ထင္မွတ္မထားတဲ့ရလဒ္ေကာင္း (သို႔) စာဖတ္ေလ့မ႐ွိသူ

၁၉၄၁ခုႏွစ္ ဒီဇင္ဘာလမွာ “ပုလဲဆိပ္ကမ္း အလစ္တိုက္ခိုက္ခံရမႈ”နဲ႔ပတ္သက္ၿပီး

အေမရိကန္ဟာ စစ္ပဲြမွာပါဝင္ဖို႔ တစ္ႏိုင္ငံလံုးကိုလႈံ႔ေဆာ္ခဲ့ပါတယ္။ အနယ္နယ္အရပ္ရပ္

ဌာနဆိုင္ရာ၊ လုပ္ငန္းဆိုင္ရာေတြလည္း ဒီစစ္ပဲြမွာပါဝင္ဖို႔ လႈပ္႐ွားလာခဲ့ၾကတယ္။

Doubleday, Penguin, Random House စတဲ့ အေမရိကန္က

နာမည္ႀကီးစာအုပ္ထုတ္ေဝေရးေတြကလည္း ပါဝင္လာၾကၿပီး

“စစ္အတြင္းစာအုပ္ေကာ္မ႐ွင္”ဆိုတဲ့ အဖဲြ႔ကိုဖဲြ႔စည္းခဲ့တယ္။ အဲဒီအဖဲြ႔အစည္းက

လ်င္လ်င္ျမန္ျမန္ပဲ စစ္ပဲြထဲပါဝင္ၾကမယ့္ စစ္သည္ေတြအတြက္ စာအုပ္တစ္မ်ဳိးထုတ္ေဝလိုက္ပါတယ္။

အဲဒီစာအုပ္က အေမရိကန္စစ္သားတို႔ရဲ႕ဝတ္စံုေပၚက အိတ္ကပ္အ႐ြယ္

အစားနဲ႔တိုင္းတာၿပီး တည္းျဖတ္ထားတဲ့စာအုပ္ေလးျဖစ္တယ္။ အဲဒီစာအုပ္ေတြကို အမ်ားအျပားပံုႏွိပ္ၿပီး ေ႐ွ႕တန္းသြားေရာက္မယ့္စစ္သားတိုင္းကို အခမဲ့ေဝငွခဲ့ပါတယ္။

၁၉၄၁ခုႏွစ္ကေန ဒုတိယကမာၻစစ္ၿပီးခ်ိန္ ၁၉၄၅ခုႏွစ္ထိ ၄ႏွစ္တာကာလအတြင္းမွာ

စစ္သားေတြအတြက္ စာအုပ္အမ်ဳိးအစားေပါင္း ၁၃၂၂မ်ဳိးကို အုပ္ေရသန္း ၁၂ဝေက်ာ္ပံုႏွိပ္ခဲ့ရတယ္။

စစ္သားတစ္ဦးတိုင္းကို စာအုပ္ဒါဇင္ေက်ာ္ေဝခဲ့တယ္။ စစ္သားေတြဟာ အဲဒီစာအုပ္ေတြကို

တစ္ေနရာကေနတစ္ေနရာ ကူးလူးခ်ိန္မွာ ဖတ္ခဲ့တယ္၊ ကုန္းပတ္ေပၚမွာ ဖတ္ခဲ့တယ္၊

စခန္းခ်ရာေနရာမွာ ဖတ္ခဲ့တယ္၊ ဗံုးခိုက်င္းထဲမွာ ဖတ္ခဲ့တယ္၊ စခန္းက လူနာကုတင္ေပၚမွာဖတ္ခဲ့တယ္။

စစ္သားအမ်ားက စစ္ပဲြကာလအတြင္းမွာပဲ Hemingway ၊ William Faulkner ၊

Joseph Conrad စတဲ့ စာေရးဆရာေတြနဲ႔ ရင္းႏွီးခဲ့တယ္။ က်ည္ဆံမိုးေတြၾကားမွာ

“Jane Eyre, Tobacco Road, A Tree Grows in Brooklyn” စတဲ့ ကမာၻေက်ာ္စာေပေတြကို

ႏွစ္သက္ခဲ့မိၾကတယ္။ အထူးသျဖင့္ “The Great Gatsby” ဆိုတဲ့စာအုပ္ကို အေမရိကန္စစ္သားေတြ

ပိုႏွစ္သက္ခဲ့ၾကတယ္။ ဥေရာပစစ္ေျမျပင္ဆီ အုပ္ေရ ၁သိန္းခဲြပို႔လိုက္တာေတာင္ မေလာက္ဘူးလို႔ဆိုပါတယ္။

“စစ္အတြင္းစာအုပ္ေကာ္မ႐ွင္”က စာဖတ္က်င့္႐ွိလာေစတဲ့ အေမရိကန္စာဖတ္သူေခတ္တစ္ေခတ္ကို

ေမြးထုတ္ေပးႏိုင္ခဲ့ပါတယ္။ ဒါဟာ ထင္မွတ္မထားတဲ့ရလဒ္ေကာင္းလို႔ ေႏွာင္းလူေတြကဆိုၾကတယ္။

ဒီမတိုင္ခင္ အေမရိကန္စစ္သားေတာ္ေတာ္မ်ားမ်ားဟာ ေအာက္ေျခလူတန္းစားကေန

လာၾကသူေတြျဖစ္တယ္။ သူတို႔ စာဖတ္ျဖစ္ဖို႔ဆိုတာ ျဖစ္ႏိုင္ေခ်နည္းပါတယ္။

ဒုတိယကမာၻစစ္ၿပီးဆံုးၿပီးေနာက္ အဲဒီစာဖတ္ေလ့မ႐ွိသူေတြဟာ စာဖတ္ျခင္းရဲ႕အရသာကို

ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ဘဝတစ္သက္တာကို စာဖတ္ျခင္းနဲ႔ အက်ဳိးသက္ေရာက္ေစခဲ့ၾကတယ္။

ကၽြန္ေတာ့္လက္ထဲမွာ “The Uncommon Reader (စာဖတ္ေလ့မ႐ွိသူ)”

ဆိုတဲ့ စာအုပ္တစ္အုပ္႐ွိပါတယ္။ အဲဒီစာအုပ္ကို အဂၤလန္စာေရးဆရာ Alan Bennett

ကေရးသားခဲ့တယ္။ စာအုပ္ထဲမွာပါတဲ့ အဓိကဇာတ္ေကာင္က တကယ္ပဲ “စာဖတ္ေလ့မ႐ွိသူ”

တစ္ဦးျဖစ္တယ္။ ဒါေပမယ့္ အဲဒီဇာတ္ေကာင္က အေမရိကန္စစ္သားတစ္ဦးမဟုတ္ဘူး။

သူဟာ အဂၤလန္ဘုရင္မ Elizabeth II ပဲျဖစ္တယ္။

စာေရးဆရာရဲ႕ကေလာင္တံေအာက္ကေန အဂၤလန္ဘုရင္မ Elizabeth II ဟာ

႐ုတ္တရက္အေၾကာင္းရင္းတစ္ခုနဲ႔ စာအုပ္ကို အသက္သမွ်ခ်စ္တဲ့သူျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

တစ္ခ်ိန္တုန္းက ဘုရင္မဟာ ဧည့္သည္ေတာ္ေတြကို လက္ခံေတြ႔ဆံုတဲ့အခါ

သူအၿမဲေမးတတ္တဲ့ ေမးခြန္းက “အသင္ ဘယ္မွာေနသလဲ၊ အဲဒီေနရာမွာ ကားၾကပ္သလား”

ဆိုတာျဖစ္တယ္။ အခုအခါ ဘုရင္မရဲ႕ေမးခြန္းက “အခုတေလာ သင္ဘာစာအုပ္ေတြဖတ္ေနလဲ”

ဆိုၿပီး ေျပာင္းသြားၿပီလို႔ဆိုပါတယ္။ ဘုရင္မက ဝန္ႀကီးခ်ဳပ္ကို စာအုပ္ေတြလက္ေဆာင္ေပးတတ္ၿပီး

“အိမ္စာ” ေတြေမးတတ္ေလ့႐ွိတယ္လို႔ဆိုတယ္။ ဝန္ႀကီးခ်ဳပ္ကို စာအုပ္ဖတ္အၿပီး

ခံစားရတဲ့ခံစားခ်က္ေတြကို ေမးျမန္းတာပဲျဖစ္တယ္။ ဘုရင္မဟာ ျပည္ပအႀကီးအကဲ

ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုခ်ိန္မွာလည္း စာအုပ္ေတြအေၾကာင္း ေဆြးေႏြးတတ္ပါေသးတယ္။

စာေရးဆရာ Alan ရဲ႕စာအုပ္ထဲမွာ သူ႔အေၾကာင္းအေရးခံရလို႔ဆိုၿပီး ဘုရင္မစိတ္မဆိုးခဲ့တဲ့အျပင္

စာေရးဆရာကို ဘဲြ႔ဂုဏ္ပုဒ္ခ်ီးျမႇင့္ဖို႔ ႏွစ္ႀကိမ္တိုင္တိုင္ဖိတ္ေခၚခဲ့ပါတယ္။ ဒါကို စာေရးဆရာက

ျငင္းဆန္ခဲ့ပါတယ္။ သူ႔စာအုပ္ထဲ ဘုရင္မအေၾကာင္းထည့္ေရးတာဟာ ဘုရင္မကိုေက်နပ္ေစေအာင္

၊ ႀကိဳက္ေအာင္ေရးတာမဟုတ္ဘူးလို႔ စာေရးဆရာကဆိုပါတယ္။

ဒီစာအုပ္ေရးျဖစ္တဲ့အေၾကာင္းက ၁၉၉၇ခုႏွစ္မွာ စာေရးဆရာဟာ ကင္ဆာေရာဂါခံစားေနရေၾကာင္းကို

ေဆးစစ္ခ်က္အရသိခဲ့ရတယ္။ အဲဒီေနာက္ ေ႐ွ႕ဆက္မယ့္ေန႔ရက္တိုင္းမွာ ဒီေရာဂါေဝဒနာကို

ခုခံအန္တုဖို႔ စာဖတ္ျခင္းနဲ႔ပဲသူအင္အားယူခဲ့ပါတယ္။ စာဖတ္ျခင္းထဲကေန ခြန္အားနဲ႔စိတ္

ဓာတ္အသစ္ေတြကို သူရခဲ့ပါတယ္။ က်န္းမာေရးတည္ၿငိမ္လာခ်ိန္မွာ “စာဖတ္ေလ့မ႐ွိသူ”

ဆိုတဲ့စာအုပ္ကို သူေရးသားခဲ့တာျဖစ္ၿပီး စာဖတ္ျခင္းဟာ လူကိုဘယ္လိုေကာင္းက်ဳိးျပဳေၾကာင္း၊

စာဖတ္ျခင္းေၾကာင့္ စာအုပ္ထဲကေနရတဲ့ ခြန္အား၊ ကူညီမႈေတြကို

ဒီ့ထက္ပိုမ်ားတဲ့လူေတြကို ရ႐ွိေစခ်င္ေၾကာင္း ေျပာခဲ့ပါတယ္။

တိုက္ဆိုင္တဲ့အျဖစ္အပ်က္ပါပဲ… ကေနဒါ စာေရးဆရာမ Alice Monroe ကလည္း

ကင္ဆာေရာဂါခံစားေနရေၾကာင္းကို ၂ဝဝ၉ခုႏွစ္မွာ ေဆးစစ္ခ်က္အရသိခဲ့ရပါတယ္။

အဲဒီေနာက္မွာ သူ႐ိုး႐ိုး႐ွင္း႐ွင္းေနထိုင္ခဲ့ၿပီး စာေရးခ်ိန္ကိုေလ်ာ့ခ်ခဲ့တယ္။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို

စာဖတ္ျခင္းနဲ႔ပဲ ကုန္လြန္ခဲ့တယ္။ ၂ဝ၁၃ခုႏွစ္ သူစာေပႏိုဘယ္လ္ဆုရခဲ့ပါတယ္။ ဒါေပမယ့္

က်န္းမာေရးအေျခအေနေၾကာင့္ ဆီြဒင္ရဲ႕ၿမိဳ႕ေတာ္ Stockholm ကိုသြားၿပီး သူဆုမသြားယူခဲ့ပါဘူး။

ဒါေပမယ့္ ေနာက္ပိုင္း သူရဲ႕ေျပာဆိုေဆြးေႏြးတဲ့စကားေတြထဲမွာ စာဖတ္ျခင္းက

ခႏၶာကိုယ္အတြက္ေကာင္းမြန္ေၾကာင္း၊ အျခားအစားအစာ၊ ေဆးဝါးေတြထက္ေကာင္းေၾကာင္းကိုေတာ့ သူေျပာခဲ့ပါတယ္။

သိပၸံပညာ႐ွင္ေတြရဲ႕ ေလ့လာဆန္းစစ္ခ်က္မွာ ၆မိနစ္ေလာက္ဆိတ္ဆိတ္ၿငိမ္ၿငိမ္စာဖတ္ျခင္းက

လူရဲ႕ဖိအားအဆင့္ကို ၂/၃ ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္။ ဒါဟာ သီခ်င္းနားေထာင္၊

အျပင္လမ္းထြက္ေလွ်ာက္တာထက္ ေကာင္းတယ္လို႔ဆိုပါတယ္။ သတင္းေတြေပါက္ကဲြတဲ့ေခတ္မွာ

စာဖတ္ျခင္းအတြက္လိုအပ္တဲ့ အာ႐ံုစူးစိုက္မႈက ဦးေႏွာက္ကိုျဖည္ေလ်ာ့ေစႏိုင္ပါတယ္။

အာ႐ံုေၾကာၾကြက္သားေတြကို ျဖည္ေလ်ာ့ေစႏိုင္ၿပီး ႏွလံုးခုန္ႏႈန္းကို ေလ်ာ့ခ်ေစပါတယ္။

ဒုတိယကမာၻစစ္အတြင္းမွာ အေမရိကန္စစ္သားေတြဟာ ေက်ာင္းတံခါးဝကေနထြက္ခဲ့ၿပီးေနာက္

ဒါဟာ သူတို႔ရဲ႕ပထမဆံုးအႀကိမ္စာဖတ္ျခင္းျဖစ္ခဲ့ပါတယ္။ စစခ်င္းမွာ စစ္သားေတာ္ေတာ္မ်ားမ်ားက

ပ်င္းလို႔၊ တျခားလုပ္စရာမ႐ွိလို႔ အဲဒီစာအုပ္ေတြကို ေကာက္ဖတ္လိုက္တာပဲျဖစ္ပါတယ္။

စစ္ပဲြက ကမာၻႀကီးရဲ႕ပံုစံကို ေျပာင္းလဲေစခဲ့ပါတယ္။ စာဖတ္ျခင္းက ဒီလူေတြရဲ႕

ဘဝတစ္သက္တာကို ေျပာင္းလဲေစခဲ့ပါတယ္။

————

မူရင္းလင့္ — http://www.85nian.net/shiye/38289.html

Credit;ႏိုင္းႏိုင္းစေန (Nov. 19. 2015)

< Unicode version >

၁၉၄၁ခုနှစ် ဒီဇင်ဘာလမှာ “ပုလဲဆိပ်ကမ်း အလစ်တိုက်ခိုက်ခံရမှု”နဲ့ပတ်သက်ပြီး

အမေရိကန်ဟာ စစ်ပွဲမှာပါဝင်ဖို့ တစ်နိုင်ငံလုံးကိုလှုံ့ဆော်ခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်

ဌာနဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာတွေလည်း ဒီစစ်ပွဲမှာပါဝင်ဖို့ လှုပ်ရှားလာခဲ့ကြတယ်။

Doubleday, Penguin, Random House စတဲ့ အမေရိကန်က

နာမည်ကြီးစာအုပ်ထုတ်ဝေရေးတွေကလည်း ပါဝင်လာကြပြီး

“စစ်အတွင်းစာအုပ်ကော်မရှင်”ဆိုတဲ့ အဖွဲ့ကိုဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့အစည်းက

လျင်လျင်မြန်မြန်ပဲ စစ်ပွဲထဲပါဝင်ကြမယ့် စစ်သည်တွေအတွက် စာအုပ်တစ်မျိုးထုတ်ဝေလိုက်ပါတယ်။

အဲဒီစာအုပ်က အမေရိကန်စစ်သားတို့ရဲ့ဝတ်စုံပေါ်က အိတ်ကပ်အရွယ်

အစားနဲ့တိုင်းတာပြီး တည်းဖြတ်ထားတဲ့စာအုပ်လေးဖြစ်တယ်။ အဲဒီစာအုပ်တွေကို အများအပြားပုံနှိပ်ပြီး ရှေ့တန်းသွားရောက်မယ့်စစ်သားတိုင်းကို အခမဲ့ဝေငှခဲ့ပါတယ်။

၁၉၄၁ခုနှစ်ကနေ ဒုတိယကမ္ဘာစစ်ပြီးချိန် ၁၉၄၅ခုနှစ်ထိ ၄နှစ်တာကာလအတွင်းမှာ

စစ်သားတွေအတွက် စာအုပ်အမျိုးအစားပေါင်း ၁၃၂၂မျိုးကို အုပ်ရေသန်း ၁၂ဝကျော်ပုံနှိပ်ခဲ့ရတယ်။

စစ်သားတစ်ဦးတိုင်းကို စာအုပ်ဒါဇင်ကျော်ဝေခဲ့တယ်။ စစ်သားတွေဟာ အဲဒီစာအုပ်တွေကို

တစ်နေရာကနေတစ်နေရာ ကူးလူးချိန်မှာ ဖတ်ခဲ့တယ်၊ ကုန်းပတ်ပေါ်မှာ ဖတ်ခဲ့တယ်၊

စခန်းချရာနေရာမှာ ဖတ်ခဲ့တယ်၊ ဗုံးခိုကျင်းထဲမှာ ဖတ်ခဲ့တယ်၊ စခန်းက လူနာကုတင်ပေါ်မှာဖတ်ခဲ့တယ်။

စစ်သားအများက စစ်ပွဲကာလအတွင်းမှာပဲ Hemingway ၊ William Faulkner ၊

Joseph Conrad စတဲ့ စာရေးဆရာတွေနဲ့ ရင်းနှီးခဲ့တယ်။ ကျည်ဆံမိုးတွေကြားမှာ

“Jane Eyre, Tobacco Road, A Tree Grows in Brooklyn” စတဲ့ ကမ္ဘာကျော်စာပေတွေကို

နှစ်သက်ခဲ့မိကြတယ်။ အထူးသဖြင့် “The Great Gatsby” ဆိုတဲ့စာအုပ်ကို အမေရိကန်စစ်သားတွေ

ပိုနှစ်သက်ခဲ့ကြတယ်။ ဥရောပစစ်မြေပြင်ဆီ အုပ်ရေ ၁သိန်းခွဲပို့လိုက်တာတောင် မလောက်ဘူးလို့ဆိုပါတယ်။

“စစ်အတွင်းစာအုပ်ကော်မရှင်”က စာဖတ်ကျင့်ရှိလာစေတဲ့ အမေရိကန်စာဖတ်သူခေတ်တစ်ခေတ်ကို

မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ထင်မှတ်မထားတဲ့ရလဒ်ကောင်းလို့ နှောင်းလူတွေကဆိုကြတယ်။

ဒီမတိုင်ခင် အမေရိကန်စစ်သားတော်တော်များများဟာ အောက်ခြေလူတန်းစားကနေ

လာကြသူတွေဖြစ်တယ်။ သူတို့ စာဖတ်ဖြစ်ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် အဲဒီစာဖတ်လေ့မရှိသူတွေဟာ စာဖတ်ခြင်းရဲ့အရသာကို

ထိန်းသိမ်းထားနိုင်ခဲ့ပြီး သူတို့ရဲ့ဘဝတစ်သက်တာကို စာဖတ်ခြင်းနဲ့ အကျိုးသက်ရောက်စေခဲ့ကြတယ်။

ကျွန်တော့်လက်ထဲမှာ “The Uncommon Reader (စာဖတ်လေ့မရှိသူ)”

ဆိုတဲ့ စာအုပ်တစ်အုပ်ရှိပါတယ်။ အဲဒီစာအုပ်ကို အင်္ဂလန်စာရေးဆရာ Alan Bennett

ကရေးသားခဲ့တယ်။ စာအုပ်ထဲမှာပါတဲ့ အဓိကဇာတ်ကောင်က တကယ်ပဲ “စာဖတ်လေ့မရှိသူ”

တစ်ဦးဖြစ်တယ်။ ဒါပေမယ့် အဲဒီဇာတ်ကောင်က အမေရိကန်စစ်သားတစ်ဦးမဟုတ်ဘူး။

သူဟာ အင်္ဂလန်ဘုရင်မ Elizabeth II ပဲဖြစ်တယ်။

စာရေးဆရာရဲ့ကလောင်တံအောက်ကနေ အင်္ဂလန်ဘုရင်မ Elizabeth II ဟာ

ရုတ်တရက်အကြောင်းရင်းတစ်ခုနဲ့ စာအုပ်ကို အသက်သမျှချစ်တဲ့သူဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

တစ်ချိန်တုန်းက ဘုရင်မဟာ ဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံတဲ့အခါ

သူအမြဲမေးတတ်တဲ့ မေးခွန်းက “အသင် ဘယ်မှာနေသလဲ၊ အဲဒီနေရာမှာ ကားကြပ်သလား”

ဆိုတာဖြစ်တယ်။ အခုအခါ ဘုရင်မရဲ့မေးခွန်းက “အခုတလော သင်ဘာစာအုပ်တွေဖတ်နေလဲ”

ဆိုပြီး ပြောင်းသွားပြီလို့ဆိုပါတယ်။ ဘုရင်မက ဝန်ကြီးချုပ်ကို စာအုပ်တွေလက်ဆောင်ပေးတတ်ပြီး

“အိမ်စာ” တွေမေးတတ်လေ့ရှိတယ်လို့ဆိုတယ်။ ဝန်ကြီးချုပ်ကို စာအုပ်ဖတ်အပြီး

ခံစားရတဲ့ခံစားချက်တွေကို မေးမြန်းတာပဲဖြစ်တယ်။ ဘုရင်မဟာ ပြည်ပအကြီးအကဲ

ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာလည်း စာအုပ်တွေအကြောင်း ဆွေးနွေးတတ်ပါသေးတယ်။

စာရေးဆရာ Alan ရဲ့စာအုပ်ထဲမှာ သူ့အကြောင်းအရေးခံရလို့ဆိုပြီး ဘုရင်မစိတ်မဆိုးခဲ့တဲ့အပြင်

စာရေးဆရာကို ဘွဲ့ဂုဏ်ပုဒ်ချီးမြှင့်ဖို့ နှစ်ကြိမ်တိုင်တိုင်ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါကို စာရေးဆရာက

ငြင်းဆန်ခဲ့ပါတယ်။ သူ့စာအုပ်ထဲ ဘုရင်မအကြောင်းထည့်ရေးတာဟာ ဘုရင်မကိုကျေနပ်စေအောင်

၊ ကြိုက်အောင်ရေးတာမဟုတ်ဘူးလို့ စာရေးဆရာကဆိုပါတယ်။

ဒီစာအုပ်ရေးဖြစ်တဲ့အကြောင်းက ၁၉၉၇ခုနှစ်မှာ စာရေးဆရာဟာ ကင်ဆာရောဂါခံစားနေရကြောင်းကို

ဆေးစစ်ချက်အရသိခဲ့ရတယ်။ အဲဒီနောက် ရှေ့ဆက်မယ့်နေ့ရက်တိုင်းမှာ ဒီရောဂါဝေဒနာကို

ခုခံအန်တုဖို့ စာဖတ်ခြင်းနဲ့ပဲသူအင်အားယူခဲ့ပါတယ်။ စာဖတ်ခြင်းထဲကနေ ခွန်အားနဲ့စိတ်

ဓာတ်အသစ်တွေကို သူရခဲ့ပါတယ်။ ကျန်းမာရေးတည်ငြိမ်လာချိန်မှာ “စာဖတ်လေ့မရှိသူ”

ဆိုတဲ့စာအုပ်ကို သူရေးသားခဲ့တာဖြစ်ပြီး စာဖတ်ခြင်းဟာ လူကိုဘယ်လိုကောင်းကျိုးပြုကြောင်း၊

စာဖတ်ခြင်းကြောင့် စာအုပ်ထဲကနေရတဲ့ ခွန်အား၊ ကူညီမှုတွေကို

ဒီ့ထက်ပိုများတဲ့လူတွေကို ရရှိစေချင်ကြောင်း ပြောခဲ့ပါတယ်။

တိုက်ဆိုင်တဲ့အဖြစ်အပျက်ပါပဲ… ကနေဒါ စာရေးဆရာမ Alice Monroe ကလည်း

ကင်ဆာရောဂါခံစားနေရကြောင်းကို ၂ဝဝ၉ခုနှစ်မှာ ဆေးစစ်ချက်အရသိခဲ့ရပါတယ်။

အဲဒီနောက်မှာ သူရိုးရိုးရှင်းရှင်းနေထိုင်ခဲ့ပြီး စာရေးချိန်ကိုလျော့ချခဲ့တယ်။ အချိန်တော်တော်များများကို

စာဖတ်ခြင်းနဲ့ပဲ ကုန်လွန်ခဲ့တယ်။ ၂ဝ၁၃ခုနှစ် သူစာပေနိုဘယ်လ်ဆုရခဲ့ပါတယ်။ ဒါပေမယ့်

ကျန်းမာရေးအခြေအနေကြောင့် ဆွီဒင်ရဲ့မြို့တော် Stockholm ကိုသွားပြီး သူဆုမသွားယူခဲ့ပါဘူး။

ဒါပေမယ့် နောက်ပိုင်း သူရဲ့ပြောဆိုဆွေးနွေးတဲ့စကားတွေထဲမှာ စာဖတ်ခြင်းက

ခန္ဓာကိုယ်အတွက်ကောင်းမွန်ကြောင်း၊ အခြားအစားအစာ၊ ဆေးဝါးတွေထက်ကောင်းကြောင်းကိုတော့ သူပြောခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်မှာ ၆မိနစ်လောက်ဆိတ်ဆိတ်ငြိမ်ငြိမ်စာဖတ်ခြင်းက

လူရဲ့ဖိအားအဆင့်ကို ၂/၃ လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါဟာ သီချင်းနားထောင်၊

အပြင်လမ်းထွက်လျှောက်တာထက် ကောင်းတယ်လို့ဆိုပါတယ်။ သတင်းတွေပေါက်ကွဲတဲ့ခေတ်မှာ

စာဖတ်ခြင်းအတွက်လိုအပ်တဲ့ အာရုံစူးစိုက်မှုက ဦးနှောက်ကိုဖြည်လျော့စေနိုင်ပါတယ်။

အာရုံကြောကြွက်သားတွေကို ဖြည်လျော့စေနိုင်ပြီး နှလုံးခုန်နှုန်းကို လျော့ချစေပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်စစ်သားတွေဟာ ကျောင်းတံခါးဝကနေထွက်ခဲ့ပြီးနောက်

ဒါဟာ သူတို့ရဲ့ပထမဆုံးအကြိမ်စာဖတ်ခြင်းဖြစ်ခဲ့ပါတယ်။ စစချင်းမှာ စစ်သားတော်တော်များများက

ပျင်းလို့၊ တခြားလုပ်စရာမရှိလို့ အဲဒီစာအုပ်တွေကို ကောက်ဖတ်လိုက်တာပဲဖြစ်ပါတယ်။

စစ်ပွဲက ကမ္ဘာကြီးရဲ့ပုံစံကို ပြောင်းလဲစေခဲ့ပါတယ်။ စာဖတ်ခြင်းက ဒီလူတွေရဲ့

ဘဝတစ်သက်တာကို ပြောင်းလဲစေခဲ့ပါတယ်။

————

မူရင်းလင့် — http://www.85nian.net/shiye/38289.html

Credit;နိုင်းနိုင်းစနေ (Nov. 19. 2015)

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

10 + 6 =