အတိတ္ကို ဘယ္ခ်ိန္ေတြးေတြး အျမဲ ျပံဳးေနနိင္တဲ့သူ ျဖစ္ေအာင္ၾကိဳးစားပါ 

အရင္းႏွီးဆံုး သူငယ္ခ်င္းတိုင္းကုိ အလ်ိဳ႔ဝွက္ဆံုး ကိစၥတုိင္း ေျပာျပဖုိ႔ မလုိပါဘူး ။

ကုိယ္ပုိင္ လ်ိဳ႔ဝွက္ခ်က္ဆိုတာ ခင္မင္ ရင္ႏွီးမႈနဲ႔ သီးသန္႔ဆီ ရပ္တည္ေနပါတယ္ ။

ထီမေပါက္လို႔ ဘယ္သူမွ ေျဖမဆည္ မျဖစ္ၾကပါဘူး ။ အေၾကာင္းက အရမ္း ေမွ်ာ္လင့္

မထားၾက လုိ႔ပါ ။ ဘဝ ဆိုတာ ထီထက္ ပိုျပီး အေလာင္းအစား ဆန္ပါတယ္ ။

အဲ့ဒါေၾကာင့္ ဘာကိုမွ အမ်ားၾကီး ေမွ်ာ္လင့္မထားပါနဲ႔ ။

ကုိယ့္ရဲ့ မျဖစ္စေလာက္ အရိပ္ဆုိေပမယ့္ လူတခ်ိဳ႔တေလ အတြက္ တေထာက္နားရပ္

ျဖစ္ေနတတ္တယ္ ။ စိတ္ေကာင္းေစတနာ ထားျပီး ကာမုိး ေပးလုိက္ပါ ။ အခ်ိန္တန္လို႔

ထြက္သြားၾကရင္လည္း ဝမ္းနည္း မေနပါနဲ႔ ။ ဘဝ ဆုိတာ ခရီးသြားျခင္းထက္ အဓိပၸါယ္ မပုိပါဘူး ။

သူတုိ႔လမ္းကုိ သူတုိ႔ ဆက္ေလွ်ာက္ၾကပါေစ ။

မလိုအပ္ပဲ အရမ္း မရင့္က်က္ပါနဲ႔ ။ ေလာကၾကီးက ရင့္က်က္ရမယ့္ကာလကုိ

သူ႔အခ်ိန္နဲ႔သူ သတ္မွတ္ေပးျပီးသားပါ ။ ငယ္ရြယ္ ႏုပ်ိဳခ်ိန္ေတြကုိ ဘယ္ေသာအခါမွ

အစားျပန္ မေပးပါဘူး ။ ဒါ မတရားတဲ့ အခ်က္ျဖစ္ေပမယ့္ လက္ခံရမွာပါပဲ ။

အတၱၾကီးတဲ့သူ ေတာ္ေတာ္မ်ားမ်ားက ဘဝကုိ အၾကာၾကီးလုိ႔ ပံုေသတြက္ၾကတယ္ ။

ေက်ာ္ျဖတ္လာခဲ့တဲ့ အတိတ္ကုိ ျပန္ေတြးပါ ။ က်န္ရွိနိင္ေသးတဲ့ သက္တမ္းကုိ

ခန္႔မွန္းၾကည့္ပါ ။ သူတပါးအတြက္ စဥ္းစား တတ္လာပါလိမ့္မယ္ ။

ခ်စ္ျခင္းေမတၱာ ဆုိတာ အရြယ္ေရာက္မွ လူေတြ တကယ္ သေဘာေပါက္ၾကတဲ့

အရာတခုပါ ။ အသက္အရြယ္ ရလာေလ ၊ အေပါင္းအသင္းေတြနဲ႔ ကင္းကြာလာေလ

၊ ကိုယ့္ဘဝ လက္တြဲေဖာ္ရဲ့ ပံုရိပ္ဟာ ပိုျပီး ပီျပင္ လာေလပါပဲ ။

အရိပ္မည္းေတြနဲ႔ အတိတ္ေၾကာင့္ ဆက္ေလွ်ာက္လွမ္းရမယ့္ ခရီးဟာ ပိုျပီး ေမွာင္မိုက္

ေနတတ္တယ္ ။ ဘဝရဲ့ ေနာက္ခံေတြသာ အလင္းေရာင္သန္းခဲ့ရင္ ဘယ္ေနရာေရာက္ေရာက္

သင္ဟာ ထြန္းလင္းေနပါလိမ့္မယ္ ။ အဲ့ဒါေၾကာင့္ အတိတ္ကို ဘယ္ခ်ိန္ေတြးေတြး

အျမဲ ျပံဳးေနနိင္တဲ့သူ ျဖစ္ေအာင္ၾကိဳးစားပါ။

Credit; ေငြတာရီ

< Unicode version >

အရင်းနှီးဆုံး သူငယ်ချင်းတိုင်းကို အလျို့ဝှက်ဆုံး ကိစ္စတိုင်း ပြောပြဖို့ မလိုပါဘူး ။

ကိုယ်ပိုင် လျို့ဝှက်ချက်ဆိုတာ ခင်မင် ရင်နှီးမှုနဲ့ သီးသန့်ဆီ ရပ်တည်နေပါတယ် ။

ထီမပေါက်လို့ ဘယ်သူမှ ဖြေမဆည် မဖြစ်ကြပါဘူး ။ အကြောင်းက အရမ်း မျှော်လင့်

မထားကြ လို့ပါ ။ ဘဝ ဆိုတာ ထီထက် ပိုပြီး အလောင်းအစား ဆန်ပါတယ် ။

အဲ့ဒါကြောင့် ဘာကိုမှ အများကြီး မျှော်လင့်မထားပါနဲ့ ။

ကိုယ့်ရဲ့ မဖြစ်စလောက် အရိပ်ဆိုပေမယ့် လူတချို့တလေ အတွက် တထောက်နားရပ်

ဖြစ်နေတတ်တယ် ။ စိတ်ကောင်းစေတနာ ထားပြီး ကာမိုး ပေးလိုက်ပါ ။ အချိန်တန်လို့

ထွက်သွားကြရင်လည်း ဝမ်းနည်း မနေပါနဲ့ ။ ဘဝ ဆိုတာ ခရီးသွားခြင်းထက် အဓိပ္ပါယ် မပိုပါဘူး ။

သူတို့လမ်းကို သူတို့ ဆက်လျှောက်ကြပါစေ ။

မလိုအပ်ပဲ အရမ်း မရင့်ကျက်ပါနဲ့ ။ လောကကြီးက ရင့်ကျက်ရမယ့်ကာလကို

သူ့အချိန်နဲ့သူ သတ်မှတ်ပေးပြီးသားပါ ။ ငယ်ရွယ် နုပျိုချိန်တွေကို ဘယ်သောအခါမှ

အစားပြန် မပေးပါဘူး ။ ဒါ မတရားတဲ့ အချက်ဖြစ်ပေမယ့် လက်ခံရမှာပါပဲ ။

အတ္တကြီးတဲ့သူ တော်တော်များများက ဘဝကို အကြာကြီးလို့ ပုံသေတွက်ကြတယ် ။

ကျော်ဖြတ်လာခဲ့တဲ့ အတိတ်ကို ပြန်တွေးပါ ။ ကျန်ရှိနိင်သေးတဲ့ သက်တမ်းကို

ခန့်မှန်းကြည့်ပါ ။ သူတပါးအတွက် စဉ်းစား တတ်လာပါလိမ့်မယ် ။

ချစ်ခြင်းမေတ္တာ ဆိုတာ အရွယ်ရောက်မှ လူတွေ တကယ် သဘောပေါက်ကြတဲ့

အရာတခုပါ ။ အသက်အရွယ် ရလာလေ ၊ အပေါင်းအသင်းတွေနဲ့ ကင်းကွာလာလေ

၊ ကိုယ့်ဘဝ လက်တွဲဖော်ရဲ့ ပုံရိပ်ဟာ ပိုပြီး ပီပြင် လာလေပါပဲ ။

အရိပ်မည်းတွေနဲ့ အတိတ်ကြောင့် ဆက်လျှောက်လှမ်းရမယ့် ခရီးဟာ ပိုပြီး မှောင်မိုက်

နေတတ်တယ် ။ ဘဝရဲ့ နောက်ခံတွေသာ အလင်းရောင်သန်းခဲ့ရင် ဘယ်နေရာရောက်ရောက်

သင်ဟာ ထွန်းလင်းနေပါလိမ့်မယ် ။ အဲ့ဒါကြောင့် အတိတ်ကို ဘယ်ချိန်တွေးတွေး

အမြဲ ပြုံးနေနိင်တဲ့သူ ဖြစ်အောင်ကြိုးစားပါ။

Credit; ငွေတာရီ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *