ကြိုးစားပါ

စက္ကန့်​တံ ​လေး တစ်​ချက်​ခြင်း ​ပြေးလွှား​နေတာ

ကြည့်​ရင်း မိနစ်​တံရဲ့ ​ရွှေလျားမှုကို ​မေ့သွားတယ်

မိနစ်​တံ ရဲ့ ​ရွှေလျားမှုကို အချိန်​​ပေးကြည့်​​တော့

နာရီလက်​တံ ရဲ့ လှုပ်​ခတ်​မှုကို ​သေချာမသိလုပ်​ဘူး

ရုန်းကန်​ခြင်း​တွေ​ကြောင့်​ ကိုယ့်​ဘဝကို နွံနစ်​​နေပြီမထင်​ပါနဲ့

ကိုယ်​ရဲ့ အားငယ်​စိတ်​ ​မောပန်းမှုကို ခဏဖယ်​ပြီး ​သေချာကြည့်​ပါ

အရင်​​နေရာထက်​ ​ရွှေ့လျှား​နေပါပြီ

နာရီတစ်​လုံးမှာ စက္ကန့်​ တံ မရှိလို့ ကြီးကြီးမားမား ပြသာနာမရှိဘူး

မိနစ်​တံနဲ့ နာရီလက်​တံကျန်​​သေးတယ်

မိနစ်​တံမရှိ​တော့လို့ လည်း စိတ်​မပျက်​ပါနဲ့ အနည်းဆုံး​တော့ နာရီ

ကို​တော့ သိနိုင်​ပါ​သေးတယ်

စက္ကန့်​ တံ နဲ့ မိနစ်​တံ ရှိပြီး နာရီ လက်​တံ မပါရင်​​တော့

ဒါဟာ အသုံးမဝင်​​တော့တဲ့ အချိန်​ပြမှုပါပဲ

ဘဝ ရဲ့ ဖြတ်​သန်းမှုက စက္ကန့်​တံ​လေးလို အမြဲ​ရွှေ့လျှား​နေရတယ်

ဘဝရဲ့ ကြိုးစားမှုက ဖြတ်​သန်းမှု​နောက်​က ကပ်​လျက်

 လိုက်​ပါသွားတဲ့ မိနစ်​တံ​လေးလို

ဘဝမှာ ​နေ​ပျော်​မှု မ​ပျော်​မှုက ကြိုးစားမှု စိတ်​ဝင်​စားမှုနဲ့

ကပ်​ပါတဲ့ နာရီလက်​တံလို

ကိုယ့်​ဘဝရဲ့ ဖြတ်​သန်းမှုကို ​ကြောက်​လန့်​​နေသူ ကိုယ့်​ကိုယ်​ကို

မယုံကြည်​သူဟာ နာရီလက်​တံ မပါတဲ့ နာရီတစ်​လုံးလိုပဲ

ဘယ်​လိုမှ မှန်းဆလို့မရဘူး

နာရီတစ်​လုံးရဲ့ အလှအပက တန်​​ကြေးပါ သူ့တန်​ဖိုးက အချိန်

မှန်​ပြတာပါ ဘယ်​​လောက်​တန်​​ကြေး ကြီးကြီး အချိန်​မှန်​ မပြရင်

 အစုတ်​ကြီးလို့ ​ပြောပြီး မျက်​နှာလွဲသွားကြလိမ့်​မယ်

ဒါ​ကြောင့်​ တန်​​ကြေး အတွက်​ အလှအပ အပြင်​အဆင်​ထက်

 အချိန်​မှန်​ပြနိုင်​​အောင်​ကြိုးစားပါ..မိတ်​​ဆွေ။

ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

12 + 9 =