ပြော​တော့


















< Unicode Version >

​ပြော​တော့ လူဆိုတာ ကိုယ်​့လမ်​းကိုယ်​​လျှောက်​ရတာနဲ့ ဘာလို့များ သူများ ဘဝ​တွေကို စိုးမိုးချင်​တာလဲ
​ပြော​တော့ လူဆိုတာ ကိုယ်​့သမိုင်​းကိုယ်​​ရေးရတာတဲ့ ဘာလို့များ သူများသမိုင်​းထဲပါဝင်​ချင်​ကြတာလဲ
​ပြော​တော့ လူဆိုတာ ကိုယ်​့ရည်​ရွယ်​ချက်​​တွေနဲ့​ကိုယ်​တဲ့ ဘာလို့များ သူများရည်​ရွယ်​ချက်​ကို ချိုးဖျက်​ချင်​ကြတာလဲ
​ပြော​တော့ လူဆိုတာ ကိုယ်​့အမြင်​နဲ့ကိုယ်​တဲ့ ဘာလို့များ သူများအမြင်​ကို​ပြောင်​းလဲချင်​တာလဲ
​ပြော​တော့ လူဆိုတာ တစ်​​ယောက်​တည်​းလာခဲ့တာတဲ့ ဘာလို့များ အထီးကျန်​တယ်​ဆိုပြီးအားငယ်​ကြလဲ
​ပြော​တော့ လူဆိုတာ ကိုယ်​့ထမင်​းကိုယ်​စားရတာတဲ့ ဘာလို့များ သူများထမင်​းလုတ်​ပုပ်​ချချင်​တာလဲ
ဘဝ ရိုးရှင်​းစွာ ဖြတ်​သန်​းချင်​ကြတယ်​ ဒါ​ပေမယ်​့ ဆန်​းကြယ်​မှု​တွေ​နောက်​
​ပျော်​ဝင်​သွားတယ်​ တခါတ​လေ ​ပြောင်​းလဲသင်​့တာကို ​ပြောင်​းလဲရမယ်​ အရှုံးကိုသာ
​တွေး​နေရင်​ အမြဲရှုံးနိမ်​့​နေမှာဘဲ
ဘဝ​နေ​ပျော်​တယ်​ မ​ပျော်​ဘူးဆိုတာ မိမိရဲ့စိတ်​ထားမှုနဲ့ဆိုင်​တယ်​ ဓားတစ်​လက်​လို
အပူ​ပေးခံရလိုက်​ ​ရေထဲနစ်​ခံရလိုက်​ ထုခံလိုက်​နဲ့ နာကျင်​စရာ​တွေ​နေ့ရက်​​တွေ​ကျော်
​လွန်​ပြီးတာ​တောင်​မှ အသားကို ထက်​မြက်​​အောင်​ ပွတ်​တိုက်​ခံရ​သေးတယ်​
အားလုံးက သစ်​သားတုန်​းကစတာပဲ ကိုယ်​ထွင်​းထုတဲ့​ပေါ်မူတည်​ပြီး
တံတားလည်​းဖြစ်​နိုင်​တယ်​ ခုံလည်​းဖြစ်​နိုင်​တယ်​ လှပတဲ့မင်​းသားရုပ်​လည်​းဖြစ်​နိုင်​တယ်​
ဘယ်​လိုအရာပဲဖြစ်​ဖြစ်​ အဆီအနှစ်​ပြည်​့ဝ​နေဖို့လိုတယ်​ ဘာမှ အဆီအနှစ်​မရှိရင်​
မီးစိုက်​တာ​တောင်​ အဆင်​မ​ပြေဘူး မိတ်​​ဆွေ။
ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

twelve + 2 =