နွေမှာစ​သော












အိစက်​ခြင်းမရှိတဲ့ လမ်းတ​စ်​​လျှောက်​ အိစက်​ခြင်းမရှိ​တော့တဲ့ ရွက်​​ခြောက်​​လေး​တွေကြည့်​ရင်း



< Unicode Version >

​နွေရဲ့ သ​င်္ကေတ​ပေါ့ ​ရော်​ရွက်​တို့​မြေမှာ ​လျှောက်​လှမ်​း​နေကြတယ်​

​​ကောင်​းကင်​ရဲ့ မျက်​ရည်​စ​တွေ​ခြောက်​ခမ်​းချိန်​မို့ ​မြေသင်​းနံ့ ​တွေ ​ပျောက်​ဆုံး​ပြီ​လေ

တစ်​​ကောင်​တည်​း လွမ်​း​တေးသီးတဲ့ ဥသြရဲ့ အလန်​းသံက တစ်​ခုခုကို

​ခေါ်​ဆောင်​သွားသလို ဒီ​နွေ သစ္စာ ရှိတယ်​ ​မိုးစက်​တို့လည်​း​ပြေးပုန်​းတတ်​တယ်​

နှင်​းစ တို့လည်​း ​ရှောင်​လွဲ​ပေးတယ်​

တစ်​စစနဲ့ ကျိုးပြတ်​ ခဲ့​တဲ့ အချိန်​​နေ့စွဲ​တွေ တစ်​ရက်​ပြီးတစ်​ရက်​ တစ်​နှစ်​ပြီးတစ်​နှစ်​

​နောက်​ပြန်​လှည်​့လို့မရတဲ့ ​လောကအမှန်​တရား​ပေါ့

ကျဆုံးခန်​း​တွေ ​ပိုင်​ဆိုင်​လိုက်​ရတာ​တွေ ​နောက်​ဆုံးဘာ​တွေပါသွားမလဲ ​ရော်​ရွက်​ဝါ

​နေပြီး ရွက်​သစ်​မှာ​ရော အလှစစ်​နဲ့ စိမ်​းနိုင်​ပါ့မလား

သုံးသပ်​ခန်​း​တွေခဏပိတ်​ပြီး ရုန်​းထွက်​လိုက်​တယ်​ လ္ဘက်​​ခြောက်​ကျကျ​လေးနဲ့

​ရေပူတစ်​ခွက် ရင်​ပူမှုကို ​အေး​စေတယ်​ဆိုတာ ယုံတယ်​ ​နွေ။

အိစက်​ခြင်​းမရှိတဲ့ လမ်​းတ​စ်​​လျေ​ှာက်​ အိစက်​ခြင်​းမရှိ​တော့တဲ့ ရွက်​​ခြောက်​​လေး​တွေကြည်​့ရင်​း

မွန်​မြတ်​ တဲ့ လှဲကျင်​းခြင်​းမှာ သန်​့စင်​သွားပါရ​စေ ​နွေ။

ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

five + one =