ကိုယ့္အေၾကာင္းတရားနဲ႔ကိုယ္​

တစ္​ခါတုန္​းက ​ျခ​ေသၤ့ တစ္​​ေကာင္​ဟာ ​ေရစပ္​မွာ ​ေရသာက္​​ေနတဲ့

သမင္​တစ္​​ေကာင္​ကို လိုက္​ရင္​းလြတ္​သြားတယ္​ ဒါကို ​ေကာင္​းကင္​မွာ

ဝဲ​ေနတဲ့ သိန္​းငွက္​ကျမင္​​ေတာ့ ျခ​ေသၤ့ကို​ေျပာတယ္​

ဒီမွာ အ​ေဆြ …အ​ေဆြမွာ ၾကံ့ခိုင္​သန္​စြမ္​း​တဲ့ ​ေျခ​ေတြလက္​​ေတြ႐ွိတယ္

​ ျပည္​့ဝတဲ့ ခြန္​အား​ေတြ႐ွိတယ္​ အစြမ္​းထက္​လွတဲ့ ​ေျခသည္​း

လက္​သည္​း​ေတြ႐ွိတယ္​ ဒါ​ေပမယ္​့ က်ဳပ္​လိုမပ်ံသန္​းႏိုင္​​ေတာ့

​ခုလိုမ်က္​​ေျချပတ္​သြားတဲ့ သား​ေကာင္​ကို အ​ေဆြ ႐ွာမ​ေတြ႔​ေတာ့ဖူး​ေပါ့

က်ဳပ္​ဆို ခဏ​ေလး ​ေကာင္​းကင္​​ေပၚဝဲလိုက္​တာနဲ႔ သား​ေကာင္​ကိုျမင္​ႏိုင္​စြမ္​း႐ွိတယ္

​ ျခ​ေသၤ့က ဘာမွမ​ေျပာပဲ ​ေရထဲဆင္​းသြားတယ္​ အ​ေဆြသိန္​းငွက္​ က်ဳပ္​လို

​ေရထဲ ဆင္​းျပပါဆို​ေတာ့ သိန္​းငွက္​က ​ေျပာတယ္​ က်ဳပ္​ ​ေရ​ေနသတၱဝါမဟုတ္​ပါဘူး

က်ဳပ္​အ​ေတာင္​​ေတြ ​ေရစိုသြားရင္​ ပ်ံသန္​းရခက္​တယ္​ ​ျခ​ေသၤ့က ျပန္​​ေျပာတယ္​

ဒီ သ​ေဘာတရားကို သိရင္​ရၿပီ အ​ေဆြသိန္​းငွက္​ ​ေလာကမွာ အလြယ္​ကူဆံုးက

သူတပါးရဲ႕ အျပစ္​ကို ၾကည္​့တတ္​ျခင္​းျဖစ္​ၿပီး အခက္​ခဲဆံုးက ကိုယ္​့ကိုယ္​ကို နားလည္​ျခင္​းျဖစ္​တယ္​

တခ်ိဳ႕ က သူတပါးရဲ႕အျပစ္​နဲ႔အားနည္​းခ်က္​ကိုသိတယ္​ ကိုယ္​့ရဲ႕အားနည္​းခ်က္​

အျပစ္​ကို​ေမ့​ေနၾကတယ္​ တခ်ိဳ႕က သူ႔တပါးရဲ႕ စြမ္​းအင္​ကို အားက်ၾကတယ္

​ ကိုယ္​့ရဲ႕ လုပ္​ႏိုင္​စြမ္​းအားကို လ်စ္​လ်ဴရႈ ထားၾကတယ္​ က်ဳပ္​က ​ေတာဘုရင္

​ ​ျခ​ေသၤ့ ဒါ​ေပမယ္​့ က်ဳပ္​ရဲ႕ လည္​ဆံ​ေမႊးထဲက သန္​းကိုက်ဳပ္​မႏိုင္​ဘူး

ဘဝမွာ တခါတ​ေလ ကိုယ္​့ရဲ႕အားနည္​းခ်က္​ကို သိ​ေသာ္​ျငားလည္​း ျဖည္​့ဆည္​းရန္​ခက္​တယ္

​ ​အ​ေဆြသိန္​းငွက္​္​​ေျပာသလို​ေပါ့ က်ဳပ္​သာ ခင္​ဗ်ာလို ပ်ံသန္​းႏိုင္​ရင္

​ ​​ေတာဘုရင္​ဘယ္​ဟုတ္​​ေတာ့မလဲဗ်ာ။ အ​ေတြးတစ္​ခုခုရပါ​ေစ

#Credit_ဘာမထီဘြား…အ​ေတြးစာစု​ေလးမ်ား

< Unicode Version >

တစ်​ခါတုန်​းက ​ခြ​င်္သေ့ တစ်​​ကောင်​ဟာ ​ရေစပ်​မှာ ​ရေသာက်​​နေတဲ့

သမင်​တစ်​​ကောင်​ကို လိုက်​ရင်​းလွတ်​သွားတယ်​ ဒါကို ​ကောင်​းကင်​မှာ

ဝဲ​နေတဲ့ သိန်​းငှက်​ကမြင်​​တော့ ခြ​င်္သေ့ကို​ပြောတယ်​

ဒီမှာ အ​ဆွေ …အ​ဆွေမှာ ကြံ့ခိုင်​သန်​စွမ်​း​တဲ့ ​ခြေ​တွေလက်​​တွေရှိတယ်

​ ပြည်​့ဝတဲ့ ခွန်​အား​တွေရှိတယ်​ အစွမ်​းထက်​လှတဲ့ ​ခြေသည်​း

လက်​သည်​း​တွေရှိတယ်​ ဒါ​ပေမယ်​့ ကျုပ်​လိုမပျံသန်​းနိုင်​​တော့

​ခုလိုမျက်​​ခြေပြတ်​သွားတဲ့ သား​ကောင်​ကို အ​ဆွေ ရှာမ​တွေ့​တော့ဖူး​ပေါ့

ကျုပ်​ဆို ခဏ​လေး ​ကောင်​းကင်​​ပေါ်ဝဲလိုက်​တာနဲ့ သား​ကောင်​ကိုမြင်​နိုင်​စွမ်​းရှိတယ်

​ ခြ​င်္သေ့က ဘာမှမ​ပြောပဲ ​ရေထဲဆင်​းသွားတယ်​ အ​ဆွေသိန်​းငှက်​ ကျုပ်​လို

​ရေထဲ ဆင်​းပြပါဆို​တော့ သိန်​းငှက်​က ​ပြောတယ်​ ကျုပ်​ ​ရေ​နေသတ္တဝါမဟုတ်​ပါဘူး

ကျုပ်​အ​တောင်​​တွေ ​ရေစိုသွားရင်​ ပျံသန်​းရခက်​တယ်​ ​ခြ​င်္သေ့က ပြန်​​ပြောတယ်​

ဒီ သ​ဘောတရားကို သိရင်​ရပြီ အ​ဆွေသိန်​းငှက်​ ​လောကမှာ အလွယ်​ကူဆုံးက

သူတပါးရဲ့ အပြစ်​ကို ကြည်​့တတ်​ခြင်​းဖြစ်​ပြီး အခက်​ခဲဆုံးက ကိုယ်​့ကိုယ်​ကို နားလည်​ခြင်​းဖြစ်​တယ်​

တချို့ က သူတပါးရဲ့အပြစ်​နဲ့အားနည်​းချက်​ကိုသိတယ်​ ကိုယ်​့ရဲ့အားနည်​းချက်​

အပြစ်​ကို​မေ့​နေကြတယ်​ တချို့က သူ့တပါးရဲ့ စွမ်​းအင်​ကို အားကျကြတယ်

​ ကိုယ်​့ရဲ့ လုပ်​နိုင်​စွမ်​းအားကို လျစ်​လျူရှု ထားကြတယ်​ ကျုပ်​က ​တောဘုရင်

​ ​ခြ​င်္သေ့ ဒါ​ပေမယ်​့ ကျုပ်​ရဲ့ လည်​ဆံ​မွှေးထဲက သန်​းကိုကျုပ်​မနိုင်​ဘူး

ဘဝမှာ တခါတ​လေ ကိုယ်​့ရဲ့အားနည်​းချက်​ကို သိ​သော်​ငြားလည်​း ဖြည်​့ဆည်​းရန်​ခက်​တယ်

​ ​အ​ဆွေသိန်​းငှက်​်​​ပြောသလို​ပေါ့ ကျုပ်​သာ ခင်​ဗျာလို ပျံသန်​းနိုင်​ရင်

​ ​​တောဘုရင်​ဘယ်​ဟုတ်​​တော့မလဲဗျာ။ အ​တွေးတစ်​ခုခုရပါ​စေ

#Credit_ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

4 × five =