စိတ္ဓာတ္က်ေနလား

တစ္ခါတုန္းက………

*ရြာတစ္ရြာတြင္ ႐ုပ္အလြန္ဆုိးေသာ မိန္းခေလးတေယာက္႐ွိတယ္

မိန္းခေလးသည္ မွန္ ၾကည့္မိတုိင္း သူ႔ကုိယ္သူ ေဒါသထြက္၍ မွန္ကုိပါ ႐ုိက္ခြဲတတ္တယ္

မိဘ ျဖစ္သူေတြကုိလည္း အျမဲအျပစ္တင္ၿပီး လူ႔ဘ၀ကုိ စိတ္ကုန္ေနသည္

႐ုပ္ေခ်ာေခ်ာ ရြယ္တူေကာင္မေလးေတြ ျမင္တုိင္း မနာလုိျဖစ္ကာ… ရန္႐ွာတတ္လာသည္

*ေလာကႀကီးကုိ မ်က္စိလည္ေရာက္လာၿပီး ကံ အဆုိးဆုံးလုိ႔ သူ႔ကုိယ္သူ သတ္မွတ္ထားသည္……*

*တေန႔ေတာ့….. ရြာထဲသုိ႔ အလွဴလာခံေသာ သူနဲ႔ရြယ္တူ ေကာင္မေလးတစ္ေယာက္နဲ႔ ေတြ႔သည္…..

အလွဴခံ ေကာင္မေလးသည္ ေျခေထာက္တစ္ဖက္က ေထာ့က်ဳိးျဖစ္၍

လက္တဖက္ကေမြးရာပါ လက္ေခ်ာင္းေလးမ်ားမပါပါ..*

*အလွဴခံေကာင္မေလးကု္ိေတြ႔ေရာ ႐ုပ္ဆုိးေကာင္မေလးက ေမးတယ္…… *

*နင္* လက္႐ွိ နင့္ဘ၀ကုိစိတ္မပ်က္ဘူးလား???လုိ႔ေမးေတာ့ ေကာင္မေလးက

* လူ႔ဘ၀က ငါတုိ႔အရင္ဘ၀က လုပ္ခဲ့တဲ့အတုိင္း ျပန္အက်ဳိးေပးတာပါ

စိတ္ပ်က္ေနလုိ႔ေရာ ဘာျဖစ္ လာမွာလဲ????

တစ္ခ်ဳိ့ဆုိ ေျခေထာက္ႏွစ္ဖက္စလုံးမသန္ဘူး ဒီလုိဘဲ ေပ်ာ္ေအာင္ေနၿပီး ၾကဳိးစား႐ုန္းကန္ေနၾကရတာပါ……

*လုူတုိင္းမွာ အားသာခ်က္ေတြ႐ွိသလုိ အားနည္းခ်က္ေတြလည္း ႐ွိတယ္ အဆုိးနဲ႔ အေကာင္း ဒြန္တြဲေနၾကတာပါ။

လူတုိင္းက အသာစီးဘဲ လုိခ်င္ၾကေပမယ့္ အနာကုိလည္း ခံႏူိင္ေအာင္ၾကဳိး စားသင့္ပါတယ္…….

မိမိအေပၚကလူေတြကုိေမာ့ၾကည့္ေနရင္ ဇာက္ေညာင္း႐ုံဘဲ ႐ွိမယ္ မိမိေအာက္လူေတြကုိလည္း အားနာပါအုံး

ေပ်ာ္ေအာင္ေနၿပီး အေကာင္းဆုံးၾကဳိးစားသင့္ပါတယ္……

သူငယ္ခ်င္းဆုိရင္ အေဖ အေမ ႏွစ္ေယာက္စလုံး႐ွိတယ္ ဘာစိတ္ ဓာတ္က်စရာလုိလဲ??

*က်မဆုိရင္ ေမြးကတည္းက အေဖ အေမမျမင္ဖူးခဲ့ပါဘူး။ ဒါေပမယ့္ က်မ ေလာကႀကီးကုိ

အ႐ူံးမေပးပါဘူး အလွဴခံတယ္ ဆိုတာကလည္း ယာယီပါ။ က်မအျခားအလုပ္တစ္ခုခုကုိ ႐ွာလုပ္မွာပါ လုိ႔*)……ေျပာေတာ့

* ႐ုပ္ဆုိးေသာေကာင္မေလး ေတာ္ေတာ္ေနာင္တရသြားၿပီး မိဘေတြကုိ

ေတာင္းပန္၍ သူ႔ကုိယ္သူ ယုံၾကည္မူွအျပည့္နဲ႔ ပညာကုိ ၾကဳိးစားသင္ကာ ေနာက္ဆုံးမွာ…..

အထူးကုသမားေတာ္တေယာက္ျဖစ္ခဲ့ပါတယ္….*

*သူငယ္ခ်င္း ပုိက္ဆံ ၁၀၀၀တန္ တစ္ရြက္ေတြ႔ရင္ ေကာက္တယ္မဟုတ္လား??

မင္း စိတ္ဓာတ္က်ေနရင္ အျမန္ျပန္ေကာက္ပါ မင္း စိတ္က ေငြ ၁၀၀၀ေလာက္ေတာင္ တန္ဖုိး မ႐ွိေတာ့ဘူးလား???*

ေလးစားစြာျဖင့္…. ဇင္းနစ္ မေကြး(own idea)

………………………………………………………………..

စိတ္ဓာတ္ *******

မင္းစိတ္ဓာတ္က်ေနတာကို ငါသိတယ္။

ေလာကမွာေလ…. အရာရာတိုင္းဟာ စမတ္က်က် ျဖစ္ေနရင္…

အဲဒါကို ေလာကလို႕ မေခၚဘူးကြ။

အရာရာတိုင္းဟာ ကေမာက္ကမခ်ည္းျဖစ္ေနလို႕ ေလာကလို႕ေခၚတာ။

မင္းစိတ္ဓာတ္က်ေပမယ့္ စိတ္ကိုေတာ့ မေလွ်ာ့လိုက္နဲ႔ ။

မင္းစိတ္ေလွ်ာ့လိုက္တဲ့ေန႔ဟာ ျခေတာင္ပို႕လည္း

ျမင့္မိုရ္ေတာင္ၾကီးေလာက္ မင္းေက်ာ္ျဖတ္ရလိမ့္မယ္။

မင္းစိတ္သာတင္းထားရင္.. ေလမုန္တိုင္းၾကီးလည္း… မင္းအတြက္ေတာ့.

ေလျပည္ေလညင္းေလး ျဖစ္လို႕ေနမွာပဲ။

ေရးသားသူ- ဦးေကာ၀ိဒ

Credit_နည္းစနစ္က်က်အေတြးအေခၚ

< Unicode Version >

တစ်ခါတုန်းက………

*ရွာတစ်ရွာတွင် ရုပ်အလွန်ဆိုးသော မိန်းခလေးတယောက်ရှိတယ်

မိန်းခလေးသည် မှန် ကြည့်မိတိုင်း သူ့ကိုယ်သူ ဒေါသထွက်၍ မှန်ကိုပါ ရိုက်ခွဲတတ်တယ်

မိဘ ဖြစ်သူတွေကိုလည်း အမြဲအပြစ်တင်ပြီး လူ့ဘဝကို စိတ်ကုန်နေသည်

ရုပ်ချောချော ရွယ်တူကောင်မလေးတွေ မြင်တိုင်း မနာလိုဖြစ်ကာ… ရန်ရှာတတ်လာသည်

*လောကကြီးကို မျက်စိလည်ရောက်လာပြီး ကံ အဆိုးဆုံးလို့ သူ့ကိုယ်သူ သတ်မှတ်ထားသည်……*

*တနေ့တော့….. ရွာထဲသို့ အလှူလာခံသော သူနဲ့ရွယ်တူ ကောင်မလေးတစ်ယောက်နဲ့ တွေ့သည်…..

အလှူခံ ကောင်မလေးသည် ခြေထောက်တစ်ဖက်က ထော့ကျိုးဖြစ်၍

လက်တဖက်ကမွေးရာပါ လက်ချောင်းလေးများမပါပါ..*

*အလှူခံကောင်မလေးကု်ိတွေ့ရော ရုပ်ဆိုးကောင်မလေးက မေးတယ်…… *

*နင်* လက်ရှိ နင့်ဘဝကိုစိတ်မပျက်ဘူးလား???လို့မေးတော့ ကောင်မလေးက

* လူ့ဘဝက ငါတို့အရင်ဘဝက လုပ်ခဲ့တဲ့အတိုင်း ပြန်အကျိုးပေးတာပါ

စိတ်ပျက်နေလို့ရော ဘာဖြစ် လာမှာလဲ????

တစ်ချို့ဆို ခြေထောက်နှစ်ဖက်စလုံးမသန်ဘူး ဒီလိုဘဲ ပျော်အောင်နေပြီး ကြိုးစားရုန်းကန်နေကြရတာပါ……

*လုူတိုင်းမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း ရှိတယ် အဆိုးနဲ့ အကောင်း ဒွန်တွဲနေကြတာပါ။

လူတိုင်းက အသာစီးဘဲ လိုချင်ကြပေမယ့် အနာကိုလည်း ခံနိူင်အောင်ကြိုး စားသင့်ပါတယ်…….

မိမိအပေါ်ကလူတွေကိုမော့ကြည့်နေရင် ဇာက်ညောင်းရုံဘဲ ရှိမယ် မိမိအောက်လူတွေကိုလည်း အားနာပါအုံး

ပျော်အောင်နေပြီး အကောင်းဆုံးကြိုးစားသင့်ပါတယ်……

သူငယ်ချင်းဆိုရင် အဖေ အမေ နှစ်ယောက်စလုံးရှိတယ် ဘာစိတ် ဓာတ်ကျစရာလိုလဲ??

*ကျမဆိုရင် မွေးကတည်းက အဖေ အမေမမြင်ဖူးခဲ့ပါဘူး။ ဒါပေမယ့် ကျမ လောကကြီးကို

အရူံးမပေးပါဘူး အလှူခံတယ် ဆိုတာကလည်း ယာယီပါ။ ကျမအခြားအလုပ်တစ်ခုခုကို ရှာလုပ်မှာပါ လို့*)……ပြောတော့

* ရုပ်ဆိုးသောကောင်မလေး တော်တော်နောင်တရသွားပြီး မိဘတွေကို

တောင်းပန်၍ သူ့ကိုယ်သူ ယုံကြည်မူှအပြည့်နဲ့ ပညာကို ကြိုးစားသင်ကာ နောက်ဆုံးမှာ…..

အထူးကုသမားတော်တယောက်ဖြစ်ခဲ့ပါတယ်….*

*သူငယ်ချင်း ပိုက်ဆံ ၁၀၀၀တန် တစ်ရွက်တွေ့ရင် ကောက်တယ်မဟုတ်လား??

မင်း စိတ်ဓာတ်ကျနေရင် အမြန်ပြန်ကောက်ပါ မင်း စိတ်က ငွေ ၁၀၀၀လောက်တောင် တန်ဖိုး မရှိတော့ဘူးလား???*

လေးစားစွာဖြင့်…. ဇင်းနစ် မကွေး(own idea)

………………………………………………………………..

စိတ်ဓာတ် *******

မင်းစိတ်ဓာတ်ကျနေတာကို ငါသိတယ်။

လောကမှာလေ…. အရာရာတိုင်းဟာ စမတ်ကျကျ ဖြစ်နေရင်…

အဲဒါကို လောကလို့ မခေါ်ဘူးကွ။

အရာရာတိုင်းဟာ ကမောက်ကမချည်းဖြစ်နေလို့ လောကလို့ခေါ်တာ။

မင်းစိတ်ဓာတ်ကျပေမယ့် စိတ်ကိုတော့ မလျှော့လိုက်နဲ့ ။

မင်းစိတ်လျှော့လိုက်တဲ့နေ့ဟာ ခြတောင်ပို့လည်း

မြင့်မိုရ်တောင်ကြီးလောက် မင်းကျော်ဖြတ်ရလိမ့်မယ်။

မင်းစိတ်သာတင်းထားရင်.. လေမုန်တိုင်းကြီးလည်း… မင်းအတွက်တော့.

လေပြည်လေညင်းလေး ဖြစ်လို့နေမှာပဲ။

ရေးသားသူ- ဦးကောဝိဒ

Credit_နည်းစနစ်ကျကျအတွေးအခေါ်

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

four × five =