နောက်​ကွယ်​မှာ / ပီသ​အောင်​လုပ်​ပါ

ပြုံး​နေတာ မြင်​လို့ ​ ပျော်​​နေတယ်​မထင်​ပါနဲ့

ကိုယ့်​အပြုံးမြင်​မှ စိတ်​​ပျော်​ရွင်​မယ့်​သူ​တွေအတွက်

နာကျင်​မှု​တွေကို ဖုံးအုပ်​ပြီး ပြုံးနေတာပါ။

အား​ပေးစကား​ပြော​နေလို့ စိတ်​ဓာတ်​ကြံ့ခိုင်​လွန်းထယ်​မထင်​ပါနဲ့

မတူညီတဲ့အခက်​ခဲ​တွေကြားမှာ ကိုယ်​ထူကိုယ်​ထမှ

ရမယ့်​ဘဝမို့ ကိုယ့်​ဘဝကိုယ်​ဆွဲ​ခေါ်ရင်း

ကိုယ်​ချင်းစာစိတ်​နဲ့ အား​ပေး​နေမိတာပါ

နားလည်​​ပေးတာ ခံရလို့ နားလည်​​ပေးတတ်​တဲ့လူလို့

မထင်​လိုက်​နဲ့

တခါတ​လေ တကယ်​နားမလည်​ဘဲ နားလည်​​ပေးရတာ​တွေရှိတယ်

 တခါတ​လေ တကယ်​နားလည်​လို့ နားလည်​​ပေးရတာလည်းရှိတယ်

တခါတ​လေ မပူ​လောင်​ချင်​​တော့လို့ ကိုယ့်​ကိုယ်​ကို

ပြန်​နားလည်​​ပေးရတာ​တွေကပိုများလာတယ်​။

ဘာမထီဘွား…အ​တွေးစာစု​လေးများ

—————————————–

ပီသ​အောင်​လုပ်​ပါ

နာကျင်​စရာ​တွေများလို့ ဘဝကို​နောက်​လှည့်​ ​ပြေးထွက်​ချင်​ပြီးလား

ခံနိုင်​ရည်​မရှိရင်​ ​လောကကြီးကရက်​စက်​တယ်

ကြိုးဝိုင်းထဲမှာ အရှုံး​ပေးလို့ရတယ်​ ဘဝကြိုးဝိုင်းထဲမှာ

အလံဖြူပြရင်​နင်း​ချေခံရမယ်​ လှပခြင်းမရှိတဲ့ ပိတ်​သားက

ပန်းချီးကား​လောက်​မလှ​ပေမယ့်​ ဖြူ စင်​တစ်​ခု​တော့ ပြသခွင့်​ရှိတယ်

အုတ်​ခဲတစ်​လုံးဖြစ်​ဖို့ ​ပုံသွင်းခံရတယ်​၊​နေပြခံရတယ်​ မီးမြိုက်​ခံရတယ်

ပျော့​ပျောင်းတဲ့ အရာ​တွေကို အသွင်​​ပြောင်းဖို့မီးလိုတယ်

ပျော့ညံ့တဲ့ဘဝကို ရင့်​ကျက်​မာ​ကျော​စေဖို့ ​လောကဓံအပူက ​ပြောင်းလဲ​ပေးတယ်

ဘဝဆိုတာ လှည်းဘီးလိုပဲ အ​ပေါ်​ရောက်​လိုက်​​အောက်​​ရောက်

လိုက်​ပါ စိတ်​ဓာတ်​ကျ​နေရုံနဲ့ မပြီးဆုံးဘူး

မင်းဘဝလှပဖို့ လိုရင်​ယူသုံး ငါဟာ သုညတစ်​လုံးဆို​ပေမယ့်

သုညဟာ သုည ပီသဖို့လိုတယ်​ လူတစ်​​ယောက်​ရင့်​ကျင်​ဖို့အတွက်

 အရင်​ဆုံးလူပီသဖို့လိုတယ်​​ရေး​နေကြ ဝလုံးလှလာရင်

ကျန်​တဲ့ သုံးဆယ်​နှစ်​လုံးကို မင်းလှ​ပအောင်​​ရေးတတ်​သွားလိမ့်​မယ်​။

ဘာမထီဘွား..အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

3 × five =