဖြင့္ထားတာမို႕ က်ေနာ္က ပိတ္ ,

အေမက ျပန္ဖြင့္နဲ႕ မၾကာခဏ စကားမ်ားေလ့ရိွပါတယ္…

အဲဒါနဲ႕ ပတ္သတ္ျပီးေနာက္ဆံုး အေမ ေျပာေနက်က “နင္ တို႔နားမလည္ပါဘူး”

တဲ့ … က်ေနာ္အဲဒီတုန္းက တကယ္နားမလည္ခဲ့တာပါ ..

တစ္ရက္ … ကိစၥတစ္ခုနဲ႕ တစ္ေယာက္ထဲ ခရီးထြက္ျဖစ္တယ္ မိုင္ (၄၀၀)

ေလာက္ေ၀းတဲ့ခရီးကို အသြားမွာ ေမာင္းေနတုန္းက ဘာမွမျဖစ္ေပမယ့္ အျပန္ခရီးမွာေတာ့

တစ္ေယာက္ထဲ ကားေမာင္းရတာဟာ သိပ္ျငီးေငြ႕လာပါတယ္ ။

အပ်င္းေျပလုိ ေျပျငား ေဆးလိပ္ေသာက္ ပီေက၀ါးေပမယ့္လည္း ကားေမာင္းေနရတာဟာ

သိပ္အထီးက်န္လြန္းပါတယ္ ။ ေနာက္ဆံုး FM ေတြဖြင့္တယ္။ ဟုတ္တယ္ ။

FM က ဘာေနေန ဘာသီခ်င္းသံပဲလာလာ အနည္းဆံုး လူတစ္ေယာက္

အသံၾကားေနရတယ္ ကိုယ္တစ္ေယာက္ထဲ အထီးက်န္သလိုျဖစ္ေနတယ္လို႔မခံစားရေတာ့ဘူး ။

FM က ဘာပဲလာလာ က်ေနာ္႕အတြက္ အေရးမၾကီးဘူး ။ ဘယ္လို အသံပဲထြက္ေနေန

အနည္းဆံုး က်ေနာ္႕မွာ အေဖာ္ ရိွတယ္လို႕ ခံစားေစရတယ္ ။ ေတြးမိ စဥ္းစားေနရင္း

က်ေနာ္႕ စိတ္ထဲမွာ ဖ်တ္ခနဲ တစ္ေယာက္ေယာက္ကို အေျပးအလႊား သတိရသြားမိတယ္ . .

အ ေမ !!! မိုင္ေပါင္း ၄၀၀ ေလာက္ေလးကို တစ္ေယာက္ထဲ ျဖတ္ေနရတဲ့ က်ေနာ္လို

လူငယ္ေတာင္ ျငီးေငြ႕အထီးက်န္လြန္းေနရင္ နွစ္ေပါင္းမ်ားစြာ အိမ္ထဲမွာ

တစ္ေယာက္ထဲ ေနရွာတဲ႕ အသက္ ၆၀ ေက်ာ္အေမဟာ ဘယ္ေလာက္မ်ား အထီးက်န္ရွာ လိမ့္မလဲ ???

TV ကစကားသံေတြနားေထာင္ျပီး အ၀တ္ေတြေလွ်ာ္ေနတဲ႕ TV က

ေၾကာ္ညာသံေတြၾကားျပီး တံျမတ္စည္းေတြ လွည္းေနတဲ႕ TV က ဟာသ

ေတြ ၾကည္႕ျပီး မရယ္ေနတဲ႕ အေမ TV က … TV ထဲက …

အေမရယ္ … ဘယ္အခ်ိန္ကတည္းက ဘယ္ေလာက္ေတာင္ အထီးက်န္ျဖစ္ေနခဲ့တာလဲ အေမရယ္.

Credit to Original Writer

< Unicode Version >

ကျနော့်အမေမှာ အကျင့်တစ်ခုရှိပါတယ် TV ကို ၂၄နာရီ ဖွင့်ထားတတ်တာပါ ။

ထိုင်ကြည့်နေတာမျိုးမဟုတ်ဘဲနဲ့ ဖွင့်ထားပြီး လုပ်စရာရှိတာကို လုပ်နေတာမျိုးပါ ။

ကျနော် အိမ်ရောက်တဲ့အခါ ကြည့်မယ့်သူမရှိဘဲ ဖွင့်ထားတာမို့ ကျနော်က ပိတ် ,

အမေက ပြန်ဖွင့်နဲ့ မကြာခဏ စကားများလေ့ရှိပါတယ်…

အဲဒါနဲ့ ပတ်သတ်ပြီးနောက်ဆုံး အမေ ပြောနေကျက “နင် တို့နားမလည်ပါဘူး”

တဲ့ … ကျနော်အဲဒီတုန်းက တကယ်နားမလည်ခဲ့တာပါ ..

တစ်ရက် … ကိစ္စတစ်ခုနဲ့ တစ်ယောက်ထဲ ခရီးထွက်ဖြစ်တယ် မိုင် (၄၀၀)

လောက်ဝေးတဲ့ခရီးကို အသွားမှာ မောင်းနေတုန်းက ဘာမှမဖြစ်ပေမယ့် အပြန်ခရီးမှာတော့

တစ်ယောက်ထဲ ကားမောင်းရတာဟာ သိပ်ငြီးငွေ့လာပါတယ် ။

အပျင်းပြေလို ပြေငြား ဆေးလိပ်သောက် ပီကေဝါးပေမယ့်လည်း ကားမောင်းနေရတာဟာ

သိပ်အထီးကျန်လွန်းပါတယ် ။ နောက်ဆုံး FM တွေဖွင့်တယ်။ ဟုတ်တယ် ။

FM က ဘာနေနေ ဘာသီချင်းသံပဲလာလာ အနည်းဆုံး လူတစ်ယောက်

အသံကြားနေရတယ် ကိုယ်တစ်ယောက်ထဲ အထီးကျန်သလိုဖြစ်နေတယ်လို့မခံစားရတော့ဘူး ။

FM က ဘာပဲလာလာ ကျနော့်အတွက် အရေးမကြီးဘူး ။ ဘယ်လို အသံပဲထွက်နေနေ

အနည်းဆုံး ကျနော့်မှာ အဖော် ရှိတယ်လို့ ခံစားစေရတယ် ။ တွေးမိ စဉ်းစားနေရင်း

ကျနော့် စိတ်ထဲမှာ ဖျတ်ခနဲ တစ်ယောက်ယောက်ကို အပြေးအလွှား သတိရသွားမိတယ် . .

အ မေ !!! မိုင်ပေါင်း ၄၀၀ လောက်လေးကို တစ်ယောက်ထဲ ဖြတ်နေရတဲ့ ကျနော်လို

လူငယ်တောင် ငြီးငွေ့အထီးကျန်လွန်းနေရင် နှစ်ပေါင်းများစွာ အိမ်ထဲမှာ

တစ်ယောက်ထဲ နေရှာတဲ့ အသက် ၆၀ ကျော်အမေဟာ ဘယ်လောက်များ အထီးကျန်ရှာ လိမ့်မလဲ ???

TV ကစကားသံတွေနားထောင်ပြီး အဝတ်တွေလျှော်နေတဲ့ TV က

ကြော်ညာသံတွေကြားပြီး တံမြတ်စည်းတွေ လှည်းနေတဲ့ TV က ဟာသ

တွေ ကြည့်ပြီး မရယ်နေတဲ့ အမေ TV က … TV ထဲက …

အမေရယ် … ဘယ်အချိန်ကတည်းက ဘယ်လောက်တောင် အထီးကျန်ဖြစ်နေခဲ့တာလဲ အမေရယ်.

Credit to Original Writer

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

nine − 1 =