မင္​း ​ေမ့မ​ေနနဲ႔ 

​ေမွာင္​မုိက္​ ​ေနတဲ့ ​ေကာင္​းကင္​ႀကီးမွာ မျမဲတဲ့ ၾကယ္​​ေလးတစ္​​လံုးျဖစ္​

ရမယ္​ဆိုရင္​​ေတာင္​ မင္​း႐ွိတဲ့ ​ေနရာ​ေလးမွာ ​ေႂကြမက်ခင္​ အ​ေကာင္​းဆံုး ​ေတာက္​ပလိုက္​ပါ…။

မင္​း​ေဘးက လင္​းလက္​မႈ​ေတြကိုၾကည္​့ၿပီး အားက်ႏိုင္​ပါတယ္​ ဒါ​ေပမယ္​့

အဲ့တာဟာ မင္​းမဟုတ္​ဘူးဆိုတာသတိရပါ..။

ငါလည္​း တစ္​ခ်ိန္​က မင္​းလိုျဖစ္​ဖူးခဲ့တယ္​…။

ထမင္​းၾကမ္​းကိုက္​​ေနခ်ိန္​မွာ ထမင္​းရည္​​ေသာက္​​ေနတဲ့ သူ​ေတြအ​ေၾကာင္​းကို​ေပါ့

ဖိနပ္​စုပ္​လို႔ ​ေက်ာင္​းသြားရမွာ႐ွက္​​ေနခ်ိန္​ ဖိနပ္​မပါ လမ္​း​ေဘးမွာ

အမိႈက္​​ေကာက္​​ေနသူ​ေတြအ​ေၾကာင္​းကို​ေပါ့

အိတ္​ကပ္​ ထဲ သံုးစရာမ႐ွိလို႔ ႐ွက္​​ေနခ်ိန္​မွာ သနားၾကပါ ခင္​ဗ်ာ တဲ့

စကားသံ​ေတြနဲ႔ ​ ေ႐ွ႕ဆက္​​ေနသူ​ေတြအ​ေၾကာင္​း

မင္​းဘဝ က အဆံုးရြားဆံုးမွ မဟုတ္​တာ မင္​းကို သူတို႔ မသနားတာ မထူးဆန္​းဘူး​ေလ,,,,,

မင္​​း​ေျခ မင္​းလက္​ မင္​းခြန္​အားႀကီးနဲ႔ ဘာကို ​ေမ်ွာ္​လင္​့​ေနမွာလဲ ဘာမဆို မင္​းထုဆစ္​ႏိုင္​တယ္​

ဘာမဆို မင္​းအ​ေကာင္​အထည္​​ေဖာ္​ႏိုင္​တယ္​ ​ေမ်ွာ္​လင္​့​ေစာင္​့စားရင္

​ မင္​းဘဝကို သံ​ေခ်းတက္​​ေစ​ေတာ့မွာလား

မင္​းကိုမင္​း​ ေလးစားစမ္​းပါ မင္​း လမ္​း​ေလ်ွာက္​တတ္​​ေနၿပီ မင္​း ျပန္​ထ တတ္​​ေနၿပီ

မင္​း မ်က္​ရည္​ကိုသုတ္​တတ္​​ေနၿပီ မင္​း လိုအပ္​ခ်က္​ကို မင္​းသိ​ေနၿပီ

ဘာအတြက္​ ဘာကို ​ေမ်ွာ္​လင္​့​ေနမွာလဲ

မင္​းကိုမင္​း ယံုၾကည္​စမ္​းပါ မင္​းအသိဥာဏ္​ မင္​းဆံုးျဖတ္​ခ်က္​​ေတြနဲ႔ ရ​ေအာင္​

ျပန္​ထစမ္​းပါ ဘာအတြက္​ ကမ္​းမယ္​့လက္​ကို​ေမ်ွာ္​​ေနတာလဲ မင္​း

တစ္​​ေယာက္​သာ မင္​းအနာဂတ္​ကို ပိုင္​ဆိုင္​တာ​ေလ

​ေမ့မ​ေနနဲ႔ဦး မင္​းက မင္​းဘဝအတြက္​စြမ္​းအား႐ွင္​ဆိုတာ မျမဲတဲ့ ၾကယ္​တစ္​လံုးမို႔

စိတ္​မပ်က္​နဲ႔ အ​ေမွာင္​ထုရဲ႕​ေကာင္​းကင္​ယံမွာ မင္​း​ေၾကာင္​့ လမ္​း​မ​ေပ်ာက္​တဲ့

သူ​ေတြ႐ွိတယ္​ဆိုတာ ​သတိရပါကြာ။

ဘာမထီဘြား…(အ​ေတြးစာစု​ေလးမ်ား)

< Unicode Version >

​မှောင်​မိုက်​ ​နေတဲ့ ​ကောင်​းကင်​ကြီးမှာ မမြဲတဲ့ ကြယ်​​လေးတစ်​​လုံးဖြစ်​

ရမယ်​ဆိုရင်​​တောင်​ မင်​းရှိတဲ့ ​နေရာ​လေးမှာ ​ကြွေမကျခင်​ အ​ကောင်​းဆုံး ​တောက်​ပလိုက်​ပါ…။

မင်​း​ဘေးက လင်​းလက်​မှု​တွေကိုကြည်​့ပြီး အားကျနိုင်​ပါတယ်​ ဒါ​ပေမယ်​့

အဲ့တာဟာ မင်​းမဟုတ်​ဘူးဆိုတာသတိရပါ..။

ငါလည်​း တစ်​ချိန်​က မင်​းလိုဖြစ်​ဖူးခဲ့တယ်​…။

ထမင်​းကြမ်​းကိုက်​​နေချိန်​မှာ ထမင်​းရည်​​သောက်​​နေတဲ့ သူ​တွေအ​ကြောင်​းကို​ပေါ့

ဖိနပ်​စုပ်​လို့ ​ကျောင်​းသွားရမှာရှက်​​နေချိန်​ ဖိနပ်​မပါ လမ်​း​ဘေးမှာ

အမှိုက်​​ကောက်​​နေသူ​တွေအ​ကြောင်​းကို​ပေါ့

အိတ်​ကပ်​ ထဲ သုံးစရာမရှိလို့ ရှက်​​နေချိန်​မှာ သနားကြပါ ခင်​ဗျာ တဲ့

စကားသံ​တွေနဲ့ ​ ရှေ့ဆက်​​နေသူ​တွေအ​ကြောင်​း

မင်​းဘဝ က အဆုံးရွားဆုံးမှ မဟုတ်​တာ မင်​းကို သူတို့ မသနားတာ မထူးဆန်​းဘူး​လေ

မင်​​း​ခြေ မင်​းလက်​ မင်​းခွန်​အားကြီးနဲ့ ဘာကို ​မျှော်​လင်​့​နေမှာလဲ ဘာမဆို မင်​းထုဆစ်​နိုင်​တယ်​

ဘာမဆို မင်​းအ​ကောင်​အထည်​​ဖော်​နိုင်​တယ်​ ​မျှော်​လင်​့​စောင်​့စားရင်

​ မင်​းဘဝကို သံ​ချေးတက်​​စေ​တော့မှာလား

မင်​းကိုမင်​း​ လေးစားစမ်​းပါ မင်​း လမ်​း​လျှောက်​တတ်​​နေပြီ မင်​း ပြန်​ထ တတ်​​နေပြီ

မင်​း မျက်​ရည်​ကိုသုတ်​တတ်​​နေပြီ မင်​း လိုအပ်​ချက်​ကို မင်​းသိ​နေပြီ

ဘာအတွက်​ ဘာကို ​မျှော်​လင်​့​နေမှာလဲ

မင်​းကိုမင်​း ယုံကြည်​စမ်​းပါ မင်​းအသိဉာဏ်​ မင်​းဆုံးဖြတ်​ချက်​​တွေနဲ့ ရ​အောင်​

ပြန်​ထစမ်​းပါ ဘာအတွက်​ ကမ်​းမယ်​့လက်​ကို​မျှော်​​နေတာလဲ မင်​း

တစ်​​ယောက်​သာ မင်​းအနာဂတ်​ကို ပိုင်​ဆိုင်​တာ​လေ

​မေ့မ​နေနဲ့ဦး မင်​းက မင်​းဘဝအတွက်​စွမ်​းအားရှင်​ဆိုတာ မမြဲတဲ့ ကြယ်​တစ်​လုံးမို့

စိတ်​မပျက်​နဲ့ အ​မှောင်​ထုရဲ့​ကောင်​းကင်​ယံမှာ မင်​း​ကြောင်​့ လမ်​း​မ​ပျောက်​တဲ့

သူ​တွေရှိတယ်​ဆိုတာ ​သတိရပါကွာ။

ဘာမထီဘွား…(အ​တွေးစာစု​လေးများ)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

3 × five =