သတိၱ႐ွိတဲ့ ပထမေျခလွမ္း

(၁၉၈၃)ခုႏွစ္ Hamလို႔ေခၚသူတစ္ဦးဟာ နယူးေယာက္က Empire State

အေဆာက္အဦးကို လက္ခ်ည္းသက္သက္တက္ႏိုင္ခဲ့လို႔ ဂရင္းနစ္စာအုပ္မွာစံခ်ိန္တင္ၿပီး

“ပင့္ကူလူသား” လို႔ တင္စားခံခဲ့ရတယ္။

ဒီသတင္းကိုၾကားေတာ့ အေမရိကန္မွာရွိတဲ့ အျမင့္ေၾကာက္ေရာဂါ(acrophobia)

ျပန္လည္ထူေထာင္ေရးအသင္းက “ပင့္ကူလူသား” Hamကိုဖုန္းဆက္ၿပီး

ထူေထာင္ေရးအသင္းရဲ႕ အတိုင္ပင္ခံလုပ္ဖို႔ ကမ္းလွမ္းခဲ့တယ္။

ကမ္းလွမ္းစာကိုရေတာ့ Hamက အသင္းဥကၠဠ Normanကိုဖုန္းဆက္ၿပီး

အဖဲြ႔ဝင္နံပါတ္(၁ဝ၄၂)ကို စစ္ေဆးေစခဲ့တယ္။ စစ္ေဆးၾကည့္ေတာ့ အဖဲြ႔ဝင္(၁ဝ၄၂)ရဲ႕

နာမည္က Berson·Ham ျဖစ္ေနတာကို ေတြ႔လိုက္ရတယ္။

တကယ္ေတာ့ “ပင့္ကူလူသား”လို႔ အမည္တြင္ခဲ့တဲ့ Berson·Ham ကိုယ္တိုင္က

အျမင့္ေၾကာက္ေရာဂါ စဲြကပ္ေနသူျဖစ္တယ္။

ဒါကိုသိလိုက္ရတဲ့ Normanဟာ အရမ္းအံ့ၾသသြားခဲ့တယ္။ ပထမထပ္ဝရံတာမွာ

ရပ္တာေတာင္ ႏွလံုးခုန္ျမန္သူတစ္ေယာက္က မီတာ(၃၈၁)ေက်ာ္ျမင့္တဲ့ အေဆာက္အဦးတစ္ခုကို

လက္ဗလာနဲ႔ တက္ခဲ့တယ္ဆိုတာကို သူမယံုၾကည္ႏိုင္ျဖစ္ခဲ့တယ္။ ဒီအတြက္

Hamကုိ ေတြ႔ဆံုေမးျမန္းဖို႔ သူဆံုးျဖတ္လိုက္တယ္။

Philadelphia ၿမိဳ႕ျပင္မွာရွိတဲ့ Hamရဲ႕ေနအိမ္ကို Norman ေရာက္လာခဲ့တယ္။

Norman ေရာက္တဲ့အခ်ိန္က Hamတို႔အိမ္မွာ ဧည့္ခံပဲြေလးတစ္ခု က်င္းပေနခ်ိန္ျဖစ္ၿပီး

အဘြားအိုတစ္ဦးကို သတင္းေထာက္ေတြက ဝိုင္းရံၿပီး ဓာတ္ပံုရိုက္၊ ေမးျမန္းေနခ်ိန္ျဖစ္တယ္။

အဘြားအိုက အသက္(၉၄)ႏွစ္ရွိၿပီျဖစ္တဲ့ Hamရဲ႕အဘြားျဖစ္တယ္။

အဘြားအိုဟာ Ham ဂရင္းနစ္စံခ်ိန္ဝင္ခဲ့တဲ့ သတင္းကိုၾကားလို႔ ကီလိုမီတာ

(၁ဝဝ)အေဝးကေနၿပီး ေျခက်င္လာခဲ့တာျဖစ္တယ္။ လမ္းေလွ်ာက္လာခဲ့တဲ့

ရည္ရြယ္ခ်က္ကလည္း Hamရဲ႕ေအာင္ျမင္မႈကို အေရာင္ထပ္ျဖည့္ေပးေစခ်င္တဲ့

ဆႏၵေၾကာင့္ျဖစ္တယ္။ သူ႔ရဲ႕ဒီလိုဆႏၵက လူအိုတစ္ေယာက္ ကီလိုမီတာ(၁ဝဝ)ေက်ာ္ကို

ေျခက်င္ေလွ်ာက္ခဲ့တယ္ဆိုတဲ့ ကမာၻ႔စံခ်ိန္ကို ခ်ဳိးခဲ့ျပန္တယ္။

“နယူးေယာက္တိုင္းမ္” သတင္းေထာက္တစ္ဦးက အဘြားအိုကို “ေျခက်င္လာဖို႔

ဆံုးျဖတ္ခ်ိန္မွာ ကိုယ့္အသက္အရြယ္ေၾကာင့္ မတုန္လႈပ္ခဲ့ဘူးလား” လို႔ေမးတယ္။

“လူငယ္လူရြယ္ေတြအတြက္ (၁ဝဝ)ကီလိုမီတာကို မနားတမ္းေျပးႏိုင္ေပမယ့္

ကြၽန္မအတြက္ေတာ့ သတိၱဆိုတာလိုခဲ့တယ္။ ဒါေပမယ့္ ေျခလမ္းတစ္လွမ္းအတြက္က

သတိၱမလိုခဲ့ပါဘူး။ ဒါေၾကာင့္ ကြၽန္မပထမေျခတစ္လမ္း အရင္စလွမ္းတယ္၊ ၿပီးရင္

ေနာက္တစ္လွမ္းဆက္တယ္၊ တစ္လွမ္းၿပီးတစ္လွမ္း ေနာက္ဆံုးမွာ(၁ဝဝ)ကီလိုမီတာကို

ကြၽန္မေလွ်ာက္ၿပီးသား ျဖစ္သြားပါတယ္။ ကြၽန္မက ဒီလိုေလွ်ာက္လာခဲ့တာပါ”

အဘြားအိုရဲ႕ စကားကိုနားေထာင္ၿပီး Norman သေဘာေပါက္သြားခဲ့တယ္။

အျမင့္ေၾကာက္ေရာဂါရွိသူ Hamဟာ အေဆာက္အဦးကိုတက္ဖို႔ ပထမေျခလွမ္းအတြက္

သတိၱေတြထည့္ခဲ့တယ္။ အဲဒီသတိၱေၾကာင့္ သူ႔ရဲ႕ အျမင့္ေၾကာက္ေရာဂါက

အလိုလိုေနရင္း ေပ်ာက္သြားခဲ့တယ္။ထူးဆန္းအံ့ၾသမႈကို ဖန္တီးႏိုင္သူတိုင္းဟာ

ပထမေျခလမ္း စလွမ္းရဲတဲ့သတိၱရွိရံုတင္မက အဲဒီနဂိုသတိၱေလးကို ေနာက္ဆံုးအထိ

ႀကံ့ႀကံ့ခံႏိုင္ခဲ့တဲ့အတြက္ေၾကာင့္ျဖစ္တယ္။ ပထမေျခလမ္း စလွမ္းရဲၿပီဆိုတာနဲ႔ ေ

နာက္တစ္လွမ္းဆက္ဖို႔က မခက္ခဲေတာ့ပါဘူး။

မူရင္းေရးသားျပဳစုသူ—- Liu Yanmin (刘燕敏)

http://www.zhibeifw.com/big5/fjgc/xdfxn_list.php?id=11907

ႏိုင္းႏိုင္းစေန (Wednesday, February 10, 2010)

< unicode version >

(၁၉၈၃)ခုနှစ် Hamလို့ခေါ်သူတစ်ဦးဟာ နယူးယောက်က Empire State

အဆောက်အဦးကို လက်ချည်းသက်သက်တက်နိုင်ခဲ့လို့ ဂရင်းနစ်စာအုပ်မှာစံချိန်တင်ပြီး

“ပင့်ကူလူသား” လို့ တင်စားခံခဲ့ရတယ်။

ဒီသတင်းကိုကြားတော့ အမေရိကန်မှာရှိတဲ့ အမြင့်ကြောက်ရောဂါ(acrophobia)

ပြန်လည်ထူထောင်ရေးအသင်းက “ပင့်ကူလူသား” Hamကိုဖုန်းဆက်ပြီး

ထူထောင်ရေးအသင်းရဲ့ အတိုင်ပင်ခံလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။

ကမ်းလှမ်းစာကိုရတော့ Hamက အသင်းဥက္ကဠ Normanကိုဖုန်းဆက်ပြီး

အဖွဲ့ဝင်နံပါတ်(၁ဝ၄၂)ကို စစ်ဆေးစေခဲ့တယ်။ စစ်ဆေးကြည့်တော့ အဖွဲ့ဝင်(၁ဝ၄၂)ရဲ့

နာမည်က Berson·Ham ဖြစ်နေတာကို တွေ့လိုက်ရတယ်။

တကယ်တော့ “ပင့်ကူလူသား”လို့ အမည်တွင်ခဲ့တဲ့ Berson·Ham ကိုယ်တိုင်က

အမြင့်ကြောက်ရောဂါ စွဲကပ်နေသူဖြစ်တယ်။

ဒါကိုသိလိုက်ရတဲ့ Normanဟာ အရမ်းအံ့သြသွားခဲ့တယ်။ ပထမထပ်ဝရံတာမှာ

ရပ်တာတောင် နှလုံးခုန်မြန်သူတစ်ယောက်က မီတာ(၃၈၁)ကျော်မြင့်တဲ့ အဆောက်အဦးတစ်ခုကို

လက်ဗလာနဲ့ တက်ခဲ့တယ်ဆိုတာကို သူမယုံကြည်နိုင်ဖြစ်ခဲ့တယ်။ ဒီအတွက်

Hamကို တွေ့ဆုံမေးမြန်းဖို့ သူဆုံးဖြတ်လိုက်တယ်။

Philadelphia မြို့ပြင်မှာရှိတဲ့ Hamရဲ့နေအိမ်ကို Norman ရောက်လာခဲ့တယ်။

Norman ရောက်တဲ့အချိန်က Hamတို့အိမ်မှာ ဧည့်ခံပွဲလေးတစ်ခု ကျင်းပနေချိန်ဖြစ်ပြီး

အဘွားအိုတစ်ဦးကို သတင်းထောက်တွေက ဝိုင်းရံပြီး ဓာတ်ပုံရိုက်၊ မေးမြန်းနေချိန်ဖြစ်တယ်။

အဘွားအိုက အသက်(၉၄)နှစ်ရှိပြီဖြစ်တဲ့ Hamရဲ့အဘွားဖြစ်တယ်။

အဘွားအိုဟာ Ham ဂရင်းနစ်စံချိန်ဝင်ခဲ့တဲ့ သတင်းကိုကြားလို့ ကီလိုမီတာ

(၁ဝဝ)အဝေးကနေပြီး ခြေကျင်လာခဲ့တာဖြစ်တယ်။ လမ်းလျှောက်လာခဲ့တဲ့

ရည်ရွယ်ချက်ကလည်း Hamရဲ့အောင်မြင်မှုကို အရောင်ထပ်ဖြည့်ပေးစေချင်တဲ့

ဆန္ဒကြောင့်ဖြစ်တယ်။ သူ့ရဲ့ဒီလိုဆန္ဒက လူအိုတစ်ယောက် ကီလိုမီတာ(၁ဝဝ)ကျော်ကို

ခြေကျင်လျှောက်ခဲ့တယ်ဆိုတဲ့ ကမ္ဘာ့စံချိန်ကို ချိုးခဲ့ပြန်တယ်။

“နယူးယောက်တိုင်းမ်” သတင်းထောက်တစ်ဦးက အဘွားအိုကို “ခြေကျင်လာဖို့

ဆုံးဖြတ်ချိန်မှာ ကိုယ့်အသက်အရွယ်ကြောင့် မတုန်လှုပ်ခဲ့ဘူးလား” လို့မေးတယ်။

“လူငယ်လူရွယ်တွေအတွက် (၁ဝဝ)ကီလိုမီတာကို မနားတမ်းပြေးနိုင်ပေမယ့်

ကျွန်မအတွက်တော့ သတ္တိဆိုတာလိုခဲ့တယ်။ ဒါပေမယ့် ခြေလမ်းတစ်လှမ်းအတွက်က

သတ္တိမလိုခဲ့ပါဘူး။ ဒါကြောင့် ကျွန်မပထမခြေတစ်လမ်း အရင်စလှမ်းတယ်၊ ပြီးရင်

နောက်တစ်လှမ်းဆက်တယ်၊ တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုံးမှာ(၁ဝဝ)ကီလိုမီတာကို

ကျွန်မလျှောက်ပြီးသား ဖြစ်သွားပါတယ်။ ကျွန်မက ဒီလိုလျှောက်လာခဲ့တာပါ”

အဘွားအိုရဲ့ စကားကိုနားထောင်ပြီး Norman သဘောပေါက်သွားခဲ့တယ်။

အမြင့်ကြောက်ရောဂါရှိသူ Hamဟာ အဆောက်အဦးကိုတက်ဖို့ ပထမခြေလှမ်းအတွက်

သတ္တိတွေထည့်ခဲ့တယ်။ အဲဒီသတ္တိကြောင့် သူ့ရဲ့ အမြင့်ကြောက်ရောဂါက

အလိုလိုနေရင်း ပျောက်သွားခဲ့တယ်။ထူးဆန်းအံ့သြမှုကို ဖန်တီးနိုင်သူတိုင်းဟာ

ပထမခြေလမ်း စလှမ်းရဲတဲ့သတ္တိရှိရုံတင်မက အဲဒီနဂိုသတ္တိလေးကို နောက်ဆုံးအထိ

ကြံ့ကြံ့ခံနိုင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ ပထမခြေလမ်း စလှမ်းရဲပြီဆိုတာနဲ့ ေ

နာက်တစ်လှမ်းဆက်ဖို့က မခက်ခဲတော့ပါဘူး။

မူရင်းရေးသားပြုစုသူ—- Liu Yanmin (刘燕敏)

http://www.zhibeifw.com/big5/fjgc/xdfxn_list.php?id=11907

နိုင်းနိုင်းစနေ (Wednesday, February 10, 2010)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

two + 17 =