လက်လျော့ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီလား

တစ်နေ့မှာ လူတစ်ယောက်ဟာ
အလုပ်အဆင်မပြေလို့ စိတ်ဓာတ်ကျပြီး
ကန်ဘောင်တစ်ခုကို ထွတ်လာတယ်။

အလုပ်မှာလည်း ဆက်လုပ်ချင်စိတ်မရှိ
ဘာမှစိတ်မပါတော့သလို ခံစားနေရပြီး
စိတ်ပျက် လက်ပျက် တစ်လှမ်းချင်း တစ်ရွေ့ရွေ့လျောက်လာခဲ့တယ်။

ထိုအခါ အနီးနားမှာ ရှိတဲ့ ကျောက်တုံးတစ်တုံးကိုမှီပြီ
အဝေးကိုငေးကြည့်နေတယ်။
သက်ပြင်းတွေသာ ခဏခဏ ချလို့ ငိုင်နေမိတယ်။

သူနဲ့မလှမ်းမကမ်းမှာရှိတဲ့ တုက်ကောက်တစ်ချောင်းနဲ့ လေညှင်းခံ လမ်းလျောက်ထွတ်နေတဲ့ အဘိုးအိုတစ်ယောက်ဟာ သူ့ကိုကြည့်ပြီး အားမလိုအားမရဖြစ်ကာ ထိုလူနားကို ချဉ်းကပ်သွားခဲ့တယ်။

ပြီးတော့ လူငယ်ကိုမေးတယ်
ငါ့တူ မင်းကြည့်ရတာ ဘာတွေအဆင်မပြေမှုတွေများနေလဲ
ငါ့နှယ်အားမရလိုက်တာကွာလို့ အဘိုးအိုကပြောလေတယ်

ထိုလူလည်း အဘိုးအိုကိုတစ်ချက်ကြည့်ပြီ
ဒီလိုပါပဲဗျာ အလုပ်ကလည်း အဆင်မပြေ ဘာမှကိုလုပ်ချင်စိတ်မရှိတော့ဘူး မလုပ်ရင်လည်းမိသားစုက အဆင်မပြေနဲ့ စိတ်ညစ်ပါတယ်ဗျာ လို့ ငြီးတွားလိုက်တယ်။

အဘိုးအိုက တစ်ချက်ပြုံးလိုက်တယ်
ပြီးတော့
မင်းက ခုလူငယ်ပဲရှိသေးတ80ပမယ့် ငါ့လုပ်နိုင်သမျှကို ကြိုးစားပြီး စိတ်ဓာတ်အပြည့်ထည့်လုပ်ခဲ့တယ်
အဲ့လို ငယ်စဉ်က လုံ့လ၀ိရိယထားပြီး ကြိုးစားခဲ့လို့ ခုဆိုငါ့မိသားစုစားဝတ်နေရေးအတွက် ပူစရာမလိုတော့ဘူးလေ လို့ ပြောလိုက်တယ်။

လူငယ်လည်း အဘိုးအိုကိုကြည့်ပြီး
ဘာဆက်ပြောရမှန်းမသိဖြစ်နေလေတယ်။

ထိုအခါ အဘိုးအိုက
ဟော ဟိုမှာကြည့် ဆိုပြီး
ကျောက်တုံးအောက်က လိမ်တွန့်ပြီး ရုန်းထွတ်လာတဲ့ မြက်ပင်လေးကို ပြလိုက်တယ်။

“သူတို့1း ကြိုးစားခဲ့လို့ ခုဆိုငါ့မိသားစုစားဝတ်နေရေးအတွက် ပူစရာမလိုတော့ဘူးလေ လို့ ပြောလိုက်တယ်။

လူငယ်လည်း အဘိုးအိုကိုကြည့်ပြီး
ဘာဆက်ပြောရမှန်းမသိဖြစ်နေလေတယ်။

ထိုအခါ အဘိုးအိုက
ဟော ဟိုမှာကြည့် ဆိုပြီး
ကျောက်တုံးအောက်က လိမ်တွန့်ပြီး ရုန်းထွတ်လာတဲ့ မြက်ပင်လေးကို ပြလိုက်တယ်။

“သူတို့ဟာ မြေအောက်မှာနေလို့အဆင်မပြေဘူး လေထုနဲ့ နေရောင်ခြည်စွမ်းအင်ကိုရယူမှ သူတို့ရှင်သန်နိုင်မယ် ဒါကြောင့် မာကြောထက်သန်တဲ့
ကျောက်တုံးကို အံတုပြီး အပြင်ကိုရအောင်ထွတ်လာခဲ့တယ်လူ့ဘ၀ဆိုတာလည်း
မင်းမှာ အဲ့လို စိတ်ဓာတ်ကျ အရှုံးပေးနေဖို့ အချိန်မရှိဘူးကွ တစ်ခုနဲ့ အဆင်မပြေရင် နောက်တစ်ခုထပ်လုပ်ကြည့်ရမှာပဲ လေ” ဆိုပြီး အဘိုးဘိုဟာ ဂရုဏာသက်စွာပြောလေတယ်။

လူငယ်လည်း အဘိုးအိုပြောတဲ့ ကျောက်တုံးအောက်ကမြက်ပင်လေးကို ငေးကြည့်နေတယ်။ကြည့်ပြီး အဘိုးအိုကိုတစ်ချက်ပြန်ကြည့်လိုက်တယ်
မျက်နာလည်း နည်းနည်းလန်းလာတယ်။

” ဘယ့်နှယ့်လဲ ငါ့တူ ခုငါမင်းလုပ်နိုင်တာတွေ မလုပ်နိုင်တော့ဘူး ငါလည်း ငယ်စဉ်က တစ်ခါခါ လစ်ဟာသွားတဲ့ အချိန်တွေကို နှမျောတမ်းတ နောင်တနေမိတယ်
ဟိုမှာတွေ့လား ဆိုပြီး လူသွား ကတ္တရားလမ်းပေါ်က
ထိုးထွတ်နေတဲ့ သစ်ပင်ငယ်လေးကို ထပ်ပြတယ်။
လူငယ်လည်း အဘိုးအိုပြသောနေရာကို လိုက်လံကြည့်နေမိတယ်။

အဲ့ဒီသစ်ပင်လေးကို မင်းချေဖြတ်နိုင်တယ် ဆွဲနုတ်နိုင်တယ်
အလွယ်တစ်ကူသူ့ဘ၀သေသွားနိုင်တယ်
ဒါပေမယ့် အဲ့ဒီ့အပင်လေးက အရင်ကအစေ့ဘ၀ပျော့ပျော့လေး သူ့ရဲ့ သစ်ရွက်လေးတွေလည်း နူးညံ့တာပဲ ဒါပေမယ့်
သူ့မှာ မင်းလို့ပျော့ညံ့တဲ့ စိတ်ဓာတ်မရှိဘူး
သူ့ဘ၀ရှင်သန်ဖို့အတွက် မာကျောတဲ့ ကတ္တရာတွေကို ထိုးဖောက်ပြီး ကောင်းကင်ကကျရောက်လာတ့ နေရောင်ခြည်ဓာတ်ကို ကောင်းကောင်းကြီးခံစားနေတယ်
ဒါတွေက ငါတို့ အတုယူစရာတွေကွ မင်းမှာ ကိုယ်စွမ်းကိုယ်စတွေ ရှိပါတယ် အဲ့လိုကြီး စိတ်ဓာတ်ကျပြီး လောကကြီးကို လက်မြောက်အရှုံးမပေးပါနဲ့ မင်းနောက်မှာ မင်းကို အားကိုးပြီး မှီတွယ်နေတဲ့လူတွေ မင်းမိသားစုရှိတယ်လေ ” ဆိုပြီး အဘိုးအိုဟာလူငယ်ရဲ့ မျက်နှာကို တစ်ချက်အကဲခတ်ပြီး စကားကိုရပ်လိုက်တယ်။

ထိုအချိန်မှာပဲ လူငယ်ဟာ
အဘိုးအိုကို ကြည်သာရွှင်ပျသော မျက်နှာနှင့် ကျေးဇူးတင်စကားဆိုကာ တက်ကြွသော ခြေလှမ်းတွေကို စတင်လိုက်တော့တယ်။
အဘိုးအိုကတော့ လူငယ်ရဲ့ကျောပြင်ကိုကြည့်ပြီး
ခေါင်းတစ်ဆက်ဆက်ညိမ့်နေလေတယ်။

ဟုတ်ပါတယ် တစ်ကယ်တော့
လူ့ဘ၀ဆိုတာ လက်မှိုင်ချ မှိုင်တွေနေဖို့ အချိန်မရှိပါဘူး။
အချိန်ရှိခိုက် လုံ့လစိုက်ဆိုသလို
အားမာန်တွေပြည့်နေဖို့လိုပါတယ်။

မဖြစ်သေးတဲ့အရတွေအတွက် မဖြစ်နိုင်တော့ပါဘူးလို့
ဆုံးဖြတ်စောရင် ပို၍ဝေးသွားလိမ့်မယ်။

အဆင်မပြေမှုရှိတိုင်းစိတ်ဓာတ်ကျနေမယ်ဆိုရင်
ကျွန်တော်တို့တွေ လူ့လောကရဲ့ အရသာဆိုတာ ဘာလဲလို့ လိုက်မေးရတဲ့ဘ၀ကိုရောက်သွားကြလိမ့်မယ်။

အရှုံးမပေးပါနဲ့ ပြုံးပြုံးလေးသာ ရှေ့ဆက်ကြစို့

လေးစားစွာဖြင့်
Credit – သျှီ(တမာမြေ)

Post Author: bloggerak

Leave a Reply

Your email address will not be published. Required fields are marked *