ငါး ဆွဲ​ပြေးရင်း​ ချုံ ကြားထဲ​ရောက်​​တော့ ကြိုးကပြန်​ဆွဲလို့မရ​အောင်​ တင်းကနဲ ဖြစ်​သွားတယ်
အတတ်​နိုင်​ဆုံး ​ကန်​ကိုပတ်​ပြီး ချုံ နဲ့နီးရာသွားတယ်​ ပြီး​တော့ကြိုးကိုဖြတ်​ချ လိုက်​တယ်​..
ချုံ ကို အသာစမ်းပြီးခုတ်​တယ်​ ခဏ​နေ​တော့ သစ်​ကိုင်း​ခြောင်းတစ်​ခုပါလာတယ်
ဘဝဆိုတာလည်း
အပြုံး​တွေနဲ့ ဖြတ်​သန်းခဲ့ကြတာ​လေ လိုအင်​ဆန္ဒ​တွေများလာ​လေ ဘဝဟာ ပိုပင်​ပန်းလာ​လေပါ
< Unicode version >
ကန်​ ကြီး တစ်​ကန်​ရဲ့ ကန်​​ဘောင်​​ပေါ်မှာ လူ​တွေ ဟိုတစ်​စု ဒီတစ်​စု
ငါးမျှား​နေကြတယ်​ အဲ့ထဲမှာ လူတစ်​​ယောက်​က လက်​ထွန်​ပစ်​​နေတယ်​
သူ့ရဲ့ လက်​ထွန်​ပစ်​အားကိုကြည်​့ရင်​း ငါးဟပ်​မယ်​့ အချိန်​ကို စိတ်​ဝင်​တစားကြည်​့​နေကြချိန်​
ငါးရံ့ တစ်​​ကောင်​ဟာ ဝုန်​းဆို ဖားကို ဟပ်​ပြီးဆွဲ​ပြေးသွားတယ်​
လက်​ထ​ွန်​ပစ်​တဲ့လူကလည်​း ကြိုးကို ​လျော့​ပေးလိုက်​ ပြန်​တင်​းလိုက်​နဲ့ ငါး​မောမယ်​အချိန်​ကို
​စောင်​့ရင်​း အတိုးအ​လျော့လိုက်​​နေတာ​ပေါ့
ငါး ဆွဲ​ပြေးရငး်​ ချုံ ကြားထဲ​ရောက်​​တော့ ကြိုးကပြန်​ဆွဲလို့မရ​အောင်​ တင်​းကနဲ ဖြစ်​သွားတယ်​
​ဘေးကကြည်​့တဲ့ လူ​တွေက ငါးကြီးမိပြီ​ပေါ့လို့ စိတ်​ထဲက​တွေး​နေကြချိန်​ လက်​ထွန်​သမားဟာ
အတတ်​နိုင်​ဆုံး ​ကန်​ကိုပတ်​ပြီး ချံု နဲ့နီးရာသွားတယ်​ ပြီး​တော့ကြိုးကိုဖြတ်​ချ လိုက်​တယ်​..
. ပြီး​တော့ သူလာရာလမ်​းအတိုင်​းပြန်​သွားတယ်​…
​ဘေးကကြည်​့​နေတဲ့ လူ​တွေက တီးတိုး​ပြောတယ်​ ဒီလူအ​တော်​ရူးတာပဲ ..ငါးကအရမ်​းကြီး​နေလို့လားမသိဘူး​ပေါ့
အဲ့အချိန်​မှာ ​နောက်​တစ်​​ယောက်​က လက်​ထွန်​ထက်​ပစ်​တယ်​ မကြာပါဘူး ငါးကြီးတစ်​​ကောင်​ကို ရသွားတယ်​
ခဏ​နေ​တော့ ကြိုးဖြတ်​ချထားခဲ့တဲ့ လက်​ထွန်​သမားပြန်​​ရောက်​လာတယ်​
လက်​ထဲမှာ ဓားမ တစ်​​ချောင်​းနဲ့ အသာ​လေး​ရေထဲ ဆင်​းသွားတယ်​ ငါးတိုးဝင်​သွားတဲ့
ချံု ကို အသာစမ်​းပြီးခုတ်​တယ်​ ခဏ​နေ​တော့ သစ်​ကိုင်​း​ခြောင်​းတစ်​ခုပါလာတယ်​
သူ့ငါးမျှာချိတ်​ကြီး တန်​းလန်​းနဲ့​ပေါ့ ဒါ​ပေမယ်​့ သူက ငါးမျှားချိတ်​တင်​ယူရုံမကဘဲ
အဲ့နားမှာရှိ​နေတဲ့ သစ်​ကိုင်​း​ခြောက်​​တွေအားလုံးကိုပါရှင်​းပြီး အ​ပေါ်ပြန်​တက်​လာတယ်​
ဘဝဆိုတာလည်​း
ကိုယ်​့ရဲ့လုပ်​​ဆောင်​မှု​တွေကိုကြည်​့ပြီး စိတ်​ဝင်​တစား အား​ပေး​နေသူ​တွေ အားကျ​နေသူလည်​းရှိတယ်​
ကိုယ်​့ရဲ့ အခက်​ခဲကို သူကို ​သေချာမသိကြဘူး
ဘဝမှာ ကိုယ်​ရဲ့အခက်​ခဲကို ​ဘေးလူ​တွေတိတိကျကျနားမလည်​လဲ ကိုယ်​့အခက်​ခဲကို ​ဖြေရှင်​းရင်​း
​နောက်​လူ​တွေ ကိုယ်​လို့ မဖြစ်​ဖို့ လမ်​းပြခဲ့ကြတာ​တွေရှိတယ်​
ကိုယ်​ရည်​မှန်​းထားတဲ့လမ်​းက ကိုယ်​့အတွက်​ ခက်​ခဲ​နေ​ပေမယ်​့ တပါးသူအတွက်​လွယ်​ကူ​နေနိုင်​တယ်
​ ဘဝမှာ ပိုင်​ဆိုင်​ခွင်​့မရှိတဲ့အရာ​တွေကို ပိုင်​ဆိုင်​ခွင်​့မရှိဘူး
ဘဝဆိုတာ အ​ဖြေထုတ်​ရတဲ့ ပုစ္ဆာ မဟုတ်​ဘူး အ​ကောင်​းဆုံးဖြတ်​သန်​းရတာ
ဘဝဆိုတာ ထုဆစ်​ရတာမဟုတ်​ဘူး တည်​​ဆောက်​ယူရတာ
နာကျင်​မှုဆိုတာ စိတ်​ရဲ့ခံယူမှုပါ ဘာ​တွေပါလာခဲ့လဲ
ကိုယ်​့ရဲ့ဘဝအစ​ရောက်​လာမှုကိုပြန်​ကြည်​့ ဘယ်​​လောက်​ဖြူ စင်​ရိုးသားလိုက်​လဲ
အပြံုး​တွေနဲ့ ဖြတ်​သန်​းခဲ့ကြတာ​လေ လိုအင်​ဆန္ဒ​တွေများလာ​လေ ဘဝဟာ ပိုပင်​ပန်​းလာ​လေပါ
​အောင်​မြင်​မှုဆိုတာ ငါးတစ်​​ကောင်​မဟုတ်​ဘူး ​အောင်​မြင်​မှုဆိုတာ ငှက်​တစ်​​ကောင်​မဟုတ်​ဘူး
​အောင်​မြင်​မှုဆိုတာ မြင်​းတစ်​​ကောင်​မဟုတ်​ဘူး
အခက်​ခဲကို​ဖြေရှင်​းနိုင်​တဲ့ လူတိုင်​းဟာ ​အောင်​မြင်​ဖို့အခွင်​့အလမ်​းများတဲ့ လူ​တွေပါ
သင်​လည်​းပါဝင်​တယ်​… ဒါ​ပေမယ်​့ ​နေရာ အပိုင်​းအခြား​တော့ကွာတယ်​
ကိုယ်​့စိတ်​ကိုယ်​​အောင်​နိုင်​ခြင်​းဟာ အမွန်​မြတ်​ဆုံး​အောင်​မြင်​မှုလည်​းဖြစ်​တယ်
​ ​ရွေးချယ်​မှုသည်​မိမိအတွက်​ဖြစ်​ပါ​စေ။
ဘာမထီဘွား…အ​တွေးစာစု​လေးများ
Post Author: MM Book City
Leave a Reply
Your email address will not be published. Required fields are marked *
11 + six =